Main menu

Background

Wednesday, 2 Jul 2014

 

ထိုင်း စစ်အစိုးရဖြစ်တဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ (NCPO) မှ ထင်ရှားခဲ့တဲ့စပါး အပေါင်ခံ အစီအစဉ်ကို မကြာသေးခင် က အဆုံးသတ်လိုက်ပြီးတဲ့နောက် တောင်သူတွေကို အကူအညီပေးဖို့အစီ အမံများအနေနဲ့ စိုက်ပျိုးရေးပံ့ပိုးမှုနဲ့ အတိုးနှုန်းနည်းတဲ့ချေးငွေကိစ္စများ ကြေ ညာကြောင်း ပြည်တွင်း သတင်းများ မှာ ဖော်ပြထားကြောင်း သိရပါ တယ်။

Tuesday, 21 Jun 2011

ဂျပန်နိုင်ငံကို ပါကစ္စတန်သရက်သီးတင်ပို့ဖို့ ရေငွေ့ ပူပေးခြင်း အဆင့်သတ်မှတ်ချက်က အဟန့်အတားဖြစ်

 

 

             ဂျပန်နိုင်ငံကို ယခုနှစ်မှာလည်း ပါကစ္စတန်သရက်သီး တင်ပို့ ရဖွယ်မရှိဘူးလို့ အရာရှိများက ဆိုပါတယ်။ အသီးရဲ့ အသားထိုးပိုး ကာကွယ်တဲ့ ရေငွေ့ပူပေးခြင်း Vapour Heat Treatment (VHT) သတ်မှတ်ချက်ဟာ ပါကစ္စတန် သရက်သီး တင်သွင်းဖို့ ဂျပန်နိုင်ငံတကာအာဏာပိုင်များက သတ်မှတ်တဲ့ အခြေခံအချက် ဖြစ်တယ်လို့ ပါကစ္စတန်အစိုးရအရာရှိများက ဆိုပါတယ်။ ဂျပန် နိုင်ငံက ပါကစ္စတန်သရက်သီးတင်သွင်းမှုကို ၁၆ နှစ်တိုင် ပိတ်ပင် ထားရာမှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပေမဲ့ VHT သတ်မှတ်ချက်က တော့ ဆက်လက်သတ်မှတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာကို စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ VHT  စက်ရုံမရှိသေးဘူးလို့ ဆိုပါတယ်။ ဂျပန်အကူအညီနဲ့ တည်ထောင် ထားတဲ့ ကရာချိက VHT  စက်ကလည်း တစ်ကြိမ်ကို သရက်သီး ၂၅ ကီလိုသာ ဆောင်ရွက်နိုင်စွမ်းရှိလို့ အဲဒီလိုပြုပြင်ထားပြီး ပြည်ပ တင်ပို့နိုင်ဖို့ မရရှိနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ ပါကစ္စတန် အာဏာပိုင်များအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပင် VHT  ဆောင်ရွက်မှုအခြေအနေကို သတိထားလာမိခဲ့ကြပေမဲ့ စက်ပစ္စည်း တပ်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ ဂျပန်ပြည်ပကုန်သွယ်ရေး အရာရှိ များက ဆိုပါတယ်။

 

 

           ဂျပန်နိုင်ငံမှာရှိတဲ့ ပါကစ္စတန် အရာရှိများဟာ ပါကစ္စတန် သရက်သီးတင်သွင်းမှုကို ၁၆ နှစ်ကြာ ပိတ်ပင်ထားခြင်းကို ဖယ်ရှားဖို ကြိုးစားမှုဟာ ရလဒ်ကောင်း မထွက်လာသေးဘူးလို့ တိုကျိုရှိ ပါကစ္စတန်သံရုံး အရာရှိတစ်ဦးက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ ဟာ ဂျပန်ကို သရက်သီးတင်ပို့ဖို့ နောက်ထပ်အခွင့်အလမ်း ဆုံးရှုံးနေ ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်လို့သာ ပါကစ္စတန်အာဏာပိုင် များက ဂျပန်သတ်မှတ်ချက်တွေ ပြည့်မိအောင်ဆောင်ရွက်ဖို့ VHT စက်တစ်လုံး တည်ဆောက်ပေးမယ်ဆိုရင် ဂျပန်နိုင်ငံကို ကောင်း ကောင်း တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: thrnews.com.pk

