Main menu

Background

Wednesday, 5 Sep 2012

ရှန်ဟဲ  မိုဘိုင်း  လုပ်ငန်းရဲ့ အရောင်းက ၂၀၁၅ ခုနှစ်မှာ ယွမ် ၈၀ ဘီလီယံ (ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီ ယံ)ထိရောက်ရှိလာပြီးလူပေါင်း၆၀၀၀၀ ကို အလုပ်အကိုင်  ရရှိစေမှာ ဖြစ် ကြောင်း ရှန်ဟဲမြို့ရဲ့ နောက်ဆုံး ပြုစု ထားတဲ့ စီမံကိန်းမှာဖော်ပြထားပါတယ်။ ရှန်ဟဲမြို့ကတီထွင်ဖန်တီးမှုရှိတဲ့ ကုမ္ပဏီ တွေကို ပြုစုပျိုးထောင်သွားမယ်။ ဒီ လုပ်ငန်းဘက်က ခေါင်းဆောင်တွေကို ဆွဲဆောင်မှုပေးသွားမယ်။ လာမဲ့နှစ် အနည်းငယ်အတွင်း  ရှန်ဟဲဒေသကို ထုတ်လုပ်ရေးနဲ့  အခြေစိုက်စခန်းကြီး ဖြစ်လာအောင် ထူထောင်သွားမယ်။ ဒီလိုနဲ့ ရှန်ဟဲမြို့ကို မိုဘိုင်းအင်တာနက် လုပ်ငန်းရဲ့ ဗဟို အချက်အချာ ဒေသ ကြီးတစ်ခု ဖြစ်လာစေရမယ်လို့ ရှန်ဟဲ စီးပွားရေးနဲ့ ပြန်ကြားေ ရးမြူနီစပယ် ကော်မရှင်ရဲ့ ၂၀၁၂-၁၅ ခု ရှန်ဟဲမိုဘိုင်း အင်တာကွန် လုပ်ငန်းဖွံ့ဖြိုးရေး စီမံကိန်း မှာ ဖော်ပြထားပါတယ်။

Friday, 31 Aug 2012

နေ့စဉ်လူနေမှုဘဝမှာ အင်တာနက်ပိုမိုအရေးပါလာတာနဲ့အမျှ သတင်း စာတစ်ခုရဲ့အစွမ်းအစကို ပုံနှိပ်ထုတ်ဝေဖြန့်ချိမှုကိုသာမက သတင်းစာရဲ့ အွန်လိုင်းပေါ်မှာရှိတဲ့ သတင်းတွေကို ဝေဖန်ချက်ပေးကြတဲ့ ဦးရေကို ပါထည့် သွင်း စဉ်းစားပြီး ဆုံးဖြတ်လာကြပါတယ်။

