Main menu

Background

Tuesday, 15 Feb 2011

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်        ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                               ယခင်အပတ်         ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ         ၁၁၈၄                  ၉၈၉၂ ပဲစင်းငုံနီ                 ၁ ပိဿာ         ၁၁၄ဝ               ၁ဝ၈ဝ၃ ပဲတီစိမ်းကြီး             ၁ ပိဿာ         ၁၅၇၉               ၁၃၁၆၄ မတ်ပဲ(သစ်)             ၁ ပိဿာ          ၁၁၁ဝ              ၁ဝ၇၅၅ ပဲတီစိမ်းသေး            ၁ ပိဿာ         ၁၂၃၇               ၁၂၃၇ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းသေးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်သွက်                 ဒီတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာ ပဲတီစိမ်းကြီးထက်စာရင် ပဲတီစိမ်းသေးက ပစ္စည်းအဝင်ပိုသလို အရောင်းအဝယ်လည်း ပိုသွက်ခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီးတစ်ပိဿာ ၁၃၁၆ ကျပ်(တစ်တန်ကို ၈ဝ၅၉ဝ၅ ကျပ်) ပဲတီစိမ်းသေးတစ်ပိဿာ ၁၂၃၇ ကျပ်(တစ်တန်ကို ၇၅၇၅၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကီ ဈေးကွက်သို့အဝင်သွက် လာပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်က ရန်ကုန်မှာ ပဲစင်းငုံနီဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁ဝ၈ဝ ကျပ် (တစ်တန်ကို ၆၆၁၃၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြား သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။

Sunday, 6 Feb 2011

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်                  ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)                     ပြောင်းလဲမှု                                                           ယခင်အပတ်           ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး           ၁ ပိဿာ           ၁၃၆၈                 ၁၁၈၄၂ ပဲစင်းငုံနီ                          ၁ ပိဿာ           ၁၁၄ဝ                ၁၁၄ဝ၃ ပဲတီစိမ်းကြီး(သစ်)            ၁ ပိဿာ           ၁၅၂၆                 ၁၅၇၉၄ မတ်ပဲ(သစ်)                     ၁ ပိဿာ            ၁၁၆ဝ                ၁၁၁ဝ၅ ပဲတီစိမ်းသေး                   ၁ ပိဿာ           ၁၂၃၇                ၁၂၃၇ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                  ဒီတစ်ပတ် မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေး-ရန်ကုန် ဝယ်လက်တွေအဝယ်သွက်ခဲ့လို့ အရောင်းအဝယ်ပြိုင်ဆိုင်နေတယ် လို့ သိရပါတယ်။ ပစ္စည်းအဝင်ပုံမှန်သာရှိခဲ့လို့ ရောင်းသူဈေးကွက်ဖြစ်ပေါ်နေကာ တစ်ပိဿာကို ၁၅၇၉ ကျပ်(တစ်တန်ကို ၉၆၆၉၆၃ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကီ ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်က လည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၄ဝ ကျပ် (တစ်တန်ကို ၆၉၈၁၂၄ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝဝ အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 1 Feb 2011

မုံရွာကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ                 ဈေးနှုန်း(ကျပ်)                    ပြောင်းလဲမှု                                              ယခင်အပတ်              ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ         ၁၃၄၂                   ၁၃၆၈၂ ပဲစင်းငုံနီ                   ၁ ပိဿာ          ၁ဝ၉ဝ                  ၁၁၄ဝ၃ ပဲတီစိမ်းကြီး(သစ်)        ၁ ပိဿာ          ၁၄၄၇                 ၁၅၂၆၄ မတ်ပဲ(သစ်)               ၁ ပိဿာ           ၁၁၄ဝ                 ၁၁၆ဝ၅ ပဲတီစိမ်းသေး               ၁ ပိဿာ          ၁၂၃၇                  ၁၂၃၇ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီအရောင်းအဝယ်သွက်နေ                ဒီတစ်ပတ် ပဲတီစိမ်းကို အိတ်စပို့ဝယ်လက်အဝယ်သွက်နေသလို အရောင်းအဝယ်အားကောင်းနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၅၂၆ ကျပ်(တစ်တန်ကို ၉၃၄၅ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာဈေးကွက်ထဲကို မုံရွာဝန်းကျင်နယ်စုံနဲ့ ကလေးနယ်ဘက် ကပဲတီစိမ်းတွေ နေ့စဉ်အိတ် ၁ဝဝဝ နဲ့အထက် အဝင်ရှိနေသလို ရောင်းအားဝယ်အားလည်း သွက်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ ပဲစင်းငုံနီကီ တော့ ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၄ဝ ကျပ်(တစ်တန်ကို ၆၉၈၁၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ နဲ့အထက်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကတော့ တစ်ပိဿာကို ၁၃၆၈ ကျပ်(တစ်တန်ကို ၈၃၇၇၄၉ ကျပ်)နဲ့ ခွဲစက်သမားများက အဝယ်ပုံ မှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်း သွားပြီလို့ မြို့ခံခွဲစက်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။