Tuesday, 7 Jun 2011

အိန္ဒိယ သရက်သီး စိုက်ပျိုးသူများ မလေးရှားဈေးကွက်ဝေစု သိမ်းယူဖို့စီစဉ်

 

 

                  ကမ္ဘာ့သရက်သီး အများဆုံးတင်ပို့တဲ့ အိန္ဒိယနိုင်ငံဟာ ယခုရာသီအတွင်း သရက်သီးတန်ချိန် ၇ဝဝဝဝ ထိ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပြီး ယခုနှစ် မလေးရှားဈေးကွက်ဝေစု ခဲျ့ထွင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ ရာသီမတိုင်မီ ယခင်နှစ် ဆောင်းတွင်းအအေးပိုပြီး ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုကြောင့် အရသာရှိတဲ့ Alphonso သရက်သီးအမျိုးအစားအပါအဝင် သရက်ထုတ်လုပ်မှု ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ ပြည်ပတင်ပို့မှုတော့ ကျဆင်းဖွယ်မရှိဘူးလို့ ခန့်မှန်းထားပါတယ်။

 

 

                  လက်ရှိအချိန်ထိ ပြည်ပတင်ပို့မှု အခြေအနေကောင်းနေဆဲဖြစ်ပြီး ယခုနှစ် ဇွန်လအတွင်း မလေးရှားကို တိုးမြှင့် တင်ပို့ဖို့လည်း စီစဉ်နေတယ်လို့ စိုက်ပျိုးရေးထုတ်ကုန်နဲ့ စားသောက်ကုန်ပြုပြင်ထုတ်လုပ်တင်ပို့မှုဌာန ဒုတိယအထွေထွေ မန်နေဂျာ V.K Kaul က ဆိုပါတယ်။ အိန္ဒိယ လတ်ဆတ်သရက်နဲ့ သရက်ဖျော်ရည်တို့ဟာ ကမ္ဘာတစ်ဝန်း ထင်ရှားပြီး ၂ဝ၁ဝ ခုနှစ်အတွင်း မလေးရှားနိုင်ငံက တန်ချိန် ၄ဝဝ နီးပါး တန်ဘိုးအားဖြင့် ရင်းဂစ် ၁ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၃၁ သိန်း) ဖိုးတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီပမာဏဟာ ယခင်နှစ်က အိန္ဒိယ စုစုပေါင်းတင်ပို့မှု တန်ချိန် ၆၅ဝဝဝ နဲ့ယှဉ်ရင် အလွန်ပဲ နည်းနေသေးတယ်လို့ ဆိုပါတယ်။

              အိန္ဒိယနိုင်ငံမှာ ဧပြီလနဲ့ ဇူလိုင်လအတွင်း စုစုပေါင်းသရက်သီးတန်ချိန် ၁၃ သန်းထုတ်လုပ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းသရက်မျိုးပေါင်း ၁ဝဝဝ နီးပါးရှိတဲ့ အနက် ၃ဝ မျိုးသာလျှင် စီးပွားဖြစ်စိုက်ပျိုးတယ်လို့ ဆိုပါတယ်။   ယမင်းခင်၊Source: yahoo.com

Tuesday, 7 Jun 2011

ဂျပန် နာနတ်သီးများ မန်းဈေးကွက်ဝင်

 

 

              မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံဈေးကွက်အတွင်း တစ်နှစ်ပတ်လုံး နာနတ်သီးများကို တွေ့ရှိနေရသော် လည်း ယခုအခါ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရွှေကူ၊ ဗန်းမော်၊ ပြင်ဦးလွင်နယ်ဘက်မှ ပေါ်ဦးပေါ်ဖျား၊ ဂျပန်နာနတ်သီးများ ရာသီချိန် ဝင် ရောက်လာပါတယ်။

 

 

