Main menu

Background

Tuesday, 26 Jul 2011

Petroleum Engineering  ဘာသာရပ်ကို မလေးရှားနိုင်ငံရ Curtin University  တွင် ပြီးဆုံးအောင် သင်ယူနိုင်ပြီ                     မလေးရှားနိုင်ငံရှိ Curtin University (Sarawak)  တွင်  Petroleum Engineering  ဘာသာရပ်ကို ပညာသင်နှစ် ၅ နှစ်တာကာလပတ်လုံး ဘွဲ့ရသည်အထိ ပြီးဆုံးအောင် သင်ယူနိုင် ပြီဖြစ်ကြောင်း Myanmar Search International (MSI) မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောကြား ခဲ့သည်။                           အဆိုပါ Petroleum Engineering  ဘာသာရပ်ကို ယခင်က Curtin University (Sarawak) တွင် Foundation နှင့် ပထမနှစ်ကိုသာ သင်ယူနိုင် ပြီး ကျန်သုံးနှစ်ကို သြစတြေးလျနိုင်ငံရှိ Curtin University  တွင်သာ သင်ယူ နိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါတွင် လာမည့် ၂ဝ၁၂ ခုနှစ် ပညာသင်နှစ်မှ စ၍ မလေးရှားနိုင်ငံရှိ Curtin University တွင် ကုန်ကျစရိတ်သက်သာ စွာဖြင့် ဘွဲ့ရသည်အထိ ပညာသင်ကြား နိုင်ပြီဖြစ်ကြောင်း သိရသည်။ ပညာသင်နှစ် ၅ နှစ်တွင် Foundation in Engineering ကို ၉ လ ကြာသင်ယူရမည်ဖြစ်သည်။ ပထမနှစ် ဝက်တွင် ၅ ဘာသာ၊ ဒုတိယနှစ်ဝက် တွင် ၆ ဘာသာသင်ယူရမည်ဖြစ်ပြီး ၤFoundation ၉ လတာ ကာလ အတွင်း Credit Hours နာရီ ၂ဝဝ ပြည့်အောင် သင်ယူရမည်ဖြစ်ကြောင်း သိရသည်။ Foundation Course  အတွက် ကျောင်းလခကုန်ကျစရိတ်မှာ မလေးရှားရင်းဂစ် ၁၅၂၈ဝ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။                မယ်သီတာ

Sunday, 17 Jul 2011

ပြည်ပနိုင်ငံများတွင် ပညာသင်ကြားမည်ဆိုပါက သေချာစွာစုံစမ်းပြီးမှ တက်ရောက်ဖို့လို                     ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ ဒီဂရီကျောင်းများသို့ သွားရောက် ပညာသင်ကြားလိုသူများ အနေဖြင့် မိမိတက်ရောက်မည့် ကျောင်း၏ အနေအထား၊ ခိုင်မာမှု ရှိ၊ မရှိကို သေချာစွာစုံစမ်းပြီးမှ တက် ရောက်သင့်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံ ဏှဘ အကယ်ဒမီ ကျောင်းမှ မန်နေဂျာ ဒေါ်ဝင်းမာလှိုင် က ''စင်ကာပူမှာရှိတဲ့ ကျောင်းတွေကို တက်တော့မယ်ဆိုရင် ကျောင်းရဲ့ ခိုင်မာမှုကို အရင်ဆုံးစုံစမ်းရပါမယ်။ အစိုးရ က ထိန်းချုပ်ထားတဲ့ ကျောင်းမျိုးကို ရွေးပြီးတော့ တက်ရင် အကောင်းဆုံး ပါပဲ။ အခု စင်ကာပူမှာ ပုဂ္ဂလိက ကျောင်းပေါင်း ၆ဝဝ ကျော်အပိတ်ခံရ တယ်ဆိုတာ တကယ်ခိုင်မာမှု မရှိတဲ့ ကျောင်းတွေပါ။ သာမန် Private  ကျောင်းလေးတွေဟာ စင်ကာပူအစိုးရ ရဲ့ ထိန်းချုပ်မှုမခံနိုင်တဲ့အတွက် အခုလို ပိတ်သိမ်းခြင်းခံရတာပါ။ စင်ကာပူ အစိုးရက ၄ နှစ်အာမခံ သက်တမ်းပေး ထားတဲ့ ကျောင်းကမှ ခိုင်မာမှုရှိတယ် လို့ ဆိုရပါမယ်''ဟု MSI ၏ပညာရေး ပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသွားခဲ့သည်။                     စင်ကာပူနိုင်ငံသည် မြန်မာလူငယ် အများစု၏ ပညာသင်ကြားရာနိုင်ငံတစ် နိုင်ငံဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝရှေ့ရေးကိုမထိ ခိုက်စေရန် သေချာစွာ လေ့လာသင့် ကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင် ပုဂ္ဂလိကကျောင်းပေါင်း ၈ဝဝ ကျော်ရှိ သည့်အနက် ကျောင်းပေါင်း ၆ဝဝ ကျော်ပိတ်သိမ်းခြင်းခံရရာ ပညာသင် ကြားနေဆဲလူငယ် အများအပြားထိခိုက် မှုရှိခဲ့ကြောင်း သိရသည်။ မယ်သီတာ 

