Main menu

Background

Thursday, 11 Nov 2010

 ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းတွေ အကျိုးအမြတ်ရှိ         ထွန်းသစ်စဈေးကွက်တွေရဲ့ ဝယ်လိုအားကြီးထွားမှုကြောင့် ဂျပန်နိုင်ငံရှိ မော်တော်ကား အီလက်ထရွန်းနစ် ထုတ်လုပ် သူတို့ အပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်းအများအပြားရဲ့ အမြတ်အစွန်းဟာ ဇူလိုင် စက်တင်ဘာလ သုံးလပတ် ကာလအတွင်း မြင့်တက်တယ်လို့ အောက်တိုဘာလ ၃၁ ရက်ကထုတ်ပြန်တဲ့ နီကေး နေ့စဉ်မှာဖေါ်ပြထားပါတယ်။ဂျပန်စီးပွားရေးလုပ်ငန်း ၄၇၅ ခုရဲ့ စုစုပေါင်းအမြတ်အစွန်းဟာ ယခုသုံးလပတ်အတွင်းမှာ နှစ်အလိုက်နှုန်းအရ ၈၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ နီကေး နေ့စဉ်မှာ ဖေါ်ပြပါတယ်။ ဒီကုမ္ပဏီ ၄၇၅ ခုထဲမှာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ စတော့ဈေးကွက်မှာ အသစ်မှတ်ပုံတင်တဲ့ လုပ်ငန်း တွေ မပါဝင်သေးပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက ဝယ်လိုအား ပြန်လည်နာလန်ထူလာတဲ့အတွက် လုပ်ငန်း ၄၇၅ ခုနှစ် အနက် ၂၁၅ ခုရဲ့ဝယ်လိုအားက ပိုမိုမြင့်တက်လာပြီး အကျိုးအမြတ်တွေကလည်း အတက်ဖက် ကိုဦးတည်နေပါတယ်။ စစ်တမ်း ကောက်ယူထားတဲ့လုပ်ငန်းအားလုံးရဲ့ စုစုပေါင်းအမြတ်အစွန်းက စံချိန်အမြင့်ဆုံး ဖြစ်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ဧပြီ-ဇွန် သုံးလပတ်ရဲ့ ၉၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ ယခုတိုးတက်မှုက ဧပြီ-ဇွန်သုံးလပတ်နဲ့ နှိုင်းယှဉ်ရင်လဲ ၁၄ ရာခိုင်နှုန်းတိုးတက်မှုရှိတာတွေ့ရပါတယ်။                                                                                                                Source .thedailystar.com

Thursday, 11 Nov 2010

 ဗီယက်နမ် နို့ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ ဝန်ကြီးဌာနက တိုက်တွန်း       ပြည်ပမှ တင်သွင်းတဲ့ကုန်ကြမ်းများကို မှီခိုနေရမှုနှင့် နည်းပညာအဆင့်မြင့်ကိရိယာတွေကို အသုံးမချနိုင်တဲ့အတွက် ဗီယက်နမ် နို့ ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ဟာ အားနည်းလျက်ရှိတယ်လို့ အရာရှိတွေကပြောကြားပါတယ်။၂ဝဝ၆ ခုနှစ်က ၂ဝ၁ဝ ပြည့်နှစ် အတွင်း ပြည်တွင်းထုတ်လုပ်တဲ့ကုန်ကြမ်းကလို အပ်ချက်ရဲ့ ၂၄ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အသေးစား စက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဖန်ချီဒန်းက ပြောကြားပါတယ်။ ရည်မှန်းချက်က ၄ဝ ရာခိုင် နှုန်းဖြစ်ပါတယ်။ ၂ဝ၂၅ ခုနှစ်မှာ ပြည်တွင်းထုတ်ကုန်ကြမ်းတွေက နို့နဲ့ဒိန်ချဉ်ထုတ်လုပ်မှုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။    ဒါပေမဲ့ လောလောဆယ်မှာ နို့မှုန့်ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို တင်သွင်းနေရဆဲဖြစ်ပါတယ်။ နို့ထုတ်လုပ်ရေးလုပ်ငန်းမှာ နို့အရည်အသွေး တစ်ညီတစ်ညွှတ်တည်း မရှိမှုနဲ့ ဈေးနှုန်းမတည်ငြိမ်မှုစတဲ့ အခြားအခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။   ''နိုင်ငံတော် အေဂျင်စီတွေက နို့ဈေးနှုန်းကို အနီးကပ်ကြီးကြပ်မှုမရှိဘူး။သူတို့က အကောက်ခွန်နဲ့ ပြည်တွင်းအခွန်အကောက်ဌာနတွေက ဈေးနှုန်းကြီးကြပ်စစ်ဆေးတဲ့ ဈေးကွက် စီမံခန့်ခွဲမှုဌာနတွေနဲ့ ဆက်စပ်မှုမရှိဘူး''လို့သူကပြော ပါတယ်။ ယခင်က မြင့်မားနေတဲ့ ငွေဖေါင်းပွမှု ၊အတိုးနှုန်းမြင့်မားမှုနဲ့ ငွေကြေးဖလှယ်နှုန်း မတည်ငြိမ်မှုတို့ကြောင့် ဒီလုပ်ငန်းကဏ္ဍမှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စီးပွားရေးကျဆင်းမှုနဲ့ မယ်လမင်းပြဿနာကြောင့် ရောင်းအားတွေကျဆင်းခဲ့ပါတယ်။                                                                                                                  Source .vietnamnet.vn

