Main menu

Background

Thursday, 8 May 2014

စင်ကာပူနိုင်ငံက ဟိုတယ် ၁၁ ခုကို အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံသူတွေကိုရောင်းချခဲ့တဲ့အပြင် စင်ကာပူမှာရှိတဲ့ ဟိုတယ်တွေ ကလည်း အပြည်ပြည်ဆိုင်ရာဟိုတယ်လုပ်ငန်းကွင်းဆက်တွေကို ပိုမိုရရှိအောင် ဆွဲဆောင်စည်းရုံးလျက်ရှိကြောင်း

Thursday, 8 May 2014

 

မြန်မာနိုင်ငံက အခွင့်အလမ်းတွေ ပြည်ဝနေတဲ့နိုင်ငံဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းဆောင်ရွက်ဖို့လာတဲ့ ထိုင်း ရင်းနှီးမြှုပ်နှံသူတွေက ဒီနိုင်ငံနဲ့ပတ်သက်တဲ့အယူအဆကို ပြောင်းဖို့လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် ပီဆာနု ဆူဗန်နာဂျာတာက ပြောတယ်လို့

Monday, 8 Apr 2013

ပြည်ပမှငွေကြေးများအမြောက်အမြားဝင်လာစေဖို့နဲ့ အကြီးအကျယ် နှေး ကွေးနေတဲ့ စီးပွားရေးတိုးတက်မှု ကိုမြှင့်တင်ဖို့အတွက် အိန္ဒိယနိုင်ငံကနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အထိန်းအချုပ်များကိုထပ်မံလျှော့ချ မှာ ဖြစ် ကြောင်း အိန္ဒိယဏ္ဍာရေးဝန်ကြီးက မတ် ၁၈ ရက်ကပြောပါတယ်။ စီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်လက်လီရောင်းချမှု လုပ်ငန်းမှလေကြောင်းသွားလာရေးလုပ်ငန်းအဆုံးကဏ္ဍအသီးသီးမှာ FDI ထိန်းချုပ်မှုတွေကို ကွန်ဂရက်ပါတီဦးဆောင်တဲ့အစိုးရကစက်တင်ဘာအတွင်းက လျှော့ချပေးခဲ့ပါတယ်။

Wednesday, 9 Jan 2013

တရုတ်နိုင်ငံစီးပွားရေးက ပြန် လည်ရှင်သန်လာတဲ့လက္ခဏာတွေပြသ လာတဲ့အတွက် ဒီဇင်ဘာမှာ အာရှဒေသ ရဲ့ကုန်ထုတ်လုပ်ငန်းတွေပြန်ပြီးလှုပ်လှုပ် ရှားရှားဖြစ်လာပါတယ်။ ဒါပေမဲ့ ပို့ကုန် ဝယ်လိုအား မညီမညာတက်လိုက်ကျ လိုက်ဖြစ်နေပြီးဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှုထပ်မံနှေးကွေးစေမဲ့အခြေအနေ ကိုပြသနေကြောင်း စီးပွားရေးစစ်တမ်း တစ်ခုမှ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ တရုတ်စီးပွားရေး ပြန်ကောင်းလာတာကို တွေ့ရပါတယ်။စက်ရုံ ကုန်ထွက်တွေကောင်းလာပြီး အမှာစာသစ် တွေလည်း ရလာတဲ့ အတွက် ဒီဇင်ဘာမှာ အိန္ဒိယရဲ့ ကုန် ထုတ်လုပ်မှုက ခြောက်လအတွင်းအမြင့် ဆုံး ဖြစ်ခဲ့ကြောင်း ပုဂ္ဂလိကနဲ့အစိုးရ ကုန်ထုတ်လုပ်မှု စစ်တမ်းတွေအရ သိရ ပါတယ်။

Sunday, 25 Mar 2012

    အဓိကဘဏ်ကြီးများက ငွေကြေး မူဝါဒများကို တသီကြီး  အဆမတန် လျှော့ချထားတဲ့အတွက်နဲ့ ဥရောပ ကြွေးမြီ အကျပ်အတည်း တိုးတက်တဲ့ လက္ခဏာတွေပြလာတဲ့အတွက် ယခု နှစ်ထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေး တွေ တိုးတက်မှုရှိလာကြောင်း ရိုက်တာ သတင်းဌာနက စစ်တမ်းကောက်ယူ ထားတဲ့ စီးပွားရေးပညာရှင်တွေရဲ့ အဆိုအရ သိရပါတယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ်အတွင်း စီးပွားရေးပညာ ရှင် ၂၅၀ ကို စစ်တမ်း ကောက်ယူချက် အရယူရိုဇုန် ဗြိတိန်နဲ့