Friday, 28 Jan 2011

မုံရွာကုန်စည်ဒိုင်စဉ်        အမျိုးအမည်            ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                                          ယခင်အပတ်            ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး               ၁ ပိဿာ         ၁၃၅၈                   ၁၃၄၂၂ ပဲစင်းငုံနီ                             ၁ ပိဿာ         ၁ဝ၄ဝ                   ၁ဝ၉ဝ၃ ပဲတီစိမ်းကြီး(သစ်)                ၁ ပိဿာ         ၁၅၂၆                   ၁၄၄၇၄ မတ်ပဲ(သစ်)                        ၁ ပိဿာ         ၁ဝ၅ဝ                   ၁၁၄ဝ၅ ပဲတီစိမ်းသေး                       ၁ ပိဿာ         ၁၁၅ဝ                  ၁၂၃၇ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄ မုံရွာမှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းအရောင်းအဝယ်ပုံမှန်ဖြစ်                   ပဲစင်းငုံနီက မုံရွာဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ် လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီးတစ်ပိဿာကို ၁ဝ၉ဝ ကျပ်(တစ်တန်ကို ၆၆၇၅ဝ၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ပဲတီစိမ်း ကြီးကို မန္တလေးဝယ်လက်နှင့် ဒေသတွင်းခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၄၄၇ ကျပ်(တစ်တန်ကို ၈၈၆၁၂၈ ကျပ်)နဲ့နေ့စဉ် အတိ ် ၅ဝဝ ခန့်ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ပြန်ကျလာတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ။် ကုလားပဲဖြူလုံးကြီးကတော့ ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်နည်းနေပေမယ့် ခွဲစက်သမားများက ပဲသစ်မပေါ်မီစပ်ကြား ပစ္စည်းဖြည့်တင်းတဲ့အနေနဲ့ တစ်ပိဿာကို ၁၃၄၂ ကျပ်(တစ်တန်ကို ၈၂၁၈၂၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။

Monday, 17 Jan 2011

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်           ရေတွက်ပုံ               ဈေးနှုန်း(ကျပ်)                  ပြောင်းလဲမှု                                                       ယခင်အပတ်      ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ              ၁၁၃၇           ၁၃၅၈၂ ပဲစင်းငုံနီ                  ၁ ပိဿာ               ၈၅ဝ            ၁ဝ၄ဝ၃ ပဲတီစိမ်းကြီး(သစ်)    ၁ ပိဿာ               ၁၃၉၄           ၁၅၂၆၄ မတ်ပဲ(သစ်)            ၁ ပိဿာ                ၁ဝဝဝ         ၁ဝ၅ဝ၅ ပဲတီစိမ်းသေး          ၁ ပိဿာ                ၁ဝ၂၆         ၁၁၅ဝဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးလှုပ်ပြီးအရောင်းအဝယ်ပုံမှန်ဖြစ်                မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီး ထက်စာရင် ပဲတီစိမ်းသေးက ဈေးကွက်အဝင်များတာကြောင့် ပဲတီစိမ်းကြီးက ဈေးမာလာတာတွေ့ ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး တစ်ပိဿာကို ၁၅၂၆ ကျပ် (တစ်တန်ကို ၉၃၄၅ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် ပုံမှန်အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ပဲစင်းငုံနီ(သစ်)ကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်တွေကလည်း ဝယ်အားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ့ ာပြီး တစ်ပိဿာ ကို ၁ဝ၄ဝ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 11 Jan 2011

မုံရွာကုန်စည်ဒိုင်စဉ် အမျိုးအမည်          ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                                 ယခင်အပတ်      ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ             ၁၁၇၃             ၁၂၃၇၂ ပဲစင်းငုံနီ                ၁ ပိဿာ               ၈၂ဝ              ၈၅ဝ၃ ပဲတီစိမ်းကြီး(သစ်)    ၁ ပိဿာ              ၁၁ဝဝ             ၁၃၉၄၄ မတ်ပဲ(သစ်)           ၁ ပိဿာ                ၉၇၅               ၁ဝဝဝ၅ ပဲတီစိမ်းသေး          ၁ ပိဿာ              ၁ဝဝဝ              ၁ဝ၂၆ ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းကြီးနဲ့ ပဲစင်းငုံနီပုံမှန်အရောင်းအဝယ်ဖြစ်                ပဲတီစိမ်းကြီးကဈေးကွက်သို့အဝင်မလှိုင်သေးပေမယ့် မန္တလေး ဝယ်လက်နဲ့ရန်ကုန်ဝယ်လက်ကဈေးကွက်အဝင်ရှိသလောက် ပုံမှန် အဝယ်ရှိလို့ ယခင်အပတ်နဲ့စာရင်  ဈေးမြင့်လာပြီး တစ်ပိဿာကို ကို ၁၃၉၄ ကျပ်(တစ်တန်ကို ၈၅၃၆၇၁ ကျပ်)နဲ့နေ့စဉ်အိတ် ၃ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(သစ်) ကို ရန်ကုန်ဝယ် လက်နဲ့ဒေသတွင်း လှောင်လက်ကုန်သည်အချို့က ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ့ ာပြီး တစ်ပိဿာကို ၈၅ဝ ကျပ် (တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့နေ့စဉ်အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။

