Main menu

Background

Thursday, 17 Mar 2016

   အာဆီယံ+၃ ရဲ့ ငွေကြေးမျိုးစုံနဲ့  ဘွန်းစာချုပ်ထုတ်ဝေမှုအစီအစဉ်မှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်သူနိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအစီအစဉ်ကအာရှဖွံ့ဖြိုးရေးဘဏ်(Asian Development Bank- ADB)ရဲ့အစီအစဉ်တစ်ခုဖြစ်ပြီး အစီအစဉ်မှာပါဝင်တဲ့နိုင်ငံတွေအချင်းချင်းဘွန်းစာချုပ်အပြန်အလှန်ထုတ်ဝေမှုကိုလွယ်ကူချောမွေ့ စေအောင်အထောက်အကူပေးမှာဖြစ်ကြောင်းမနီလာတိုင်းမ်အွန်လိုင်းသတင်း မှာ ဖော်ပြပါ တယ်။ ယခုမူဘောင်က နှစ်နိုင်ငံအပြန်အလှန်သဘောတူညီချက်သဖွယ်ဖြစ်ပြီး ဒီမူဘောင်အရပါဝင်တဲ့နိုင်ငံတွေမှာရှိတဲ့ကော်ပိုရေးရှင်းတွေက သက်ဆိုင်ရာလက်ခံနိုင်ငံအတွင်းမှာဘွန်းစာချုပ်တွေထုတ်တဲ့အခါ အထူး

Wednesday, 16 Mar 2016

     ပို့ကုန်သွင်းကုန် ကုန်စည်များအတွက်ဆိပ်ကမ်းရှင်းလင်းချိန်ကို ထက်ဝက်လျှော့ချရန်နဲ့အိန္ဒိယကုန်သည်များအတွက်လုပ်ငန်းဆောင် ရွက်ချိန်ကိုလျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ရာမှာအကူအညီပေးရန်အစိုးရက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တိုင်းမ်အော့အိန္ဒိယသတင်းမှာဖော်ပြပါတယ်။နယ်နိမိတ်ဖြတ်ကျော်ကုန်သွယ် မှုလုပ်ငန်းများကို ဆောင်ရွက်နေတဲ့ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အနက် အိန္ဒိယနိုင်ငံရဲ့အဆင့်နေရာက အဆင့် ၁၃ မှာရှိ ကြောင်း ကမ္ဘာ့ဘဏ်ရဲ့လေ့လာ ချက်စာတမ်းမှာ ဖော်ပြပါတယ်။ ပို့ုကုန် လုပ်ငန်းရှင်တစ်ယောက်ကပျမ်းမျှခြင်း အားဖြင့်စာရွက်စာတမ်းများ ပြင်ဆင်တာနဲ့ နယ်နိမိတ်ဖြတ်ကျော်ရေးစည်းမျဉ်းဥပဒေများအတွက်ကိ

Wednesday, 9 Mar 2016

       ဖေဖော်ဝါရီတွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၄၀၅၄၉ တန်ဖိုးရှိ ပြောင်းကြိတ်ဖတ်မှုန့် ၅၀၂ တန်တင်ပို့ခဲ့ပါတယ်။ပြောင်းကြိတ်ဖတ်မှုန့်ကိုတိရစ္ဆာန်အစာအတွက် အသုံးပြုရ တာဖြစ်လို့ တရုတ်နိုင်ငံ သို့ ယခုလို ပုံမှန်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ အနီးစပ်ဆုံးကာလတူ ဇန်နဝါရီမှာတော့ ၁၀၄၂ တန်ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ပြောင်းကြိတ်ဖတ်မှုန့်  တစ်တန်ရဲ့ လိုင်စင်ဈေးမှာ (ငွေလဲနှုန်းအရ) ဇန်နဝါရီက ၇၆-၇၇ ဒေါ်လာရှိပြီး ယခုဖေဖော်ဝါရီမှ ၇၈-၈၁ ဒေါ်လာရှိတယ်လို့ မူဆယ်ကုန်စည်ဒိုင်မှသိရပါတယ်။
မော်မော်အောင်

