Main menu

Background

စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် အရေးပါသည့် စစ်ကိုင်းတိုင်းဒေသကြီး

Mon, 12/01/2025 - 10:47 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ရှမ်းပြည်နယ် ပြီးလျှင်  ဒုတိယအကြီးဆုံး တိုင်းဒေသကြီးတစ်ခုဖြစ် သည်။ အနောက်ဘက်နှင့် အနောက်မြောက်ဘက် တွင်  အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုလမ်းကြောင်းများ တည်ရှိပြီး တောင်ဘက်ဆုံးရှိ စစ်ကိုင်းတံတားမှတစ် ဆင့် ပြည်တွင်း ပြည်ပသို့ ကုန်စည်ကူးသန်းရောင်းဝယ် ရေးကွန်ရက်များ တည်ရှိသည်။ ကုန်ပစ္စည်းထုတ်လုပ် တင်ပို့ရေးတွင်လည်း အရေးပါ အရာရောက်သည့် ဒေသကြီးတစ်ခုဖြစ်သည်။ 
စစ်ကိုင်းတိုင်းဒေသကြီး၏ အဓိကထွက်ကုန်မှာ လယ်ယာထွက် ကောက်ပဲသီးနှံနှင့် အသေးစား၊အငယ် စား၊ အလတ်စား စက်မှုလက်မှု ထုတ်ကုန်ပစ္စည်းများ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး  စိုက်ပျိုးရေးထွက် ကုန်များ၏ ထူးခြားချက်မှာ အရည်အသွေးမြင့်မားပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် လူကြိုက်များခြင်းပင် ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့်  ကုန်စည် ကူးသန်း‌ရောင်းဝယ်ရေးအတွက် အထောက် အကူများစွာ ရရှိစေသည်။ 
စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသော ကောက်ပဲသီးနှံများ
နာမည်ကြီးသည့် ရွှေဘိုပေါ်ဆန်းဆန်၊ ဧရာမင်း ဆန်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ပဲကြီး၊ ကုလားပဲ၊ မြေပဲ၊ နှမ်း၊နေကြာ၊ အစေ့ထုတ် ပြောင်း၊ ကြက်သွန်နီ၊ ဝါ၊ ကြံနှင့် ဂျုံ တို့သည် အဓိက အရောင်းအဝယ်သွက်လျက် ရှိသည့် ကောက်ပဲသီးနှံများဖြစ်သည်။ 
အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းထုတ်ကုန်များ
ဒေသထွက် ဂျုံ၊ ပဲအမျိုးမျိုးနှင့်  နှမ်းတို့ကို အခြေခံထုတ်လုပ်သည့် အသင့်စား စားသောက်ကုန် ပစ္စည်းများသည် ပြည်တွင်း၌ လူကြိုက်များသည့် ထုတ် ကုန်များဖြစ်သည်။  ထို့အပြင် ပျားရည်သန့်၊ ဆိတ် သားခြောက်၊ ဝက်အူချောင်း၊ မုန့်မျိုးစုံများလည်း လူ ကြိုက်များသည့် ထုတ်ကုန်များဖြစ်သည်။
စစ်ကိုင်းမြို့ရှိ ကျောက်စိမ်းအချောထည်လုပ် ငန်း၊ ကြိမ်ထည်လုပ်ငန်း၊ ငွေထည်ကြေး ထည်လုပ်ငန်း နှင့်  မော်တော်ဆိုင်ကယ်အပိုပစ္စည်း  ထုတ်လုပ်ရေး လုပ်ငန်းများသည်လည်း ပြည်တွင်း၊ ပြည်ပ ဈေးကွက် ထိုးဖောက်နိုင်သည့် အနေအထားဖြစ်သည်။
တိုင်းဒေသကြီးအတွင်း  ဆန်စက်ကြီး/ငယ် ပေါင်း (မှတ်ပုံတင်ပြီး)၁၃၃၄ လုံးနှင့် ဆီစက်ပေါင်း ၃၅၀ ရှိရာ ၎င်းတို့မှ ထွက်ရှိသော ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ် နှင့်  နှမ်းဖတ်တို့ကို  တိရစ္ဆာန်အစာ ထုတ်လုပ်သည့် လုပ်ငန်းအတွက်  ကုန်ပစ္စည်းအဖြစ်  အသုံးပြုကြပြီး ဒေသတွင်းပိုလျှံပါက အခြားတိုင်းဒေသကြီးနှင့် ပြည် နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။
အခြားဒေသများမှ တိုင်းဒေသကြီးအတွင်းသို့တင်သွင်းသည့် ကုန်ပစ္စည်းများ
အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းသို့ ဝယ်ယူတင်သွင်းသည့် ကုန် ပစ္စည်းများအနက် အများဆုံး စားသောက်ကုန်ပစ္စည်း၊  လူသုံးကုန်ပစ္စည်းနှင့်  တည်ဆောက်ရေးသုံး ပစ္စည်း များမှာ အများဆုံးဖြစ်သည်။
စားသောက်ကုန်များမှာ   မြန်မာနိုင်ငံအထက်  ပိုင်းနှင့် အောက်ပိုင်းထွက် ဆန်နှင့် ဆန်ထွက်ပစ္စည်း များ၊ စားအုန်း ဆီများ၊ အသားငါးများ၊ ကြက်ဥ၊ ဘဲဥ များ၊ အသင့်စား မုန့်အမျိုးမျိုးနှင့်အချိုရည်များ စသည် ဖြင့် ဝင်ရောက်လျက်ရှိသည်။ လူသုံးကုန်ပစ္စည်း အမျိုး မျိုးနှင့်  အိမ်သုံးဆေးဝါးများလည်း  လစဉ်ပုံမှန်ဝင် ရောက်လျက်ရှိကြောင်း တွေ့ရှိရသည်။
စစ်ကိုင်းတိုင်း‌ဒေသကြီးသည်  အသေးစား၊ အငယ်စားနှင့်  အလတ်စားလုပ်ငန်းများ  အတော် အတန်  ဖွံ့ဖြိုးလျက်ရှိသဖြင့် စီးပွားရေးလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် အရေးပါသည့် ဒေသကြီး တစ်ခုအနေဖြင့် တည်ရှိနေမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးထွက်   သီးနှံများ၏ အရည်အသွေးသည်  ကောင်းမွန်ပြီး လူကြိုက်များ သည်။ စိုက်ပျိုးမှုဧရိယာ  ကျယ်ပြန့်ပြီး  စိုက်ပျိုးရေး အတွက် ဆည်ကန်များ၊ မြစ်ရေတင်စနစ်များနှင့်  ရေ တွင်းများမှ ရေရရှိရေးများ ဆောင်ရွက်နိုင်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ဖြင့်  ‌ဈေးကွက်သို့ အချိန်တိုအတွင်း  ပို့နိုင်ခြင်းမှာ စိုက်ပျိုးရေးအတွက် အားသာချက်များဖြစ်သည်။ 
ဤအားသာချက်များကို   အသုံးချနိုင်ရေး အတွက် စုပေါင်းလယ်ယာစနစ် တည်ထောင်ရေးကို စည်းရုံး ဆောင်ရွက်သွားမည်ဖြစ်သည်။ စစ်ကိုင်းတိုင်း ဒေသကြီး၏ ပို့ကုန်နှစ်ဆအစီအမံ  အောင်မြင်ရေး အတွက် အားလုံး  ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ် သည်။

ခမ်လျန်စွမ်း (စီးပွား/ကူးသန်း)