Main menu

Background

Wednesday, 10 May 2023

စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီ ညွတ်ပြီး   ဘေးအန္တရာယ်ကင်းရှင်း၍ သက်သာ သော နှုန်းထားများဖြင့် စားအုန်းဆီများ  ဝယ်ယူ ရရှိစေရေး ရည်ရွယ်လျက် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော် မတီအား    ၁၆.၁၂.၂၀၂၁ ရက်တွင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

Tuesday, 28 Mar 2023

မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ နေ့စဉ်စားသောက်ရာတွင် ဆန်သည် အဓိကဖြစ်သလို ထမင်းဖြင့်တွဲဖက်စားသောက်ရာတွင် ဟင်းချက်ရာ၌လည်း အိမ်တိုင်းတွင် စားသုံးဆီမှာ မရှိမဖြစ် ဒုတိယအရေးကြီးဆုံးဖြစ်သည်။ ဆီအမျိုးမျိုးရှိသည့်အနက် မြေပဲဆီကို လူအတော်များများ အသုံးပြုကြပြီး နှမ်းဆီကို အသုံးပြုမှုနည်းကြသည်။ မြေပဲဆီနှင့် နှမ်းဆီကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း ဟင်းချက်ရာတွင် ခါးသက်သက်အရသာရှိ၍ လူတို့စားသုံးမှု နည်းကြသည်။ နှမ်းဆီတွင် မပြည့်ဝဆီများစွာပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောဆီ (Healthy Oil) တစ်မျိုးဖြစ်သည်။

Tuesday, 21 Feb 2023

ပြည်ဈေးကွက်သို့ ယခုဖေဖော်ဝါရီ ဒုတိယပတ်တွင် မြေပဲ ဆန်များကို ရွှေတောင်(ကျွန်းတဲ)၊ ကံမနှင့် မင်းတုန်း ဘက်မှ နေ့စဉ်ဝင်ရောက်မှုမရှိဘဲ ရက်ခြားသာဝင်ရောက်မှုရှိပြီး တစ်ခါဝင်ရောက် လျှင် အိတ် ၂၀ဝ၀ ခန့်ဝင်ရောက်မှုရှိကြောင်း သိရသည်။

ဝင်ရောက်လာသည့်  မြေပဲဆန်များကို  ဒေသတွင်း ဆီစက်လုပ်ငန်းရှင်နှင့် ပဲကြော်ဖိုသမားများက အဝယ်ရှိသလို အညာဒေသဖြစ်သော မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့် မန္တလေး ဘက်မှ ဝယ်ယူမှုရှိသဖြင့် ဝင်သလောက် အရောင်းအဝယ်ဖြစ် သည်။ မြေပဲဆန် ဝယ်လိုအားကောင်းလာသဖြင့် ဈေးနှုန်းများ လည်း မြင့်တက်လာသည်။

Thursday, 19 Jan 2023

ကယားပြည်နယ်တွင် နှမ်းသီးနှံကို အဓိက ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ကြသည်။ ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ဘောလခဲခရိုင်တွင် အများဆုံးစိုက်ပျိုးကြပြီး လွိုင်ကော်ခရိုင်တွင် ရှားတောမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုတွင်လည်း စိုက်ပျိုးကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး) စုစုပေါင်းစိုက်ဧကမှာ ၂၃၃၉၇ ဧကခန့်ရှိခဲ့ပြီး အားလုံးရိတ်သိမ်းခဲ့ပြီးဖြစ်သည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀ ဒသမ ၂၃ တင်းခန့်နှင့် စုစုပေါင်းအထွက်နှုန်းမှာ ၂၃၉၃၀၃ တင်းခန့်ထွက်ရှိကြောင်း သိရသည်။

Tuesday, 20 Dec 2022

စားသုံးဆီဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများထဲတွင် ပဲဆီ၊ နှမ်း၊ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ ပဲပိစပ်ဆီဟု စားသုံးဆီအမျိုးမျိုးထုတ်လုပ်ရောင်းချလျက်ရှိသလို ပြည်ပမှတင်သွင်းသော စားအုန်းဆီများလည်း ရောင်းဝယ်စားသုံးနေကြလျက်ရှိသည်။ သို့သော်လည်း ဈေးကွက်အတွင်း ပဲပိစပ်ဆီဟုဆိုကာ ပဲပုပ်ဆီအား လွဲမှားစွာ ခေါ်ဆိုရောင်းချမှုများရှိကြသောကြောင့် ပဲပိစပ်နှင့် ပဲပုပ်သီးနှံ၏ မတူညီသောအကြောင်းအရာများအား ရှာဖွေလေ့လာရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

Friday, 9 Dec 2022

စစ်ကိုင်းခရိုင် မြောင်မြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် မြစ်နှစ်ခုကြားတွင်တည်ရှိပြီး  မြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသော မြို့တစ်မြို့ဖြစ်သည်။ မြောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးနှင့် ဆောင်းသီးနှံစိုက်ဧက နှစ်သိန်းသုံးသောင်းကျော် စိုက်ပျိုးရာ မြေပဲ(မိုး+ဆောင်း) ၃၂၁၆၇ဧက စိုက်ပျိုးသည်။ 

Friday, 9 Dec 2022

နိုဝင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Company  တို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့  ဘူးသွင်းပြီး စားအုန်းဆီများကို ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ မြို့မဈေးနှင့် ချယ်ရီဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ဈေးနှင့် တပင်ရွှေထီး (တပ်ဈေး)တို့တွင်လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် မြို့မဈေးတို့တွင်လည်းကောင်း ရောင်းချပေးခဲ့သည်။ 

Pages