Main menu

Background

Tuesday, 29 Oct 2013

အဆိုပြုထားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်တဲ့ အဝေးပြေး လမ်းမကြီး မကြာမီစတင် အသုံးပြုနိုင် တော့မယ်လို့ အိန္ဒိယကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး Anand Sharma  က ပြောကြားလိုက်ပါတယ်။ ဒီအဝေးပြေး လမ်းမကြီးဟာ ဒေသတွင်းနိုင်ငံများ အကြား ချောမွေ့လျင်မြန်စွာ ကုန်စည် များ စီးဆင်းနိုင်စေရေး အထောက် အကူပြုသွားမှာဖြစ်တယ်၊ မိမိတို့အနေ နဲ့ မြန်မာနဲ့ ထိုင်းအစိုးရတို့ အဝေးပြေး လမ်းမကြီးဖောက်လုပ်ရေးလုပ်ငန်း တိုး တက်လာစေရေး ညှိနှိုင်းဆောင်ရွက် နေကြပြီး မကြာမီမှာပြီးစီးတော့မယ်လို့ Mr. Sharma  ကပြောပါတယ်။

Monday, 13 May 2013

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဆက်သွယ်သွားလာနိုင်မယ့် ဘတ်စ် ကားလိုင်း မကြာခင်ပြေးဆွဲတော့ မယ် လို့ သိရပါတယ်။ ဘတ်စ်ကားလိုင်း ပြေး ဆွဲနိုင်ဖို့မော်တော်ကားလမ်းဖောက်လုပ် လျက်ရှိပြီး၊ ကားလမ်းဖောက် လုပ်မှုပြီး စီးတော့မှာဖြစ်လို့ မကြာခင် ဘတ်စ်ကား လိုင်း ပြေးဆွဲပေးမယ်လို့ သိရပါတယ်။ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ် ဝန်ချုပ် Dr  Madam Moham Sethi  က "အိန္ဒိယ -မြန်မာနှစ်နိုင်ငံအကြား စီး ပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ များအတွက် ဆက်သွယ်သွားလာရာမှာ လွယ်လွယ်ကူကူသွားလာနိုင်ဖို့ ဘတ်စ် ကားလိုင်း ပြေးဆွဲပေးတော့မှာဖြစ်ပါ တယ်။ ခရီးသွားလာမှု လုပ်ငန်းတွေ လည်း ပိုပြီး အဆင်ပြေလာမှာဖြစ်ပါ တယ်။ ဘတ်စ်ကားလိုင်းက အင်ဖာနဲ့ မန္တလေးကို ဆက်သွယ်ပြေးဆွဲမှာ ဖြစ် တယ် " လို့ ပြောပါတယ်။


 

အင်ဖာနဲ့ မန္တလေးမှာ ကီလိုမီတာ ၁၂၀ ကွာဝေးပြီး၊ အင်ဖာမှ မိုရေး၊ တမူး၊ ကလေးဝ၊ ယာကြီး၊ မုံရွာမြို့ များကိုဖြတ် ပြီး၊ မန္တလေးကို ပြေးဆွဲမယ်လို့ သိရပါ တယ်။ မိုရေးနဲ့ မန္တလေးအကြားမှာ မိုင် ၃၀၀ နီးပါးရှိပြီး၊ မိုရေး- တမူး - ကလေး ၀ ၁၂၃ မိုင်၊ ကလေး၀ - ယာကြီး ၁၁၅ မိုင်၊ မုံရွာ - မန္တလေး ၈၅ မိုင်ရှိကြောင်း သိရပါတယ်။    
ဇူးဇူး - မန္တလေး

Monday, 25 Feb 2013

တရုတ်နှစ်သစ်ကူး  ပွဲတော်ကြောင့် အရောင်းအဝယ်အေးသွားတဲ့ မန္တလေး မြို့ ကျောက်စိမ်းဈေးကွက်မှာ ယခုတစ် ပတ်အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း သိရပါတယ်။

Monday, 25 Feb 2013

တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ နွားထိုးကြီးမြို့နယ်အတွင်း အဆိုပါပိုက်လိုင်း ကြောင့် နစ်နာဆုံးရှုံးမှုများကို ကွင်းဆင်းကောက်ယူမှုလုပ်ငန်းများ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။နွားထိုးကြီး တောင်သာနယ်စပ်ရှိ နွားထိုးကြီးမြို့နယ်မှ နဘဲသာရွာ၊ အင်ချောင်းရွာ၊ မိုးတိမ်ပြင်ရွာ စသည့်ကျေး ရွာများမှ ပိုက်လိုင်းဖြတ်သန်းခံရသော တောင်သူများ၏ လယ်ယာမြေဆုံးရှုံးမှု အခြေအနေကို နွားထိုးကြီးစိမ်းရောင် စိုအဖွဲ့က တွေ့ဆုံ၍ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

