Background
အကျပ်အတည်းထဲ ဥရောပဒေသ ဝဲလည်နေချိန်မှာ အမေရိ ကန် သမ္မတဘားရက်အိုဘားမားက သူနောက်တစ်ကြိမ်အရွေးခံနိုင်ဖို့အတွက် လိုအပ်နေတဲ့ အမေရိကန်စီးပွားရေးနာလန်ထူနိုင်အောင် အာရှဒေသရှိ ဖွံ့ဖြိုးမှုအခွင့်အလမ်း တွေနဲ့ အမေရိကန်စီးပွားရေးကို ချိတ်ဆက်ထားနိုင်ဖို့ စတင် ဆောင်ရွက်မှာဖြစ်ပါတယ်။ အိုဘားမားက ပစိဖိတ်ဒေသကို ဖြတ်ကျော်ပြီးကုန်သွယ်မှုဆက်ဆံရေးတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ အတွက် တရုတ်သမ္မတဟူကျင်တောင်း၊ ဂျပန်ဝန်ကြီးချုပ် ယုရှီဟီကိုနိုဒါတို့ အပါ အဝင် အာရှခေါင်းဆောင်တွေကို ဟာဝိုင်အီကျွန်းမှာ အစည်းအဝေးကို လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။ Source:economictimes.indiatimes.com
ထိုင်းနိုင်ငံရေလွှမ်းမိုးမှုဖြစ်ပြီးနောက် နိုဝင်ဘာ ၂၁ မှ ၂၅ ရက်ရှိ သီတင်းပတ်အတွင်း ကုမ္ပဏီရဲ့ ဂျပန် နိုင်ငံရှိကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ပုံမှန် နီးပါးပြန်စတော့မှာဖြစ်တယ်လို့ တိုယိုတာကုမ္ပဏီက နိုဝင်ဘာ ၁၁ ရက်က ကြေညာပါတယ်။ ဂျပန်နိုင်ငံရှိ ထုတ်လုပ်ရေး လုပ်ငန်းများရဲ့ အဆင့်ကို နိုဝင်ဘာ ၂၈ ရက်နဲ့ ပြည်ပရှိ ထုတ်လုပ်ရေးလုပ်ငန်းတွေရဲ့ အဆင့်ကို နိုင်ဝင်ဘာ ၂၁ ရက်နောက်ပိုင်းမှာ ဘယ်လိုဆက်လက် ဆောင် ရွက်မယ်ဆိုတာအခြေအနေ ပေါ်မူတည်ဆောင်ရွက်သွား မယ်လို့ပြောပါတယ်။ Source:economictimes,indiatimes.com
ယူရိုဇုန်အကျပ်အတည်းကို ထေမိနိုင်အောင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်စေရန် ပိုမိုဆောင်ရွက်ပေးဖို့ အမေရိကန် ပြည်ထောင်စုက အာရှနိုင်ငံတွေကို နိုဝင်ဘာ ၁၀ ရက်က တိုက် တွန်းပါတယ်။ အာရှပစိဖိတ် ဒေသထိပ်သီး အစည်းအဝေးမတိုင်မီ ဟာဝိုင်ယီမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဥရောပဒေသမှာ အကျပ်အတည်းတွေ ကြုံနေစဉ်မှာ ကမ္ဘာ့စီးပွားရေး ချိန်သားညီညီနဲ့ ရေရှည်တည်တံ့အောင် ပိုမိုဆောင်ရွက်ရေးကိစ္စက ဆွေးနွေးပွဲကို လွှမ်းမိုးနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်ဂိုက်သနာက အာရှပစိဖိတ်ဘဏ္ဍာရေး ဝန်ကြီး အစည်းအဝေးအပြီးမှာ ပြောပါတယ်။ Source:AFP
