Background
ဒီသီတင်းပတ်မှာ တန် ၄ဝဝ ဝင် ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၂ဝ ရက်မှ ၂၆ ရက်နေ့ ကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၃၉၈ ဒသမ ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၁၈၂၇ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က အဝင်တန်ချိန်၆ဝဝရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ရေကြောင်းလမ်းဘက်က တန်ချိန် တစ်ဝက် နီးပါးလျော့ပြီး ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်ဓာတ်မြေသြဇာများကို အီရန်နိုင်ငံက တန်ချိန် ၁၆၈တန်၊ ချီလီနိုင်ငံဘက်ကနမူနာအနေနဲ့ ၁၄ တန်နဲ့ ထိုင်းနိုင်ငံ ဘက်ကနေ အများဆုံးတန်ချိန် ၂၁၆ တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်အဝင် ကတော့ ထိုင်းနိုင်ငံဘက်ကပဲ တင်သွင်းလာခဲ့တာဖြစ်ပြီး ဒီရက်သတ္တပတ်မှာတော့ နိုင်ငံစုံအမယ်စုံ ဓာတ်မြေသြဇာ တန်ချိန်စုစုပေါင်း ၄ဝဝ တန်လောက် ဝင်လာတာ တွေ့ရပါတယ်။ MIRT (DOT)
ရွှေဈေး ၁၃၁၁ ဒေါ်လာ နဲ့ရေနံစိမ်း ၇၉ ဒေါ်လာ နယူးယောက် ရွှေဈေးကွက်မှာ အမြင့်ဆုံး မှတ်တမ်းဝင်အဆင့်အဖြစ် ကြိုပွိုင့်ဈေး တစ်အောင်စကို ကန် ဒေါ်လာ ၁၃၁၁ ဒသမ ၈ဝ နဲ့ စက်တင် ဘာလ ၂၉ ရက်က ရောက်ရှိခဲ့ပါတယ်။ ဈေးကွက်က အရောင်းအဝယ် သမား တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူတွေအနေနဲ့ ပိုမိုစိတ်ဝင်စား စရာဖြစ်လာပြီလို့ ဆိုပါ တယ်။ ''အရောင်းအဝယ် ပမာဏလည်း အနည်းငယ်တော့နှေးကွေး သွားတယ်။ ဝယ်လက်တွေ ပြန်ထုတ်လာတယ်။ ရွှေဈေးကို စိတ်ဝင်တစားမေးသူတွေ ပိုများ လာတယ်။ လက်ရှိအဆင့်ကတော့ အမြင့်ဆုံးပဲ''လို့ ကိုမစ်ဈေးကွက်က သုံးသပ်သူ တစ်ဦးက ပြောပါတယ်။ သုံးသပ်သူတချို့ကတော့ ဒီလိုမြင့်တက်လာတာ အံ့သြစရာမရှိပါဘူး။ အပြောင်းအလဲနဲ့ ပဲ ပျမ်းမျှအဆင့် ကိုရောက်ပြီး ပြန်လည် ကျသွားမှာပါလို့ဆိုပါတယ်။ ကာလတို မှာ အမြတ်ရရှိပြီး ရေရှည်မှာတော့ ပြန်ကျသွားမှာပါလို့ RBC Capital Market က သုံးသပ်သူ Lesh ပြောပါတယ်။ ကိုမစ်အဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာ ၂၇ ရက်နေ့က ဒီဇင်ဘာအရောက်ပို့ တစ်အောင်စကို ၁၂၇၆ ဒသမ ၂ ဒေါ်လာနဲ့ ရောင်းခဲ့ပြီးနောက် ယခု ၂၉ ရက်နေ့မှာ ၁၃၁၁ ဒသမ ၈ဝ နဲ့ ရောင်းခဲ့ပါတယ်။ ဥရောပနိုင်ငံများရဲ့ စီးပွားရေးအပေါ် ရောင်ပြန်ဟပ်မှုများ၊ ဗဟိုဘဏ်များရဲ့ ရောင်းလိုအားထက် ရွှေဝယ်လိုအားကို ဇောင်းပေးလာမှု များကြောင့် လက်ရှိ အနေအထားမှာ ရွှေဈေးက အကျပ်အတည်း စဖြစ်နေပြီး ရေနံစိမ်းဈေးကလည်း တစ်စည်ကို ၇၉ဒေါ်လာကျော်ကျော်နဲ့ ဈေးဖွင့်ခဲ့ပါ တယ်။ှSource:RBC Capital MarketWWN
ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး ပြည်တွင်းရွှေဈေး ဦးမော့လာနိုင် ကမ္ဘာ့ရွှေဈေးမှာ အဆမတန်မြင့်တက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း ထပ်မံ ၍ စံချိန်မြင့်တက်လာသောကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ဦးမော့လာနိုင်ပြီးအတက်ဘက်သို့ ဦးတည်နေကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ ''အခုကမ္ဘာ့ဈေးက အမေရိကန်ငွေကြေးအပေါ် မူတည်နေတဲ့အတွက် အမေရိကန် ဒေါ်လာဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ရွှေဈေးက ဆက်တိုက်ဆိုသလို တက်လာတယ်။ ဒေါ်လာဈေးကျရင် ရွှေဈေးတက်သလို ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ အခုဆိုထိုင်းမှာလည်း စံချိန်သစ်တင်သွားတယ်။ တစ်ဒေါ်လာ ကို ဘတ် ၃ဝ ပဲရှိတယ်။ ကမ္ဘာ့ရွှေဈေးက အဆမတန် မြင့်တက် နေတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း အကျဘက်မရှိဘူး၊ အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ အရောင်းအဝယ် ဈေးကွက်ကတော့ ပုံမှန်ပဲ။ ခပ်အေးအေးနဲ့ ပုံမှန်ပဲ သွားနေတယ်။ လက်ရှိဈေးနှုန်းကတော့ အတက်အကျသိပ်မရှိဘူး''ဟု ၎င်းက ပြောကြားသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၉၃ ဖြင့်စံချိန်တင်ခဲ့ပြီး ယခုတစ်ပတ် ကြာသပတေးနေ့တွင် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၃၁ဝ ဖြင့် စံချိန်အသစ်ချိူးခဲ့ကြောင်းနှင့် ပြည်တွင်း ရွှေဈေးနှုန်း မှာ စက်တင်ဘာ ၃ဝရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်းသိရသည်။ မင်းသန့််
သြဂုတ်လအတွင်း အမေရိကန်၏ တာရှည်ခံပစ္စည်းများ အဝယ်ဘော်ဒါ ပိုမိုရရှိခဲ့ခြင်းက ရေနံဝယ်လိုအားကို မြင့်မားစေ အာရှစတော့ရှယ်ယာတန်ဖိုးများ မြင့်မားလာခြင်းက စီးပွားရေးလုပ်ငန်းများနဲ့ စက်ရုံအလုပ်ရုံများရဲ့ ပစ္စည်းကိရိယာများ ဝယ်လိုအားကို ပြန်လည်ဆန်းသစ်စေတဲ့ လက္ခဏာကြောင့် လောင်စာဝယ်လိုအားမြင့်မားမယ်လို့ မျှော်လင့်လျက်ရှိပါတယ်။နယူးယောက်တွင် ရေနံစိမ်းဝယ်လိုအား ၄ ရက်မြောက်နေ့အဖြစ် ဆက်လက်မြင့်မား မယ်လို့ဆိုခဲ့ပြီး သြဂုတ်လအတွင်း အမေရိကန်ရဲ့ တာရှည်ခံပစ္စည်းများ အဝယ် အော်ဒါက မျှော်လင့်ထားတာထက် ပိုမိုရရှိခဲ့ခြင်းကလည်း