Main menu

Background

Tuesday, 24 Dec 2019

      ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား မြင့်တက်လာပြီး  ပြည်တွင်းဈေးကွက် များတွင် စပါးဈေးများ  မြင့်တက်လာ သဖြင့်ယခုသီတင်းပတ်အတွင်း အိန္ဒိယ ဆန်ပို့ကုန်ဈေးနှုန်းများ မြင့်တက်လာ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ သည်။ သို့သော်လည်း  ဈေးနှုန်းသက်သာသော ပြိုင်ဘက်များရှိလာသည့်အတွက် ထိုင်းဆန်၏ ဝယ်လိုအားမှာ ကျဆင်းခဲ့သည်။ ထိပ်တန်း ပို့ကုန်ဖြစ်သည့် အိန္ဒိယပြုတ်ဆန် ၅ မှတ် ဆန်ကွဲ၏ ယခုသီတင်းပတ်အတွင်း ဆိုဈေးမှာ   တစ် တန်ကိုအမေရိကန်ဒေါ်လာ ၃၆၀- ၃၆၅ ဒေါ်လာအတွင်း ရှိခဲ့သည်။ ယခင်သီတင်းပတ်ကရှိခဲ့သော တစ်တန် အမေရိကန်ဒေါ်လာ ၃၅၈- ၃၆၃ ဒေါ်လာမှမြင့် တက်လာခြင်းဖြစ်သည်။

Tuesday, 24 Dec 2019

      လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တစ်ဦးချင်း တွေ့ဆုံမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က သမ္မတအိမ်တော်မှ ကြေညာချက်ကို ကိုးကားပြီး ယွန်းဟပ် သတင်း တွင်ဖော်ပြသည်။ ဆွေးနွေးပွဲ သည် အလွန်ထူးခြားလိမ့်မည်ဖြစ်ကြောင်း လည်း ဖော်ပြသည်။ ဇီချွမ်ပြည်နယ်၊ ချန်ဒူးတွင်ပြုလုပ် မည့် ခရစ္စမတ်အကြိုတွေ့ဆုံပွဲသည် ၁၅ လအတွင်း ခေါင်းဆောင်နှစ်ဦးထိပ်သီး ဆွေးနွေးပွဲအဖြစ် ပထမအကြိမ် တွေ့ ဆုံခြင်းဖြစ်ပြီး သမိုင်းနှင့်သက်ဆိုင်သော ပြဿနာမှ ယှက်နွှယ်ပြီး ဆိုးလ်နှင့် တိုကျို တို့ ကုန်သွယ်ရေးတိုက်ပွဲကို ဆင်နွှဲနေ စဉ်ကာလအတွင်း ယခုကဲ့သို့ တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။ နှစ်နိုင်ငံ

Tuesday, 24 Dec 2019

     ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရိုဘတ်စတာ (robusta) ကော်ဖီအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သော်လည်း ရေရှည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံအတွင်း၌ စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဗီယက်နမ်နယူးအေဂျင်စီ၏သတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်တောင်သူအများစုက  ခေတ်မီနည်းပညာ ထက်ရိုးရာနည်းပညာများကို အသုံးပြုနေသည့်အတွက် ဗီယက်နမ်ကော်ဖီ၏ အရည်အသွေးသည် သာမန်အဆင့်မှ မတက်သေးဘဲရှိနေကြောင်း ဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ငုယင်ဒူးအင်တွမ်းက ပြောသည်။ 

