Main menu

Background

ထိုင်းနဲ့ ဘူဂေးရီးယားမှ ဓာတ်မြေသြဇာများတင်သွင်း

Mon, 05/14/2012 - 06:04 -- Anonymous (not verified)

ထိုင်းနဲ့ ဘူဂေးရီးယားမှ ဓာတ်မြေသြဇာများတင်သွင်း         ဧပြီ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၉၃၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့ တဲ့ မြေသြဇာတွေက ထိုင်း နိုင်ငံမှ ကွန်ပေါင်းမြေသြဇာက တန်ချိန် ၄၈၀၊ ကောမတ်မြေသြဇာက တန်ချိန် ၂၅၀ နဲ့ ဘူဂေးရီး ယားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာက တန် ၂၀၀ အသီးသီးမှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်မြေသြဇာ တင်သွင်းမှုက တန်ချိန်တစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် မြေသြဇာအဝင် လျော့နည်း ခဲ့တာတွေ့ရ ပါတယ်။                                                                   MIRT (DOT)နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၄၅၀၀ ကျော်အသွင်းရှိ ဧပြီ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၃၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန် ၉၄၉၀ ကျော် အသွင်းရှိခဲ့ရာ ယခင်အပတ် ကထက် တန် ၄၇၅၀ နီးပါးအသွင်းပိုခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်နယ် စပ်မှ ၃၉၆၇ တန်၊ ကော့သောင်းမှ တန် ၅၇၀ အသွင်းပိုခဲ့သော်လည်း ရိဒ်မှ ၆ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေက တော့ မူဆယ်နယ်စပ်မှ ၈၄၉၈ တန်ခန့်၊ ချင်းရွှေဟော်မှ တန် ၂၀၀၊ ကန်ပိုက်တီးမှ တန် ၆၀၀၊ ရိဒ်မှ ၁၉၃ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင် သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅) နိုက်တြစ် ဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်နဲ့ ကွန်ပေါင်း (၁၃း၅း၇)တို့ဖြစ်ပါတယ်။ ကန် ပိုက်တီးမှ အမိုးနီးယား၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ချင်းရွှေဟော်မှ ကွန်ပေါင်းတို့ဖြစ်ကြပါတယ်။MIRT (DOBT)ပုံမှန်လေးပဲ ရောင်းဈေးရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ ဆိုပါ တယ်။ အရောင်းအေးတာနဲ့အမျှ ဈေးတွေကလည်း ကျလာတယ်လို့ဆို ပါတယ်။ ကွန်ပေါင်းနဲ့ တီစူပါက ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်းဈေးကျလာပြီး ယူရီးယား-ပုလဲက ၁၅၀၀ ကျပ်လောက်ဈေးမြင့်လာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ သြင်္ကန်အပြီး မြေသြဇာဈေးတွေမှာ ယူရီးယား-ပုလဲ (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်းအစိမ်း ၁၅း၁၅း၁၅ (ထိုင်း)က ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)က ၂၃၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈(မြင်းပျံ-ထိုင်း)က ၂၉၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြှားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ယူရီးယား-ပုလဲနဲ့ ဓါတ်ဆား က ရောင်း အားနည်းနည်းရှိလာပြီး ကျန်မြေသြဇာက အရောင်းမတက်ဘဲရှိ တယ်လို့သိရပါ တယ်။ ဓာတ်မြေသြဇာဈေးက ယူရီးယား-ပုလဲ ၁၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ က ၅၀၀ ကျပ်၊ မြှားကမ္ဘာက ၅၀၀ ကျပ်ဈေးတက်ပြီး၊ တီစူပါ ၁၂% က ၅၀၀ ကျပ်၊ ပိုတက်က ၂၅၀၀ ကျပ်နဲ့ ဓါတ်ဆားက ၅၀၀ ကျပ်ဈေးလျော့ကာ ကျန်မြေသြ ဇာက ယခင်ဈေးအတိုင်းပဲရှိနေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်မြေသြဇာ ဈေးတွေက ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင်-ပန်းဖူး) (တရုတ်) က ၂၂၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) က ၃၆၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ၁၆၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၇၀၀၀ ကျပ်၊ ပိုတက်က ၂၅၅၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) က ၂၀၀၀၀ ကျပ် နဲ့ မြှားကမ္ဘာက ၁၇၅၀၀ ကျပ် ဈေးရှိ တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်တွင် ဓာတ်မြေသြဇာက ရောင်းအားရှိလာတယ်လို့ မြေ သြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ တော့ တရုတ် ပြည်မှ ဝယ်ဈေးတက်တာကြောင့် မြေသြဇာဈေးတွေ အနည်းငယ် တက်လာ တယ်လို့သိရပါတယ်။ ယူရီးယားမြေသြဇာက ၁၄၀၀ ကျပ်၊ တီစူပါက ၄၀၀ ကျပ် နဲ့ ကွန်ပေါင်းမြေသြဇာက ၇၀၀ ကျပ်စီဈေးမြင့်လာတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက် မြေဆီဈေးများမှာ-ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၂၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်) ၂၁၃၀၀ ကျပ်၊ တီစူပါ(သံကွင်း) ၂၁၂၀၀ ကျပ်၊ တီစူပါ ၁၆% ၈၉၀၀ ကျပ်၊ တီစူပါ ၁၂% ၈၄၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၂၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၃း၅း၇ က ၁၃၆၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၄၈၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၅း၅ က ၁၄၉၀၀ ကျပ်နဲ့ ကွန်ပေါင်း (မြားကမ္ဘာ) ၁၂း၁၃ က ၁၅၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရှိ ရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအနည်းငယ်တက်လာ တယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရာသီချိန် ရောက်ခါနီးပြီမို့ မြေသြဇာဈေးကလည်း အနည်းငယ်ဦးမော့လာတယ်လို့ ဆိုပါတယ်။ မြေသြဇာတစ် မျိုးကို ၂၀၀ ကျပ်မှ ၂၀၀၀ ကျပ်အတွင်းဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ် ပတ်ဈေးတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)က ၁၆၈၀၀ ကျပ်၊ (အစိမ်း) က ၁၅၈၀၀ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၆၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၈၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး) ၂၅၀၀၀ ကျပ်၊ (ရွှေတောင်)က ၂၂၇၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၃၂၀၀ ကျပ်၊  တောင်သူမက ၁၅၈၀၀ ကျပ်၊ ပိုတက်က ၂၅၀၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။MIRT (DOBT)