Main menu

Background

Thursday, 13 Feb 2014

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဟင်္သာတ အနီးတစ်ဝိုက်မှ ဈေးကွက်ထဲစတင်ဝင်ရောက်နေသလို ရန်ကုန်ဝယ် လက်ကလည်း ဝင်သလောက်ဝယ်အားရှိခဲ့ကြောင်း၊ အဖွင့်ဈေးက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒေသထွက်ပဲပုပ်(သစ်)ကို ရန်ကုန်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးဖြင့်နေ့စဉ်အိတ်၂၅၀ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်ပဲလွန်းဖြူကိုလည်းရန်ကုန်ဝယ်လက်ကအရည်အသွေးပေါ်မူ တည်ပြီးဝယ်ယူတာကြောင့်ဒီတစ်ပတ်မှာဈေး အနည်းငယ်ဆင်း လာပြီး တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးဖြင့် အိတ်အနည်းငယ်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Thursday, 13 Feb 2014

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်တရုတ်နှစ်သစ်ကူးပွဲတော်အပြီး ပဲမျိုးစုံထဲမှ ဈေးကွက်ထဲအသစ်ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲယင်းနှင့် ပဲလွန်းဖြူ၊ ပဲထောပတ်တို့က အရောင်းအဝယ်ဖြစ်မှု ပိုများလာကြောင်း လက်ကျန်ပဲကတော့ ကြိုကြားကြိုကြားအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)က မန္တလေးဒေသ အနီးတစ်ဝိုက်မှ ဝင်ရောက်မှုများပြားလာသလို ရန်ကုန်ဝယ်လက်နှင့် လှောင်လက်တွေကလည်း ဝင်သလောက်အဆွဲသွက်ခဲ့ကြောင်း သိရ ပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန် ကို ၅၆၃၃၉၈ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀၀ မှ ၇၀၀၀ ကြားဖြစ်ခဲ့ကြောင်းသိရပါတယ်။

Thursday, 13 Feb 2014

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယဝယ် လက်အပြန်လိုက်လာတာကြောင့်ဈေးကွက်မှာနေ့စဉ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် မတ်ပဲ (RC) တစ်တန်ကို အနိမ့်ဆုံး ၆၀၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၉၀၀၀ ကျပ်အတွင်းတန်ချိန် ၂၀၀၀ ကျော်ခန့်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

Thursday, 6 Feb 2014

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်အဆွဲပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၃၀ ကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(သစ်)တွေအနေဖြင့် ဖေဖော်ဝါရီလဆန်းမှာ ဈေးကွက်ထဲဝင်ရောက်နိုင်ကြောင်း မြို့ခံပဲ ကုန်သည်တစ်ဦးကဆိုပါတယ်။

Thursday, 6 Feb 2014

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)နှစ်မျိုးလုံးကို ခွဲစက်များက ဝယ်အားသွက်နေကြောင်း သိရ ပါတယ်။ ရောင်းသူကုန်သည်တွေက ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို ထုတ်ရောင်းမှုတွေများလာခြင်းမှာ ဈေးကွက်ထဲ(အသစ်) ဝင်လာတဲ့ပဲတွေကို ပြန်လည်ဝယ်ယူချင်လို့ အခုလိုထုတ်ရောင်းမှုတွေ များလာတာလို့ဆိုပါတယ်။

Thursday, 6 Feb 2014

ရေစကြိုဈေးကွက်မှာ ပြောင်းကိုရန်ကုန်ဝယ်အားအနည်းငယ် လျော့သွားသလို ဈေးလည်းတန့်နေကြောင်း၊ အရောင်းအဝယ်အနေ ဖြင့်တစ်ပိဿာ ၄၁၇ ကျပ်ဈေးဖြင့် တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁၀ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၁၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Thursday, 6 Feb 2014

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်အားပုံမှန်ရှိပေမယ့် အမြင့်ဈေးမှာတန့်နေကြောင်း ဈေး ကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၁၆၀၀ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)ကလည်း ဈေး ကွက်သို့ဝင်ရောက်မှုများလာသလို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နှင့် မြို့ခံလှောင်လက်ကုန်သည်များ အဝယ်ဆုံလို့ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေဖြင့် တစ်ပိဿာ ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)ဈေး နှင့်တစ်ရက်ကို အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ နှမ်းရောင် စုံအနေဖြင့် ရန်ကုန်-မန္တလေးဝယ်လက်နှင့် ဒေသတွင်းဆီစက်တွေ ဝယ်အားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် သိပ္ပံနှမ်းတစ်ပိဿာ ၃၇၈၀ ကျပ်၊ နှမ်းနက်ရိုးရိုး တစ်ပိဿာ ၃၁၆၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၈၉၀ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။

Thursday, 6 Feb 2014

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တရုတ်နှစ်သစ်ကူးပွဲတော် ကြောင့် ဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်ပြုလုပ်လိုသော ပဲကုန် သည်ကြီးများအလာကျဲသွားပေမယ့် ပဲအရောင်းအဝယ်တော့ ခပ်ပါး ပါးဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(လက်ကျန်ဟောင်း)တွေက ရောင်းသူကုန်သည်လက်ဝယ်မှာ ပစ္စည်းလက်ကျန်တန်ချိန် ၆ သောင်း ဝန်းကျင်ခန့်ကျန်ရှိနေပေမယ့် ဒီတစ်ပတ်မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကြောင့် အရောင်းအဝယ်ထင်သလောက်မဖြစ်ခဲ့ကြောင်း၊ မတ်ပဲ (RC) အနေဖြင့် တစ်တန်ကို အနိမ့်ဆုံး ၆၀၀၅၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၉၇၅၀ ကျပ်အတွင်း တန် ၂၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ တရုတ်နှစ်ကူးပြီးရင်တော့ မတ်ပဲကို အိန္ဒိယ အဆွဲပြန်လိုက်နိုင်ကြောင်း၊ မတ်ပဲ(သစ်)တွေအနေဖြင့် ပြည်နှင့်မုံရွာ ဘက်မှာ အနည်းငယ်ဝင်ရောက်လာပြီး မတ်လလောက်ဆိုရင် အဝင် ပိုများလာနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲစင်းငုံနီ (RC)  ကို အိန္ဒိယဝယ်လက်တွေက ဒီတစ်ပတ်မှာ အဝယ်အနည်းငယ် ပြန်လိုက်လာလို့ တစ်တန်ကို ၅၉၀၀၀၀ ကျပ်ဈေးဖြင့် တန် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages