Main menu

Background

Friday, 28 Jan 2011

မြင်းခြံကုန်စည်ဒိုင် စဉ် အမျိုးအမည်            ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                                      ယခင်အပတ်    ယခုအပတ်၁ ပဲစင်းငုံနီ(သစ်)            ၁ ပိဿာ               ၁ဝဝဝ         ၁ဝ၈၅၂ ထောပတ်                   ၁ ပိဿာ               ၉ဝဝ             ၉၆ဝ၃ ပဲစင်းငုံကြား                ၁ ပိဿာ                ၉ဝဝ           ၉၈၅မြင်းခြံမှာ ပဲစင်းငုံနီနဲ့ ထောပတ်ပဲ ပုံမှန်အရောင်းအဝယ်ဖြစ်                ဒီတစ်ပတ် မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ထောပတ်ပဲဈေးအနည်းငယ်မြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီက ဈေးကွက်သို့အဝင်အားကောင်းနေသလို ရန်ကုန်ဝယ်လက်ကလည်း လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၈၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထောပတ်ပဲ ကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင ် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၆ဝ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။

Monday, 17 Jan 2011

မြင်းခြံကုန်စည်ဒိုင်စဉ် အမျိုးအမည်                 ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                                     ယခင်အပတ်           ယခုအပတ်၁ ပဲစင်းငုံနီ                         ၁ ပိဿာ           ၇၅ဝ                   ၈ဝဝ၂ ပဲစင်းငုံနီ(သစ်)                  ၁ ပိဿာ          ၈၂ဝ                   ၁ဝဝဝ၃ ထောပတ်အဖြူ                  ၁ ပိဿာ         ၁ဝဝဝ                  ၉၅ဝမြင်းခြံမှာ ပဲစင်းငုံနီတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်              ပဲစင်းငုံနီ(သစ်)က မြင်းခြံဈေးကွက်သို့ အဝင်လှိုင်နေသလို ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေးကြိုက်နှစ်သက်လို့ အဝယ် သွက်နေကြောင်းသိရပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁ဝဝဝ ကျပ် (တစ်တန်ကို ၆၁၂၃၉ဝ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅ဝ မှ ၂ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထောပတ်ပဲကဲ ိုလည်း ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၉၅ဝ ကျပ် (တစ်တန်ကို ၅၈၁၇၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် အဝယ်ရှိခဲ့ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ သွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 11 Jan 2011

မြင်းခြံကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)                   ပြောင်းလဲမှု                                        ယခင်အပတ်        ယခုအပတ်၁ ပဲစင်းငုံနီ              ၁ ပိဿာ       ၇ဝဝ                ၇၅ဝ၂ ပဲစင်းငုံနီ(သစ်)      ၁ ပိဿာ         ၇၂ဝ               ၈၂ဝမြင်းခြံမှာ ပဲစင်းငုံနီ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်             ပဲစင်းငုံနီ(သစ်)က ဈေးကွက်သို့ အဝင်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်နဲ့မြို့ခံလှောင်လက် ကုန်သည်အချို့က ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာာပီး တစ်ပိဿာ ကို ၈၂ဝ ကျပ် တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၇ဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 5 Jan 2011

မြင်းခြံကုန်စည်ဒိုင်စဉ် အမျိုးအမည်                 ရေတွက်ပုံ                  ဈေးနှုန်း(ကျပ်)                      ပြောင်းလဲမှု                                                               ယခင်အပတ်               ယခုအပတ်၁ ပဲစင်းငုံနီ                         ၁ ပိဿာ                ၆ဝဝ                         ၇ဝဝ၂ ပဲစင်းငုံနီ(သစ်)                 ၁ ပိဿာ                ၆၅ဝ                         ၇၂ဝမြင်းခြံမှာ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်                         ဒီတစ်ပတ်မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီတစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံက အရောင်းအဝယ်အေးနေတယ် လို့သိရပါတယ်။ ပဲစင်းငုံနီ(သစ်) ကဈေးကွက်သို့ လှိုင်လှိုင်မဝင်သေး ပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်ကုန်သည်များက တစ် ပိဿာကို ၇၂ဝ ကျပ်(တစ်တန်ကို ၄၄ဝ၉၂ဝကျပ်)နဲ့နေ့စဉ်အိတ် ၂ဝ မှ ၃ဝ ကြားပုံမှန်အဝယ်ရှိနေတယ်လို့ မြိုှု့ခံကုန်သည်များကဆိုပါတယ်။