Sunday, 2 Jan 2011

မုံရွာကုန်စည်ဒိုင်စဉ် အမျိုးအမည်              ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)                  ပြောင်းလဲမှု                                                     ယခင်အပတ်         ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ      ၁၁၈၄                  ၁၁၇၃၂ ပဲစင်းငုံနီ                     ၁ ပိဿာ         ၆၈၅                   ၈၂ဝ၃ ပဲတီစိမ်းကြီး(သစ်)        ၁ ပိဿာ        ၁၂၁၁                  ၁၁ဝဝ၄ မတ်ပဲ(သစ်)                ၁ ပိဿာ         ၉၂၅                     ၉၇၅၅ ပဲတီစိမ်းသေး              ၁ ပိဿာ        ၁ဝ၂၆                 ၁ဝဝဝ ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးမြင့်လာ                    မိုးမတ်ပဲ(သစ်)တွေ မုံရွာဈေးကွက်သို့အဝင်အထိုက်အလျောက် ရှိပြီး မန္တလေးဝယ်လက်နဲ့ ဒေသတွင်း ခွဲစက်လုပ်ငန်းရှင်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာက ို ၉၇၅ ကျပ်(တစ်တန် ကို ၅၉၇ဝ၈ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပဲစင်းငုံနီ(သစ်)တွေ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းလှောင်လက်ကုန် သည်အချို့က အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးတိုးပေးပြီး အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့််လ် ာပြီး တစ်ပိဿာကို၈၂ဝ ကျပ်(တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်) နဲ့နေ့စဉ်အိတ် ၂ဝဝ မှ ၄ဝဝ ကြားအဝယ်ရှိခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။  ပဲတီစိမ်း ကတော့ မန ္တလေး ဝယ်လက်နဲ့ဒေသတွင်းခွဲစက်သမားများ က အဝယ်ပြန်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေးကျ လာပြီး တစ်ပိဿာကို ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။

Thursday, 30 Dec 2010

မုံရွာကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)                        ပြောင်းလဲမှု                                          ယခင်အပတ်        ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ      ၁၂၄၇              ၁၁၈၄၂ ပဲစင်းငုံနီ                 ၁ ပိဿာ        ၆၆၅               ၆၈၅၃ ပဲတီစိမ်းကြီး(သစ်)     ၁ ပိဿာ       ၁၂၈၉               ၁၂၁၁၄ မတ်ပဲ(သစ်)            ၁ ပိဿာ       ၁ဝဝဝ                ၉၂၅၅ ပဲတီစိမ်းသေး           ၁ ပိဿာ       ၁ဝဝဝ               ၁ဝ၂၆ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းနဲ့ကုလားပဲဖြူလုံးကြီးကျဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်                ပဲတီစိမ်းကြီး ကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က အဝယ်နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၁၁ ကျပ်(တစ်တန်ကို ၇၄၁၆ဝ၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၃ဝဝမှ ၅ဝဝ ကြားသာ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ကု လားပဲဖြူကြီး ကိုဒေသတွင်းပဲခွဲစက် လုပ်ငန်းရှင်များနဲ့ နယ်ဝယ်လက်က ဝယ်အား အထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၁၈၄ ကျပ် (တစ်တန်ကို ၇၂၅ဝ၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 23 Dec 2010

မုံရွာမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်ပုံမှန်ဖြစ်               ပဲတီစိမ်းကြီး ကို အရည်အသွေးပေါ် မူတည်ပြီး မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၈၉ ကျပ်(တစ်တန်ကို ၇၈၉၃၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီး ကို ဒေသတွင်းပဲခွဲစက်လုပ်ငန်း ရှင်များနဲ့ နယ်လက်အဝယ်သွက်ခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာကို ၁၂၄၇ ကျပ် (တစ်တန်ကို ၇၆၃၆၅ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၄ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။

Wednesday, 15 Dec 2010

 မုံရွာမှာ ပဲတီစိမ်းဈေးငြိမ်ပြီး ကုလားပဲဖြူလုံးကြီးဈေးကျ          ပဲတီစိမ်းကြီး ကိုအရည်အသွေးပေါ်မူတည်ပြီး မန ္တလေးဝယ် လက်က တစ်ပိဿာကို ၁၂၆၃ ကျပ်(တစ်တန်ကို ၇၇၃၄၄၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၂၁၁ ကျပ် (တစ်တန်ကို ၇၄၁၆ဝ၄ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်း သူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် နေ့စဉ် အိတ် ၁ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Pages