Tuesday, 12 Jul 2011

ဗီယက်နမ်နိုင်ငံမှ တစ်ပတ်ရစ်ကားများတင်သွင်းမှုအပေါ် အခွန်တိုးမြှင့ ် ကောက်ခံသွားမည်                ဗီယက်နမ်နိုင်ငံက လာမဲ့လအတွင်း အင်ဂျင်ကြီးများတပ်ဆင်ထားတဲ့ တစ်ပတ်ရစ်ကားတွေ တင်သွင်းမှုအပေါ် အခွန် တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ပထမဆုံးအနေနဲ့ သြဂုတ် ၁၅ ရက်မှစပြီး ၁ ဒသမ ၅ လီတာ (သို့မဟုတ်) ၁ ဒသမ ၅ လီတာအထက် ပိုတဲ့ အင်ဂျင်တပ်ဆင်ထားတဲ့ တစ်ပတ်ရစ်ကားတွေကို မော်လ်ဒယ်တူ ကားသစ်တွေ အပေါ် တူညီတဲ့အခွန်ကောက်ခံသလို ကောက်ခံသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ပတ်ရစ်ကားတွေရဲ့ အင်ဂျင်စွမ်းရည် အပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၅ဝဝဝ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁၅ဝဝဝ ထပ်လောင်း အခွန်ကောက်ခံ သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ငုယင်တန်ဇွန်း လက်မှတ်ရေးထိုးခဲ့တဲ့အမိန့်ကို ကိုးကားပြီး VnExpress  မှ ဖော်ပြထားပါတယ်။                   ကားသစ်တွေ တင်သွင်းမှုအပေါ် ကောက်ခံတဲ့အခွန်ဖြစ်တဲ့ ၇၇ ရာခိုင်နှုန်းမှ ၈၃ ရာခိုင်နှုန်းမှာ မပြောင်းမလဲ တည်ရှိနေမှာဖြစ်ကြောင်း သိရှိရတယ်။ ယခုလောလောဆယ်မှာ တစ်ပတ်ရစ်ကားတွေက တစ်စီးကို ပုံသေအခွန် ဒေါ်လာ ၃၅ဝဝ မှစပြီး ကောက်ခံသွားမှာဖြစ်ကြောင်း သိရှိရတယ်။ ဦးတည်ချက်အသစ်အရ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့ အညီ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက တစ်ပတ်ရစ်ကားတွေအပေါ် သတ်မှတ်ထားတဲ့ အခွန်ကောက်ခံနှုန်းထားတွေကို ပြောင်းလွယ်/ပြင်လွယ်မှုနဲ့ ညှိနှိုင်းသွားမှာဖြစ်ကြောင်း သိရှိရတယ်။ တစ်ပတ်ရစ်ကားတွေရဲ့ ဈေးနှုန်းတွေမှာ ယခုဈေးနှုန်း တွေထက် နှစ်ဆ/သုံးဆ တစ်လိပ်လိပ်တိုးလာမှာဖြစ်ရာ အခွန်ကောက်ခံမှုမြင့်မားခြင်းက၎င်းတို့အတွက် ဆိုးရွားတဲ့ ထိုးနှက်ချက်ဖြစ်လာလိမ့်မှာဖြစ်ကြောင်း ကားကုန်သည်တွေရဲ့ ပြောကြားချက်ကို VnExpress မှ ကိုးကားရေးထားတဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။             ဗီယက်နမ်နိုင်ငံ ဟနွိုင်းရှိ ကားတင်သွင်းသူတွေရဲ့ ပြောကြားချက်အရ ကားသစ်တွေ တင်သွင်းမှုအပေါ် အစိုးရမှ ကန့်သတ်ပြီးနောက် ကားကုန်သည်အများစုမှာ ကားသစ်တွေတင်သွင်းမဲ့အစား တစ်ပတ်ရစ်ကားတွေ တင်သွင်းမှုကို ခြေဦးလှည့်ဖို့ ကြံစည်နေကြရာ ၎င်းအကြံအစည်က ယခုအချိန်မှာ အလားအလာရှိတဲ့ ရွေးချယ်ခွင့်မဟုတ်ကြောင်း သိရှိရတယ်။ ၂ဝ၁၁ ခုနှစ် ဇွန်လ ၂၆ ရက်မှာသက်ဝင်ခဲ့တဲ့ စည်းမျဉ်းအသစ်အရ ထိုင်ခုံကိုးခုံ အောက်ကားတင်သွင်းသူတွေက နိုင်ငံခြားကားရောင်းဝယ်ခွင့်အတွက် ပေးထားတဲ့အခွင့်အာဏာရရှိသူတွေဖြစ်ကြောင်းသက်သေပြဖို့ လိုအပ်ကြောင်း သတ် မှတ်ထားပါတယ်။  Source:Vietnamnews,  နွယ်နွယ်ဦး

Sunday, 19 Jun 2011

ဗီယက်နမ်က ကားတင်သွင်းမှု လျှော့ချ                  ဗီယက်နမ်နိုင်ငံက ထိုင်ခုံကိုးခုအောက်ကားများ နှစ်စဉ်ဒေါ်လာ တစ်ဘီလီယံလောက် တင်သွင်းမှုကိုလျှော့ချဖို့ လိုအပ်လာပြီဖြစ်ကြောင်း စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံသားအများစုက ကားအသုံးပြုမှု မရှိပါဘူး၊ အခြေခံအဆောက်အအုံကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် ကားတင်သွင်းမှုကို တားမြစ်ဖို့လိုအပ်လာကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ သွင်းကုန်မူဝါဒအသစ်နဲ့ပတ်သက်တဲ့ ကြေညာ ချက်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ၎င်းကြေညာချက်မှာ ကားတင်သွင်း သူတွေအနေနဲ့ နိုင်ငံခြားကားထုတ်လုပ်ရေးတွေက ရောင်းဝယ်ရေးသက်သေခံ လက်မှတ်တင်ပြ နိုင်ရမယ်လို့ ပါရှိပါတယ်။ သွင်းကုန်တင်သွင်းသူ အများစု ကတော့ ဒီကြေညာချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ အစိုးရကတော့ နိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ ကွာဟချက်ကို နည်းနိုင်သမျှနည်းအောင် ကုန်သွယ်ရေး စည်းမျဉ်းအတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဗီယက်နမ်မှာ မေလရဲ့ ကုန်သွယ်ရေးလိုငွေက ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံရှိပြီး ဧပြီလက ဒေါ်လာ ၁ ဒသမ ၄၉ ဘီလီယံရှိခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ အစိုးရက နှစ်စဉ် ကုန်သွယ်ရေးလိုငွေကို ၁၆ ရာခိုင်နှုန်းအောက် ရောက်ရှိအောင် ရည်မှန်းထားပြီး ကုန်သွယ်ရေးဝန်ကြီး ဌာနကတော့ လျာထားချက်ရောက်ရှိအောင် ကြိုးစားနေကြောင်း သတင်း ရရှိပါတယ်။          Source: thanenhen .com, KZW 