                ပေါ်ဦးပေါ်ဖျား ဖြစ်တဲ့အတွက် သစ်သီးဈေးကွက်မှာ ဂျပန်နာနတ် သီးရှယ် ၁ဝ လုံး ၃၅ဝဝ ကျပ်၊ အလတ် စ ၁ဝ လုံး ၂၅ဝဝ ကျပ်၊ အသေးစ ၂ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်နေပါတယ်။ လက်လီအရောင်း တစ်လုံး ၃ဝဝ ကျပ်- ၄ဝဝ ကျပ်-၅ဝဝ ကျပ်နှုန်းဖြင့် အရွယ် အစားအလိုက် ရောင်းချကြကြောင်း သိရပါတယ်။                                ပြုံးရီ

Friday, 20 May 2011

စင်ကာပူသွားတဲ့ မန်းသရက်                   ဧပြီလ ၂၇-၂၈ ရက်မှစ၍ စိန်တလုံးသရက်များ စင်ကာပူသို့ လေကြောင်း လိုင်းဖြင့် တင်ပို့နေပြီး စတင်ပို့သည်မှ ယနေ့အထိ ၆ တန်ကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရပါတယ်။ မန်းမှ ရန်ကုန်သို့ Express  ကား (ရာဇာထွန်း) ယာဉ်လိုင်း နှင့်တင်ပို့ပြီး သယ်ခ တစ်ဖာနှုန်း ၇ဝဝ ကျပ်မှ ၈ဝဝ ကျပ်နှုန်းဖြင့် တင်ရကြောင်း၊ သရက်ဂျပ်ဖာများ လူထိုင်သည့်ခုံနေရာပေးပြီး တင်ပို့ခွင့်ရတဲ့အတွက် အဲယားကွန်း အအေးဓာတ်ကြောင့် သရက်သီးများ အပူဒဏ်မခံရဘဲ သယ်ယူရာတွင် အဆင် ပြေကြောင်းနဲ့ နေ့စဉ်သရက်သီးရရှိမှုပေါ်မူတည်ပြီး ဖာ ၁ဝဝ မှ ၃ဝဝ ကျော်အထိ တင်ပို့ပြီး စနေ၊ တနင်္ဂနွေရက်များတွင် နားကြောင်း သရက်အစုအဖွဲ့ဥက္ကဋ္ဌ သဇင်နွယ်ခြံပိုင်ရှင် ဒေါ်သန်းသန်းဆွေက ပြောပါတယ်။ ခင်မြင့်မြင့်သန်း

Wednesday, 4 May 2011

 စင်ကာပူဈေးကွက်သို့ စိန်တစ်လုံးသရက် တင်ပို့                ယခုနှစ် သရက်ရာသီမှာ မန္တလေးတိုင်းဒေသကြီးမှထွက်ရှိတဲ့ သရက်သီးများကို ပြည်ပဈေးကွက် တိုးခဲျ့ တင်ပို့မည်ဖြစ်ရာ စင်ကာပူဈေးကွက်သို့ စတင်တင်ပို့ပြီဖြစ်ကြောင်း မန္တလေးတိုင်း သရက်သီးအစုအဖွဲ့ ဥက္ကဋ္ဌထံမှ သိရပါတယ်။ စင်ကာပူဈေးကွက်သို့တင်ပို့ရန် မာလာမြိုင်ကုမ္ပဏီမှ ဝယ်ယူခဲ့ရာ ဧပြီ ၂၄ ရက်မှ ၂၇ ရက်အတွင်း ၃ တန်နီးပါး တင်ပို့ခဲ့ကြောင်း သိရပါတယ်။ သဇင်နွယ်သရက်ခြံပိုင်ရှင် ဒေါ်သန်းသန်းဆွေက 'မနှစ်က စင်ကာပူဈေးကွက် စပို့ရတာ။ မလေးရှားဈေးကွက်ဖောက်ဖို့လည်း စီစဉ်ထားတယ်။ လောလောဆယ် သရက်သီးကောင်းကောင်း မရင့်သေးလို့ စင်ကာပူဈေးကွက် ကို ခဏရပ်ထားရတယ်။ စင်ကာပူဈေးကွက်က သရက်သီးအစက်အပြောက် ပါတာ၊ ပိုးပါတာ မကြိုက်ဘူး။ ပြောင်ချောပြီး အရောင်လှမှ လက်ခံတာ။ တရုတ်ဈေးကွက်ကတော့ အကုန်ယူတယ်။ အကြီး၊ အသေးခွဲပြီး သူ့ဈေး နဲ့သူ ဈေးဖြတ်ပေးတယ်''လို့ ပြောပါတယ်။                  မန္တလေးတိုင်းဒေသကြီးမှထွက်ရှိတဲ့ သရက်သီးများကို မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် တရုတ်နိုင်ငံဘက်မှ ဝယ်ယူလျက်ရှိရာ ဧပြီ ၂၁ ရက်မှ ၂၄ ရက်နေ့ထိ သရက် (အကြမ်းသီး) ၆၉၁၉၈ ဖာ၊ စိန်တစ်လုံးသရက် ၁ဝ၇၈၆ ဖာ၊ ရွှေဟင်္သာသရက် ၂၂၅၅ ဖာ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဇူူးးဇူူးး

Wednesday, 9 Feb 2011

 တစ်နေ့လျှင် နဂါးမောက်သီး တန်ချိန် ၁ဝဝဝ တင်ပို့နေတဲ့ ဗီယက်နမ်နိုင်ငံက Binh Thuan  ပြည်နယ်                  ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ကုန်၊ ဖေဖော်ဝါရီလဆန်းတွင် ရောက်ရှိမဲ့ ဗီယက်နမ်ရဲ့ Tet ခေါ် Lunar နှစ်သစ် ကူးပွဲအတွက် ဗီယက်နမ်နိုင်ငံ Binh Thuan ပြည်နယ်မှ တစ်နေ့ကို နဂါးမောက်သီး တန်ချိန် ၁ဝဝဝ တင်ပို့လျက်ရှိ ရာ ပုံမှန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက စံချိန်တင်မြင့်မားလျက်ရှိပါတယ်။ အဖြူရောင်အနှစ်ပါ နဂါးမောက် သီးလက်ကား ဈေးအနေနဲ့ တစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၁၃ဝဝဝ မှ ၁၄ဝဝဝ အထိရရှိပြီး နဂါးမောက်သီးစိုက်ပျိုးသူများမှာ တစ်ကီလိုဂရမ်ကို အနည်းဆုံး ဗီယက်နမ်ဒေါင် ၇ဝဝဝ အမြတ်ရနိုင်မှာဖြစ်ကြောင်း၊ ပန်းရောင်အနှစ်ပါ နဂါးမောက် သီးအမျိုးအစားမှာ တစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၃၄ဝဝဝ အထိ အမြင့် ဈေးရရှိသော်လည်း ယခုလက်ရှိတွင် ပြည်ပ ကိုတင်ပို့ဖို့ လုံလောက်တဲ့ အရေ အတွက်မရရှိသေးကြောင်း Binh Thuan ပြည်နယ် နဂါးမောက်သီးအသင်း အဖွဲ့မှ ဥက္ကဌ Bai Dang Hung မှပြောကြားပါတယ်။                     ဗီယက်နမ်နိုင်ငံ Binh Thuan  ပြည်နယ်ရှိ နဂါးမောက်သီးခြံတွင် နဂါးမောက်စိုက်ဧက ဟက်တာ ၁၃ဝဝဝ ခန့်ရှိရာ ဟက်တာ ၁၂၃ဝဝ ကို အဖြူရောင် အနှစ်ပါ နဂါးမောက်သီးစိုက်ပျိုးပြီး ဟက်တာ ၃ဝ ကို ပန်းရောင်အနှစ် ပါနဂါး မောက်သီးစိုက်ပျိုးကြပါတယ်။ တောင်ကိုရီးယားနိုင်ငံနဲ့ ချီလီနိုင်ငံတွင် ပူပြင်းမှု ဒဏ်မှ ကာကွယ်ကုသဖို့အတွက် မကြာသေးမီအချိန်က လိုအပ်တဲ့ မှတ်ပုံတင်ခြင်းများ ပြုလုပ်ပြီး နဂါးမောက်သီးများကိုစပြီး သွင်းလာခဲ့ရာ ဗီယက်နမ် နိုင်ငံအနေနဲ့ ပို့ကုန်အလျင်အမြင်တိုးမြှင့်ဆောင်ရွက်ဖို့ တွန်းအားတစ်ခုဖြစ်လာပါတယ်။ ဗီယက်နမ်နိုင်ငံက ယခုဆိုရင် သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံများကို နဂါးမောက်သီး တင်ပို့ဖို့ ဆက်သွယ်စီစဉ်လျက်ရှိပါတယ်။ ဗီယက်နမ်နိုင်ငံမှ နဂါးမောက်သီးကို အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတဲ့ အပြင် အာရှနိုင်ငံများ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံများသို့လည်း တိုးတက်တင်ပို့လျက် ရှိပါတယ်။ နှင်းပန်းဖြူ၊Source:VOVnews.com

