Main menu

Background

Wednesday, 14 Aug 2013

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက ဈေးကွက်သို့အဝင်ပါး လာပေမယ့် အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဝယ် ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်နည်းနေပေမယ့် ရန်ကုန်အဆွဲ ပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 14 Aug 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ရေသွင်းပြောင်းသစ်တွေ ဈေးကွက်အဆက်မပြတ် ဝင်ရောက်နေပြီး တစ်ပိဿာကို ၄၂၀ ကျပ်ဈေး နဲ့ဈေးဖွင့်အရောင်းရှိပေမယ့် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် အစိုဓါတ်ရှိနေသေးလို့ ဝယ်လက်တွေ အဝယ်တုံ့ဆိုင်းနေ တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ဈေးကွက်မှာ အစိုဓါတ်ရှိ သေးတဲ့ ရေသွင်းပြောင်းသစ်တွေ အရောင်းအဝယ်မဖြစ်ဘဲ လက်ကျန် ပြောင်းတွေကိုသာ ရန်ကုန်- မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာ စပ်တွေက တစ်ပိဿာ ၄၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်း ကုန် သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 14 Aug 2013

လားရှိုးဈေးကွက်မှာဒီတစ်ပတ်ပြောင်းက လှောင်လက်ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်ဝယ်လက် ကတော့ ဝယ်အားပုံမှန်ရှိလို့ ဈေးကွက်မှာ နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၅၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 14 Aug 2013

မူဆယ်ဈေးကွက်မှာပြောင်းကို တရုတ်ဝယ်လက်ဝယ်အားပုံမှန် ရှိပေမယ့် သိုလှောင်ရုံလက်ကျန်နည်းသွားပြီလို့ ဒေသခံပြောင်းကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အ တွင်း မက်တန် ၈၅၀၀ ခန့််ဖြစ်ခဲ့ကြောင်းသိရပါတယ်။

Wednesday, 14 Aug 2013

မုံရွာဈေးကွက်မှာ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲ အနည်းငယ်ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေက ဈေးပေး အဝယ်ရှိသလို ဝယ်အားပါပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးအနေနဲ့ မုံရွာ အနီးတစ်ဝိုက်ကျေးရွာများမှ ပဲသစ်တွေ နေ့စဉ်ဈေးကွက်သို့ ဝင်ရောက် နေပေမယ့် တရုတ်ဝယ်လက်ဝယ်လိုအားအေးလို့ ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၁၅၈ ကျပ် (တစ် တန်ကို ၇၀၉၁၄၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။

Wednesday, 14 Aug 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို အိန္ဒိယအတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက် အဝယ်ပြန်လိုက်လာသလို ရောင်းသူကုန် သည်တွေကလည်း တက်ဈေးမှာ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ရန်ကုန်-မန္တလေးဝယ်လက် က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ် ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အ နေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၈၀၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၈၀ ကျပ်၊ နှမ်းနက်စမုံ ၃၀၉၀ ကျပ်၊ နှမ်းညိုကြား တစ်ပိဿာ ၂၀၇၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံ တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 14 Aug 2013

ဘုရင့်နောင်ဈေးကွက်မှာ  ဒီတစ်ပတ်မတ်ပဲ (RC) ကိုဈေးကွက် စဖွင့်ချိန်မှာ အိန္ဒိယဝယ်လက်က တစ်တန်ကို ၄၉၇၀၀၀ ကျပ်ဈေးဖြင့် ဈေးဖွင့်အဝယ်ရှိခဲ့ပြီး နောက်ပိုင်းရက်တွေမှာ တစ်တန်ကို ၄၈၃၅၀၀ ကျပ်ဈေးသို့ ဈေးပြန်ကျခဲ့ပေမယ့် ဈေးကွက်ပိတ်ချိန်မှာတော့ တစ် တန်ကို ၄၉၇၀၀၀ ကျပ်သို့ ဈေးပြန်မြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန် ၇၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ ပဲက အရင်အပတ်တွေက အိန္ဒိယအဆွဲတောက်လျှောက်အေးခဲ့လို့ ဈေး ဆက်တိုက်ကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာ အိန္ဒိယဘက်က ဝယ်လို အားပြန်လိုက်လာလို့ တစ်တန်ကို ၂၈၀၀၀ ကျပ်ခန့်ဈေးတက်သွား တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ထို့အတူ ပဲစင်းငုံနီ (RC) အနေနဲ့ အရင်အပတ်တွေက အိန္ဒိယလိုင်းအဆွဲအေးလို့ ဈေးတွေကျ ပြီး အရောင်းအဝယ်အေးခဲ့ရာမှ ဒီတစ်ပတ်မှာတော့ အိန္ဒိယအဆွဲအ နည်းငယ်ပြန်လိုက်လာတာကြောင့် တစ်တန်ကို ၂၀၀၀၀ ကျပ်ခန့်ဈေး မြင့်သွားတယ်လို့ ဘုရင့်နောင်အခြေစိုက်ပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို အနိမ့်ဆုံး ၅၅၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၆၀၀၀၀ ကျပ်အတွင်း တန် ၈၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။

Tuesday, 6 Aug 2013

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို အိန္ဒိယအတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်လိုအားပါကျဆင်း သွားတာကြောင့် ဈေးကျလာပေမယ့် အရောင်းအဝယ်တော့ နေ့စဉ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိသာ ၇၃၆ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 6 Aug 2013

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို အိန္ဒိယအတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်လိုအားပါကျဆင်း သွားတာကြောင့် ဈေးကျလာပေမယ့် အရောင်းအဝယ်တော့ နေ့စဉ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိသာ ၇၃၆ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 6 Aug 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို တရုတ်အဆွဲ ပုံမှန်ရှိပေမယ့် မြို့ခံပဲခွဲစက်တွေနဲ့ ပဲသန့်စင်စက်တွေက အဝယ်ပါး နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိလို့ ဈေးအနည်းငယ် တက်လာတာလို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၁၃၅၁ ကျပ်(တစ်တန်ကို ၈၂၇၃၃၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ အိန္ဒိယအတွက်ဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်က ဝယ်လိုအားအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲအနေနဲ့က ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေကလည်း ဝယ်လိုအားလျော့သွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၆၇ ကျပ်(တစ်တန်ကို ၄၀၈၄၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages