Main menu

Background

Monday, 8 Jul 2013

 
အမေရိကန်ဗဟိုဘဏ်၏ငွေကြေး ပေါ်လစီပြောင်းလဲမှုကြောင့်နိုင်ငံတကာ ၌ အမေရိကန်ဒေါ်လာလဲ လှယ်နှုန်း များ မြင့်တက်လျက်ရှိရာယင်းအခြေအနေ သည် မြန်မာနိုင်ငံသို့ ရိုက်ခတ်လာမှု  ကြောင့် မြန်မာနိုင်ငံ တွင်လည်း ငွေလဲ နှုန်းများ မြင့်တက်လျက်ရှိကြောင်း သိ ရသည်။
ယခင်က နေပြည်တော်တွင် ပြု လုပ်သည့်ကျောက်မျက်ပြပွဲကြောင့် ငွေ လဲနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟု ဆိုသော်လည်း ကျောက်မျက်ပြပွဲပြီးဆုံး သွားသော်လည်း ငွေလဲနှုန်းများမှာ ပြန် လည်မြင့်တက်လျက်ရှိကြောင်း သိရ သည်။ဇူလိုင်လ ၁ရက်နေ့ကဗဟိုဘဏ် ၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၉၇၁ကျပ် ဖြစ်ကြောင်း သိရသည်။ သိမ်ဖြူငွေလဲ ကောင် တာနှင့် ငွေလဲစင်တာများတွင် ဝယ်ဈေး ၉၆၈ကျပ် ရောင်းဈေး ၉၇၈ ကျပ်ဟု ရေးထားသော်လည်း အဝယ် သာရှိပြီး အရောင်းမှာ မရှိကြောင်း၊ လာရောင်းသည့်ပမာဏလောက်ကို သာ ပြန်လည်ရောင်းချနေရခြင်းဖြ စ်ကြောင်း ပြင်ပေ ငွလဲစင်တာတစ်ခုမှ သိရှိရသည်။ပြင်ပငွေဈေးကွက်တွင်မူ ဝယ် ဈေး ၉၈၉ကျပ်၊ ရောင်းဈေး ၉၉၁ကျပ် ဖြစ်ကာ ပြီးခဲ့သည့်ရက်သတ္တပတ်က ထက် ဈေးအနည်းငယ်ကျသွားခဲ့သော် လည်း ယခုတစ်ပတ်အတွင်းတွင် ပြန် လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။"ကျွန်တော်တို့ အပြင်ဈေးကွက် မှာတော့ အရောင်းရော အဝယ်ရော ရှိတယ်။ ဈေးကတက်နေတော့ အဝယ် သမားတွေကလည်း များတယ်။ ရောင်း တဲ့သူတွေကလည်း ဈေးတက်တဲ့အချိန် ဆိုတော့ လာရောင်းကြတာပဲ။ ဒီနေ့ (ဇူလိုင်လ ၅ရက်)ဆိုရင် ဝယ်ဈေး ၉၈၉ ကျပ်၊ ရောင်းဈေး ၉၉၁ကျပ်နဲ့အရောင်း အဝယ်လုပ်နေကြ တာ"ဟု ပြင်ပငွေ ဈေးကွက်အတွင်းမှ ဝယ်ရောင်းလုပ်နေ သူတစ်ဦးက ဆိုသည်။နေပြည်တော်ရှိကျောက်မျက်ပြပွဲ မှ နိုင်ငံခြားငွေများ အများအပြား ရရှိ ထားသဖြင့် ဈေးနှုန်းများ ပြန်လည်ကျ ဆင်းလာနိုင်ကြောင်း ဈေးကွက်အတွင်း မှသိရသည်။ငွေလဲနှုန်းများမြင့်တက်လာမှု ကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာ နိုင်သဖြင့် ဈေးနှုန်းကိုထိန်းချုပ်ပေးရန်  ပြည်သူများက လိုလားနေကြကြောင်း သိရသည်။              မယ်သီတာ
 
 