ပြီးခဲ့တဲ့အောက်တိုဘာ မုန်တိုင်းမိုးကြောင့် မုံရွာမြို့နယ်မှာရှိတဲ့အင်းမြေတွေ မှာ ချောင်းရေအဝင်များခဲ့လို့ ဆောင်းသီးနှံစိုက်ဖို့အချိန် နောက်ကျနိုင်တယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။ မုံရွာမြို့နယ်က ရေဝင် အင်းတွေအနက် စိုက်ပျိုးရန်မြေဧရိယာအကျယ်ဆုံးဖြစ်တဲ့ အိုဘိုတောင်အင်းခေါ် အလုံအင်းဟာ စိုက်ပျိုးမြေ ဧရိယာဧက ၃၀၀၀ ခန့်ရှိပြီး၊ အိုဘိုတောင်၊ ကျွဲရဲ၊ ကော်လပြ၊ စစ်ပင်နဲ့ အလုံအုပ်စုက တောင်သူတွေရဲ့ အဓိက သီးနှံထုတ်လုပ်ရာ ယာမြေဖြစ်ပါတယ်။ အဆိုပါ အင်းမြေပေါ်မှာ မိုးစပါး၊ နွေ စပါးဧက ၄၀၀ ခန့်၊မြေပဲဧက ၅၀၀ ခန့်၊ နေကြာ၊ ခရမ်းဧက ၅၀ ခန့် ဂျုံကုလားပဲ ဧက ၈၀၀ ခန့်နဲ့ ဆောင်းကြက်သွန်နီ ဧက ၁၂၀၀ ခန့် နှစ်စဉ် စိုက်ပျိုးခဲ့ကြ တယ်လို့ ကျွဲရဲကျေးရွာမှ တောင်သူတစ် ဦးက ပြောပါတယ်။ ဒီနှစ် မိုးစပါးအနေ နဲ့ ရိတ်သိမ်းရန်ရက်ပိုင်းအလိုမှာ ချောင်း ရေအဝင်ကြမ်းလို့ မိုးစပါးစိုက်ခင်း အား လုံးနီးပါး ရေလွှမ်းမှု ခံရတဲ့အတွက်ဒေသခံ စပါးစိုက် တောင်သူတွေထိခိုက် နစ်နာမှုရှိကြောင်း၊ ကျွဲရဲကျေးရွာမှ တောင်သူ ဦးလှဘူးကပြောပြပါတယ်။ အိုဘိုတောင် အင်းအနေနဲ့ လာမယ့် ဆောင်းသီးနှံအချိန်မီ စိုက်နိုင်ဖို့ဆိုရင် နိုဝင်ဘာလပတ်မတိုင်မီ အင်းရေကို လွှတ်ပေးဖို့လိုတယ်လို့ တောင်သူများက ဆိုပါတယ်။ အင်းရေကို အချိန်မီလွှတ် ပေးမှသာ ဒီအင်းမြေကို မှီခိုအားပြုနေရ တဲ့ ကျေးရွာအုပ်စု ၅အုပ်စုက တောင်သူ တွေအနေနဲ့ နွေစပါးနဲ့ ဈေးကွက်ဝင် သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်နိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ ယခုအချိန်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ ချရေးအတွက် သက်ဆိုင်ရာ ဒေသ အစိုးရအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေချိန်ဖြစ်လို့ ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်ရဲ့ အဓိကကုန်ထုတ် စပါးနဲ့ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်နိုင်ဖို့ ဒေသရဲ့ လို အပ်ချက်နဲ့ အခက်အခဲကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းညှိနှိုင်းကူညီဆောင်ရွက်ပေးနိုင်ရန် ဒေသခံ တောင် သူများက မျှော်လင့်နေလျက်ရှိပါ ကြောင်း ........။ ထွန်းလှိုင်
လေဆိပ်ရဲ့ ဝန်ဆောင်မှု ကောင်းမွန်တဲ့အတွက် ကမ္ဘာ့ လေဆိပ် များရဲ့အသင်းဖြစ်တဲ့ Airports Council International က အင်ချွန် လေဆိပ်ကို ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ဆုချီးမြှင့်ကြောင်း အင်ချွီ ယွန် အင်တာနေရှင်နယ် အဲပို့ကော်ပိုရေးရှင်းက နိုဝင်ဘာ ၃ ရက်က ပြောပါတယ်။ ခရီးသန်း ၄၀ ကို ပို့ဆောင်ပေးခဲ့တဲ့ ဟောင်ကောင်က Chek Lap Kok Airport ကိုလည်း အရွယ်အစားအရ ထိပ်တန်း လေဆိပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Source.koreaherald.com
