Main menu

Background

Monday, 16 Jan 2012

တိုကျို    အိန္ဒိယနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားနည်းပညာကို ရေး ဆွဲချမှတ်နိုင်ရေးအတွက် အစိုးရပိုင်းမှ အဆင့်မြင့် ပူးတွဲအဖွဲ့တစ်ဖွဲ့ကို ထူ ထောင်ဖို့ ဂျပန်မြေယာ၊ အခြေခံ အဆောက်အဦ၊  သယ်ယူပို့ဆောင် ရေးနဲ့ ခရီးသွားဝန်ကြီး တာကဲရှီမာ အဲဒါနဲ့  အိန္ဒိယ  မီးရထားဝန်ကြီး ဒင်နက်ရှ်ထရီဗက်ဒီတို့ ဇန်နဝါရီ ၁၂ ရက်ကနယူးဒေလီမှာ သဘောတူခဲ့ ကြပါတယ်။Mainichi Japan

Sunday, 8 Jan 2012

    ယန်းငွေနဲ့ဖလှယ်ရာမှာ ယူရိုတန်ဖိုး အကြီးအကျယ် ကျဆင်းနေ သည်ကို ရေရှည်စောင့်ကြည့်သွားမှာဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေး ဝန်ကြီး ဂျန်အဇုမီက ပြောကြားတဲ့အတွက် ယန်းငွေတန်ဖိုး မြင့်တက်နေမှုနဲ့ ဂျပန်စီးပွားရေးပေါ် အဖျက်သဘောဂယက်ရိုက်ခတ်မှုကို ထိန်းချုပ်ရန်နဲ့ အလောတကြီးဝင်ရောက်ကိုင်တွယ်ဖို့လိုဦးမှာမဟုတ်ကြောင်း ညွှန်ပြလျှက် ရှိနေပါတယ်။ ဥရောပခေါင်းဆောင်တို့က ယူရိုဇုန်ရဲ့ ကြွေးမြီအကျပ် အတည်းကို ထိန်းချုပ်ရန်ကြိုးပမ်းမှုများ အရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ တိုက် တွန်းခဲ့ပါတယ်။Source:Mainichi Japan

Sunday, 8 Jan 2012

    ရေလွှမ်းမိုးမှုအကျပ်အတည်း ဖြစ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ စွန့်စားမှု အန္တ ရာယ်သစ်များကို ကာကွယ်နိုင်ရန် ထိုင်းစီးပွားရေးလုပ်ငန်းများက ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင် ရွက်ဖို့ ဇန်နဝါရီ ၅ ရက်ကကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ ထောက်ပံ့ ပို့ ဆောင်ရေးနဲ့ ဖြန့်ဖြူးရေး ကွင်းဆက်ဆိုင်ရာကျွမ်းကျင်သူက ပြောပါတယ်။ မကြာမီကဖြစ်ပေါ်လာတဲ့ရေလွှမ်းမိုးမှုမှာ ရေလွှမ်းမိုးခံဒေသတွေကို ရှောင်ကွင်း သယ်ယူရတဲ့အတွက် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေ မြင့်တက်ခဲ့ပါတယ်။ သယ်ယူပို့ဆောင်ချိန်ကလည်း သာမန်ကာလထက် နှစ်ဆသုံးဆ ပိုခဲ့ပါတယ်။               Source:bangkokpost.com

Sunday, 8 Jan 2012

    အိန္ဒိယတာတာမော်တော်ကား ကုမ္ပဏီက စပို့ကားအမျိုးအစားသစ် ဆာဖရီကားရှေ့ပြေးပုံစံနဲ့ အခြားရှေ့ပြေးပုံစံအများအပြားကို (၁၁) ကြိမ် မြောက်မော်တော်ကားပြပွဲ ပထမနေ့ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ် ဖော်ပြသခဲ့ပါတယ်။ ဒါပေမဲ့  မော်တော်ကားတွေရဲ့ ဈေးနှုန်းကိုဖော်ပြ ထားခြင်းမရှိဘဲ ဒီပုံစံတွေကို ၂၀၁၂-၁၃ ခုနှစ်တွေမှာ ထုတ်လုပ်မယ်လို့ ပြောပါတယ်။Source:southasianews.com

Sunday, 8 Jan 2012

    ဥရောပတွင် စီးပွားရေးလုပ်ငန်းများကိုချဲ့ထွင်ရာ၌ ဥရောပနိုင်ငံ သုံးနိုင်ငံအနက် ဒိန်းမတ်နိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ အဓိက နိုင်ငံ တစ်ခုအဖြစ် တရုတ်ရင်းနှီးမြှုပ်နှံသူတို့က ယူဆထားကြောင်း ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်တဲ့ ကြေညာချက် မှာဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်မှာဒီဇင်ဘာအတွင်းက တရုတ်ရင်းနှီး မြှုပ်နှံသူ ၂၅ ဦး ဥရောပ နိုင်ငံများသို့ လုပ်ငန်းသဘော ခရီးထွက်လာပြီး နောက် ဒိန်းမတ်နိုင်ငံတွင် ပူးတွဲ ဌာနချုပ်ဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့သည်။Source:xinghua.com