Sunday, 19 Jun 2011

၂ဝ၂ဝ မှာ အိန္ဒိယက တတိယမြောက်အကြီးဆုံး ကားဈေးကွက်ဖြစ်ဖို့ ဆောင်ရွက်မယ်                    ကမ္ဘာ့ဆဋ္ဌမအဆင့် ကားအကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ အိန္ဒိယဟာ ၂ဝ၂ဝ မှာ တရုတ်နဲ့ အမေရိကန်ပြီးရင် ကားရောင်းချဖို့ တတိယအကြီးဆုံး ဈေးကွက်ဖြစ်လာဖို့ ဆောင်ရွက်နေတယ်လို့JD Power နဲ့ အသင်းဝင်များက ဇွန် ၁၃ ရက်မှာ ပြောကြားပါတယ်။ ၁ဝ စုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကားရောင်းချမှုဟာ ၁၁ သန်းအထိ ရောက်ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီကာလမှာ တရုတ်နိုင်ငံက မော်တော်ယာဉ် ၃၅ သန်းခန့်နဲ အမေရိကန်က ၁၇ ဒသမ ၄ သန်းခန့် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း ကားထုတ်လုပ်သူတွေအတွက် အမြတ်ငွေနည်း ပါးတဲ့ ကားသေးဝယ်လိုအား ကြီးမားလာတာကြောင့် အိန္ဒိယရဲ့ ဝင်ငွေက တော့ နည်းသွားလိမ့်မယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ရောင်းချရတဲ့ လူစီးကားအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်း နီးပါးဟာ ကားသေးများသာဖြစ်တယ်လို့ JD Power က ဆိုပါတယ်။ အိန္ဒိယ နိုင်ငံမှာ ပါဝါဂရစ်လိုင်းဖွံ့ဖြိုးမှုမရှိခြင်းနဲ့ ပြည်ပကားအစိတ်အပိုင်းစက်ရုံ မရှိ ခြင်းအပါအဝင် အခြေခံအဆောက်အအုံ နည်းပါးခြင်းက ကားထုတ်လုပ်မှု လုပ်ငန်းအတွက် စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်ပြီး ယာဉ်ရောင်းချမှုကို ထိခိုက်နိုင်တယ်လို့လည်း ၎င်းမှဆက်လက်ပြောကြားပါတယ်။   ယမင်းခင် Source: Business standard

Tuesday, 7 Jun 2011

တရုတ်နိုင်ငံသည် နွေရာသီသီးနံှရိတ်သိမ်းမှု များပြားနေသော်လည်း ထုတ်လုပ်မှုတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ              တရုတ်နိုင်ငံက ၂ဝ၁၁ ခုနှစ်မှာ နွေရာသီသီးနံှထွက်ရှိမှု မြင့်တက်နိုင်သော်လည်း သီးနံှထုတ်လုပ်မှုမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်းကို အဆင့်မြင့်အရာရှိတစ်ဦးမှ ၂ဝ၁၁ ခုနှစ် မေ ၂၅ ရက်မှာ ပြောကြားသွားပါတယ်။ ထုတ်လုပ်သူတွေရဲ့ ကုန်စည်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေမှုကြောင့် လယ်သမားတွေရဲ့ အစွန်း ထွက်အကျိုး အမြတ်ကို လျော့နည်းစေမှာဖြစ်ရာ ၎င်းတို့အနေနဲ့ သီးနံှတွေထုတ်လုပ်ဖို့ စိတ်အားထက်သန်မှုလျော့ နည်းစေနိုင်ကြောင်း လည်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးစီမံကိန်းအဖွဲ့ဖြစ်တဲ့ The Academy of Macroeconomic Research of the National Development and Reform Commission ရဲ့ ဒုတိယအကြီးအကဲဖြစ်သူ Ma Xiaohe  မှ ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။        အလုပ်သမားကုန်ကျစရိတ်မှာလည်း မကြာမီကမှ မြင့်တက်သွားခြင်းကြောင့် လယ်သမားတွေက သီးနံှ ထုတ်လုပ်မှု ကို စွန့်လွှတ်လျက် ငွေကြေးပိုမိုရရှိကာ အခြားအလုပ်တွေကိုရှာဖွေဖို့ အလားအလာဖြစ်ပေါ်လျက်ရှိကြကြောင်း ၎င်းက ဆက်လက်ပြောကြားသွားပါတယ်။ မြို့ပြဖြစ်ထွန်းလာမှုနဲ့ ရှေးယခင်ကတည်းက တည်ရှိလာခဲ့တဲ့ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အဦတွေကြောင့် စိုက်ပျိုးနိုင်တဲ့ မြေယာတွေဆုံးရှုံးခဲ့ရာ သီးနံှတွေဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။        တရုတ်နိုင်ငံအစိုးရက သီးနံှလုံခြုံစိတ်ချရမှုရှိစေဖို့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းတွေ အတွက် ငွေကြေးဆိုင်ရာထောက်ပံ့ပေးမှုတွေ တိုးမြှင့်ခြင်းနဲ့ Commodity Futures Market တွေ ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားသင့်ကြောင်း Ma Xiaohe မှ ပြောကြားသွားပါတယ်။ Source:Bloomberg.com, ကြည်မာလာ