Monday, 8 Jul 2013

ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် နိုင်ငံခြားငွေနဲ့ အလုပ်လုပ် သူများမှ အဆင်ပြေမှုရှိလာကြောင်း၊ အိန္ဒိယကောင်စစ်ဝန်ရုံးမှာ တာဝန်ထမ်း ဆောင်နေသူတစ်ဦးက ပြောပါတယ်။ " ဒေါ်လာဈေးမြင့်တက်လာတာ ၃ လလောက်တော့ကြာပြီ။ ကျွန်တော် တို့ အတွက်အဆင်ပြေတာပေါ့ ။ဒေါ်လာတစ်ရာရတဲ့သူကကျပ်တစ်သောင်းခွဲ လောက်ပိုရလာပြီး၊ဒေါ်လာနှစ်ရာ ရတဲ့ သူက ကျပ်သုံးသောင်းလောက် ပိုပြီးရလာတယ်။ ငွေပိုငွေလျှံပိုရလာ တာပေါ့။

Monday, 8 Jul 2013

ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် ပြည်တွင်းစိန်ဈေးနှုန်းမှာ ဈေးမြင့်တက်ပြီး အရောင်းအဝယ် အေး လာပါတယ်။ ဒေါ်လာဈေးအပြောင်း အလဲမှာ ပထမတန်းစားစိန် တစ်ရတီကို ကျပ်တစ်သိန်းဝန်းကျင်တက်ပြီး၊ ဒုတိယ တန်းစားစိန်မှာတစ်ရတီကိုကျပ်နှစ်သောင်း နဲ့သုံးသောင်းကြားဈေးမြင့်တက်ခဲ့ကြောင်း၊ ကျင်ဖြူအမျိုးအစားမှာ ပစ္စည်းလည်း ရှားကြောင်း သိရပါတယ်။

Monday, 1 Jul 2013

အမေရိကန်ဗဟိုဘဏ်က ဘွန်းစာချုပ်များဝယ်ယူမှုကို လျှော့ချဖို့ ဆောင်ရွက်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူများ ဦးနှောက်ခြောက်နေရတာကို သက်သာစေဖို့အတွက် နည်းလမ်းရှာဖွေသည့်အနေဖြင့် ငွေကြေးမူဝါဒ တင်း ကျပ်ပေးဖို့ ဆောင်ရွက်မှုတွေ အလှမ်းဝေးနေဆဲဖြစ်ကြောင်း အမေရိကန် ဗဟို ဘဏ်အပါအဝင် ကမ္ဘာ့ဗဟိုဘဏ်မှ အရာရှိများကပြောကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။

Monday, 1 Jul 2013

အမေရိကန်ပြည်ထောင်စုရဲ့ ပထမသုံးလပတ်စီးပွားရေးဖွံ့ဖြိုးမှုက စောစောပိုင်းခန့်မှန်းချက်တွေအောက် ကျဆင်းခဲ့ပြီးနောက်ပိုင်းရရန်ပိုင်ခွင့်စာချုပ် စာတမ်းတွေဝယ်တာကို အမေရိကန် ဗဟိုဘဏ်က ထိန်းထိန်း သိမ်းသိမ်းလုပ် တော့မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် ရက်သတ္တပတ်နှစ်ပတ်ကျ ဆင်းတာ အကျရပ်ပြီး အာရှငွေကြေး တွေ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။

