Main menu

Background

Thursday, 23 Dec 2010

မကွေးမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်         ပဲတီစိမ်းကြီး ကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၁၅၈ ကျပ်(တစ်တန်ကို ၇ဝ၉၁၄၇ ကျပ်) နဲ့နေ့စဉ် အိတ် ၂ဝဝ မှ ၂၅ဝ ကြား ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့် တန့်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ ပဲစင်းငုံနီကိုငွေပြန်ပေါ်လိုသော ကုန်သည်အခိုျ့ထုတ်ရောင်းမှုတွေ ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်မရှိဘဲ ယခင်အပတ်ဈေးဖြစ်တဲ့ တစ်ပိဿာကို ၇၅ဝ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 14 Dec 2010

မကွေးဈေးကွက်မှာ ပဲတီစိမ်းဈေးကျပြီး ကုလားပဲဈေးငြိမ်                 ပဲတီစိမ်းကြီးကို ရန်ကုန်ဝယ်လက်က အရည်အသွေး နိမ့်တာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၅၈ကျပ် (တစ်တန်ကို ၇ဝ၉၁၄၇ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၅ဝ မှ ၂ဝဝ ကြား အဝယ်ရှိခဲ့တယ် လို့သိရပါတယ်။ကုလားပဲ(တိုင်ပေ) ကို ပဲခွဲစက်လုပ်ငန်းရှင်များက  တစ်ပိဿာကို ၁၁၅၈ ကျပ်(တစ်တန်ကို ၇ဝ၉၁၄၇ ကျပ်) နဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။

Thursday, 9 Dec 2010

မကွေးမှာ ပဲတီစိမ်းဈေးငြိမ်ပြီး နှမ်းဖြူဈေးကျ             ပဲတီစိမ်းကြီးကို ရန်ကုန်-မန ္တလေးဝယ်လက်က  အရည်အသွေး ပေါ်မူတည်ပြီး ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးငြိမ်နေတယ်လို့သိရပါတယ်။ နှမ်းဖြူကို မန ္တလေး ဝယ်လက်က ဈေးပေးအဝယ်မရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၆၈၉ ကျပ် (တစ်တန်ကို ၁ဝ၃၄၃၂၆ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာ အဝယ်ရှိခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 2 Dec 2010

မကွေးမှာ ပဲတီစိမ်းနဲ့ နှမ်းဖြူကျဈေးနဲ့ အရောင်းအဝယ်ဖြစ်        ပဲတီစိမ်းကြီး ကို ရန်ကုန်-မန ္တလေးဝယ်လက်က အရည်အသွေး ပေါ်မတူညီ ပြီး အဝယ်ရှိတာတို့ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၂၆၃ ကျပ်(တစ်တန်ကို ၇၇၃၄၄၈ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၇၁၁ ကျပ်(တစ်တန်ကို ၁ဝ၄၇၇၉၉ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျသွား တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 25 Nov 2010

မကွေးမှာ ရန်ကုန်ဝယ်လက်က ပဲတီစိမ်းကိုဈေးပေးအဝယ်ရှိလို့ဈေးမြင့်             ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယရ် တှိ ာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၅၅ ကျပ်(တစ်တန်ကို ၈၂၉၇၈၈ ကျပ်)နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၇၇၈ ကျပ်(တစ်တန်ကို ၁ဝ၈၈၈၂ ကျပ်) နဲ့ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့  နှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။

Tuesday, 16 Nov 2010

မကွေးဈေးကွက်မှာ ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ်     ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အရည်အသွေးလိုတာရယ်   ပြည်ပက အဝယ်အေးနေတာရယ်အပေါ် မူတည်ပြီး ဈေးချအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉ဝ၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 20 Sep 2010

မကွေးမှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက် အဝယ်ပုံမှန်ရှိ      ပဲတဲတဲတီစီမ်းကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့်ယခင်အပတ်နဲ့စာရင်ဈေးမြင့်လာကာ တစ်ပိဿာကို ၁၁၅၈ကျပ်(တစ်တန်ကို ၇ဝ၉၁၄၇ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃ဝဝဝခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်များကကုလားပဲ(တိုင်ပေ)ကို တစ်ပိဿာ ၁ဝဝ၅ ကျပ် (တစ်တန်ကို၆၁၅၄၅၁ ကျပ်)နဲ့ အထိုက်အလျောက်သာ အဝယ်ရှိခဲ့တယ်လို့မြို့ို့ခံကုန်သည်များက ဆိုပါတယ်။

Monday, 6 Sep 2010

 မကွေးဈေးကွက်ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က ရောင်းချတဲ့အရည်အသွေး ကိုမကြိုက်တာကြောင့် ဈေးချအဝယ်ရှိခဲ့တယ်လို့သိရပါတယ်။ကုလား ပဲ(တိုင်ပေ) ကိုပဲခွဲစက်လုပ်ငန်းရှင် များက လက်ရှိပေါက်ဈေးထက် ဈေးလျော့ဝယ်ယူမှုတွေရှိတဲ့အပြင် ဝယ်အားပါနည်းသွားတယ်လို့ သိရပါတယ်။

Monday, 6 Sep 2010

 ဟင်္သာတဈေးကွက်       မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဝယ်ရောင်းကုန်သည်ကြီး များကဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာပြီး တစ်ပိဿာကို ၁၃၅၅ ကျပ်(တစ်တန်ကို ၈၂၉၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။

Wednesday, 1 Sep 2010

   စဉ်    အမိုျးအမည်        ရေတွက်ပုံ               ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု                                                   ယခင်အပတ်    ယခုအပတ်   ၁    ကုလားပဲ(တိုင်ပေ)    ၁ ပိဿာ          ၁ဝ၁၆    ၁ဝ၂၆       ၂    ပဲစင်းငုံနီ                ၁ ပိဿာ          ၁၁၂၅    ၁ဝ၅ဝ       ၃    ပဲတီစိမ်းသေး           ၁ ပိဿာ           ၁၄၂၁    ၁၃၆၈ဆက်သွယ်ရန် ဖုန်း ၀၆၃-၂၃၆၅၅    မကွေးဈေးကွက်ဒီတစ်ပတ်မကွေးဈေးကွက်မှာ ပဲတီစိမ်းသေးကို ရန်ကုန်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၃၆၈ ကျပ် (တစ်တန်ကို ၈၃၇၇၄၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ(တိုင်ပေ)ကို ပဲခွဲစက်လုပ်ငန်းရှင် များက ဝယ်အား  အထိုက်အလျောက်သာရှိခဲ့ပြီး တစ်ပိဿာကို ၁ဝ၂၆ ကျပ် (တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့  အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Pages