Main menu

Background

Tuesday, 29 Oct 2013

ဂျပန်နိုင်ငံရဲ့ အကောက်ခွန် ရှင်း လင်းပြီး ရေနံစိမ်းတင်သွင်းတဲ့ပမာဏက ယခင်နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ရင် ယခုနှစ်စက်တင်ဘာမှာ ၁၉ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သလို  LNG နဲ့ ကျောက်မီးသွေးတင်သွင်းမှုကလည်း ကျဆင်းခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့ စွမ်း အင်လိုအပ်ချက် သို့မဟုတ် ဝယ်လို အားကျဆင်းတာကို ရောင်ပြန်ဟပ်ပြသ လျက်ရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Monday, 21 Oct 2013

တရုတ်နိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ကြေးက ယခုနောက်ဆုံးသုံးလပတ်မှာ နှစ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ကြောင်းနဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားလို ဖွံ့ဖြိုးဆဲနိုင်ငံ တွေကနေ ငွေကြေးတွေ စီးထွက်နေချိန် မျိုးမှာပင် အစိုးရရဲ့ ဖွံံ့ဖြိုးမှုကိုကာကွယ် ဖို့ကြိုးပမ်းမှုတွေက ငွေကြေးတွေကိုဆွဲ ဆောင်မှုပြုနိုင်ခဲ့ကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။

Monday, 30 Sep 2013

ဂျပန်နိုင်ငံရဲ့ ဧပြီ-ဇွန်သုံးလပတ် စီးပွားရေးက ကနဦးခန့်မှန်းထားတာ ထက် တိုးတက်ခဲ့ပြီး နှစ်ပေါင်းများစွာ ကျဆင်းခဲ့တဲ့စီးပွားရေးအခြေအနေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နေတဲ့ ဂျပန်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေ ကို အောင်မြင်လာတာကို တွေ့ရ ကြောင်း စက်တင်ဘာ ၉ ရက်က ထုတ် ပြန်တဲ့ ပြင်ဆင်ပြီးကိန်းဂဏန်းတွေအရ သိရတယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

Thursday, 22 Aug 2013

၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ ခံစားမှုဖီလင်တွေ ကို ပြန်လည်ပေးစွမ်းနိုင်မဲ့ ဖက်ရှင်ဒီဇိုင်း ဟောင်းကိုပြန်ဖော်ထားတဲ့  Classic TV ဒီဇိုင်းကို အယ်လ်ဂျီအီလက်ထရွန်း နစ်က သြဂုတ် ၁၂ ရက်ကစတင်ဖြန့်ချိ ခဲ့ကြောင်း ကိုရီးယား ဟာရယ်သတင်း မှာဖော်ပြပါတယ်။

Wednesday, 31 Jul 2013

ဖုန်းကွန်ရက်အတွက် ပစ္စည်းကိရိ ယာတွေထုတ်လုပ်ရာမှာ တရုတ်နိုင်ငံ ရဲ့ ဒုတိယအကြီးဆုံးကုမ္ပဏီဖြစ်တဲ့ ZTE ကော်ပိုရေးရှင်းက  ပထမ နှစ်ဝက် အတွင်း ဝင်ငွေမြင့်တက်လာခဲ့ပြီးနောက် ဟောင်ကောင်ဈေးကွက်မှာ ငါးနှစ်အ တွင်းအမြင့်ဆုံးအခြေအနေသို့ရောက်ရှိ ခဲ့ကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြ ထားပါတယ်။

Wednesday, 31 Jul 2013

ပြည်တွင်းဈေးကွက်မှာ ပညာသင် ကြားရေးအထောက်အကူပြုရိုဘော့စက် ရုပ်တွေရဲ့ ဝယ်လိုအားမရှိတဲ့အတွက် တောင်ကိုရီးယားရဲ့ မိုဘိုင်းဖုန်းနဲ့မိုဘိုင်း စမတ်ရိုဘော့ ထုတ်လုပ်ရေး လုပ်ငန်း နှစ်ခုက ပြည်ပဈေးကွက်တွေဘက်ကို မျက်နှာမူလာကြောင်း ကိုရီးယားဟာ ရယ်သတင်းမှာဖော်ပြထားပါတယ်။

