Background
နေပြည်တော်၊ စက်တင်ဘာ ၃၀
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ (၀၉:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေးနှီးနှောဖလှယ်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၂၈
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ မှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ (၁၁:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သိန်း ဦးဆောင်၍ ကနီမြို့နယ်တာဝန်ခံ ဦးဇင်ကိုကိုမြင့်၊ ဦးအောင်ပြည့်ဖြိုးဦးတို့နှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ ၁၈.၉.၂၀၂၀ ရက် ကနီမြို့နယ်၊ လင်ပုန်းရည်ကျေးရွာရှိ ကုန်ဆုံစိုင် (၅)ဆိုင်နှင့် မိုးကောင်းကျေး ရွာရှိ ကုန်စုံဆိုင် (၆)ဆိုင်သို့ သွားရောက်၍ သက်ဆိုင်ရာဌာနများမှ တရားဝင်တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ၊ ပုဒ်မ (၄၁) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် စားသုံးသူကာကွယ်ရေး ဥပ
14th Edition of Agro & Food Tech ပြပွဲကို အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) က ကြီးမှူး၍ ၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိVirtual Platform- HIVE ဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး ယင်းပြပွဲသို့ မြန်မာနိုင်ငံက စိတ်ဝင်စားသောလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံတကာစိုက်ပျိုးရေးဝန်ကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲ၊ B2B နှင့် B2G အစည်းအဝေးများ၊ နိုင်ငံတကာညီလာခံများ၊ လေ့ကျင့်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်သောကြောင့် တက်ရောက်သူများအနေဖြင့် အစိုးရအဆင့်မြင့်အရာရှိများနှင့်လည်း အပြန်အလှန် စီးပွားရေးအခွင့်အလမ်းသစ်များ ချိတ်ဆက်နိုင်မည်ဖြစ်သည်။
ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများ အနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၁၄-၈-၂၀၂၀) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၈၁.၄၅) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၁၅-၉-၂၀၂၀) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၂.၁၅) ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရပါသည်။
ဗီယက်နမ် သီဟိုဠ်အသင်း၏ ပြောကြားချက်အရ ပြည်တွင်းသီဟိုဠ် လုပ်ငန်းသည်လာမည့်နှစ်တွင် သီဟိုဠ် စေ့ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ရောင်း ဝယ်မှုတို့တွင် အခက်အခဲများနှင့်ဆက် လက်ရင်ဆိုင်ရဖွယ်ရှိလိမ့်မည်ဟု သိရှိ ရပါတယ်။ယခုအချိန်မှ ၂၀၁၉ ခုနှစ်၊ မတ် လမှ ဧပြီလတိုင်အောင် ဈေးနှုန်းများ မှာ ပြောင်းလဲမှုမရှိဘဲရှိလိမ့်မည်ဟု အသင်းကပြောကြားခဲ့ပါတယ်။သီဟိုဠ်စေ့ထုတ်လုပ်သည့်စက်ရုံ များမှာ အလုပ်ပိတ်ရက် အားလပ်ရက် ရှည်ဖြစ်သော Lunar New Year အတွင်း ထုတ်လုပ်မှုများ ရပ်နားကြရ မည်ဖြစ်သော်လည်း စက်ရုံအများစုမှာ ရုတ်တရက်ကုန်ဈေးနှုန်းများ ကျဆင်း နေမှုကြောင့် Lunar New Year မတိုင် ခင်ကပင် ကုန်ထုတ်လုပ်မှုများကို ရပ်
မနီလာဆိပ်ကမ်းတွေမှာဆိပ်ကမ်းပြည့်ကျပ်ပိတ်ဆို့မှုနဲ့ သင်္ဘောတင် ပို့ရာမှာကြန့်ကြာမှုတွေကြောင့်ဖိလစ်ပိုင် ပို့ကုန်လုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကို အများကြီး ကျဆင်းစေကြောင်း ဖီးလ်စတား ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။
စမတ်ဖုန်းများထိုးဖောက်ဝင် ရောက်မှုရဲ့အားပေးမှုကြောင့် စင်ကာပူ နိုင်ငံမှာအီးကောမတ်ကို လူကြိုက်များလာကြောင်း စီအင်န်အေသတင်းဌာနကပြောပါတယ်။အွန်လိုင်းဖောက်သည်တွေရဲ့ အမှာစာပမာဏတစ်စတစ်စကြီးထွားလာ တာက ထောက် ပံ့ပို့ဆောင်ရေးနဲ့ ဖြန့် ဖြူးရေးလုပ်ငန်း ကွင်းဆက်အဆင့်ဆင့် စီမံခန့်ခွဲမှုအတွက် ဝယ်လိုအားကို မြင့် တက်စေပါတယ်။ ဒါ့ပြင် ဒီလို ဖွံ့ဖြိုးလာတဲ့အခွင့်အလမ်းကို အရအမိဖမ်းကိုင် နိုင်ဖို့အတွက် စင်ကာပူထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းတွေက အီးကော မတ် အခြေခံ အဆောက်အအုံ တည် ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့လိုတယ် လို့ လုပ်ငန်းကိုလေ့လာစောင့်ကြည့်နေ သူတွေ က ပြော ပါတယ်။
ဗီယက်နမ်နိုင်ငံကို နိုင်ငံခြားသား တွေပိုမိုဝင်ရောက်လာအောင်ဆွဲဆောင် ဖို့အတွက် မြောက်အမေရိက၊ ဥရောပ၊ တရုတ် (တိုင်ပေ)၊ ဟောင်ကောင်နဲ့ သြ စတြေးလျနိုင်ငံတွေမှာရှိတဲ့ ခရီးသညိ တွေအတွက် ဗီဇာကင်းလွတ်ခွင့်တွေ ပိုမို ရရှိဖို့နဲ့ ဗီဇာ လွတ်နေထိုင်ခွင့် ကာလတိုးချဲ့ပေးဖို့ ဗီယက်နမ်အမျိုးသား ခရီးသွားလုပ်ငန်း အုပ်ချုပ်ရေး အဖွဲ့က အာဏာပိုင်တွေထံကို တင်ပြ သွား ဖို့ ရှိကြောင်း ဗီယက်နမ် သတင်းအေဂျင်စီ ရဲ့ သတင်းမှာဖော်ပြထားပါတယ်။


