Main menu

Background

Thursday, 9 Dec 2010

ပြည်မှာ မတ်ပဲအရောင်းအဝယ်အေး                 မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေတာကို အကြောင်းပြ ပြီး ဈေးလျှော့အဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝဝ ကျပ်၊ (တစ်တန်ကို ၇၇၆၁ဝ၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ။်ကုလားပဲကိုတော့ ပဲခွဲခြမ်းပြုလုပ်ရန်အတွက် ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၁၆ဝ ကျပ် (တစ်တန်ကို ၇၁ဝ၃၇၂ ကျပ်)နဲ့ ဝယ်အား အထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ်မှာရှိှိနေတယ်လို့ မြို့ခံပဲလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Thursday, 9 Dec 2010

အောင်လံမှာ ပဲတီစိမ်းနဲ့ စမုံနက်နှမ်းဈေးကျ                  ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၇၅ကျပ် (တစ်တန်ကို ၈၄၂ဝ၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။စမုံနက်နှမ်းကိုမန္တလေးဝယ်လက်ကအဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင်ဈေးကျလာပြီး တစ်ပိဿာကို၂၄၄၅ကျပ် (တစ်တန်ကို၁၄၉၇၂၉၃ကျပ်)နဲ့အရောင်းအဝယ် ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။

Thursday, 2 Dec 2010

 ပြည်မှာ မတ်ပဲနဲ့ ပဲတီစိမ်းအရောင်းအဝယ်ဖြစ်မှုနည်း             မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိပေမယ့် ရောင်းသူကုန်သည်များက အ ရောင်းနည်းခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တော့ တစ်ပိဿာကို ၁၃၁၅ ကျပ်(တစ်တန်ကို ၈ဝ၅၂၉၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၄ဝဝ ခန့်သာအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကို မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိတဲ့အပြင် ဝယ်အားပါနည်း သွာ းတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီးတစ်ပိဿာကို ၁၄၈၈ ကျပ် (တစ်တန်ကို ၉၁၁၂၃၆ ကျပ်)နဲ့ အ ရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 25 Nov 2010

 အောင်ပန်းမှာ အာလူးနဲ့ ဂေါ် ဖီ ပုံမှန်အရောင်းအဝယ်ဖြစ်            ဒေသထွက် အာလူးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း တစ်ပိဿာကို ၆၃ဝကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၃၅ဝဝဝခန့်အဝယ်ရှိခဲ့ပြီး ယခင်အပတ် နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဂေါ်ဖီထုပ်ကို ရန်ကုန် ဝယ်လက်နဲ့ နယ်ဝယ်လက်အစုံက တစ်ပိဿာကို ၁ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၇ဝဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှု လျော့နည်းသွားတယ် လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 24 Nov 2010

ပြည်မှာ ပဲတီစိမ်းဈေးမြင့်ပြီး မတ်ပဲဈေးကျ          ပဲတီစိမ်းကို ငွေပြန်ပေါ်လိုသော ကုန်သည်အချို့က ပြန်လည် ထုတ်ရောင်းမှုတွေရှိသလို မန္တလေးဝယ်လက်ကလည်း အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်(တစ်တန်ကို ၉၁၈၅၈၅ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်မရှိတဲ့အပြင် ဝယ်အားပါနောက်ဆုတ်သွားတာကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးကျလာပြီး တစ်ပိဿာကို ၁၂၇၅ ကျပ်(တစ်တန်ကို ၇၈ဝ၇၉၇ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။

Wednesday, 24 Nov 2010

 အောင်လံမှာ ပဲတီစိမ်းဈေးမြင့်ပြီး စမုံနက်နှမ်းဈေးကျလာ                      ရန်ကုန်ဝယ်လက်က ပဲတီစိမ်းကြီးကို ဝယ်အားပုံမှန်ရှိသလို မန္တလေးဝယ်လက်က စမုံနက်နှမ်းကိုဝယ်အားနည်းခဲ့တယ်လို့သိရပါတယ။် ပဲတီစိမ်း က ဈေးကွက် သို့ အဝင်များသလို ရန်ကုန်ဝယ်လက် ကလည်း ပုံမှန်အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့်် လာပြီး တစ်ပိဿာကို ၁၄၂၅ ကျပ် (တစ်တန်ကို ၈၇၂၆၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြား အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ စမံုံနုနက်နှမ်းကို မန္တလေးဝယ်လက် ကဈေးချအဝယ်ရှိလာသလို ဝယ်အား ပါနည်း သွာ းတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၂၅၅၆ ကျပ်(တစ်တန်ကို ၁၅၆၅၂၆၈ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 16 Nov 2010

ပြည်မှာ ရန်ကုန်ဝယ်လက်ဈေးပေးအဝယ်ရှိလို့ မတ်ပဲဈေးမြင့်လာ          မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန် ဝယ်လက်နဲ့မျိုးအတွက် ပြန်လည် ဝယ်ယူနေတဲ့ကုန်သည်များက ဈေးတိုးပေးပြီး အဝယ်ရှိသလိုဝယ်အား ပါများလာတာကြောင့် ယခငအ် ပတန် စဲ့ ာရင ် ဈေးသိသိသာစွာာမြင့်လာ ပြီး တစ်ပိဿာကို ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၃ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့မြို့ခံ ကုန်သည်တစ်ဦးဆိုပါတယ်။  