ရေနံဝယ်လိုအားကိုမြင့်မားစေကြောင်း သိရပါတယ်။ နိုဝင်ဘာလတင်ပို့မဲ့ရေနံက တစ်စည်ကို ၂၉ ရာခိုင်နှုန်းမြင့်မားကာ ၇၆ ဒသမ ၇၄ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ဒိုင်ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလတင်ပို့မဲ့ ဘရန့်အမိုျးအစားရေနံမှာလည်း တစ်စည်ကို ၂၈ ဆင့်မြင့်မားကာ ၇၉ ဒသမ ၁၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange တွင် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ှSource:bloomberg.com, ပပ
လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် စက်တင်ဘာ ၂ဝ၁ဝဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၇ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၈ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၂၉ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၃ဝ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝ၁ ၂၆ဝဝ ၂၅ဝဝ ၂၇ဝဝ ၂၈ဝဝMIRT-DOT
ယခုအပတ် နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်ဆီ ၁၈၅၅၈၅ ဂါလန်၊ ဒီဇယ်ဆီ ၁၄၉၄၃ဝ ဂါလန်နဲ့ သဘာဝဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၄၁ သန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင် အပက်ကထက် ဓာတ်ဆီ ၉၇၅၄ဝ ဂါလန်၊ သဘာဝဓာတ်ငွေ့ရည် ကီလိုဂရမ် ၆ဝ ပိုမိုတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီ ၂၇၉ဝ၆ ဂါလန် လျော့ နည်းတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများကတော့ ဓာတ်ဆီကို တာချီလိတ်မှ ၁၆၅၄၃၅ ဂါလန်၊ ကော့သောင်းမှ ၂ဝ၁၅ဝ ဂါလန်၊ ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၆၉၅၆၂ ဂါလန်၊ တာချီလိတ်မှ ၇၉၈၆၇ ဂါလန်၊ တာချီလိတ်မှ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ် အသီးသီးတင်သွင်းခဲ့ပါတယ်။MIRT (DOBT)
အမေရိကန်၏ ရေနံသိုလှောင်ထားမှုများလာခြင်းကရေနံစိမ်းဈေးနှုန်း မြင့်မားမှုကို အဟန့်အတားဖြစ်စေ ကမ္ဘာ့စီးပွားရေးနာလန်ထူလာမှု နှေးကွေးလာခြင်းက လောင်စာဝယ်လို အားကို လျော့ကျစေမယ်ခန့်မှန်းကြပြီး နယူးယောက်တွင် ရေနံစိမ်းဈေးနှုန်း အနည်းငယ်ကျဆင်းလာပါတယ်။ ရေနံစိမ်းဈေးနှုန်းက လွန်ခဲ့တဲ့ ၄ ရက်အတွင်း၄ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အပြင် ကမ္ဘာ့လောင်စာသုံးစွဲမှုအများဆုံး အမေရိကန်ရဲ့ ရေနံသိုလှောင်ထားရှိ မှုက စက်တင်ဘာလတွင် ၁ဝ ရက်နေ့ အဆုံးသတ်တဲ့ ရက်သတ္တပတ်တွင် စည်ပေါင်း ၃၅၇ ဒသမ ၄ သန်းအထိ ရောက်ရှိ လာခဲ့ရာ ငါးနှစ်အတွင်းအများဆုံးပမာဏဖြစ်လာတယ်လို့ အမေရိကန် စွမ်းအင်ဌာနက ပြောကြားပါတယ်။ ယခုလိုအမေရိကန်ရဲ့ ရေနံသိုလှောင်ထားမှုများလာခြင်းက ရေနံစိမ်း ဈေးနှုန်း မြင့်မားမှုကို အဟန့်အတား ဖြစ်စေ ကြောင်း သိရပါတယ်။ ဒါကြောင့် အောက်တိုဘာလ စာချုပ်ဈေးနှုန်းမှာ တစ်စည်ကို ၇၃ ဒသမ ၃၅ ဒေါ်လာနဲ့နယူးယောက် ကုန်စည်ရောင်းဝယ်ရေးတွင် စက်တင်ဘာလ ၂ဝ ရက်နေ့က အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နိုဝင်ဘာလ ငွေချေရမဲ့ ဘရန့် အမျိုးအစား ရေနံစိမ်းမှာ တစ်စည်ကို ၇၈ ဒသမ ၆၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ Source:bloomberg.com,ပပ
ရွှေဈေးအတက်ဘက်သို့ ဦးတည်နေသော်လည်း အရောင်းအဝယ်အေးနေ ယခုအခါတွင် ကမ္ဘာ့ရွှေဈေးနှုန်းများ စံချိန်တင်မြင့်မားလာသောကြောင့် ပြည်တွင်းရွှေဈေးကွက်မှာအတက်ဘက် သို့ ဦးတည် နေသော်လည်း အရောင်းအဝယ်မှာ အေးနေကြောင်း ရွှေရောင်း ဝယ်သူတစ်ဦးက ပြောကြားသည်။ ''ကမ္ဘာ့ရွှေဈေးက ပြန်တက်လာ တော့ ပြည်တွင်းရွှေဈေးက အတက် ဘက်ကို ဦးတည်လာတယ်။ နိုင်ငံခြားငွေဈေးနှုန်း တွေကကျလာတော့ မြန်မာငွေကြေးက ခိုင်မာလာတယ်လို့ ပြောလို့ ရတယ်။ မြန်မာ့ငွေကြေး ခိုင်မာလာပေမယ့် ရင်းနှီး မြုပ်နံှ သူတွေက အိမ်ခြံမြေ ဘက်ကို အဓိက ဦးစားပေးကြတယ်။ ရွှေဘက်ကိုသိပ်မလှည့်ကြတော့ ရောင်းအားလည်း သိပ်မတက်ခဲ့ဘူး။ ပြည်တွင်း ရွှေဈေးကွက်က အခုလက်ရှိအရောင်း အဝယ်အေးပြီး ဈေးငြိမ်နေတယ်လို့ ပြောလို့ရတယ်။ ပွင့်လင်းရာသီ အရောင်း အဝယ် ကောင်း၊ မကောင်းကတော့ ပြောဖို့ နည်းနည်းစောသေးတယ်။ ဈေးကွက်ကို စောင့်ကြည့်နေတဲ့ အခြေအနေပဲရှိတယ်'' ဟု ၎င်းကပြောကြားသည်။ အဆိုပါ ကမ္ဘာ့ရွှေဈေးနှုန်းမှာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၃ အထိ စံချိန်တင်အောင် မြင့် တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ်သာရှိကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ရွှေဈေးမှာတစ်ကျပ်သားလျှင် ၆၅၈ဝဝဝ ကျပ် ဖြင့်ဈေးပိတ်ခဲ့ကြောင်း သိရသည်။ မင်းသန်