ယခုအခါ အမေရိကန်လူမျိုး ၄၆ ဒသမ ၂ သန်းဟာ ဆင်းရဲမှု အဆင့်တွင် ရှိနေကြောင်း၊ အမေရိကန်ပြည်ထောင်စုသမိုင်းတွင် ဤအရေအတွက်မှာ အမြင့်မားဆုံးဖြစ်ကြောင်း လေ့လာချက် စစ်တမ်းတစ်ခု မှာ ဖော်ပြထားပါတယ်။ စီးပွားရေးအရ ခက်ခဲကြမ်းတမ်းတဲ့ ဆယ်စုနှစ် ဖြစ်တယ်လို့ ဝါရှင်တန်အခြေ စိုက် Institutionမှာဖော်ပြထားပါတယ်။ Source.economictimes.indiatimes. com
ဥရောပစီးပွားရေးဆုတ်ကပ်ရဲ့ ဖြစ်နိုင်ခြေအလားအလာက ၅၀ ရာခိုင်နှုန်းကျော်လာတယ်လို့ ဥရောပဗဟို ဘဏ်ကအတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းရုတ်တရက်လျှော့ချပြီးနောက် နိုဝင်ဘာ ၃ ရက်က ပြုလုပ်တဲ့ ရေဒီယိုတွေ့ဆုံမေးမြန်းချက်တစ်ခုမှာ ဥရောပ ဗဟိုစီမံ အုပ်ချုပ်ရေး ကောင်စီဝင်ယက်ဗ်မတ်ချ်က ပြောပါတယ်။ ဈေးကွက်တွေ က ဘယ်သူ့ကိုမှ ယုံကြည်စိတ်ချမှုမရှိတဲ့အပြင် စွန့်စားမှုကိုရှောင်ရှားဖို့ ကြိုး စားမှုတွေ များလွန်းလာတဲ့အတွက် အစိုးရဘွန်းစာချုပ်တွေကို ဝယ်မဲ့သူ မရှိတော့ပါဘူးလု့ိ လူဇင်ဘတ်ဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှူး လည်းဖြစ်သူ မတ်ချ်က ပြောပါတယ်။ Source.economictimes.indiatimes.com
တရုတ်နိုင်ငံမှ စက်အစိတ်အပိုင်းများ ရောက်ရှိလာပြီဖြစ်သဖြင့် ရေလွှမ်းမိုးမှုကြောင့် အောက်တိုဘာလ လယ်တွင် ထုတ်လုပ်မှုရပ်ဆိုင်း ထားရတဲ့ ထိုင်းနိုင်ငံရှိ စက်ရုံတွင် နိုဝင်ဘာ ၁၄ ရက်မှစ၍ ထုတ်လုပ်မှုများ ကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း နီဆန် မော်တာကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ရေး ဆိုင်ရာအရာရှိချုပ် တိုရှီယူကီရှီက ပြောကြားပါတယ်။ Source.asahi.com
ကြိုတင်ငွေဖြည့်ကတ်ဈေးကွက်ကို ထိန်းချုပ်လမ်းညွှန်မှုတွေကို တရုတ် ဗဟိုဘဏ်က အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ပိုင်ရှင်အမည်ပါ ရှိတဲ့ ကြိုတင်ငွေဖြည့်ကတ်တွေရဲ့ ပြဌာန်းတန်ဖိုးက ယွမ် ၅၀၀၀ (၇၈၇ ဒေါ်လာ)မကျော်ရဘူး။ ပိုင်ရှင် အမည်စာရင်းမပါတဲ့ ကတ်တွေက ယွမ် ၁၀၀၀ အောက်ပဲ ရှိရမယ်လို့ တရုတ်ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Source.Xinhua
ဟွန်ဒါမော်တာက Freed မျိုးစပ် မီနီဗင်ကားနဲ့ Freed Spike မျိုးစပ်ကားများကိုအောက်တိုဘာ ၂၈ ရက်ကစပြီး ရောင်းချမည်ဖြစ် ကြောင်း ဟွန်ဒါမော်တာကုမ္ပဏီက အောက်တိုဘာ ၂၇ ရက်က ကြေညာပါတယ်။ Source:asahi.com