Tuesday, 28 May 2013

အာဆီယံ၏ ငွေကြေး တန်ဖိုးသည် ဇန်နဝါရီလကတည်းမှစ၍ ကျဆင်းခဲ့ပြီး ယခုအပတ်တွင် အာရှဒေသ အတွင်းရှိ ဗဟိုဘဏ်များမှ ၎င်း တို့၏ ငွေကြေးလဲ လှယ်မှုနှုန်းထားများကို လျှော့ချပြီးကမ္ဘာ့ ငွေကြေးဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် အတွက်လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။ အမေရိကန်နိုင်ငံ၏ လက်လီ ရောင်းချမှုများမှာလည်း စီးပွားရေး ပညာရှင်များခန့်မှန်းထားသည်ထက်ကျော် လွန်ကာကောင်းမွန်ခဲ့သည့်အတွက် အာရှ နိုင်ငံများ ၏ငွေကြေးတန်ဖိုးများမှာလည်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာတွင် ကျဆင်းမှုများ ရှိခဲ့သည်။ ကမ္ဘာ့ နိုင်ငံများ ရှိ ဥပဒေ ပြဌာန်းသူများမှာလည်း ဂျပန် ယန်းငွေ တန်ဖိုးလျှော့ချမှုကို အထူးပင် အာရုံစိုက်နေပြီး ဈေးကွက်တွင် ဂျပန် အား ပိုမိုယှဉ်ပြိုင်လာရန်အတွက် ငွေ ကြေး တန်ဖိုးလျှော့ချမှုနှင့်ပတ်သက်၍ ကြားဝင်စွက်ဖက်သည့်ကိစ္စရပ် များလည်း ရှိ သည်။ အမေရိကန်နိုင်ငံ၏စီးပွားရေးပြန်လည် ကောင်းမွန်လာမှု ကလည်း အမေရိကန်ဒေါ်လာ၏ တန်ဖိုးကိုပြန် လည်မြင့်တက်လာစေသည်။

Monday, 20 May 2013

အမေရိကန်စီးပွားရေးပြန်လည် နာလန်ထူလာတဲ့အတွက် ရင်းနှီးမြှုပ်နံှ သူတွေက ဒေါ်လာကို ရင်းနှီးမြှုပ်နှံမှု အတွက် လုံခြုံစိတ်ချစွာခိုလှုံရာ (Safe haven)  အဖြစ် ဆက်လက်ယူဆလျက် ရှိကြပါတယ်။ ဒါကြောင့် ယူရို၊ ယန်းနဲ့ အာရှဒေသရှိ အဓိကငွေကြေးများက ယခု ရက်သတ္တပတ်အတွင်းမှာ ရက် သတ္တများစွာ ရှိခဲ့တဲ့နှုန်းများ အနက် အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

Monday, 13 May 2013

မလေးရှားရင်းဂစ်လိုထွန်းသစ်စ  အာရှဈေးကွက်ကငွေကြေးတွေက ပြန် လည် ဦးမော့  လာပါတယ်။ ဒါပေမဲ့  အပြတ်အသတ် မြင့်တက် လာတာကို မတွေ့ရသေးပါဘူး။ မကြာသေးမီက ကျင်းပခဲ့တဲ့အမျိုးသားရွေးကောက်ပွဲ မှာ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အာဏာရညွှန့်ပေါင်းအစိုးရ ပြန်လည် အာဏာ ရလာပြီးနောက် မလေးရှား ရင်းဂစ်က ဒီလထဲမှာ ယခုချိန်ထိ ၂ ရာခိုင်နှုန်းသာ မြင့်တက်လာပါသေး တယ်။ မြောက်ကိုရီးယားနဲ့ တင်းမာ မှုတွေလျော့ကျပြီးနောက် ရင်းနှီးမြှုပ်နှံ သူတွေက ဝမ်ငွေကြေးကို ပြန်လည်ဝယ် ယူလာတဲ့အတွက် ဝမ်ငွေ ကြေးတန်ဖိုး က ဒီသုံးလပတ်အတွင်းမှာ ၁ ဒသမ ၅  ရာခိုင်နှုန်းကျော်  တန်ဖိုးတက်ခဲ့ပါ တယ်။