Monday, 4 Feb 2013

တရုတ်နှစ်သစ်ကူးကာလ နီးလာတာကြောင့် ဇန်နဝါရီနောက်ဆုံးအပတ်မှာ မန်း-မူဆယ်အတက်အဆင်း ကုန်နည်းနေပြီး၊ ယခင်အပတ်ထက် ကားသယ်ခနှုန်း များ ကျဆင်းလာတယ်လို့ အဝေးပြေးကုန်စည်ပိ့ုဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များမှ ပြောပါတယ်။ တရုတ်နှစ်သစ်ကူးကြောင့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်းနဲ့  လယ်ယာထွက်ကုန်သီးနှံများကို တရုတ်လိုင်း အဆွဲနည်းလာလို့ ယခင်အပတ်က ထက် အသွားနည်းတယ်လို့ ကုန်သည်များက ဆိုပါတယ်။ သစ်သီးဝလံအနေနဲ့ တရုတ်ဘက်မှာ ဖရဲ၊ သခွားရာသီသိမ်းတာကြောင့် ဖရဲ၊ သခွား၊ ဆီးသီးတို့ကို ဈေးမြင့် အဝယ်လိုက်လာလို့ ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ကြောင်း သစ်သီးဝလံအသင်း မှသိရပါတယ်။ အဆင်းကုန်အနေနဲ့ တရုတ်ဘက်မှ နှစ်ကူးကာလမတိုင်မီ စတော့ ရှယ်ယာေ ဈးဖြတ်ပြီး ဈေးေ လျာ့ ရောင်းလာတာကြောင့် မြေဆီအဝင်များပါတယ်။ ပန်းသီး၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန်၊ အချိုမှုန့်၊ ဆိုင်ကယ်အပိုပစ္စည်း၊ အထည် အလိပ်၊ စောင်၊ အနွေးထည်များ အဝင်နည်းနေပါတယ်။

Monday, 21 Jan 2013

မန္တလေးမြို့     မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်းမှာ ပစ္စည်းရှားပြီး၊ တရုတ်နှစ်သစ်ကူးရာသီ နီးလို့ အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။

Monday, 21 Jan 2013

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်နဲ့ စက်ဘီးများ တင်သွင်းခွင့်ပြုလျက်ရှိရာ ယခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၄ ဒသမ ၁၁၀ သန်းတန်ဖိုးရှိ Brand News ဆိုင်ကယ် ၁၁၃၆၉ စီးကို နယ်စပ်စခန်းများမှ တင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ ၁၀၈၅၁ စီးနဲ့ မြန်မာ-ထိုင်း နယ်စပ်မှ ၅၁၈ စီးကို ယခုအပတ်မှာတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၀၃၅၇ စီးသာ တင်သွင်းခဲ့တဲ့ အတွက် ၁၀၁၂ စီး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မြဝတီနယ်စပ်မှ ၃၅၈ စီး၊ မြိတ်နယ်စပ်မှ ၁၆၀ စီး၊ မူဆယ်နယ်စပ်မှ ၁၀၅၅၉ စီးနဲ့ ကန်ပိုက်တီးနယ်စပ်မှ ၂၉၂ စီး တင်သွင်းနိုင်ခဲ့တဲ့အတွက် တင်သွင်းမှုပိုမိုရခြင်း ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့အတူ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတန်ဖိုးရှိ စက်ဘီး ၁၇၅၂ စီးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၁၁ သန်းတန်ဖိုးရှိ Recond Truck     ၁၃ စီးကိုပါ တင်သွင်းနိုင်ခဲ့ တယ်လို့ မြဝတီ နယ်စပ်မှ သိရပါတယ်။                     ခင်မိုးသူ MIRT (DOBT)

Wednesday, 5 Sep 2012

တောင်ကိုးရီးယားနိုင်ငံ ကားထုတ်လုပ်မှုမှာ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟွန်ဒိုင်းကားကုမ္ပဏီက ကမ္ဘာ့ကား ဈေးကွက်မှာ တစ်ဟုန်ထိုးကြီးထွားတိုးတက်နေတဲ့ ဈေးကွက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် ထရပ်ကား ထုတ်လုပ်တဲ့စက်ရုံတစ်ရုံကို တရုတ်နိုင်ငံမှာ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ဟွန်ဒိုင်းကုမ္ပဏီက ပြောကြားလိုက် တယ်။