Friday, 13 Dec 2019

          အိုပက်နှင့် အခြားနိုင်ငံများသည် အဖွဲ့၏ ထုတ်လုပ်မှုရည်မှန်းချက်ကို ညှိနှိုင်းပြီး ထုတ်လုပ်မှုလျှော့ချမည့်ပမာဏကို ပြန်လည်ခွဲဝေသတ်မှတ်ရန် သဘောတူညီခဲ့ကြကြောင်း Business Times သတင်းတွင် ဖော်ပြခဲ့သည်။ ယခုကဲ့သို့ ပြန်လည်ခွဲ
ဝေရန် ဆောင်ရွက်ရခြင်းမှာ ရေနံထုတ်လုပ်မှု အဆမတန် လျှော့ချရသည့် တာဝန်ကိုကာလရှည်ကြာစွာ ဆောင်ရွက်ခဲ့ရသော ဆော်ဒီအာရေဗျ နိုင်ငံ၏ ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ အဆိုပါအုပ်စုသည် ကမ္ဘာ့ရေနံထုတ်လုပ် မှု၏ ထက်ဝက်ကျော်ကို ထုတ်လုပ်လျက်ရှိသည်။

Thursday, 5 Dec 2019

      စင်ကာပူ၏ စီးပွားရေးအခြေအနေ သည် ၂၀၁၉ ခုနှစ်၊ တတိယ သုံးလပတ် တွင် ကြိုတင်ခန့်မှန်းထားမှုထက် ပိုမို တိုးတက် ကောင်းမွန်လာသောကြောင့် ၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် GDP တိုးတက်မှုနှုန်းသည် သုည ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအကြား တိုးတက်မည်ဟု ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနက နိုဝင်ဘာ ၂၁  ရက်တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနက ပြန်လည်အတည် ပြု၍ ထုတ်ပြန်ခဲ့သည့်စာရင်းအရ စင်ကာပူ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်၊ ပထမ သုံးလပတ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ် တွင် သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် တတိယသုံးလပတ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်း ပေါ်ပေါက်ခဲ့သည်။

Wednesday, 4 Dec 2019

      ဗီယက်နမ်အထည်အလိပ်နှင့် အဝတ်အထည်အသင်း ချုပ်(VITAS) ၏ ပြောပြချက်အရ အဝတ်အထည်လုပ်ငန်း သည် ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားနှင့်ဝယ်လိုအား ကွင်း ဆက်ကို ကိုက်ညီစေရန် အရောင်ဆိုးသည့်အပိုင်းနှင့် ပိတ်စ အပိုင်းများဖြစ်သော မဖွံ့ဖြိုးသေးသည့် အထည်အလိပ် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကို လိုအပ်နေကြောင်း သိရှိရသည်။  ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့၏ အထည် အလိပ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် စီးပွားရေးအပြန် အလှန် အကျိုးပြုစေသည့် လှုပ်ရှားမှု တွင်  ဗီယက်နမ်နိုင်ငံက လက်မှတ်ရေးထိုးထားသော လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်များအရ ဈေး ကွက်ဝင် အခွင့်အလမ်းများရ

Wednesday, 4 Dec 2019

     တောင်ကိုရီးယားနှင့် ဂျပန်တို့သည်  နိုဝင်ဘာ ၂၈ ရက် က လုပ်ငန်းအဆင့်ဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်း ဆိုးလ်မြို့ မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီး ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ ယခုဆွေးနွေးပွဲသည် နှစ်နိုင်ငံ အပြန် အလှန် သံတမန်ဆက်ဆံမှုနှင့် လုံခြုံရေးကိစ္စများကို အဟန့်အတား ဖြစ်စေခဲ့သော ကုန်သွယ်ရေးအငြင်းပွားမှုများကိုဖြေရှင်းရန် ရှေ့သို့ တစ်ဆင့်တက်လှမ်းလာသော ခြေလှမ်း တစ်လှမ်းဖြစ်သည်။ စစ်ရေးဆိုင်ရာ   သတင်းအချက်အလက် မျှဝေရေး သဘောတူ စာချုပ် ကုန်ဆုံးချိန်ကို တောင်ကိုရီးယားက ြွခင်းချက်ဖြင့်ရပ်ဆိုင်းပြီးနောက်  တောင်ကိုရီးယားသို့ ဂျပန်နိုင်ငံမှ ပို့ကုန်တင်ပို့မှုကန့်သတ်ထားသည့် ကိစ္စကိုဆွေ