 
ယခု ဒုတိယသုံးလပတ် ကာလ အတွင်းမှာ အာရှငွေကြေး တချို့ ပြန် လည် အားယူလာတာ တွေ့ရကြောင်း ကမ္ဘာတစ်ဝန်းလုံးမှာ ဒေါ်လာ ၃၂၂ ဘီလီယံကို စီမံခန့်ခွဲနေတဲ့ Aberdeen Asset Management ရဲ့ မန်နေဂျာ အက်ဒဝင်ရူတီယာရက်က ပြောပါ တယ်။
ယန်းငွေကြေးရဲ့အခြေအနေက မေ ၉ ရက်ကတစ်ဒေါ်လာကို ယန်း ၁၀၀ အထိဖြစ်လာတဲ့အတွက် ယန်းငွေ ကြေး ကနားလည်ရ ခက်နေပါတယ်။ ကိုရီးယားနဲ့ ဂျပန်တို့က ပို့ကုန်ပြိုင်ဖက် တွေဖြစ်တဲ့အတွက် ယန်းငွေကြေးတန် ဖိုးကျရင် ဝမ်တန်ဖိုးကိုပါဆွဲချသွားတတ် တာကို တွေ့ရပါတယ်။
တရုတ်ယွမ် ယခင် ဈေးကွက်မှာ မကြုံဖူး အောင် မြင့်တက်ခဲ့ပြီးနောက် တရုတ် ယွမ်ငွေ တန်ဖိုး က မေ ၁၀ ရက်နေ့ မှာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ဒေါ်လာ အညွှန်းကိန်းက တစ်ညတာအတွင်း မြင့်တက်လာတဲ့ အပေါ်မှာ မူတည်ပြီး ဗဟိုဘဏ်ကသူရဲ့ တရားဝင်လဲနှုန်းကို တန်ဖိုးချလိုက်လို့ ယခုလိုဖြစ်ရကြောင်း ကုန်သည်တွေက ပြောပါတယ်။ ငွေလက်ငင်းဈေးကွက်မှာ ယွမ်ငွေ ကြေးတန်ဖိုးက မေ ၉ ရက် နောက်ဆုံး ရှိခဲ့တဲ့ တစ်ဒေါ်လာ ၆ ဒသမ ၁၃၀၉ ယွမ်ကနေတန်ဖိုးကျဆင်းပြီး တစ်ဒေါ် လာကို ၆ ဒသမ ၁၄၀၅ ယွမ်နှုန်းရှိခဲ့ပါ တယ်။ ဗဟိုဘဏ်ကသူရဲ့ ဗဟိုဘဏ် လဲနှုန်းကို မေ ၉ ရက်က တစ်ဒေါ်လာ ၆ ဒသမ ၁၉၂၅ ယွမ် သတ်မှတ်ရာမှာ ၆ ဒသမ ၂၀၁၆ ယွမ်နှုန်း သတ်မှတ်ခဲ့ပါ တယ်။
အိန္ဒိယရူးပီး အိန္ဒိယထဲကို ပြည်ပငွေကြေးစီးဝင် မှုတွေကောင်းနေပေမဲ့ ဒေါ်လာတန်ဖိုး ပြည်ပမှာကောင်းနေချိန်မှာ ဘဏ်တွေ နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက ဒေါ် လာဝယ်လိုအား အဆမတန် များပြား လာတဲ့အတွက် ရူးပီးတန်ဖိုးက မေ ၁၀ ရက်မှ သုည ဒသမ ၂၂ ရူးပီးနှုန်းမြင့် တက်ပြီးတစ်ဒေါ်လာကို ၅၄ ဒသမ ၄၇ ရူးပီးနှုန်းရှိခဲ့ ပါတယ်။စောစောပိုင်းက ရူပီး တန်ဖိုးက ၅၄ ဒသမ ၅၇ နှုန်းထိ ရောက် ခဲ့ရာမှ ပို့ကုန်သမား တို့က ပြန်ထုတ် ရောင်းတဲ့အတွက် တစ်ဒေါ်လာကို ၅၄ ဒသမ ၄၇ ကို ပြန်ရောက်ခဲ့တာ ဖြစ်ပါ တယ်။
