Main menu

Background

Monday, 23 Oct 2023

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ပြည်တွင်း၌ ဝဥများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက်  ဝဥစက်ရုံများ ပြန်လည် လည်ပတ်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလဆန်းပိုင်း ဝဥ စတင်ထွက်ပေါ်ချိန်တွင် ဝဥအစို တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ ၁၀၂၅ ကျပ်ခန့်ရှိပြီး ယခင်နှစ် ဝဥစတင်ထွက်ပေါ်ချိန်က ၆၀ဝ-၈၀ဝ ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

Monday, 14 Aug 2023

တစ်ရက်လျှင် တန်ချိန် ၂၀ ၊ ဆီပိဿာချိန် ၁၂၀ဝ၀ ထွက်ရှိ မည့် စာအုန်းဆီစက်ရုံကို  တနင်္သာရီတိုင်းဒေသကြီးအတွင်း လာ မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  တည်ဆောက်ရန် စီစဉ်နေ ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

Monday, 14 Aug 2023

ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ လက်ရှိ၌ ကျပ် ၂၂ သိန်း ကျော်တွင် ရှိနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရွှေရည်ညွှန်းဈေးမှာ ဇူလိုင် ၃၁ ရက်အထိ အကယ်ဒမီ မီး လင်းရွှေ တစ်ကျပ် သားလျှင် ကျပ် ၂၃၀၃၂၀ဝ တွင် ရှိနေခဲ့ရာမှ သြဂုတ် ၂ ရက်မှစတင်ကာ ကျပ် ၂၂၉၅၀ဝ၀ သို့ ကျဆင်းလာခြင်း ဖြစ်သည်။

Monday, 31 Jul 2023

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၀ခုခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(ြှုဃ)မှ သိရသည်။ ကော်မရှင်၏ (၂/၂၀၂၃) ကြိမ် မြောက် အစည်းအဝေးတွင်  ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါ အဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို  အတည်ပြုပေးခဲ့ကြောင်း သိရသည်။ခွင့်ပြုပေးခဲ့သည့်လုပ်ငန်းအမျိုးအစားများမှာလျှပ်စစ် ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ

Tuesday, 20 Jun 2023

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကူတုတ်၊ အောင် ချမ်းသာကျေးရွာနှင့် ညောင်တောကျေးရွာများတွင် ရေသွင်း‌(နွေ)မတ်ပဲ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရှိရသည်။ 

Wednesday, 10 May 2023

ကမ္ဘာ့သကြားဈေး မြင့်တက်နေသည့်အတွက် လက်ကျန် နည်းနေသည့် ပြည်တွင်း  သကြားဈေးမှာလည်း လိုက်လံမြင့်တက်နေကြောင်း   မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကမ္ဘာ့သကြားဈေးမှာ ယခင်က တစ်တန်လျှင်  ဒေါ်လာ ၆၇၀ ၊ ၆၈၀ သာရှိခဲ့ပြီး လက်ရှိတွင် တစ်တန် လျှင် ၇၁၁ ဒေါ်လာအထိ မြင့်တက်နေခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးစိန်ထွန်းက မေ ၄ ရက် တွင် ပြောသည်။ 

Tuesday, 9 May 2023

ညောင်လေးပင်မြို့ရှိ  ဓာတ်မြေသြဇာဈေးနှုန်းများသည် ယခုတစ်ပတ်တွင် ယူရီးယား ဓာတ်မြေ သြဇာ (အာမို)  50 kg တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ယူရီးယားဓာတ်မြေသြဇာ (သြဘာ)   50 kg တစ်အိတ် လျှင် ကျပ် ၈၅၀ဝ၀၊ ယူရီးယား ဓာတ်မြေသြဇာ (ရွှေနဂါး)  50 kg တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ ၊  ကွန်ပေါင်း (အာမို) ဓာတ်မြေသြဇာ  50 kg တစ်အိတ်လျှင် ကျပ်  ၁၃၀ဝ၀ဝ  ပိုတက် ဓာတ်မြေသြဇာ ( ဂျာမနီ)   50 kg တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ   ရွှေကောမတ် (သြဘာ)  50 kg တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ ၊ ကွန်ပေါင်း (သြဘာ) ဓာတ်မြေသြဇာ  50 kg တစ်အိတ်လျှင် ကျပ်  ၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဧပြီလ ပထမပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှု

Tuesday, 9 May 2023

ပိန်းပန်းပင်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပြီး အင်္ဂလိပ်လို ဆိုလျှင် Flamingo Flower၊  Tail Flower၊ Painter's Palette၊  Laceleaf စသည်ဖြင့် အမျိုးမျိုး‌ခေါ်ဆိုကြသည်။ မြန်မာပြည်တွင် ပိန်းပန်းပင်များအား လူကြိုက်များသလို ထိုင်း၊ မလေးရှား၊ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင်လည်း လူကြိုက်များကြောင်းသိရသည်။

Tuesday, 9 May 2023

မော်လမြိုင်မြို့၌ မေလပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်   ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရ သည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုတစ် ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၂၀ဝ၀၊ ဆင် (ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ်(အပြာ)ကျပ် ၁၁၂၀ဝဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင် မြို့၌ ဓာတ်မြေသြဇာနှင့်  ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

Pages