Wednesday, 24 Jul 2013

လောလောဆယ်မှာ ကမ္ဘာ့အကြီး ဆုံးနေစွမ်းအင်သုံးအင်ဗတ်တာထုတ် လုပ်သူဂျာမန်အခြေစိုက် SMA Solar Technology အတွက် လစ်သီယံအိုင် ယင်းဘက်ထရီအိမ်တွေကို ယခုလက စပြီးပေးသွင်းမှာဖြစ်ကြောင်း  LG Chem ကဇူလိုင် ၁၄ ရက်ကပြော ကြောင်း ကိုရီးယား ဟာရယ်သတင်းမှာ ဖော်ပြ ထားပါတယ်။

Wednesday, 24 Jul 2013

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက် နှုန်း နှေးကွေးကျဆင်းတာက ဥရောပနဲ့ အာရှအပေါ်အရိပ်ကျလျက်ရှိကြောင်း ဇူလိုင် ၁၆ ရက်က လေ့လာဆန်းစစ်သူ တွေက ပြောကြားကြောင်း အေအက်ဖ် ပီသတင်းမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်လာတဲ့အတွက် ကမ္ဘာ့စီး ပွားရေးအပေါ်ဒုက္ခအ၀၀ကျရောက်နိုင် တဲ့ တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှုနဲ့  ကျဆင်းမှုအပြောင်းအလဲမြန်တာကို တရုတ်အစိုးရရှောင်ကွင်းနိုင်အောင် စွမ်း ဆောင်နိုင်ပ့ါမလားဆိုတဲ့ သံသယတွေ တိုးပွားစရာဖြစ်ခဲ့ရကြောင်း လေ့လာ ဆန်းစစ်သူတွေက ပြောပါတယ်။

Monday, 15 Jul 2013

ဂျပန်ဝန်ဆောင်မှုကဏ္ဍယုံကြည် မှုအညွှန်းကိန်းက ဇွန်မှာ ၅၃ မှတ်ထိ ကျရောက်ခဲ့ကြောင်း ဇူလိုင် ၈ ရက်က ထုတ်ပြန်တဲ့ ဝန်ကြီးအဖွဲ့ရုံးစစ်တမ်းရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

ယခုကျဆင်းမှုက ဘဏ္ဍာရေးဈေး ကွက်များအတွက် အလားအလာ အပေါ် မရေရာမှုကယုံကြည်မှုကို ဆိုး ကျိုးသက်ရောက်စေတဲ့ လက္ခဏာတစ် ရပ်ဖြစ်ပါတယ်။ အငှားယာဉ်မောင်း၊ ဟိုတယ်လုပ်သားများနဲ့ စားသောက် ဆိုင်ဝန်ထမ်းတွေလို လုပ်သားတွေကို ကောက်ခံထားတဲ့စစ်တမ်းအရ လက်ရှိ စီးပွားရေးအခြေအနေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ယုံကြည်မှုက မေလမှာ ၅၅ ဒသမ ၇ မှတ်ရှိရာကနေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးအဖွဲ့ရုံးက စီးပွားရေး အလားအလာအညွှန်းကိန်းကို ၂၀၀၁ ခုနှစ် သြဂုတ်လကစပြီး စုစည်းပြုစုခဲ့ တာဖြစ်ပါတယ်။ အနာဂတ်အခြေ အနေတွေနဲ့ပတ်သက်တဲ့ ယုံကြည်မှု အဆင့်ကိုညွှန်ပြနေတဲ့ အညွှန်းကိန်းက မေမှာ ၅၆ ဒသမ ၂ မှတ်ရှိရာက ၅၃ ဒသမ ၆ မှတ်ကို ကျဆင်းခဲ့ပါတယ်။ စီးပွားရေးနာလန်ထူမှုနှုန်းက မကြာ သေးမီက အနည်းငယ် တိုးတက်မှုရှိခဲ့ ကြောင်း ဝန်ကြီးအဖွဲ့ရုံးက ထုတ်ပြန်ပါ တယ်။
 