ဂျပန်ယန်း မေ ၉ ရက်ဒေါ်လာ တန်ဖိုးက တခြားအဓိကငွေကြေးတွေနဲ့ဖလှယ်ရာ မှာတန်ဖိုးမြင့်တက်ပြီး တစ်ဒေါ်လာကို  ယန်း ၁၀၀ အဆင့်ထိဒေါ်လာတန်ဖိုး တက်ပြီး ယန်းတန်ဖိုးကျခဲ့ပါတယ်။အမေ ရိကန်ဒေါ်လာက မေ ၈ ရက်မှာတစ် ဒေါ်လာကို ၉၉ ဒသမ ၀၁ ယန်း ရှိခဲ့ ရာမှ မေ ၉ ရက်ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ဒေါ်လာကို ၁၀၀ ဒသမ ၅၅ ယန်းထိဖြစ်ခဲ့ပါတယ်။ ဒေါ်လာ တန်ဖိုးက ယခင်နှစ်စက်တင်ဘာက တစ် ဒေါ်လာကို ၇၇ ယန်းထိကျခဲ့ပါ တယ်။ ယူရိုတန်ဖိုးက မေ ၈ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၁၅၆ ဒေါ်လာ နှုန်းကနေ မေ ၉ ရက်မှာတစ်ယူရိုကို ၁ ဒသမ ၃၀၄၄ ဒေါ်လာထိကျဆင်းခဲ့ ပါတယ်။
မလေးရှားရင်းဂစ် အမေရိကန်ဒေါ်လာတန်ဖိုးမာ နေ ချိန်မှာ ရင်းဂစ်ငွေကြေးရဲ့ ဝယ်လိုအား ကျဆင်းနေတဲ့အတွက် မေ ၁၀ ရက် မနက်ဈေးကွက်မှာ ရင်းဂစ်တန်ဖိုးကျ ခဲ့ကြောင်း  ဝယ်ရောင်းသမားတွေ  က ပြောပါတယ်။ မနက် ၉ နာရီမှာရင်းဂစ် တန်ဖိုးကဒေါ်လာနဲ့ ဖလှယ်တဲ့အခါ မေ ၈ ရက်က တစ်ဒေါ်လာ၂ဒသမ၉၇၂၀ ရင်းဂစ်ကနေ မေ ၉ ရက်မှာ ၂ ဒသမ ၉၈၆၀ ရင်းဂစ်နှုန်းထိ ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် လေးနှစ်တာကာလအတွင်း ယန်း ငွေတန်ဖိုးကတစ်ဒေါ်လာကို ၁၀၁ ယန်း နှုန်းထိကျခဲ့သလို ဂျာမနီရဲ့ပို့ ကုန်မြင့် တက်လာပြီးနောက်ပိုင်းဥရောပရှယ်ယာ တန်ဖိုးတွေလည်း မြင့်တက်ခဲ့ ပါတယ်။ တောင်ကိုရီးယား ဝမ်နဲ့ ထိုင်းဘတ် တန်ဖိုးကလည်းကျဆင်းခဲ့ပါတယ်။ဝမ်ငွေ ကြေးတန်ဖိုးက ၁ ဒသမ ၄ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။
ထိုင်းဘတ် မေ ၁၃ ရက်မှာ ဗဟိုဘဏ်ငွေ ကြေးမူဝါဒကော်မတီနဲ့တွေ့ဆုံမယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရတ်နာ ရနောင်းကပြောပြီးနောက် အတိုးနှုန်း တွေလျှော့ချမဲ့လက္ခဏာကိုတွေ့ရတဲ့ အတွက် ဘတ်ငွေတန်ဖိုးက ယခုရက် သတ္တပတ်အတွင်းတန်ဖိုးအများဆုံးကျ ဆင်းခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက ဘန် ကောက်မှာ မေ ၁၀ ရက်မနက် ၈ နာရီ ၄၃ မိနစ်က သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ဒေါ်လာကို၂၉ ဒသမ ၆၃ ဘတ်နှုန်း ရှိခဲ့ပါတယ်။ မေ ၃ ရက် နောက်ပိုင်း အနိမ့်ဆုံးထိ ကျခဲ့တာ ဖြစ် ပါတယ်။