Monday, 20 Feb 2012

ခရီးသွားလာမှုအခြေအနေကိုကြည့် မည်ဆိုပါက အာရှက အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအလားအလာ ပိုမိုများပြား လာကြောင်း အပြည်ပြည်ဆိုင်ရာ လေ ကြောင်း သယ်ယူပို့ဆောင်ရေးအသင်း (IATA)  က ပြောကြားပါတယ်။ အမေ ရိကန်ပြည်ထောင်စုမှာ   လူတစ်ဦး လေကြောင်းဖြင့်သွားလာမှုက  တစ်နှစ် ကို ၁ ဒသမ ၈ ကြိမ်ရှိပြီး  ဂျာမဏီ တစ်နှစ်ကို  တစ်ကြိမ်သွားကြောင်း (IATA)  ရဲ့ အမှုဆောင်အရာရှိချုပ် တိုနီ တိုင်လာကပြောပါတယ်။ တရုတ်နိုင်ငံ က လူတစ်ဦးတစ်နှစ်ကို ပျှမ်းမျှ လေ ကြောင်းသွားလာမှု သုည  ဒသမ ၂ ကြိမ်နဲ့ အိန္ဒိယက သုည ဒသမ ၁ ကြိမ် ရှိတယ်လို့ သူက ပြောပါတယ်။

Tuesday, 13 Dec 2011

    ရေများပြန်ကျပြီးချိန်မှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ ရေလွှမ်းမိုးခံခဲ့ရတဲ့ စက်ရုံများတွင် လုပ်သား ၃၄၀၀၀၀ ကျော်ကို အလုပ်ရှင်များကအလုပ်ပြန်ပေးထားပြီးဖြစ်ကြောင်း အလုပ်သမားကာကွယ်ရေးနဲ့ သက်သာချောင်ချိရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် အားသစ်အစ္စမိုက ဒီဇင်ဘာ ၂ ရက်ကပြောပါတယ်။

Tuesday, 13 Dec 2011

    ယူရိုဇုန်ကသောင်းကနင်းဖြစ်မှုက ကမ္ဘာ့စီးပွားရေးကို အကျပ်အတည်းအတွင်းသိ့ု ဆွဲချသွားအောင် ခြိမ်းခြောက် နေတဲ့အတွက် တရုတ်အပါအဝင် အရှေ့အာရှနိုင်ငံများ အတွက် ၂၀၁၂ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကို အာရှ ဖွံ့ဖြိုးရေးဘဏ်က ဒီဇင်ဘာ ၆ ရက်က လျှော့ချခန့်မှန်းခဲ့ပါ တယ်။

Tuesday, 18 Oct 2011

                iPhone 4S  အမှာစာက ပထမ ၂၄ နာရီအတွင်း တစ်သန်းရှိသွားတယ်လို့ အက်ပဲက အောက်တိုဘာ ၁၀ ရက်က ပြောပါတယ်။ ဗီဒီယိုနဲ့ ဓါတ်ပုံစွမ်းဆောင်ရည်တွေ က ရှေ့ကထွက်ပြီးဖြစ်တဲ့ ပစ္စည်းတွေထက်ပိုမိုကောင်း မွန်တဲ့အတွက်  iPhone 4S အတွက် ကမ္ဘာတစ်ဝန်းမှ ကြိုတင်အမှာစာက စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ကုမ္ပဏီ က ပြောပါတယ်။                မင်မိုရီစွမ်းအားပေါ်မူတည်ပြီး စမတ်ဖုန်းတွေကို ၁၉၉ ဒေါ်လာနဲ့ ၃၉၉ ဒေါ်လာအကြားရောင်းချမှာဖြစ်ပြီး အမေ ရိကန်ပြည်ထောင်စုမှာ အောက်တိုဘာ ၁၄ ရက်ကစပြီး အက်ပဲစတိုးဆိုင်တွေမှာ ရနိုင်ပါတယ်။ အက်ပဲကို ပူးတွဲ ထူထောင်ခဲ့သူစတိဂျော့မကွယ်လွန်မီ ၁ရက်အလို အောက်တိုဘာ ၄ ရက်မှာ ပွဲဦးထွက်ရောင်းချခဲ့ တာဖြစ်ပါတယ်။ ကျန်းမာရေးညံ့နေတဲ့အတွက် စတိဂျော့က ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ဘဝမှ သြဂုတ်လမှာ နုတ်ထွက်ခဲ့ပြီး သူ့နေရာမှာ တင်မ်ကွပ်ကိုအစားထိုးခဲ့ပါတယ်။ Source.AFP

Tuesday, 11 Oct 2011

                  ယိုင်နဲ့နေတဲ့ ဥရောပဘဏ်တွေ ခွန်အားပြန်လည်ပြည့်ဖြိုးအောင်ဆောင်ရွက်ရေးနဲ့ ကြွေးမြီပေးဆပ်ဖို့ ပျက်ကွက်နိုင်တဲ့ ဂရိနိုင်ငံကြောင့် ဘဏ္ဍာရေးဈေးကွက်ထဲ အကျပ်အတည်း ဖြစ်မှာကို ရှောင်ရှားနိုင်ဖို့ပြင် ဆင်ရေးကိစ္စတွေမှာ ပြင်သစ်နဲ့ဂျာမနီတို့ သဘောထားကွဲလွဲ လျက်ရှိတယ် လို့ သံတမန်တွေက အောက်တိုတာ ၇ ရက်က ပြောပါတယ်။ ဂျာမန် ဝန်ကြီးချုပ် အိန်းဂျလာမာကယ်နဲ့ ပြင်သစ်သမ္မတ နီကိုလပ်ဆာကိုဇီတို့က ကွာဟချက်တွေကို ပေါင်းကူးပေးဖို့ ကြိုးစားမှာဖြစ်ပါတယ်။ Source:reuters.com

Pages