Monday, 15 Jul 2013

အပိုဘတ်ဂျက်စီမံကိန်းနဲ့ ပေါ်လ စီအတိုးနှုန်းချထားခြင်းစတဲ့ စီးပွားရေး တွန်းအားပေးအစီအမံတွေဆောင်ရွက်ပေ မဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေးက တိုး တက်နှုန်းနှေးကွေးနေဆဲဖြစ်နေတာကို ဇူလိုင် ၉ ရက်ကထုတ်ပြန်တဲ့ အစိုးရ အစီရင်ခံစာမှာတွေ့ရကြောင်း ရှင်ဝှာ သတင်းမှာဖော်ပြထားပါတယ်။

"စားသုံးသူဈေးနှုန်းတွေ တည်ငြိမ် နေတဲ့အတွက် တချို့စီးပွားရေးညွှန်း ကိန်းတွေ ဖွံ့ဖြိုးတိုးတက်တာကို တွေ့ရပါ တယ်။ ဒါပေမဲ့ အလုပ်အကိုင်ရရှိတာ ကျဆင်းမှုနဲ့အတူ စက်မှုကုန်ထုတ် လုပ်ငန်း၊ စားသုံးမှုနဲ့ ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းခဲ့ပါတယ်" လို့ မဟာဗျူဟာနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနက လစဉ်ထုတ်ဝေပြီး စီးပွားရေး အခြေအနေတွေကို ဝေဖန်ဖော်ပြထား တဲ့ ွမနနည သြသု မှာ ဖော်ပြထားပါ တယ်။ ကုန်လွန်ခဲ့တဲ့တစ်လကနဲ့နှိုင်း ယှဉ် ရင် ဝန်ဆောင်မှုကဏ္ဍမှကုန်ထုတ်လုပ် မှုက သုည ဒသမ ၂ ရာခိုင်နှုန်းတိုး တက်ခဲ့ပေမဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန် ချောထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ အလားတူကာလအတွင်းမှာ လက်လီရောင်းချရေးလုပ်ငန်းတွေက သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဆောက်လုပ်ရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။ စားသုံးသူဈေးနှုန်းတွေက နှစ် အလိုက်နှိုင်းယှဉ်ရင် ဇွန်မှာ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၄ နှစ်အတွင်း အနိမ့် ဆုံးအဆင့်မှာ နှစ်လဆက်တိုက်ရှိခဲ့ပါ တယ်။ တောင်ကိုရီးယား စီးပွားရေးမှာ ထက်ဝက်လောက်ပါဝင်နေတဲ့ ပို့ကုန် လုပ်ငန်းတွေက ယခင်နှစ်အောက် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ အဓိကအားဖြင့် ငွေကြေးမူဝါဒ လျှော့ချမှုတွေကို တရကြမ်းပြုလုပ်ခဲ့တဲ့ အတွက် အမေရိကန်ဒေါ်လာ၊ တောင် ကိုရီးယားဝမ်စတာတွေနဲ့ ဖလှယ်တဲ့ အခါ ငွေကြေးတန်ဖိုးကျဆင်းနေတဲ့ ဂျပန်ရဲ့ဝယ်လိုအားကျဆင်းတဲ့အတွက် ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ဧပြီလ မှာ ဖြည့်စွက်ဘတ်ဂျက်အစီအစဉ်ဝမ် ၁၇ ထရီလီယံ (ဒေါ်လာ ၁၅ ဘီလီယံ)   ကို ကြေညာခဲ့ပြီး ပေါ်လစီအတိုးနှုန်းကို မေက သုည ဒသမ ၂၅ ရာခိုင်နှုန်း လျှော့ပေးခဲ့ပါတယ်။
 

Pages