Sunday, 25 Sep 2011

သိုလှောင်မှုကျဆင်းခြင်းကြောင့် အိန္ဒိယရော်ဘာအလားအလာကောင်း                  ရောင်းလိုအားကျဆင်းမှုကြောင့် အိန္ဒိယရဲ့ ရော်ဘာအလားအလာက သြဂုတ်လမှာ မှတ်တမ်းတင်လောက်အောင် ကောင်းမွန်ခဲ့ကြောင်းသိရပါတယ်။ မိုးကောင်းတာကြောင့် ရော်ဘာစိုက်ပျိုးတဲ့ ဒေသတွေကနေ ရော်ဘာအရောက်နှေးနေ ကြောင်းသိရပါတယ်။ မကြာတော့မယ့် ကာလမှာ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE) ဈေးဆက်လက် ကောင်းနေ ဦးမှာဖြစ်ပြီး ပစ္စည်းသစ်မရောက်တာကြောင့် ယခင်လကတည်းက အရောင်းပါးနေကြောင်းသိရပါတယ်။ သိုလှောင်ရုံတွေမှာ သိုလှောင်မှု ကျဆင်းတာကြောင့် ဈေးတက်ဖွယ်ရှိကြောင်း သိရပါတယ်။ Source:Commodity online,KZW 

Monday, 5 Sep 2011

ဗီယက်နမ်က ကားတင်သွင်းမှု မြင့်တက်               ဗီယက်နမ်နိုင်ငံက သြဂုတ်လအတွင်း ကားအစီးရေ ၄ဝဝဝ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၇၈ သန်ဖိုး တင်သွင်းခဲ့လို့ ယခုနှစ် ပထမ ရှစ်လ အတွင်း စုစုပေါင်းကားအစီးရေ ၄၂ဝဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၈၂ သန်းဖိုးတင်သွင်းထားကြောင်း အထွေထွေစာရင်းအင်းရုံးမှ သိရှိရပါတယ်။ ၂ဝ၁ဝ ခုနှစ်နဲ့ယှဉ်ရင် တင်သွင်းမှုပမာဏ ၃ဝ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ဖိုး အားဖြင့် ၃၂ ရာခိုင်နှုန်း တိုးတက်တယ်လို့ သိရပါတယ်။                  ဒါပေမယ့် သြဂုတ်လအတွင်း ဆိုင်ကယ်အစီးပေါင်း ၅ဝဝဝ ကန် ဒေါ်လာ ခုနစ်သန်းဖိုးတင်သွင်းခဲ့မှုဟာ ယခင်လထက် အစီးရေ ၁ဝဝဝ လျော့ကျတယ်လို့ သိရပါတယ်။ ယခုနှစ် ပထမ ၈ လအတွင်း ဆိုင်ကယ် ၄၉ဝဝဝ ကန်ဒေါ်လာ ၆၇ သန်းဖိုး တင်သွင်းပြီးဖြစ်လို့ ယခင်နှစ်ကာလတူနဲ့နှိုင်းယှဉ် ရင် ပမာဏအားဖြင့် ၂၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၁၈ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။                  ကားနဲ့ဆိုင်ကယ်အများစုကို ကိုရီးယား၊ တရုတ်ပြည်မ၊ ဂျပန်၊ တရုတ် (တိုင်ပေ)၊ အမေရိကန်နဲ့ ဂျာမဏီတို့က တင်သွင်းပါတယ်။ ပြည်တွင်းဝယ်ယူမှု အား ကျဆင်းခြင်းဟာ တင်သွင်းမှုကိုသာ ထိခိုက်ရုံမက ပြည်တွင်းထုတ်လုပ် မှုကိုပါ ထိခိုက်စေခဲ့ရာ ပြည်တွင်း ဆိုင်ကယ်ထုတ်လုပ်မှုများအနေနဲ့ ယခုနှစ် ပထမ ရှစ်လအတွင်း သိုလှောင်မှုညွှန်းကိန်းဟာ ၄ဝ ထိရှိလာခဲ့တယ်လို့ သိရပါတယ်။                    ဘဏ္ဍာရေးဝန်ကြီးဌာနမှ လွန်ခဲ့တဲ့ ၂ နှစ်က သတ်မှတ်ခဲ့တဲ့ ယာဉ်သုံးစွဲ မှု အခွန်စည်းမျဉ်းများက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တဲ့အတွက် ပြန်လည်သုံးသပ်ဖို့ စည်းမျဉ်းအကြမ်းများ ရေးဆွဲနေတယ်လို့ သိရပါတယ်။ စည်းမျဉ်းအသစ်အရ နိုင်ငံတော်ကာကွယ်ရေးယာဉ်၊ စီးပွားရေးဇုန်သုံးယာဉ်နဲ့ အပန်းဖြေဧရိယာသုံး ကားတို့လို ယာဉ်အမျိုးအစားများကို အခွန်မှ ကင်းလွတ်ပေးသွားမယ်လို့ သိရပါတယ်။ ယခင်းးခင်၊Source:vov

Pages