Tuesday, 30 Apr 2013

ယန်းငွေ တန်ဖိုးကျဆင်းတာနဲ့ အာဘေးဘောဂဗေဒ (Abenomics)  လို့ခေါ်တဲ့အယူအဆကို ဂျီ-၂၀ နိုင်ငံတွေက အပြည့်အဝထောက်ခံတယ်ဆိုတဲ့ မီဒီယာသတင်းတွေကို တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်က ငြင်းဆိုခဲ့ပါတယ်။ငွေကြေးမူဝါဒလျှော့ချတာကနေမရည်ရွယ်ဘဲ ဖြစ်ပေါ် လာတဲ့ အနုတ်လက္ခဏာ ဘေးထွက် ဆိုးကျိုးတွေကို သူတို့လည်းစိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဂျီ-၂၀ နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတွေ ဝါရှင်တန်မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်က တွေ့ဆုံခဲ့ကြပါ တယ်။ အစည်းအဝေး အပြီးမှာ ကြေညာချက်ထုတ်ပြန်တဲ့အခါ ဂျပန်နိုင်ငံရဲ့ မကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ မူဝါဒဆိုင်ရာအရေး ယူ ဆောင်ရွက်မှုတွေက ငွေကျုံ့မှုကို ရပ်တန့်စေပြီး ပြည်တွင်းဝယ်လိုအားကိုထောက်ပံ့ပေးဖို့ ရည်ရွယ် ကြော င်းဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်ကို ကိုးကားပြီး ဂျပန်ယန်းတန်ဖိုးချတာကို ဂျီ-၂၀ က ထောက် ခဲ့တဲ့အကြောင်း မီဒီယာသတင်းတချို့မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ငွေကြေးမူဝါဒလျှော့ချမှု ဆောင်ရွက်တဲ့ကာလ တိုးချဲ့ရာမှတစ် ဆင့်ဖြစ်ပေါ်လာတဲ့ အနုတ်သဘော ဘေး ထွက်ဆိုးကျိုးတွေကို သတိထားရ မှာ ဖြစ်ကြောင်းနဲ့ ဒီဖော်ပြချက်က ငွေကြေးမူဝါဒနဲ့ ပတ်သက်ပြီး သတိထား ရမဲ့ အချက်ဖြစ်ကြောင်း မဟာဗျူဟာနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ထောက်ပြခဲ့ပါ တယ်။ အပြိုင်အဆိုင် ငွေကြေးတန်ဖိုး ချတာကို ရှောင်ကြဉ် ဖို့ ကြေညာချက်မှာ ကတိပြုထားပြီး ငွေကြေးဖလှယ်နှုန်းကို ပြိုင်ဆိုင်မှုအတွက် ရည်ရွယ် ပြီး ဆောင် ရွက်မှာ မဟုတ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လှည့်လည် ငွေကြေးတိုးတက် အောင်ဆောင်ရွက်ရာမှ အနုတ်သဘော ဖိတ်လျှံအကျိုးသက်ရောက်မှုနဲ့ ပတ် သက်ပြီး ထွန်းသစ်စ စီးပွားရေးတွေမှာ စိုးရိမ်မှုကြီးထွားနေချိန်မှာ တောင် ကိုရီးယားရဲ့ တုံ့ပြန်မှု ပေါ်ခဲ့တာ ဖြစ်ပါတယ်။
 

Tuesday, 30 Apr 2013

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဘတ်ငွေတန်ဖိုးတရိပ်ရိပ်တက်နေတဲ့ အတွက် ထိုင်းစီးပွားရေးလုပ်ငန်းအသိုက် အဝန်းက စိုးရိမ်သံတွေထွက်ပေါ် နေပြီး ကြားဝင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြပါတယ်။ နိုင် ငံ ခြားငွေတွေလှိမ့်ဝင်လာတာကို ထိန်းချုပ် ဖို့နဲ့ ဘတ်ငွေ တန်ဖိုးတက်နေတာကို သက်သာအောင်ေ ဆာင်ရွက်ဖို့ အစိုးရ ကအစီအမံတွေထပ်မံဆောင်ရွက်ပေးစေ လိုကြောင်း ထိုင်းစက်မှုလုပ်ငန်းဖက်ဒ ရေးရှင်း (FTI)  က ဧပြီ ၂၂ ရက်က တိုက်တွန်းခဲ့ပါတယ်။