Wednesday, 4 Jan 2012

    အထူးသဖြင့် ယူရိုဇုန်အတွက် ၂၀၁၂ ခုနှစ်က ခက်ခဲကြမ်းတမ်းမဲ့နှစ် ဖြစ်နိုင်ကြောင်း သတိပေး ပြောကြားခဲ့သော်လည်း ယုံကြည်စိတ်ချမှုရနိုင် သည့် နှစ်တစ်နှစ်လည်း ဖြစ်နိုင်ကြောင်း ဒီဇင်ဘာ ၃၁ ရက်က ထုတ်လွှင့် တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြောပါတယ်။Source:AFP

Wednesday, 4 Jan 2012

    လေကြောင်းသွားလာရေးလုပ်ငန်းရဲ့ ၂၀၁၂ ခုနှစ် အလားအလာက မှေးမှိန်နေတယ်။ ဒါပေမယ့် အာရှလေကြောင်းလိုင်းတွေအတွက် ချွင်း ချက်ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေး အသင်း (IATA) က ခန့်မှန်းထားပါတယ်။ ဤ ခန့်မှန်းချက်ကို သဘော တူကြောင်း အာရှဒေသမှာ အကြီးဆုံးကုန်ကျစရိတ် နည်း လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့ အဲအေရှရဲ့ အကြီးအကဲ တန်ဆရီတို နီဖာနန်ဒက်စ်က ပြောပါတယ်။Source:biz.thestar.com.my

Wednesday, 4 Jan 2012

    မလေးရှားနိုင်ငံကိုဝင်ငွေမြင့် နိုင်ငံတစ်ခု အဖြစ် ထူထောင်ဖို့ ရည်မှန်းချက်နဲ့အညီ နိုင်ငံခြားလုပ်သားတို့အား ရေရှည်မှီခိုနေရ ခြင်းကို အဆုံးသတ်နိုင်မဲ့ အစီအမံတွေကို ချမှတ်ဖို့ မလေးရှား ကုန်ထုတ်လုပ်သူများ အသင်းက အစိုးရကို တိုက်တွန်းပါတယ်။ လုပ်သား အင်အား ရှားပါးမှုကို ဖြေရှင်းနိုင်ဖို့ အတွက် အစိုးရက တရားမဝင်လုပ်သား တွေကို လွတ်ငြိမ်းခွင့်ပေးတဲ့ Gp amnesty Programme  အရလုပ်ငန်းကဏ္ဍတွေကို ပြန် ဖွင့်ပေးတာကိုလည်း ထောက်ခံကြောင်း အသင်းက ပြောပါတယ်။Source:bernama

Wednesday, 4 Jan 2012

    ဟွန်ဒိုင်းမော်တာကော်ပိုရေးရှင်း က လာမဲ့နှစ်အတွက် ဝမ် ၁၄ ဒသမ ၁ ထရီလီယံ (1 USD= W 1154) ရင်း နှီးမြှုပ်နှံမှာဖြစ်ရာ ယခုနှစ်ရင်းနှီး မြှုပ်နှံမှုထက် ၁၆ ဒသမ ၆ ရာခိုင်နှုန်းမြင့် စံချိန်တင်မြင့်တက်မှာ ဖြစ် ပါတယ်။ သုံးစွဲမဲ့ ငွေအများစုကို သုတေသနနဲ့ ဖွံ့ဖြိုးမှုအတွက် အပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးချဲ့နိုင်ဖို့ပါအသုံးပြုမှာဖြစ်ပါတယ်။ ပြည် တွင်းရင်းနှီးမြှုပ်နှံမှုက ဝမ် ၁၁ ဒသမ ၆ ထရီလီယံနဲ့ ပြည်ပအတွက်က ဝမ် ၂ ဒသမ ၅ ထရီလီယံရှိမယ်လို့ကုမ္ပဏီကဒီဇင်ဘာ၂၉ ရက်က ပြော ပါတယ်။                                 Source: chosun.com

Wednesday, 4 Jan 2012

    အစားထိုးစွမ်းအင်၊ ဇီဝနည်းပညာနဲ့ ခေတ်မီကရိယာများ ထုတ် လုပ်ရေးစသော ကဏ္ဍများကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် တရုတ် နိုင်ငံက ထပ်ဖွင့်ပေးဦးမှာဖြစ်ကြောင်း အစိုးရက ဒီဇင်ဘာ ၂၉ ရက်က ကြေညာပါတယ်။

Pages