ကိုရီးယား ဟာရယ်သတင်းစာကလည်း မိုဘိုင်းဖုန်းတွေကိုအသုံးပြုနိုင်မဲ့ နည်းလမ်းတွေသုံးကာ ရှေ့တန်းမှာရပ် တည်နိုင်မဲ့ တီထွင်ဆန်းစစ်မှုတွေကို ပြု လုပ်လာပါတယ်။ "Digital  First"    မဟာဗျူဟာအရ ဧပြီလမှစတင် တာဝန်ယူခဲ့တဲ့ အချိန် ကစပြီး Herald Media   ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ထုတ်ဝေသူလီယန်းမန်းက ဝက်ဘ်ဆိုက်ထူထောင်ရေး မီဒီယာပလက်ဖောင်းကိုထူထောင် ဖို့ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ ကမ္ဘာကြီး တစ်ခုလုံးက စာဖတ်သူတွေ စမတ်ဖုန်းတွေသုံးပြီး လက်ကလေး တစ်ချက် တို့လိုက်ရုံနဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ရဖို့ ရည်မှန်းနေကြ ကြောင်း လီက ပြောပါတယ်။ ဒစ်ဂျစ်တယ်စနစ်ကိုပြောင်းတဲ့အတွက် Herald  Media အတွက် အခွင့်အလမ်းတွေအများကြီးပေးခဲ့တယ် လို့သူကပြောပါတယ်။ "သမားရိုကျသတင်းစာတွေကို အခပေးကြည့်သူတွေက အွန်လိုင်း သတင်းတွေဘက်ကို ပြောင်းသွားပေမဲ့ ပုံနှိပ်သတင်းစာရဲ့ အားသာချက်တွေကို ဥပေက္ခာပြုထားလို့မရသေးပါဘူး။ တစ်ချိန်တည်းမှာ ကုမ္ပဏီကအွန်လိုင်း နဲ့မိုဘိုင်းကဏ္ဍတွေကိုလည်း အလေးထားဆောင်ရွက်သွားမှာပါ'' လို့သူက ပြောပါတယ်။ ကိုရီးယားဟာရယ်က အွန်လိုင်းနဲ့မိုးဘိုင်းသတင်းပလက်ဖောင်းတွေကနေ လူမှုကွန်ရက်ဝန်ဆောင်မှုမျိုးလို မီဒီယာအမျိုးမျိုးခွဲပြီး လုပ်သွားဖို့စီစဉ်နေ ပါတယ်။ ဇူလိုင် ၉ ရက်က ကိုရီးယားဟာရယ်က အန်းဒရွိုက် စမတ်ဖုန်းနဲ့ လွှင့်ပေးတဲ့သတင်းစာကို ဖြန့်ချိခဲ့ပါတယ်။Source.koreaherald.com   
 

Friday, 31 Aug 2012

လာမဲ့ ရက်သတ္တပတ်ထဲမှာ အိန်ဂျ လာမာကယ်နဲ့ ဖရန်ဆွာဟောလန်တို့နဲ့ တွေ့တဲ့အခါ ဂရိနိုင်ငံရဲ့ ခြိုးခြံချွေတာ ရေး အစီအစဉ်ကို တိုးချဲ့ပေးဖို့ ဂရိ ဝန်ကြီးချုပ် အန်တိုနစ်ဆမာရပ်က တောင်းဆိုမှာဖြစ်ကြောင်း ဖိုင်နန်ရှယ် တိုင်းသတင်းစာမှာ သြဂုတ် ၁၅ ရက်က ဖော်ပြထားပါတယ်။ ဆမာရပ်က ဂျာ မန်ဝန်ကြီးချုပ် နဲ့ ပြင်သစ်သမ္မတတို့နဲ့ ဘာလင်မှာတွေ့ဆုံပြီး ပြည်သူ့သုံးစွဲမှု တွေလျှော့ချတဲ့ အစီအစဉ်ကို နှစ်နှစ် အစား လေးနှစ်အထိ တိုးချဲ့ပေးဖို့ အကြံပြုမှာ ဖြစ်ကြောင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

Wednesday, 25 Jul 2012

    ပိုမိုကြီးမားကောင်းမွန်တဲ့ ထုတ်ကုန်သစ်များကို ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး လူသုံးကုန်လျှပ်စစ်ပစ္စည်းကုမ္ပဏီ LG   က ပရီမီယံ ရေခဲသေတ္တာ အကြီးစားတွေထုတ်လုပ်ရာမှာ ဆမ်ဆောင်းအီလက် ထရွန်းနစ်ကို ယှဉ်ပြိုင်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေကြိုးပမ်းနေပါတယ်။ လာမဲ့ လမှာ သိုလှောင်မှုစွမ်းရည် ၉၁၀ လီတာရှိ အားလုံးအသစ် ဖိုးဒိုး ရေခဲ သေတ္တာ ကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း LG အီလက်ထရွန်းနစ်က ယခုရက် သတ္တပတ်က ပြောပါတယ်။