ရွှေဈေး ၁၁၂၂၉၉၄၄ ဒေါ်လာအထိရောက်ခဲ့ ပြီးခဲ့တဲ့စက်တင်ဘာ တတိယပတ်အတွင်း ရွှေဈေးကွက်မှာ ရွှေဈေးကတစ်အောင်စကို အမြင့်ဈေး ကန်ဒေါ်လာ ၁၂၉၆ ဒသမ ၃ ဒေါ်လာနဲ့ ဆဒ္ဒနီဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီရက်သတ္တပတ်အတွင်း ရွှေဈေးက အမြင့် ဈေးတန်းနဲ့ မှတ်တမ်း တင်အဆင့်ကိုရောက်နေပြီး အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း နည်းနည်းပြန်ငြိမ်သွားတဲ့နောက်ပိုင်းနဲ့ အမေရိကန် အိုးအိမ် အရောင်းအဝယ် ဈေးကွက် အကန့်အသတ်နဲ့ပဲ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ သတင်းများထွက်ပေါ်ပြီး နောက်ပိုင်းကာလများမှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၂၉၄ ဒသမ ၄ဝ နဲ့ လက်ငင်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သုတေသီများရဲ့ခန့်မှန်းချက်အရ လာမဲ့နှစ်မှာ ရွှေဈေး ၁၃ဝဝဖြစ်မယ်။ထုတ်လုပ်မှုအပိုင်းကလည်း အားထည့်လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။ ယခုနှစ် အတွင်း ရွှေဈေးတိုးမြင့်မှုက ၁၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပြီး ငွေသတ္တုဒြပ်စင်က တော့ တစ်အောင်စကို ကန်ဒေါ်လာ ၂၁ဒသမ ၁၂၆၃နဲ့ ၂ဝဝ၈နောက်ပိုင်း အမြင့် ဈေးအဖြစ် ရှိခဲ့ပါတယ်။ Source:bloomberg.com, WWN
ပရဆေးကုန်ကြမ်း ဒီတစ်ပတ်လည်း ကျပ်သန်း ၄ဝဝနီးပါးပဲ စက်တင်ဘာလ ၁၅ ရက်မှ၂၁ ရက်အတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်း တွေကတော့ ချဉ်ပေါင်ဖာလာ၊ မာလာဥ၊ မာလာဥခေါင်း၊ ရွေးရွက်၊ ရှားစေး၊ ကျောက်ဂျင်း၊ တောဂျင်း၊တောဂျူးမြစ်၊ တောင်လုံးကျော်၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့နဲ့ ဖန်ခါးသီးခြောက်တို့ ဖြစ်ပြီးတန်ချိန်အားဖြင့် ၂၃၇ ဒသမ ၅၅ တန်၊တန်ဖိုးကျပ်သန်း ၄ဝဝ နီးပါး ရရှိခဲ့ပါတယ်။ ယခင်အပတ်က ၃ဝ၄ ဒသမ၁၁ တန်တင်ပို့ခဲ့လို့ တန်ချိန် ၆၆ တန်လျော့ခဲ့ပေမဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ)တစ်ခုတည်း ကျပ်သန်း ၂ဝဝ ကျော်ခဲ့လို့ ယခုအပတ်မှာလဲ ကျပ်တန်ဖိုး ၄ဝဝနီးပါးပဲရခဲ့တာပါ။ မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးတွေနဲ့တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ် -ပစ္စည်းအမည် မိမိဘက် တစ်ဘက်နိုင်ငံ (ကျပ်/တန်) (ယွမ်/တန်)ချဉ်ပေါင်ဖာလာ(အခွံပါ) ၂၉၈ဝ၃၆ဝ ၂ဝ၆ဝဝချဉ်ပေါင်ဖာလာ(အခွံမပါ) ၃၄ဝဝဝဝဝ ၂၃၅ဝဝမာလာဥ ၂ဝ၉၃၉ဝဝ ၁၄၅ဝဝကွမ်းစားဂမုန်း ၉၄၆၇၃ဝ ၆၅ဝဝရှားစေး ၈၂၄၈၇ဝ ၅၆၇ဝမာလာဥခေါင်း ၇၄၇၉၄ဝ ၅၁၄၁ကျောက်ဂျင်း ၆၉၂၁၉၆ ၄ဝ၅ဝတောဂျုးမြစ် ၅၅၆ဝ၂ဝ ၃၈၁၇ရွေးရွက် ၄၄၁ဝ၄၅ ၃ဝဝဝတောဂျင်း ၃ဝဝဝဝဝ ၂၁၂၇ဖန်ခါးသီးခြောက် ၂၆၂၂၅ဝ ၁၈၅ဝတောင်လုံးကျော် ၂၅ဝ၈ဝဝ ၁၇၂၂ဒရင်ကောက်မြစ် ၂၁၄၅ဝဝ ၁၄၄၉မော်မော်အောင(MIRT)