ယခုနှစ်စပိုင်းကစပြီး ဘတ်ငွေတန် ဖိုးက ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း ထိမြင့်တက်ခဲ့ပါတယ်။ ဒေါ်လာနဲ့  ဖလှယ်ရာမှာဘတ်ငွေတန်ဖိုးက တစ် ဒေါ်လာကို ၂၈ ဘတ်နဲ့ ၂၉ ဘတ်ထိ တန်ဖိုးမြင့်တက်နေပါတယ်။ ဘတ်ငွေ တန်ဖိုးမြင့်တက်နေတဲ့အတွက် အထူး သဖြင့်ပြည်တွင်းကုန်ကြမ်းကိုသုံးနေရ တဲ့ အသေးစားနဲ့အလတ်စားစက်မှုလုပ် ငန်းတွေအပြင်လယ်ယာစိုက်ပျိုးရေး အခြေပြုတဲ့ စက်မှုကဏ္ဍတွေကိုထိခိုက် မှုရှိခဲ့ကြောင်း (FTI) ရဲ့ အထွေထွေအုပ် ချုပ်ရေးမှူးနဲ့ ယာယီဥက္ကဌ သာနစ်ဆို ရက် ကပြောပါတယ်။ တစ်နေ့ လုပ်ခဘတ် ၃၀၀ (၁၀ ဒေါ်လာ) မူဝါဒဆက်လက်တည်ရှိနေ တဲ့ဂယက်ကြောင့် ဘတ်ငွေတန်ဖိုးဆက် လက်မြင့်တက်နေတာကိုတွေ့ရကြောင်း သူကပြောပါတယ်။ ယခုအခါ တစ်ဒေါ် လာကို ၂၈ ဒသမ ၆၇ ဘတ်နှုန်းရှိနေ တဲ့ပြည်တွင်းငွေကြေးရဲ့ တန်ဖိုးကိုတည် ငြိမ်သွားအောင် ထိုင်းဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ပေးဖို့(FTI) က တိုက်တွန်း ပြောကြားလျက်ရှိပါတယ်။ ငွေကြေး စီးဝင်မှုတွေကိုထိန်းချုပ်နိုင်မဲ့ အစီအမံ တွေဆောင်ရွက်ပေးဖို့ စီးပွားရေးလုပ် ငန်းတွေကို ကွပ်ကဲနေတဲ့ ဒုတိယဝန်ကြီး ချုပ်နဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးကို သူ တရားဝင် စာရေးမယ်လို့ သာနစ်က ပြောပါတယ်။ ဒေါ်လာနဲ့ ဖလှယ်ရာမှာတစ်ဒေါ် လာကို ၂၇ ဘတ်နဲ့ ၂၇ ဒသမ ၉၀ ဘတ်နှုန်းထိ ဘတ်တန်ဖိုး တက်လာရင် အလုပ်သမားတွေ ထုတ်ပစ်ရမှာကို ထိုင်း လုပ်ငန်းရှင်တွေက စိုးရိမ်နေ ကြောင်းထိုင်းကုန်သည်ကြီးများ အသင်း တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းမှာ တွေ့ရပါတယ်။ စစ်တမ်းအရ ယခုနှုန်း ထားကသင့်တော်တယ်လို့ ပြောသူ ၃၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး သင့်တင့်မျှတမှု မရှိဘူးလို့ပြောသူက သုံး ပုံတစ်ပုံရှိပါ တယ်။ သူတို့ လုပ်ငန်းနဲ့ ပို့ ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းစေမယ် လို့ ပြောသူက ၄၂ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။ ၂၇ ဒသမ ၈ ရာခိုင်နှုန်းက ပို့ကုန်ကျဆင်းမယ်လို့ သဘောထား ပေးပါတယ်။
 

Pages