Main menu

Background

Monday, 25 Apr 2011

 တရုတ်နိုင်ငံမှာ ကုန်အမှတ်တံဆိပ်အများဆုံး မှတ်ပုံတင်              စုစုပေါင်းကုန်အမှတ်တံဆိပ်လျှောက်ထားတာနဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပေးရာမှာ တရုတ်နိုင်ငံကပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်ကုန်ပိုင်းက ကမ္ဘာမှာ ထိပ်တန်းနေရာကို ရယူထားတယ်လို့ ဉာဏပစ္စည်းမူပိုင်ခွင့်အရာရှိ တစ်ဦးက ဧပြီ ၂၁ ရက်ကပြောပါတယ်။ မူပိုင်ခွင့်ဆိုင်ရာ(IPR) အာဏာပိုင်တွေဟာ ယခင်နှစ်က ကုန်အမှတ်တံဆိပ်သစ် လျှောက်လွှာတစ်သန်းကျော်ကို လက်ခံရရှိခဲ့တယ်လို့ နိုင်ငံတော်ဉာဏပစ္စည်းပိုင်ဆိုင်မှုရုံး (SIPO)  မှ ညွှန်ကြားရေးမှူး တီယန်လီပုက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။                  ၂ဝ၁ဝ ပြည့်နှစ်မှာ ကုန်ပစ္စည်းအမှတ်တံဆိပ်လျှောက်လွှာ ၁ ဒသမ ၂၂ သန်းကျော်လက်ခံရရှိခဲ့တယ်။ တရုတ်ကုမ္ပဏီတွေကလည်း ကုန်ပစ္စည်းမှတ်ပုံတင်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာခုျပ်အရ ယခင်နှစ်က ပြည်ပမှာ မူပိုင်ခွင့်လျှောက်လွှာ ၁၂၃၃၇ ခုလျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ပြည်ပမှာ ယခုလို လျှောက်ထားရာမှာ တရုတ်နိုင်ငံက စတုတ္ထနေရာမှာရှိနေပါတယ်။                   တရုတ်နိုင်ငံရှိ IPR အာဏာပိုင်တွေက မူပိုင်ခွင့်အငြင်းပွားမှု ၁ဝ၇၇ ခုကိုလက်ခံကိုင်တွယ်ခဲ့ရပြီး ယခင်နှစ် က ၇၂၈ ခုကို ဖြေရှင်းပေးခဲ့တယ်လို့ တီယန်ကပြောပါတယ်။ လွန်ခဲ့တဲ့နှစ်အောက်တိုဘာလကစပြီး တရုတ်နိုင်ငံမှာ IPR  စည်းမျဉ်းဖောက်ဖျက်မှုတွေကို အထူးနှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။            Source:Xinhua 

Monday, 25 Apr 2011

ကနေဒါနိုင်ငံတွင် သက်မွေးမှုလုပ်ငန်းရှင်များလိုအပ်              ကနေဒါနိုင်ငံမှာ သက်မွေးမှုပညာရှင်တွေ အကြီးအကျယ်ပြတ်လပ်မှုရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ လက်ရှိအချိန်ကနေဒါနိုင်ငံရဲ့ သက်မွေးမှုပညာရှင်တွေဟာ နိုင်ငံ့လုပ်သားအင်အားရဲ့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံအတွင်းမှာ လက်ရှိ ရှိနေတဲ့ သက်မွေးမှုပညာရှင်တွေက အသက်အရွယ်အိုမင်းနေပြီးလာမဲ့ ၁ဝ နှစ်ကျော်အတွင်း အငြိမ်းစားယူကြတော့မဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်ကနေဒါနိုင်ငံဟာ သယံဇာတ ြွကယ်ဝတဲ့ နိုင်ငံ ဖြစ်ပေမဲ့ ဖွံ့ဖြိုးမှုကျဆင်းတာနဲ့ ကြုံတွေ့ရပြီး နိုင်ငံရဲ့ စက်မှုနဲ့ နေအိမ်လုပ်ငန်း စီမံကိန်းတွေ တည်ဆောက်ထိန်းသိမ်းရာမှာ ကျွမ်းကျင်တဲ့ သက်မွေးမှုပညာရှင်တွေ မရှိရင် ကမ္ဘာ့အလယ်မှာ ယှဉ်ပြိုင်နိုင်မှု လျော့ကျစေနိုင်ပါတယ်။                  လာမဲ့ရှစ်နှစ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခုတည်းအတွက်ပင် လုပ်သားအင်အား ၉၂ဝဝဝ လိုအပ်မယ်၊ အယ်လ်ဘာတာမှာ စည်ပင်ဖွံ့ဖြိုးနေပြီဖြစ်တဲ့ သဲမှ ရေနံထုတ်လုပ်မှုစီမံကိန်းအတွက် လာမဲ့နှစ်နှစ် သုံးနှစ် နောက်ထပ်လုပ်သား ၁၇ဝဝဝ လိုအပ်မယ်လို့ သတ္တုတူးဖော်ရေးလုပ်ငန်း လူသား အရင်းအမြစ်ကောင်စီက ခန့်မှန်းထားပါတယ်။                   ကနေဒါအစိုးရက ကမ္ဘာမှာ ပညာအတော်ဆုံး၊ အကျွမ်းကျင်ဆုံးနဲ့ ပြုလွယ်ပြင်လွယ်ရှိမှုအဖြစ်ဆုံး လုပ်သားထုကို ဖန်တီးသွားမယ်လို့ လူသားအရင်းအမြစ်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးဝန်ကြီး ဒိန်းဖင်လေက ပြောပါတယ်။ လောလောဆယ် ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေတာက စက်မှုလုပ်ငန်းတွေမှာသာ မဟုတ်ပါ။ စားဖိုမှူး၊ ဆံသပညာရှင်၊ အဖျော်ယမကာနဲ့ အစားအစာ ဖောက်သည်ဝန်ဆောင်မှုနဲ့ တခြား နယ်ပယ်တွေအတွက်လည်း လိုအပ်နေပါတယ်။ Source:Xinhua