Tuesday, 12 Oct 2010

တရုတ် မော်တော်ယာဉ်ဈေးကွက်အား ကမ္ဘာမှ မျက်စိကျလျက်ရှိ        ယခုအခါ ကမ္ဘာတစ်ဝန်းရှိ မော် တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီများက တရုတ်နိုင်ငံလို ထွန်းသစ်စ စီးပွားရေး နိုင်ငံများရှိ မော်တော်ယာဉ်ဈေးကွက် များကို စိတ်ဝင်စားမှု တိုးပွားလာနေပါ တယ်။      လတ်တလောတွင် ပဲရစ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ၂ဝ၁ဝ မော်တော် ယာဉ်ပြပွဲမှာ ကမ္ဘာ့အကြီးဆုံးမော်တော် ယာဉ်ဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက် ကို ကမ္ဘာတစ်ဝန်းမှ မျက်စိကျလျက်ရှိ ကြပါတယ်။ အဆိုပါ မော်တော်ယာဉ် ပြပွဲရဲ့ရည်မှန်းချက်မှာ တရုတ်ဈေးကွက် လို အခိုင်အမာ ဖွံ့ဖြိုးတိုးတက်လာနေ တဲ့မော်တော်ယာဉ်ဈေးကွက်မှာ ဖောက် သည်များကို တိုးခဲျ့ရှာဖွေသွားဖို့ ဖြစ် တယ်။     ကမ္ဘာ့စီးပွားရေး အကျပ်အတည်း အပြီးတွင် ဥရောပမော်တော်ယာဉ်ဈေး ကွက်မှာ တဖြည်းဖြည်းကျဉ်းမြောင်းလာ ပြီး တရုတ် မော်တော်ယာဉ် ဈေးကွက်မှာ တည်ငြိမ်တဲ့နှုန်းနဲ့ တိုးတက်လာနေပါ တယ်။ ဒါကြောင့်နိုင်ငံရပ်ခြားမှ မော် တော်ယာဉ်ကုမ္ပဏီ အများအပြားက တရုတ်နိုင်ငံတွင် ဈေးကွက်ရရှိဖို့ကြိုးပမ်း လာနေခြင်းဖြစ်ပါတယ်။ စီထရွန်ကော် ပိုရေးရှင်းမှ တရုတ်နိုင်ငံတွင် စီထရွန် ကားစီးရေနှစ်သိန်းရောင်းချနိုင်ရေး ရည် မှန်းထားပါတယ်။ ဗော်လ်ဗိုကားထုတ် လုပ်တဲ့Geely Automobile Holding Ltd.,  မှလည်း ၎င်းရဲ့လုံခြုံမှုဦးစားပေး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ စွမ်းအင်သုံး မော်တော်ယာဉ်များအတွက် ဈေးကွက်နေရာခဲျ့ထွင်နိုင်ရေး ကြိုးစား လျက်ရှိပါတယ်။       အချို့ပြင်သစ်မော်တော်ယာဉ်ထုတ် လုပ်သူများက တရုတ်နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီးဖြစ်ကာ မော်တော်ယာဉ် အပိုပစ္စည်း များကို ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင် ထုတ်လုပ် တဲ့ (Made-in-China)  ထုတ်ကုန်များက ဥရောပကုမ္ပဏီများကို အကျိုးစီးပွားရရှိ စေဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ အခိုင်အ မာယုံကြည်ထားကြကြောင်း သတင်း ရရှိပါတယ်။ှ                                                                                                                            Source:CNTV,                                                                                                                                   ရွှေစင်ကို

Sunday, 28 Jun 2009

ငါး၊ ပုစွန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမည်ဆိုပါက နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ ထုတ်လုပ်ရန်လိုအပ်လာပြီ ဖြစ်သဖြင့် ယင်းစံညွန်းများအနက် အခြေခံအကျဆုံးဖြစ်သည့် GAP(Good Aquaculture Practice) စနစ်ကို ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်နေပြီဖြစ်သည်။

Pages