Sunday, 20 Feb 2011

မန္တလေးမြို့တော် စည်ပင်သာယာအတွင်း အမရပူရမြို့နယ်အား တိုးခဲျ့ရန်ဆောင်ရွက်                  မန္တလေးမြို့တော် စည်ပင်သာယာအတွင်း အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ် ငါးမြို့နယ်ရှိ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ယခုအခါ အမရပူရမြို့နယ်အား တိုးခဲျ့ဆောင်ရွက်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။                          အမရပူရမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်၊ အိမ်ခြေ ၁ဝ၃၉၉ ၊ လူဦးရေ ၅ဝ၆၂၂ ဦးရှိကာ မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၂ ခုတွင် ကျေးရွာပေါင်း ၁၇၅ ရွာရှိကြောင်း သိရသည်။ ဇူးဇူး

Wednesday, 24 Nov 2010

                  ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြားအရန်ငွေပမာဏ ထုတ်ပြန်                  ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလကုန်မှာ ဟောင်ကောင်ဒေသတွင် နိုင်ငံခြား အရန်ငွေပမာဏက အမေရိကန်ဒေါ်လာ ၂၆၆ ဒသမ ၁ ဘီလီယံ ဒါမှမဟုတ် ဟောင်ကောင်ဒေါ်လာ ၂ ထရီလီယံကျော်ရှိခဲ့ပြီး၊ ယခင်လထက် အမေရိကန် ဒေါ်လာသန်း ၂ဝဝ ခန့် မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်မှ ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် တရုတ်ယွမ်ငွေက အတည်ငြိမ်ဆုံးငွေကြေးအဖြစ် တည်ရှိနေမှုကြောင့် ဟောင်ကောင်ဒေသရဲ့ နိုင်ငံခြားအရန်ငွေအချို့ကို တရုတ်ယွမ်ငွေအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း၊ စုစုပေါင်းနိုင်ငံခြားအရန် ငွေပမာဏက ပြည်တွင်းမှာ လည်ပတ်လျက်ရှိတဲ့ ငွေကြေးပမာဏနဲ့ ငွေချေးစာချုပ်များရဲ့ ၉ ဆရှိကြောင်း၊ ဟောင်ကောင်ဒေသ က တရုတ်ပြည်မကြီး၊ ဂျပန်၊ ရုရှား၊ တရုတ်တိုင်ပေ၊ အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံပြီးရင် သတ္တမမြောက် နိုင်ငံခြားအရန်ငွေပမာဏ အများဆုံးဆက်လက် ပိုင်ဆိုင်ထားကြောင်း သိရှိရပါတယ်။                ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှုအခြေအနေ       ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံကို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှုတန်ဖိုးက နှစ်အလိုက် ၆ ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၈၄ ဘီလီယံရှိကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ပါတယ်။ ၂ဝ၁ဝ ခုနှစ်ပထမ ကိုးလတွင် စုစုပေါင်းနိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၇၄ ဒသမ ၃၄ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ၎င်းပမာဏကပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နံှမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၃၇ ဘီလီယံနဲ့ ပမာဏ တူညီပါတယ်။ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နံှမှုတန်ဖိုး ကပြီးခဲ့တဲ့ သြဂုတ်လထက် ၁ ဒသမ ၃၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နံှမှုအများစုက ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဝင်ရောက်ခဲ့ပြီး၊ စုစု ပေါင်းတန်ဖိုးရဲ့ ၄၇ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဝန်ဆောင်မှုကဏ္ဍတွင်လည်း ရင်းနှီး မြှုပ်နံှမှုတန်ဖိုးက ၄၅ ရာခိုင်နှုန်းဝင်ရောက်ခဲ့တယ်။ ၂ဝ၁ဝ ခုနှစ် ပထမကိုးလတွင် တရုတ်အစိုးရမှခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုလုပ်ငန်းပေါင်း ၁၉၂ဝ၉ ခုရှိပြီး ယခင်နှစ်ထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှ ပြည်ပကိုရင်းနှီးမြှုပ်နံှခဲ့တဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၇ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃ဝ ဒသမ ၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားကုမ္ပဏီများ ဝယ်ယူရာတွင် ရင်းနှီးမြှုပ်နံှခဲ့ ကြောင်း လေ့လာသိရှိရပါတယ်။                       ပြည်ထောင်စုမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့  

