Main menu

Background

Wednesday, 24 Nov 2010

လားရှိုးမှာ ပြောင်းအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်မှုများ             ပြောင်း ကဈေးကွက်သို့ အဝင်ရှိသလောက် တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက ဝယ်အားးများနေတာကြောင့်  ယခင်အပတ်နဲ့စာရင်  ဈေးမြင့့်် လာပြီး တစ်ပိဿာကို ၃၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၄၅ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင ် ပဲပုပ်ကိုလည်း တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များ က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၉၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။  

Tuesday, 16 Nov 2010

လားရှိုးမှာ တရုတ်ဝယ်လက် ဝယ်အားသွက်လို့ ပြောင်းဈေးမြင့်                        ပြောင်းး ကဈေးကွက်အဝင်ပုံမှန်ရှိပြီး တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များနှင့် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၉၅ ကျပ်နှင့် တစ် ပတ်အတွင်း ပိဿာချိန် ၁၁ဝ၆ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 20 Sep 2010

လားရှိုးမှာ ပြောင်းဈေးငြိမ်    ဒေသထွက် ပြောင်း(သစ်)က ဈေးကွက်သို့စတင်ဝင်ရောက်ပြီးအဖွင့်ဈေးက တစ်ပိဿာကို ၃ဝဝကျပ်နဲ့ ရောင်းသူကုန်သည်များအရောင်းရှိပေမယ့် အစိုဓာတ်အနည်းငယ်ရှိတာကြောင့် တရုတ်ပြည်တင်ပို့ရန်ဝယ်ယူသူများက တစ်ပတ်အတွင်းပိဿာချိန် ၈၅ဝဝခန့်သာအဝယ်ရှိခဲ့တယ်လို့ဒေသခံကုန်သည်များက ပြောပါတယ်၊်

Monday, 13 Sep 2010

လားရှိုးမှာ ပြောင်းဈေးကျပြောင်းကိုတရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များကဝယ်အားအထိုက်အလျောက်ရှိပေမယ့်လှောင်လက်ကုန်သည်တွေထံမှာပစ္စည်းလက်ကျန်နည်းနေတာ ကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာသလို အရောင်းအဝယ်ဖြစ်မှုလည်း နည်းခဲ့တယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 6 Sep 2010

 လားရှိုးဈေးကွက်          ဒေသထွက်ပြောင်းကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေ တဲ့ကုန်သည်များက ဝယ်အားပုံမှန်ရှိပေမယ့် လှောင်လက်ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်း နေတာကြောင့် အရောင်းအဝယ် ဖြစ်မှုနည်းခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တော့တစ်ပတ်အတွင်း ပိဿာချိန် ၁၅ဝဝဝ ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Wednesday, 1 Sep 2010

စဉ်    အမိုျးအမည်    ရေတွက်ပုံ        ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                         ယခင်အပတ်    ယခုအပတ် ၁    ပြောင်း          ၁ ပိဿာ                 ၄၁၅    ၃၈ဝ         ၂    ပဲပုပ်             ၁ ပိဿာ                 ၈၅ဝ    ၈ဝ၈    ဆက်သွယ်ရန် ဖုန်း -၀၈၂-၂၄၀၇၇လားရှိုးဈေးကွက်ဒေသထွက်  ပြောင်းက လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက တစ်ပိဿာကို ၃၈ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁ဝဝဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။

Thursday, 2 Jul 2009

ပြောင်းကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေသည့် ကုန်သည်ကြီးများ ပုံမှန်အဝယ်ရှိတာကြောင့် ဈေးမြင့်လာပြီး ပိဿာချိန် ၁၀၀၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ကိုလည်း တရုတ်ပြည်တင်ပို့ဖို့ အဝယ်ရှိတာကြောင့် တစ်ပတ် အတွင်းပိဿာချိန် ၁၅၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။

Pages