Tuesday, 16 Nov 2010

 ဗီယက်နမ် နဂါးမောက်သီးများ ကိုရီးယားဈေးကွက်ရရှိသွား      ဗီယက်နမ်နိုင်ငံမှ နဂါးမောက်သီးများ တောင်ကိုရီးယား နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ရာ အမေရိကန်နဲ့ ဂျပန် နိုင်ငံပြီးလျှင် တောင်ကိုရီးယားသည် တတိယမြောက် တင်သွင်းခွင့်ရရှိသွားတဲ့ နိုင်ငံဖြစ်ပါတယ်။         ဗီယက်နမ်နိုင်ငံရဲ့ နဂါးမောက်သီးဟာ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခွင့်ရတဲ့ ပထမဦးဆုံးသော သစ်သီးအစို ဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံ စိုက်ပိးရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှ နဂါးမောက် သီးများကို တောင်ကိုရီးယားသို့ တင်ပို့ခြင်းမပြုမီ အပူဓာတ် ပေးမှု (Heat-treated)ပြုလုပ်ပေးရန် လိုအပ်တယ်လို့ သိရပါတယ်။ ယခုနှစ်ဆန်းပိုင်းက ကိုရီးယားကျွမ်းကျင်သူများဟာ ဗီယက်နမ်နိုင်ငံရှိ နဂါးမောက်သီး စိုက်ပျိုးတဲ့ ဒေသများနဲ့ ထုတ်လုပ်မှုနည်းစနစ်များကို လာရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။        ဆက်လက်ပြီး သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံများသို့ ဗီယက်နမ် နဂါးမောက်သီးဈေးကွက် ထိုးဖောက်နိုင်ရေး အတွက် ကမ်းလှမ်းလျက်ရှိတယ်လို့လည်း သတင်းရရှိပါတယ်။                                                                                 KKCM

Tuesday, 16 Nov 2010

 ကိုရီးယားမုံလာထုပ် ထုတ်လုပ်မှု ၄ဝ ရာခိုင်နှုန်းခန့်ကျဆင်း        ကိုရီးယားနိုင်ငံအတွင်း မုံလာထုပ်ဈေးနှုန်းမြင့်တက်မှုကို လျော့ကျစေဖို့ ကိုရီးယားအစိုးရဟာ အောက်တိုဘာလ အစောပိုင်းက မုံလာထုပ်တင်သွင်းခွန်ကို သုညအထိ လျှော့ချခဲ့ပါတယ်။ အစိုးရရဲ့ အကောင်အထည်ဖော်မှုကြောင့် နိုဝင်ဘာ လမှာစတင်တဲ့ အဓိကမုံလာထုပ်ရိတ်သိမ်းကာလအထိ ကင်ချီလုပ်တဲ့ မုံလာထုပ်ဈေးနှုန်းများ တည်ငြိမ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂ဝ၁ဝ အတွင်း မုံလာထုပ်ထုတ်လုပ်မှုဟာ ထုပ်ရေ ၁ ဒသမ ၅ သန်းခန့်သာရှိနိုင်တာကြောင့် ၂ဝဝ၉ ခုနှစ် ထွက်ရှိမှု ပမာဏ ၂ ဒသမ ၅ သန်းထက် ၄ဝ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ သိရပါတယ်။                                                                                                                              ယမုံံနာ                                                                                                            Sources: freshplaza