Tuesday, 16 Nov 2010

၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ဟောင်ကောင်အိမ်ခြံမြေရောင်းဝယ်မှု အခြေအနေ    ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ၌ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် အိမ်ခြံမြေရောင်းဝယ်မှုသည် ယခင်လထက် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဈေးနှုန်းထိန်းသိမ်းနိုင်ရန် အစိုးရမှ လိုအပ်သော ဥပဒေများ ရေးဆွဲထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ စုစုပေါင်း အိမ်ခြံမြေအရောင်းအဝယ် ၁၃၇၄၉ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သောကြောင့် သြဂုတ်လတွင် ၁၆၉၄၆ ကြိမ်နှင့် ယခင်နှစ်တွင် ပြုလုပ်ခဲ့သော ၁၄၄၃၇ ကြိမ်အောက် ၄ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်ကို တွေ့ရသည်။ ဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်ခြံမြေဈေးနှုန်း များသည် ၂ဝဝ၉ ခုနှစ်ထက် ၂၉ ရာခိုင်နှု်းမြင့်တက်လာပြီး၊ ယခုနှစ်အတွင်း လအလိုက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာသည့် အတွက်ကြောင့် ဈေးနှုန်းများတည်ငြိမ်စေရန် အစိုးရပိုင်မြေများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ရသည့်အပြင် တန်ဖိုးကြီး အိမ်ရာများ၏ရောင်းခွန်ဝယ်ခွန်များအား တိုးမြှင့်ကောက်ခံခဲ့သည်။ စက်တင်ဘာအရောင်းအဝယ်တန်ဖိုးသည် ဟောင်ကောင် ဒေါ်လာ ၅၃ ဒသမ ၅၁ ဘီလီယံရှိခဲ့ရာ ပြီးခဲ့သည့် သြဂုတ်လတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၈ဝ ဒသမ ၂၄ ဘီလီယံနှင့် ယခင်နှစ်တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၆၇ ဒသမ ဝ၅ ဘီလီယံတို့အောက် ၃၃ ရာခိုင်နှုန်းနှင့် ၂ဝ ရာခိုင်နှုန်း အသီးသီးလျော့ နည်းခဲ့သည်ကိုတွေ့ရှိရသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ကုန်သွယ်မှုအခြေအနေ     ၂ဝ၁ဝ ခုနှစ်စက်တင်ဘာတွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် နှစ်အလိုက် ၂၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့၍ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၉၉ ဘီလီယံရှိခဲ့သော်လည်း ယခင်လ ၃၄ ဒသမ ၄  ရာခိုင်နှုန်းအောက် သိသိသာသာကျဆင်းခဲ့သည်။ အလားတူသွင်းကုန်တင်သွင်းမှုသည် နှစ်အလိုက် ၂၄ ဒသမ ၁ ရာခိုင်နှုန်း  မြင့်တက်ခဲ့ပြီး၊တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၈ဒသမ ၁၁ ဘီလီယံရှိခဲ့သောကြောင့် ယခင်လအောက် ၁၁ဒသမ ၁ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန (GAC)မှ တရားဝင်ထုတ်ပြန်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ် ပထမကိုးလတွင် တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် နှစ်အလိုက် ၁ ရာခိုင်နှုန်းကျဆင်း@

Thursday, 11 Nov 2010

တရုတ်မှာ အယ်လ်စီဒီစက်ရုံတည်ဖို့ ဆမ်ဆောင်းနဲ့ အယ်လ်ဂျီတို့ ခွင့်ပြုချက်ရတော့မည်       တရုတ်နိုင်ငံမှာ အဌမမျိုးဆက် အယ်လ်စီဒီစက်ရုံတွေ တည် ဆောက်ဖို့အတွက် တရုတ်အစိုးရထံမှ ခွင့်ပြုချက်ကို ဆမ်ဆောင်း အီလက်ထရွန်းနစ်နဲ့ အယ်လ်ဂျီဒစ္စပလေး ကုမ္ပဏီတို့ ရရှိထားပြီလို့ ဆိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သွင်းကုန်ခွန်လွတ်နဲ့ ကမ္ဘာ့ အကြီးဆုံး အယ်လ်စီဒီ တီဗွီဈေးကွက်ထဲကို ဝင်လာနိုင်တော့မှာဖြစ်ပြီး နှစ်စဉ် လုံးရေ သန်း ၄ဝ ရောင်းရလိမ့်မယ်လို့ မျှော်မှန်း ထားပါတယ်။                                                                                                Source : chosun.com

Pages