Background
လန်ဒန် ခေါင်းမာစွာ မြင့်တက်နေတဲ့ငွေ ကြေးဖောင်းပွမှုနှုန်းက ရေရှည်စီးပွား ရေးဆုတ်ကပ်ဖြစ်မည့် အန္တရာယ် ထက် ပိုမိုဆိုးဝါးနေတဲ့အတွက် ယူရို ဇုန်ကြွေးမြီအကျပ်အတည်းမှ အသစ် ဖြစ်ပေါ်နေတဲ့အန္တရာယ်တွေအတွက် စိုးရိမ်ပူပန်မှုကြောင့် ဗြိတိန်နိုင်ငံ စီးပွားရေးအတွက် တွန်းအားပေး ငွေ ကြေးကို အသစ် ထပ်ထည့်မပေးရန် အင်္ဂလန်ဗဟိုဘဏ်က မဲ ခွဲဆုံးဖြတ်ခဲ့ ပါတယ်။ လှည့်လည်ငွေကြေး တိုးမြှင့် ပေးတဲ့ အစီအစဉ်ကို အဆုံးသတ် လိုက်ခြင်းကြောင့် ဗြိတိန်အစိုးရကို အခက်အခဲပိုတွေ့စေပြီး ခြိုးခြံချွေ တာရေးအစီအမံများကြောင့် ဖြစ်လာ သော နာကျင်မှုများကို သက်သာ အောင် ပိုမိုပျော့ပျောင်းတဲ့ ငွေကြေး မူဝါဒကို ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ Source:reuturs.comမက်ဒရစ် အစိုးရက စီးပွားရေးယုံကြည်မှု ပိုမို ရရှိအောင် တွန်းတင်ပေးရန်နှင့် ယူရိုဇုန်အတွင်းမှာ ဆက်လက်ရပ် တည်နေနိုင်အောင် အပြည်ပြည်ဆိုင် ရာကယ်တင်ငွေ ယူရမည်ကို ကြောက်ရွံ့မှုကြောင့် စပိန်နိုင်ငံရှိအား နည်းလျက်ရှိနေတဲ့ ဘဏ်လုပ်ငန်း စနစ်ပြုပြင်မဲ့ အစီအမံများ ကိုစပိန် အစိုးရက ဆောင်ရွက်မယ်လို့ ခန့်မှန်း ထားပါတယ်။ Source:chosun.comဟိုချီမင်းစီတီ တောင်ကိုရီးယားစီးပွားရေး လုပ် ငန်းတွေက ဗီယက်နမ်မှာ ကုန်သွယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်စားနေကြောင်း Korea Industrial Complex Corporation ရဲ့ ညွှန်ကြားရေးမှူးချုပ် ချေဗျောင် ယွန်းက ပြောပါတယ်။ တောင်ကိုရီး ယား ကိုယ်စားလှယ်အဖွဲ့က စက်မှု ယန္တရား၊ သတင်းအချက်အလက် နည်းပညာ၊ အီလက်ထရွန်းနစ်၊ တစ် ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု၊ နေ စွမ်းအင်၊ အစားအစာပြုပြင်မှု၊ ဖက် ရှင်နဲ့ အလှကုန်လုပ်ငန်းတွေကို စိတ် ဝင်စားတယ်လို့ သူက ပြောပါတယ်။ Source:VNS.comဆိုးလ် မေ ၂၄ ရက်မှ ဇွန် ၃ ရက်ထိ ကျင်းပမဲ့ ၂၀၁၂ ခု ဘူဆန် အပြည် ပြည်ဆိုင်ရာ မော်တော်ကားပြပွဲမှာ နောက် ဘီးယက်အပေါ့ပါး ဆုံးပြိုင် ကားအမျိုးအစား ၈၆ ကို တောင်ကို ရီးယားမှာ ပထမဆုံးအကြိမ်အဖြစ် တိုယိုတာမော်တာက ပြသမှာဖြစ် ကြောင်း ကြေညာပါတယ်။ ဂျပန် ကားတွန် ဇာတ်လိုက် lnitial D စီးတဲ့ AE 86 ကို အမှီပြုမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ Source:Chosun.com
အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတို့ရဲ့ စီးပွားရေးတွေက ကမ္ဘာ့ ဘဏ္ဍာရေးမရေရာမှုတွေကြောင့် စီးပွားရေး တိုးတက်မှု အကြီးအကျယ် တုံ့ဆိုင်း လျက် ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေ ၂၀၃၀ ပြည့်နှစ် နောက်ပိုင်းအထိ အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်နေမယ်လို့ အေဒီဘီက ခန့်မှန်းထားပါတယ်။
တောင်ကိုရီးယားနဲ့ နိုင်ငံခြားမှာရှိတဲ့ ကုမ္ပဏီ စက်ရုံ တွေမှာ လက်ရှိထုတ်လုပ်နေဆဲဖြစ်တဲ့ မင်မိုရီချစ်ပ် ထုတ် လုပ်မှုလိုင်းတချို့ကို မင်မိုရီချစ်ပ်မဟုတ်တဲ့လိုင်းတွေအဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ ဆမ်ဆောင်းအီလက်ထရွန်းနစ်က စဉ်းစားလျက် ရှိပါတယ်။ စမတ် ကိရိယာတွေအတွက် အပလီကေးရှင်း ပရိုဆက်ဆာလို မင်မိုရီချစ်ပ်မဟုတ်တဲ့ ကိရိယာတွေရဲ့ ဝယ်လိုအားမြင့်တက်ပြီး တစ်ကိုယ်ရေသုံး ကွန်ပျူတာ (ပီစီ)တွေရဲ့ ရောင်းအားကလည်း ကျနေတဲ့ အတွက်ယခုလိုဆောင်ရွက်တာဖြစ်ကြောင်းလုပ်ငန်းသတင်း ရပ်ကွက်များနဲ့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
မွန်ဘိုင်း အိန္ဒိယကုမ္ပဏီတွေ ဆောင် ရွက်နေတဲ့ ပင်လယ်ရပ်ခြား ရင်းနှီး မြှုပ်နှံ မှုတွေက မတ်လက ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံ ရှိခဲ့ရာမှ ဧပြီလတွင် ဒေါ်လာ ၂ ဒသမ ၆၇ သို့ကျဆင်းခဲ့ကြောင်း အိန္ဒိယဗဟို ဘဏ်က မေ ၃ ရက်က ပြောပါ တယ်။ ရှယ်ယာတွေမှာ ရင်းနှီးမြှုပ် နှံမှု က မတ်လမှာဒေါ်လာ ၅၄၅ ဒသမ ၇၇ သန်းရှိရာမှ ဧပြီမှာ ဒေါ် လာ ၅၉၆ ဒသမ ၃၃ သန်းရှိခဲ့ပါ တယ်။ချေးငွေနှစ်ရပ်ပေါင်းရင် ပြည်ပ ထွက်ငွေကို ရမှာဖြစ်ပါတယ်။Sources.PTI
ပထမ သုံးလအတွင်း ဗီယက်နမ် နိုင်ငံရဲ့ ပြည်ပဝင်ငွေအမြင့်မားဆုံး ရရှိ ပြီးနောက် အထည်လိပ်ကဏ္ဍဟာ ယခု အခါ အဓိကဈေးကွက်တွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်နဲ့အီးယူတို့မှာ ပြည်ပ တင်ပို့မှုဟာ သိသိသာသာ နှေးကွေး ခြင်းနဲ့ရင်ဆိုင်နေရပါတယ်။ ဗီယက်နမ် အထည်ချုပ်အသင်း (Vitas)မှ ပြော ကြားရာမှာ နောက်ဆုံးသုံးလအတွင်း အထည်အလိပ်တင်ပို့မှုဟာ ကန်ဒေါ် လာ ၃ ဒသမ ၂၅ ဘီလီယံထိ ရရှိခဲ့လို့ ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက် ခဲ့ပါတယ်။