Tuesday, 16 Nov 2010

အောင်လံမှာ ပဲတီစိမ်းဈေးမြင့်ပြီး စမုံနက်နှမ်းဈေးငြိမ်      ပဲတီစိမ်း က ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ်လက် ကလည်း အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးတိုးပေးပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့််လာပြီး တစ်ပိဿာကို ၁၄ဝဝ ကျပ်(တစ်တန်ကို ၈၅၇၃၄၆ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စမုံနက် နှမ်းကို မန္တလေးဝယ်လက်က အဝယ် အထိုက်အလျောက်သာရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးတန့်နေပြီး တစ်ပိဿာကို ၂၆၆၇ ကျပ်(တစ်တန်ကို ၁၆၃၃၂၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားသာ အဝယ်ရှိခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်များက ဆိုပါတယ်။

Tuesday, 5 Oct 2010

ပဲစင်းငုံဈေး တည်ငြိမ်သလောက်ရှိ   အိန္ဒိယ ပြည်တွင်းလက်ငင်းဈေးကွက်များမှာ ပဲခွဲစက်များကအဝယ်ရှိနေတာကြောင့် ဒီတစ်ပတ်အတွင်း ပဲစင်းငုံဈေးက တည်ငြိမ်သလောက်ရှိနေတာ တွေ့ရပါတယ်။ လာ မယ့်သီတင်းပတ်အတွင်း မှာလည်း တန်ဇန်းနီးယားက တင်သွင်းပဲများ ဝင်ရောက်လာတော့ မယ်လို့ သိရပါတယ်။ လတ်တလော ရာသီဥတုကောင်းနေခြင်းက ပဲပင်များတိုးတက်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပထမ အကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီပဲစင်းငုံ တန်ချိန် ၃ ဒသမ ၂၇ သန်းထွက်ရှိနိုင်မှာဖြစ်လို့ ယခင်နှစ်ကထွက်ရှိတဲ့ တန်ချိန် ၂ ဒသမ ၅၅ သန်းထက် တန်ချိန် ၇ သိန်းခန့်ပိုမယ်လို့ မျှော်မှန်းထား ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိ တယ်လို့ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်။ဇယား-၄                                                                                            ဒေါ်လာ/တန် ဈေးကွက်                  ၃ဝ .၉ .၁ဝ            ၂၉ .၉ .၁ဝ           ၂၈ .၉ .၁ဝ          ၂၇ .၉ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ)   ၇၇၉-၇၉၆                ၈ဝ၁                  ၈ဝ၃-၈ဝ၉         ၇၉၉-၈ဝ၅ဒေလီ (မြန်မာပဲစင်းငုံ)         ၈ဝ၁                   ၈ဝ၇                     ၈ဝ၉                ၈၁ဝချန်နိုင်း( မြန်မာပဲစင်းငုံ)       ၇၉ဝ                    ၇၉ဝ                     ၇၈၇                ၇၇၇

Tuesday, 5 Oct 2010

ပဲတီစိမ်းဈေး အပြောင်းအလဲနည်း    အိန္ဒိယပြည်တွင်းဈေးကွက်များကို ပဲထုတ်လုပ်ရာဒေသများက ပဲအသစ်တွေ ဝင်ရောက်လာပေမဲ့ အဝယ်သွက်နေတာကြောင့် ယခု တစ်ပတ်အတွင်း ပဲတီစိမ်းဈေး အပြောင်းအလဲ အနည်းငယ်သာရှိခဲ့ပါ တယ်။ ရိတ်သိမ်းစဉ်က မိုးသည်းထန်ခဲ့လို့ အခိုျ့ပဲအသစ်များ အရည် အသွေးပျက်စီးမှုတွေရှိပေမဲ့ မနှစ်ကမိုးရာသီ အထွက်ထက်ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ ပထမအကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုး ရာသီ ပဲတီစိမ်းထွက်ရှိမှုဟာ တန်ချိန် ဝ ဒသမ ၈၈ သန်းရှိနိုင်မှာ ဖြစ်ရာ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၄၄ သန်းထက် တစ်ဆ ပိုမယ်လို့ဆိုပါတယ်။ ကာလတိုအတွင်း ပဲတီစိမ်းဈေးနှုန်း လျော့ကျဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါဇယား-၃                                                                                                 ဒေါ်လာ/တန်  ဈေးကွက်                ၃ဝ .၉ .၁ဝ          ၂၉ .၉ .၁ဝ             ၂၈ .၉ .၁ဝ          ၂၇ .၉ .၁ဝမွန်ဘိုင်း (ပဲတီရွှေဝါ)      ၉၃၅                 ၉၃၅                        ၉၃၁                   -ချန်နိုင်း (ပဲတီရွှေဝါ)      ၁ဝဝ၂              ၁ဝဝ၂                        ၉၉၇             ၉၈၈-၉၉၉ဒေလီ                   ၁ဝဝ၂-၁ဝ၂၄      ၁ဝဝ၂-၁ဝ၂၄              ၉၉၇-၁ဝ၁၉       ၁ဝ၄၄-၁ဝ၆၆

Pages