Wednesday, 18 Jul 2012

    ကုန်ပစ္စည်းတွေကို အပြည်ပြည်ဆိုင်ရာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဒေသတွင်း စီးပွားဖက်တွေက တစ်ဆင့် ဆောင်ရွက်တာဖြစ်ကြောင်း စင်ကာပူမှာ ဇူလိုင် ၁၀ ရက်က ကျင်းပတဲ့ ကို FutureChina  Global  Forum   တက်ရောက် လာကြတဲ့ တရုတ်ကုမ္ပဏီနှစ်ခု ဖြစ်တဲ့  Broad  Group နဲ့ Aigo    တို့ရဲ့အမှုဆောင်အရာရှိ တွေက ပြောပါတယ်။

Monday, 9 Jul 2012

    ပြည်တွင်းရောင်းချမှု ကျဆင်းပေမဲ့ ပြည်ပတွင် ရောင်းချမှု ခိုင်မာလာတဲ့ အတွက် ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက   ယခုနှစ်ဝက်အတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ မော်တော်ကား ရောင်းချမှုက ၈  ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဤလုပ်ငန်းကဏ္ဍမှ ဇူလိုင် ၂ ရက်က ထုတ်ပြန်တဲ့ စာရင်း ဇယားတွေအရ သိရပါတယ်။

Monday, 2 Jul 2012

    ရောင်းလိုအား အလျှံအပယ်ဖြစ် နေတဲ့အတွက် တရုတ်ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေက ရက်သတ္တပတ် ခုနှစ် ပတ်မြောက် ဆက်တိုက်ကျဆင်းခဲ့ပြီး ယခင် ရက်သတ္တပတ်အောက် ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းကြောင်း စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှန်ဒန်ယန်းက ဇွန် ၂၆ ရက်ပြောပါတယ်။

Monday, 2 Jul 2012

    လွန်ခဲ့တဲ့   ဒီဇင်ဘာက ဒီဇယ် အင်ဂျင်နဲ့ လျှပ်စစ်ကား ဘက်ထရီတွေ ထုတ်လုပ်ရေးအတွက်  သဘောတူညီ ချက်ရရှိပြီးတဲ့နောက် လုပ်ငန်းဆက်ဆံမှု ပိုမို  တိုးတက်ကောင်းမွန်ဖို့အတွက် တိုယိုတာ  မော်တာကော်ပိုရေးရှင်းက မျိုးစပ်နည်းပညာကို BMW  AG   သို့ ဖြန့်ဖြူးပေးဖို့ စီစဉ်နေကြောင်း နီကေး စီးပွားရေးနေ့စဉ်မှာ ဇွန် ၂၅ ရက်က ဖော်ပြထားပါတယ်။

Sunday, 24 Jun 2012

        စီးပွားရေး နှေးကွေးကျဆင်းနေပေမဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို  တိုးချဲ့ဖို့ ရည်ရွယ်ချက်နဲ့ လာမဲ့သုံးနှစ်အတွင်းမှာ တရုတ်နိုင်ငံက လေဆိပ် ၇၀ တည် ဆောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံမြို့ပြ လေကြောင်းစီမံခန့် ခွဲမှုအဖွဲ့  (CAAC)     ရဲ့ အကြီးအကဲ လီဂျားရှန်းက ဇွန် ၁၁ ရက်က ပြောပါတယ်။ တရုတ်နိုင်ငံ၏ လက်ရှိငါးနှစ်စီမံကိန်း ကာလ ဖြစ်သော ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အစီး ၃၀၀ ဝယ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

        တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီး ၄၅ ခုတို့က စီမံကိန်းတချို့ ကို သူတို့ကုန်ပစ္စည်း အစိတ်အပိုင်း များ ပေးသွင်းနေသူတွေနဲ့ ပူးပေါင်းဆောင် ရွက်ပြီး ထွက်ရှိလာတဲ့ အကျိုးအမြတ် တွေကို မျှဝေခံစားကြဖို့ ဇွန် ၁၁ ရက်က သဘောတူညီထားကြောင်း အသိပညာ ဝန်ကြီးဌာနက ပြောကြားပါတယ်။

Pages