Tuesday, 5 Apr 2011

 တောင်ကိုရီးယားနိုင်ငံက ဖွံ့ ဖြိုးဆဲနိုင်ငံများအား ဖွံ့ ဖြိုးမှုအတွေ့အကြုံများမျှဝေမည်               တောင်ကိုရီးယားနိုင်ငံသည် အပြန်အလှန် ဖွံ့ဖြိုးရေးဘဏ်ကြီး (Multilateral Development Bank)  ၅ ခုနှင့်ပူးပေါင်းပြီး ''အသိပညာ ဖလှယ်ရေးအစီအစဉ်(Knowledge Sharing Program)  ကို အကောင်အထည်ဖော် ပြီး တောင် ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွေ့အကြုံများကို ဖံွံ့ဖြိုးဆဲကမ္ဘာနဲ့ မျှဝေသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အမေရိကန်နိုင်ငံများ ဖွံ့ဖြိုးရေးဘဏ်၊ ဥရောပပြန်လည် တည်ဆောက် ရေးဘဏ်နဲ့ အာဖရိကဖွံ့ဖြိုးရေး ဘဏ်စတဲ့ ဘဏ်ကြီး ၅ ခုနဲ့ ယခုနှစ်ကုန်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမယ်လို့ တောင်ကိုရီးယား မဟာဗျူဟာနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ် ၂၉ ရက်နေ့ကပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အခြေခံအဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းတွေ ကူညီခဲ့သလိုမိုျးနဲ့ အာဖရိကနိုင်ငံတွေမှာ ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် နည်းလမ်းတစ်ရပ်အဖြစ် ရေရှည်ဖွံ့ဖြိုးပြီး ဘက်စုံဖွံ့ဖြိုးမှုရှိအောင် ဆောင်ရွက်ခဲ့သလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့အညီ အတိုင်ပင်ခံ လုပ်ငန်းတွေကို ယခုအစီအစဉ်အရ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံက ၂ဝ၁၅ ခုနှစ်မှာ IDB  ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပပေးသွားမယ် လို့လည်း ပြောပါတယ်။ Source:arirang.co.kr

Tuesday, 5 Apr 2011

 အလုပ်သမားရှားပါးလို့ သြစတြေးလျ အသေးစားစီးပွားရေးလုပ်ငန်းတွေထိခိုက                       သြစတြေးလျနိုင်ငံဟာ လူဦးရေ တိုးတက်မှုနှုန်းကျဆင်းနေပြီး ထိုကျဆင်းမှုက မျိုးဆက်တစ် ဆက်ခန့်ကြာမြင့်မှာဖြစ်တဲ့အတွက် စီးပွားရေး လုပ်ငန်းတွေအတွက် လုပ်သားအင်အားရရှိဖို့ အခက်အခဲရှိနေတယ်လို့ PKE Chartered Accounts and Business Advisers  အဖွဲ့ရဲ့ အစီရင်ခံစာမှာ မတ် ၃ဝ ရက်ကဖော်ပြထားပါတယ်။ နိုင်ငံတွင်းကို ပြောင်းရွှေ့လာသူဦးရေ တိုးတက်နှုန်း ကျဆင်းပြီး အငြိမ်းစားယူသူ ဦးရေက လည်း တိုးတက်များပြားလာတဲ့အတွက် အလုပ် သမားဈေးကွက်ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့စီးပွား ရေး အကြံပေးအဖွဲ့ရဲ့ "Business and Population Monitor"  မှာခန့်မှန်းထားပါတယ်။ အနောက်ပိုင်းသြစတြေးလျလို သယံဇာတြွကယ်ဝ တဲ့ နိုင်ငံတွေမှာ အလုပ်သမားပိုမိုလိုအပ်နေချိန်မှာ လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့နိုင်တယ်လို့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ အစိုးရကလူဝင်မှုလျှော့ချတာ၊ သဘာဝလူဦးရေ တိုးတက်မှု ကျဆင်းတာနဲ့ အငြိမ်းစားယူတဲ့ လူဦးရေ တိုးတက်လာတာတွေကြောင့် လုပ်သား လိုအပ်ချက်က လျင်မြန်စွာမြင့်တက်လာတယ်။ အလုပ်သမားခေါ်ယူမဲ့ အလားအလာ လျင်မြန်စွာ တိုးတက်နေတယ်လို့ PKE  ရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်သူးဖီးက ပြောပါတယ်။                            ပြီးခဲ့တဲ့နှစ်က သြစတြေးလျ အနောက်ပိုင်း၊ ကွင်းစလန်နဲ့ မြောက်ပိုင်းနယ်မြေတွေမှာ လူဦးရေ တိုးတက်နှုန်း သိသိသာသာကျဆင်းခဲ့တဲ့အတွက် ဒီဒေသတွေက စိန်ခေါ်မှုနဲ့ အကြီးအကျယ်ရင်ဆိုင် ရလိမ့်မယ်လို့ ဖီးကပြောပါတယ်။                 Source:xinhua.com