၂၀၁၁ သြဂုတ်လမှ နိုဝင်ဘာလအထိ ၄ လကျော်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ကျဆင်းပြီးနောက် ၂၀၁၁ ဒီဇင်ဘာလမှ ၂၀၁၂ မတ်လအထိ ၄ လအတွင်း ဆန်ဈေးနှုန်း ၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ခြင်းကလွဲပြီး ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ ၈ ရာခိုင်နှုန်းခန့် မြင့် တက်ခဲ့ပါတယ်။ အဲဒီလိုမြင့်တက်ခြင်းဟာ ရေနံဈေးနှုန်း ပိုမိုလာခြင်း၊ ရာသီဥတုအခြေအနေ ဆိုးရွားလာခြင်းနဲ့ ယခုနှစ် အာရှနိုင်ငံများက စားနပ်ရိက္ခာတင်သွင်းမှုကို များစွာမှီခိုလာတာ ကြောင့်လို့ ဆိုပါတယ်။
ဝါရှင်တန် မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်ရဲ့ ရုံးတစ်ရုံးကို ဇွန်မှာ ဖွင့်လှစ်မယ်လို့ ကမ္ဘာ့ ဘဏ်က ဧပြီ ၂၆ ရက်က ကြေညာပါတယ်။ ကမ္ဘာ့ဘဏ်က ရန်ကုန်မှာ Country Manager တစ်ဦးထားပြီး မြန်မာနိုင်ငံအတွက် အကူအညီသစ် အစီအစဉ်တွေကို အထောက်အကူဖြစ် စေမဲ့ စီးပွားရေး သတင်း အချက်အလက်တွေကို ကောက်ယူစုစည်းမှာ ဖြစ်ပါတယ်။Source: AFP
ဆိုးလ် တစ်ပတ်ရစ်ကားတွေ ရောင်းချ တာနဲ့ပတ်သက်တဲ့ Sk Encar ဝက်ဘ် ဆိုက်ကို ၂၀၀၉ ခုနှစ်က စတင်ဖွင့် လှစ် ပြီးကတည်းက ပြည်ပကဝက်ဘ် ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့ ပါတယ်။ ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုသူ ၂၀၀၀၀ ကျော်တဲ့အနက် ၁၅၅၂၇ ဦးက တစ်ပတ်ရစ်ကားတွေ ဝယ်ဖို့ရှာတာ ဖြစ်ပါတယ်။ ရောင်းလို သူ ၄၇၈၁ ဦးနဲ့ နှိုင်းယှဉ်ရင် သုံးဆ နီးပါး ရှိပါတယ်။ှSources:Chosun.com
ကမ္ဘာ့ထွန်းသစ်စနိုင်ငံ ငါးခုမှ ခေါင်းဆောင်များ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မတ်လ ၂၉ ရက်က တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဆွေးနွေးပွဲရည်ရွယ် ချက်က ဖွံ့ဖြိုးရေးဘဏ်သစ်တစ်ခုထူ ထောင်ဖို့ကိစ္စဖြစ်ပါ တယ်။ အစည်းအဝေးရဲ့ ထိပ်တန်း ဦးစားပေးအစီအစဉ်က အဖွဲ့အတွက် BRICS Bank ဆိုတဲ့ ပထမဆုံး ငွေကြေးအဖွဲ့အစည်းထူထောင်ဖို့ဖြစ်ပါတယ်။ ဒီရန်ပုံငွေထဲ ကနေ ဖွံ့ဖြိုး ဆဲနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုစီမံကိန်းတွေနဲ့ စီးပွားရေးအခြေခံအဆောက်အအုံထူထောင်ဖို့ ဖြစ်ပါတယ်။
အာဆီယံဘဏ္ဍာရေးဝန်ကြီးများ ကအကောက်ခွန်ဆိုင်ရာ သဘောတူစာချုပ်သစ်ကို မတ်လ ၃၀ ရက်က လက်မှတ်ရေးထိုးပါတယ်။ ဒီသဘောတူစာချုပ်အရ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ နယ်စပ်ဖြတ်ကျော်ကြ တဲ့ ကုန်ပစ္စည်းနဲ့ ကုန်စည်တွေကို လွတ်လပ်စွာအဆင်ပြေပြေ စီးဆင်းနိုင်အောင် အကောက်ခွန် အာဏာ ပိုင်တို့ စဉ်ဆက်မပြတ်ရှင်းလင်း ဆောင်ရွက်မှုကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။
