Main menu

Background

Monday, 5 Feb 2024

ရန်ကုန်တိုင်းဒေသကြီး   ရွှေလုပ်ငန်းရှင်များအသင်း  (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၆ သိန်းကျော်ဖြစ်ကြောင်း  အဆိုပါအသင်းမှ သိရသည်။ အဆိုပါအသင်း၏ ဈေးကွက်အဖွင့်ဈေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊  ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာကာလအတွင်း ကျပ် ၃၇ သိန်း ကျော်တွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ကျပ် ၃၆ သိန်း ကျော်ကို ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

Monday, 15 Jan 2024

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလ အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတန်ချိန် ခုနစ်သိန်းဝန်းကျင်အထိ  တင်ပို့နိုင်ရန်  မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ 
လက်ရှိတွင်    မြန်မာ့ပြောင်း   တင်ပို့ခွင့် အတွက် ထိုင်း၊ တရုတ်နှင့်   ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီခုနစ်ခုနှင့်  MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦး က ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။

Monday, 15 Jan 2024

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSX) မှ သိရသည်။

Monday, 1 Jan 2024

ဝါဂွမ်းရရှိသော ဝါပင်သည် မည်သည့်နိုင်ငံ၌ ပထမဆုံး ပေါက်သည်၊  မည်သည့်နိုင်ငံသည် ဝါဂွမ်းကို ပထမဆုံးအသုံး ပြုခဲ့သည်ဟူသောအချက်ကို အတိအကျဆုံးဖြတ်ရန် ခဲယဉ်း ပေသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅၀ဝ ခန့်ကပင် ချည်ထည်များကို  အသုံးများနေပြီဖြစ် ကြောင်း အထောက်အထားများ တွေ့ရသည်။ 

Monday, 1 Jan 2024

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်ရှိ  ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်၊ ညောင်ပင်သာ  စသည့်ကျေးရွာများတွင် ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲတီစီမ်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြား စားဖိုဆောင်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ကုန်းကြီးအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်း ကြက် သွန်နီ (ခေါ်)ပျိုးပင်စိုက်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြောင်း သိရသည်။

Monday, 1 Jan 2024

ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် တစ် သျှူးငှက်ပျောများကို  ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်တင်ယာဉ် အစီးရေ ပြန်လည်  များပြားလာကြောင်း ကချင် ပြည်နယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ် ငန်းရှင်များအသင်းမှ သိရသည်။ ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် တင်ပို့ မည့် တစ်သျှုးငှက်ပျော ကုန်တင်ယာဉ်အစီးရေမှာ ဒီဇင်ဘာလ ပထမပတ်က အစီးရေ ၁၅၀ ကျော်သာ ရှိခဲ့သော်လည်း ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ကုန် တင်ယာဉ်အစီးရေ ၂၅၀ကျော်အထိ ရှိလာကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့်   ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို  ကံပိုင် တည် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အများ ဆုံး

Monday, 1 Jan 2024

အွန်လိုင်းမှ ဈေးရောင်းချသူများအနေဖြင့် ဇန်နဝါရီလမှစတင်ကာ မှတ်ပုံ တင်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ မှတ်ပုံတင်ကြေး ကောက်ခံမည့် နှုန်းထားများမှာ ကုမ္ပဏီ (သို့မဟုတ်) စီးပွား ရေးအဖွဲ့များ၏ မှတ်ပုံတင်ကြေးကျပ် ခုနစ်သောင်း၊ သက်တမ်းတိုးကြေး ကျပ် ခုနစ် သောင်းဖြစ်ကြောင်း သိရသည်။ အလားတူ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထားတစ်ခုခု ပါရှိသည့် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်း၏ မှတ်ပုံတင်ကြေးကို ကျပ်ငါးသောင်း၊ သက်တမ်းတိုးကြေး ကျပ်ငါးသောင်း သတ်မှတ်ထားကြောင်း

Wednesday, 20 Dec 2023

ကမ္ဘာပေါ်တွင် လူသားများ အသက်ရှင် နေထိုင်စားသောက်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကဏ္ဍမှာ မရှိမဖြစ် လိုအပ် သည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့်  မွေးမြူရေး စီးပွားရေးကဏ္ဍသည် အရေးပါသည့်အတွက် ကမ္ဘာပေါ်ရှိ  နိုင်ငံတိုင်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်း စားသုံးမှု  ဖူလုံစေရန်အတွက်နှင့် နိုင်ငံတော် ဘဏ္ဍာငွေရရှိစေရန်အတွက် အစဉ် ဦးစားပေး ဆောင်ရွက်လျက်ရှိကြသည်။

Wednesday, 20 Dec 2023

ဧရာဝတီတိုင်းဒေသကြီးအတွင်း  မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ  တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  အတည်ပြုမိန့် ထုတ်ပေးထားပြီး ပြည်ပနိုင်ငံသားများ ရာနှုန်း ပြည့်   လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ပုသိမ်မြို့   စက်မှုဇုန်တွင်    Amava Apparel Co,Ltd China Moon Sports Myanmar Dong Long ( Pathein) Garment  Harkers Enterprise Myanmar Co,Ltd Huabo Times Textile and Clothing Co,Ltd Myanmar Knitting Factory Ltd  North Shore Group Co,Ltd  Shaung Xi Garment  VentDest Co,Ltd CMP အထည်ချုပ်စက်ရုံ  ကိုးရုံ၊ ကန် ကြီးထောင့်မြို့တွင် Huameng CMP အထည် ချုပ်စက်ရုံတ

Monday, 4 Dec 2023

နှစ်စဉ် ဆားလိုအပ်ချက်ရှိနေသည့် တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ   မြန်မာ့ဆားကြမ်း များကို တန်ချိန်  ရာနှင့်ချီ  ဝယ်ယူရန် ကမ်းလှမ်း ထားပြီး လက်ရှိမှာ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း    မွန်ပြည်နယ်  ဆားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။  
မြန်မာနိုင်ငံတွင်    နှစ်စဉ်     ဆားတန်ချိန် လေးသိန်းကျော် ထုတ်လုပ်လျက်ရှိပြီး မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်  ဧရာဝတီတိုင်းဒေသကြီးတို့မှ အဓိကထုတ်လုပ်နေခြင်းဖြစ်သည်။  

Pages