Tuesday, 5 Apr 2011

 နိုင်ငံတွေက ပန်ကြားလာရင် အစည်း အိုပက် အထူးအစည်းအဝေးကျင်းပရန် မလိုအပ်ဟု အီရန်က ပြောကြား                  ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများ အဖွဲ့(အိုပက်)ရဲ့ အရေးပေါ်အစည်း အဝေးကိုခေါ်ဆိုရန် အကြောင်း မမြင် ဟု အီရန်ရေနံဝန်ကြီး မာဆွတ်မာခါဇီမီ က ပြောကြားကြောင်း Mehr  သတင်း အေဂျင်စီကမတ်၂၆ရက်ကပြောပါတယ်။ လက်ရှိအခြေအနေမှာ အိုပက်ရဲ့ အထူးအစည်းအဝေးကျင်းပဖို့ မလိုပါဘူးလို့ မာကာဇီမီကပြောပါတယ်။ ယခု အခါ မာကာဇီမီက အိုပက်ရဲ့အကြီး အကဲ ဖြစ်ပါတယ်။                  ရေနံဖြန့်ဖြူးမှုကို ဆန်းစစ်ကြည့်မယ်ဆိုရင် ရေနံတစ်စည်ကိုဒေါ်လာ ၁ဝဝ ကျော် အထိရှိနေပေမဲ့ အထူး အစည်းအဝေးကျင်းပဖို့ မလိုသေးပါဘူး လို့ သူကပြောပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်  အဝေးခေါ်ပေးဖို့အသင့်ဖြစ်နေပါတယ် လို့ သူက ပြောပါတယ်။                   ရေနံဈေးနှုန်းတွေ တက်ရတာဟာ ဒေါ်လာတန်ဖိုးကျဆင်းလို့ဖြစ်နေရ တာပါလို့ သူကပြောပါတယ်။အနောက် နိုင်ငံတွေ ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ဈေးနှုန်းမြင့်တက်တာ တွေဖြစ်ပြီး နောက်ပိုင်း အိုပက်မှ စတုတ္ထမြောက် အများဆုံး ထုတ်လုပ် တဲ့ လစ်ဗျားမှာထုတ်လုပ်မှု ရပ်ဆိုင်းတဲ့ အတွက် ရေနံဈေးနှုန်းတွေ မြင့် တက် ခဲ့ပါတယ်။ နယူးရောက်ဈေး အပိတ်မှာ မတ် ၂၆ ရက်က ရေနံတစ်စည်ကို ၁ဝ၅ ဒသမ၄ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါ တယ်။ ၂၅ ရက်ကထက် သုည ဒသမ ၂ ဒေါ်လာ ပြန်ကျပါတယ်။      Source.AFP

Friday, 8 Jan 2010

   တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ သံမဏိ၊ စက်ယန္တရားနဲ့ အီလက် ထရွန်းနစ်ပစ္စည်းတွေဟာ လာမဲ့ နှစ်မှာ အခြေအနေ ကောင်းမွန် မယ်လို့ ခန့်မှန်းထားပြီး သင်္ဘော တည်ဆောက်ရေးနဲ့ ဆောက် လုပ်ရေးတွေကတော့ အခက် အခဲတွေကြုံရမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့ကထုတ်ပြန်တဲ့ ကိုရီးယားကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (KCCI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Friday, 8 Jan 2010

   ခရီးသွားလုပ်ငန်း၊ သဘာ ဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံစီးပွား ရေးတိုးတက်မှုကို တိုးမြှင့်ဖို့အတွက် ဂျပန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်မှာ အလုပ်အကိုင် လေးသန်းဖော်ထုတ်မှာဖြစ်ကြောင်း ဂျပန် အစိုးရက ဒီဇင်ဘာ ၃ဝ ရက်နေ့က ကြေညာပါတယ်။

Thursday, 2 Jul 2009

၂၀၀၉ ခုနှစ်အတွက် ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှု (ဂျီဒီပီ) ကို တောင်ကိုရီးယားနိုင်ငံက မြှင့်တင် ခန့်မှန်းခဲ့ပါတယ်။

Pages