Thursday, 30 Dec 2010

မြင်းခြံကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)         ပြောင်းလဲမှု                                                   ယခင်အပတ်     ယခုအပတ်၁ ပဲစင်းငုံနီ                  ၁ ပိဿာ              ၇ဝဝ       ၆ဝဝ ၂ ပဲစင်းငုံနီ(သစ်)         ၁ ပိဿာ                -           ၆၅ဝ                         -မြင်းခြံမှာ ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ်              ပဲစင်းငုံနီ (အဟောင်း) ကို ရန်ကုန်ဝယ်လက်က အရည်အသွေး လိုတဲ့အပေါ် ဈေးချအဝယ်ရှိသလို ငွေပြန်ပေါ်လိုတဲ့ကုန်သည်အချို့ ကလည်း ထုတ်ရောင်းမှုတွေရှိတာကြောင့် တစ်ပိဿာကို ၆၆ဝကျပ် (တစ်တန်ကို ၃၆၇၄၃၄ ကျပ်) နဲ့နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်ဈေးကွက်သို့ ပဲစင်းငုံနီ(သစ်) တွေစတင်ဝင်ရောက်ပြီး တစ်ပိဿာကို ၆၅ဝ ကျပ် (တစ် တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ ဈေးဖွင့်အရောင်းရှိနေတယ်လို့ သိရပါတယ်။

Thursday, 23 Dec 2010

မြင်းခြံမှာ ပဲစင်းငုံနီ ဈေးကျ            ဒီတစ်ပတ်မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီက ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲတီစိမ်းက ရက်ခြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံန ငုံနီက ရောင်းတဲ့ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးနှိမ်ပြီး အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ ကျလာပြီး တစ်ပိဿာကို ၇ဝဝ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့် သာ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။

Wednesday, 15 Dec 2010

မြင်းခြံမှာ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်                   ပဲစင်းငုံနီကီ ို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ငွေပြန်ပေါ်လိုတဲ့ ကုန်သည်တစ်ခိုျ့ကလည်း အရောင်းရှိတာကြောင့် တစ်ပိဿာကို ၇၂၅ ကျပ် (တစ်တန်ကို ၄၄၃၉၈၂ ကျပ်) နဲ့နေ့စဉ် အိတ် ၅ဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။

Thursday, 9 Dec 2010

မြင်းခြံမှာ ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                ပဲစင်းငုံနီကို ငွေပြန်ပေါ်လိုသော လှောင်လက် ကုန်သည် အချို့ အရောင်းရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးချ အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကို မန္တလေး၊ရန်ကုန် ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၁ဝဝ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ကျပ်)နဲ့ ဝယ်အားအထိုက် အလျောက် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။

Thursday, 2 Dec 2010

 မြင်းခြံမှာ ကုလားပဲဖြူလုံးနဲ့ ပဲတီစိမ်းသေးကျဈေးနဲ့ အရောင်းအဝယ်ဖြစ်               ကုလားပဲဖြူကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက ဈေးချအဝယ်ရှိသလိုဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၂၅ ကျပ်(တစ်တန်ကို ၇၅ဝ၁၇၇ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သရိ ပါတယ။် ပဲတီစိမ်းသေးကို မန ္တလေးဝယ်လက်က တစ်ပိဿာကို ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကမဆိုသိသလောက် ကျနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။

Thursday, 25 Nov 2010

မြင်းခြံမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်           ပဲတီစိမ်းလုံးကြီးကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ မှ ၃ဝဝ ကြားဝယ်အားပုံမှန်ရှိပင်မယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ် နေတယ်လို့သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်ကဈေးချအဝယ်ရှိသလို လှောင်လက်ကုန်သည်အချို့ကလည်း ငွေပြန်ပေါ်လိုတာကြောင့် အိတ်အနည်းငယ်ခန့် အရောင်းရှိခဲ့တယ်လို့ မြို့ခံကုန်သည် များကဆိုပါတယ်။

Pages