Tuesday, 8 Mar 2016

           ဇန်နဝါရီအတွင်း ဂျပန်နိုင်ငံမှာအလုပ်အကိုင်ရရှိမှုက  ၁ ဒသမ ၂၈ ဆ ရှိတဲ့အတွက် ၂၄ နှစ်အတွင်း   အမြင့် ဆုံးနှုန်းကို ရောက်ရှိခဲ့ကြောင်း  မတ် ၁ ရက်ကထုတ်ပြန်တဲ့အစိုးရကိန်း ဂဏန်းများကို   ကိုးကားပြီး   နီကေး သတင်းမှဖော်ပြပါတယ်။   အလုပ် အကိုင်ရရှိနိုင်မှုက ၁ ဒသမ ၂၈ ဆ ရှိတဲ့ အချက်က အလုပ်အကိုင်ရှာဖွေသူ ၁၀၀ ရှိပါက လစ်လပ်နေရာ ၁၂၈နေရာ ရှိတဲ့သဘောဖြစ်ပါတယ်။ဇန်နဝါရီမှာ ရရှိခဲ့တဲ့အခြေအနေ က ၁၉၉၁ ခုနှစ်  ဒီဇင် ဘာနောက်ပိုင်း အမြင့်ဆုံးအခြေအနေဖြစ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးဝါးနဲ့ လူမှုရေး ကဏ္ဍတွေမှာ အလုပ်အကိုင်ဖန်တီးမှု အခြေအနေကောင်းမွန်နေတဲ့ အတွက် ကြောင့်ဖြစ်ကြောင်း  ကျန်းမာရေး၊

Tuesday, 8 Mar 2016

            ဇန်နဝါရီအတွင်း  ဥရောပသမဂ္ဂ တစ်ခုလုံးစီးပွားရေးကျဆင်းလာပြီး နောက်ပိုင်းအလူးအလဲရုန်းကန်နေရ တာကြောင့်ယူရိုဇုန်ကိုတိုးမြှင့်ထောက် ပံ့ပေးရန် ဥရောပဗဟိုဘဏ် (Euro- pean Centeral Bank -ECB) အပေါ်သို့ ဖိအားပေးမှုများကြီးထွားလာကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ဈေးနှုန်းတွေရုတ်တရက် ကျဆင်းလာတာကိုကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းက    အနုတ်သဘောဆောင်လာပြီးယူရိုဇုန်တစ်ခု လုံးကအလုံးစုံငွေတန်ဖိုး ကြုံ့မှုနဲ့ ရင်ဆိုင်ရမယ့်အဖြစ်သို့ ဦးတည်နေတာကိုပြသလျက်ရှိပါတယ်။ အီးစီဘီ ကလာမယ့်သီတင်းပတ်ထဲမှာ ပြုလုပ် မယ့်အစည်းအဝေးမှာဈေးကွက် အတွင်းသို့ငွေတွေဖြည့်ဆည်းပေးပြီး ဗဟိုဘဏ် အတိ

Tuesday, 8 Mar 2016

          ဇန်နဝါရီ ၁၆ ရက်မှာ အမေရိ ကန်ပြည်ထောင်စုနဲ့ကုလသမဂ္ဂတို့က အီရန်နိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပြီးနောက်ပိုင်း ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနံနဲ့ဓာတု ထုတ်ကုန်ပထမသုတ်ကို ဥရောပသို့အီရန်နိုင်ငံကတင်ပို့ခဲ့ကြောင်း အီရန်သင်္ဘောလိုင်းညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဆာအီးဒီရဲ့ပြောကြားချက် ကို ကိုးကားပြီး တီဟီရန်တိုင်းသတင်းမှာဖော်ပြပါတယ်။လာမယ့်ရက်အနည်း ငယ် အတွင်းဥရောပဆိပ်ကမ်းများသို့ တင်ပို့လိုက်တဲ့ ပစ္စည်းများရောက်ရှိ မှာ ဖြစ်ကြောင်း Tasnim   သတင်း အေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက်က ပြောပါတယ်။ အီရန်သင်္ဘောလိုင်းများ အား စီးပွားရေးဒဏ်ခတ်  ပ

Tuesday, 8 Mar 2016

     ဂျပန်နိုင်ငံမှာ စူပါမားကက်များ ကစွန့်ပစ်ထားတဲ့ အစားအစာတွေကို အမှိုက်ဆွေးမြေသြဇာအဖြစ်ဖန်တီးပြီး တိုကျိုမြို့အနောက်ပိုင်း ဒေသရှိ တာချီကာဝါလယ်ယာစိုက်ခင်းတွေမှာ အသုံး ပြုလျက်ရှိပါတယ်။ အဲဒီစိုက်ခင်းမှ ထွက်ရှိလာတဲ့  ဟင်းသီးဟင်းရွက်တွေ ကို တိုကျိုမြို့ပေါ်မှာရှိတဲအီတိုယိုကာဒို စတိုးဆိုင် ၄၀ မှာရောင်းချလျက်ရှိကြောင်းအဆာဟိသတင်းမှာဖော်ပြပါတယ်။အီတိုယိုကာဒိုစူပါမားကက်ဆိုင် ခွဲရှစ်ခုကထွက်ရှိတဲ့အစားအသောက် အကြွင်းအကျန်များကိုSeven Farm Tokyo က စုစည်းပြီးအမှိုက်ဆွေးမြေသြဇာအဖြစ်ပြုပြင်ထုတ်လုပ်ပါ တယ်။ ထွက်ရှိလာတဲ့ မြေသြဇာကို ဧရိယာ ၁၇ ဟက်တာရှိမြေပေါ်မှာ ဟင်းနုနွယ်၊ ပန်းမုန်လာ၊မုန်လာဥနဲ