Wednesday, 4 Dec 2019

      ဒေသတွင်း၌ တရုတ်၏သြဇာလွှမ်းမိုးမှုကိုတန်ပြန်ရန် စိတ်စောနေ သော အိန္ဒိယနိုင်ငံက သီရိလင်္ကာနိုင်ငံအတွက် အကူအညီအဖြစ် အမေရိ ကန်ဒေါ်လာ သန်းပေါင်းရာချီ၍ပေးခဲ့ကြောင်း  အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။  သီရိလင်္ကာနိုင်ငံ သမ္မတသစ်သည် ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် နယူးဒေလီသို့ရောက်ရှိစဉ် ယခုလို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနှင့် တရုတ်တို့က အိန္ဒိယသမုဒ္ဒရာနှင့် မဟာဗျူဟာမြောက် ပင်လယ်လမ်းကြောင်းကို ထိန်းချုပ်ရန် ယှဉ်ပြိုင်လျက်ရှိသဖြင့် သမ္မတဖြစ် လာပြီးနောက် ၁၂ ရက်အတွင်း ဂိုတာဘာယာရာဂျာပက်ဆာ၏ အိန္ဒိ ယ နိုင်ငံခရီးစဉ်ကို ဂရုတစိုက်စောင့်ကြည့်လျက်ရှိသည်။

Wednesday, 4 Dec 2019

      ဘဏ်လုပ်ငန်းမဟုတ်သော နည်းပညာလုပ်ငန်းများ၏ ပြိုင် ဆိုင်မှုနှင့်အတူ ဒီဂျစ်တယ်ငွေပေးချေမှုများ တိုးတက်လာခြင်း ကြောင့် ၂၀၂၅ ခုနှစ်ခန့်တွင် အာဆီယံဒေသတွင်းရှိ ဘဏ်လုပ်ငန်း များသည် ၎င်းတို့၏ငွေပေးချေခြင်း ဝန်ဆောင်မှုမှ  ဝင်ငွေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်း  သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ အထိ ဆုံးရှုံးရဖွယ်ရှိနေကြောင်း Accenture ၏ လေ့လာမှု အစီရင်ခံစာအရ သိရှိရသည်။ အာဆီယံတွင် ငွေပေးချေမှုများမှ  ဝန်ဆောင်ခရငွေသည် တစ်နှစ်လျှင် ၆ ဒသမ ၁ ရာခိုင် နှုန်းဖြင့် ဆက်လက်တိုးတက်လာ ဖွယ်ရှိပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံအထိ တိုးတက် လာနိုင်ကြောင်း၊ သို့သော်ယင

Friday, 29 Nov 2019

        ဗီယက်နမ် စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေးနှင့် ကိုက်ညီမှုမရှိသော စီးပွားရေးလုပ် ငန်းများ၏ ပါဝင်မှုအချိုးအစားမှာ ကမ္ဘာ့ပျမ်းမျှပါဝင်မှု အချိုးအစားထက် ၁ ဒသမ ၅ ဆ ပိုမိုမြင့်မားနေကြောင်း ဗီယက်နမ်နယူးအေဂျင်စီ၏သတင်းတွင် ဖော်ပြသည်။ စီးပွားရေးလုပ်ငန်းများအတွက် အကြီးမားဆုံးသော ပြဿနာမှာ ပြုပြင်ပြောင်းလဲမှုကို မည်သည့်နေရာမှ စတင် ရမည်ကို မသိခြင်းဖြစ်ကြောင်း ]၂၀၁၉ ခုနှစ်  သက်မွေးဝမ်း ကျောင်းနှင့် နည်းပညာလေ့ကျင့်ရေးနေ့ အခမ်းအနားတွင်   FPT ညွှန်ကြားရေးမှူးချုပ် ငုယင်ဗန်ခိုအာက ပြောသည်။ စီးပွားရေးလုပ်ငန်းများသည် ပြောင်းလဲမှုမရှိပါက နောက်ကျကျန်လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်

Pages