Wednesday, 24 Feb 2016

          ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းမှုအတွက် စိုးရိမ်ပူပန် မှုတွေထပ်မံဖြစ်ပွားရတဲ့အတွက် ၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲက အမေရိကန်စီးပွား ရေးစွမ်းဆောင်ရည်အပေါ်ကိုပိုမို အလေးထား   လာနိုင်ဖွယ်ရှိကြောင်း ဝေါစထရိစ်ဂျာနယ်သတင်းမှာ ဖော်ပြ ထားပါတယ်။ယခုနှစ် ဆောင်းဦးမှာ ပြုလုပ် မည့်  ရွေးကောက်ပွဲတွင်မည်သည့်ပါတပိုမိုအကျိုးဖြစ်ထွန်းနိုင်သည်ကို တွက်ချက်ရာတွင် ပြည်သူများက ရွေး ကောက်ပွဲလှုပ်ရှားမှုေ<ကးကြော်သံတွေ နဲ့ စကားရည်လုပွဲ ပြောကြားချက်တွေ ထက်လာမယ့်လများအတွင်း ဖြစ်ပေါ် လာမယ့် စီးပွားရေးအခြေအနေကို ပိုမိုအာရုံစိုက်လာဖွယ်ရှိကြောင်း နိုင်ငံရေးသိပ္ပံ

Wednesday, 24 Feb 2016

            ရေနံစိမ်းဈေးနှုန်းတွေ   ကျဆင်းမှု နဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ပို့ကုန်တွေ ကျဆင်းနေတာကို တွေ့ရပါတယ်။ ကျဆင်းနေတဲ့ ပို့ကုန်တွေမြှင့်တင်နိုင် ရေးအတွက် ကြိုးပမ်းမှုတစ်ရပ် အဖြစ်တောင်ကိုရီးယားနိုင်ငံက   စက်မှုလုပ် ငန်းသစ်တွေမှာကုမ္ပဏီတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ တိုးတက်လာစေမယ့် အစီအမံတွေကို   ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့ကြောင်း ယွန်းဟပ်သတင်း မှာ ဖော်ပြထားပါတယ်။ ကြိုးနီစနစ်ကိုဖယ်ရှားခြင်းနဲ့ ကုမ္ပဏီတွေပင်လယ်ရပ်ခြားဈေးကွက် တွေကိုထိုးဖောက်နိုင်အောင် အကူအညီပေးခြင်းဖြင့်  လျှပ်စစ်ကားထုတ် လုပ်ရေးနည်းပညာသစ် ကဏ္ဍတွေမှာ ပုဂ္ဂလိက ရင်းနှီးမြ

Wednesday, 24 Feb 2016

              ဗင်နီဇွဲလား၊ ဆော်ဒီအာရေးဘီး ယား၊ ရုရှားနဲ့ ကာတာနိုင်ငံတို့အနေနဲ့ ရေနံထုတ်လုပ်မှုကိုထိန်းထားဖို့၊ ကျဆင်းနေတဲ့ရေနံဈေးနှုန်းတွေကို တည်ငြိမ်အောင်ဆောင်ရွက်ဖို့ နည်းလမ်းရှာဖွေလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၆  ရက်က ဗင်နီဇွဲလား အစိုးရ အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုး ကားပြီး ရှင်ဝှာသတင်းမှာဖော်ပြပါ တယ်။အိုပက်အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ပါဝင်တဲ့ နိုင်ငံလေးနိုင်ငံ က ရေနံထုတ်လုပ်မှုကို၂၀၁၆ ခုနှစ် ဇန်နဝါ ရီကထုတ်လုပ်မှုအတိုင်းထိန်းထားဖို့၊   အီရန်နဲ့အီရတ်အပါအဝင် အခြားအရေးပါတဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့သဘောတူညီမှုကိုရရှိအောင် ဆောင်ရွက်ဖို့သဘောတူထားကြ

Pages