Main menu

Background

Sunday, 24 Jun 2012

    ကမ္ဘာ့စီးပွားရေးကို ဒုက္ခပေးနေတဲ့ ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် ဥရောပက "တာဝန်သိသိ'' ဆောင်ရွက်ဖို့လိုကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမီက ဇွန် ၆ ရက်က ပြောပါတယ်။    "အဓိကရည်ရွယ်ချက်က အကျပ်အတည်းကိုကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပက တာဝန်သိသိနဲ့ဆောင်ရွက်ဖို့ လိုပါတယ်'' လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

Thursday, 7 Jun 2012

    ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ငလျင်-ဆူနာမီရဲ့ ဂယက်မှ ပြန်လည်နာလန်ထူလာပြီးဖြစ်သည့်အတွက် ဂျပန်နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းကြီးများရဲ့ ဧပြီထုတ် လုပ်မှု မြင့်မားခဲ့ကြောင်း မေ ၂၈ ရက်သတင်းများအရ သိရ သည်။

Thursday, 7 Jun 2012

    ပစ္စည်းလက်ကျန် များနေခြင်းနဲ့ ဈေးနှုန်းတွေ  ကျဆင်းနေတဲ့အတွက် တရုတ်နိုင်ငံမှာရှိတဲ့ LED  ချစ်ပ်ထုတ် လုပ်ရေးကုမ္ပဏီေ တွ   ပြိုကွဲမဲ့အနေ အထား ရှိနေပါတယ်။ ဒီကုမ္ပဏီတွေက ဆမ်ဆောင်းတယ်လီဗွီးရှင်းမော်နီတာနဲ့ ရှပ်ရဲ့ ကွန်ပျူတာ မော်နီတာတွေ မှာ သုံးတဲ့ ချစ်ပ်တွေဖြစ်ပြီး ကုမ္ပဏီ ကြီးတွေနဲ့ နိုင်ငံတော်အထောက်အပံ့ခံ ကုမ္ပဏီတွေသာ ဆက်လက် ရုန်းနိုင်မဲ့ သဘောရှိ ပါတယ်။     တီဗွီတွေနဲ့ ကွန်ပျူတာတွေအရောင်းထိုင်းတဲ့အတွက် ယခုနှစ်မှာ LED  ဈေးနှုန်းတွေ ၂၀ ရာ ခိုင်နှုန်းထိ ကျနိုင်တယ်။

Wednesday, 30 May 2012

    တောင်ကိုရီးယားနိုင်ငံက အကျပ်အတည်း ကူးစက် ပြန့်ပွားမှု ကာကွယ်ရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ပြီး ဂရိ နိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့နိုင်ငံရေးနဲ့ဘဏ္ဍာရေး အကျပ် အတည်းက တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးဖို့ ဆောင်ရွက်ကြောင်း ထိပ်တန်းစီးပွားရေး  မူဝါဒရေးဆွဲသူ တစ်ဦးက မေ ၂၁ ရက်က ပြောပါတယ်။ ဂရိနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ တောင်ကိုရီးယား စီးပွားရေးအပေါ်မှာ အဲဒီအကျိုးသက်ရောက်မှုတွေကို ကာကွယ်တားဆီးဖို့ အရေး တကြီးလိုအပ်နေ ပြီဖြစ်ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေး ဝန်ကြီး ဘတ်ဂျေးဝန်က ဝန်ကြီးဌာနက အကြီးတန်းအရာရှိ တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။

Wednesday, 30 May 2012

    တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ထိန်း သိမ်းနိုင်မဲ့ မူဝါဒများကို ချမှတ် ဆောင် ရွက်ဖို့ ဝန်ကြီးချုပ်ဝမ်ကျားပေါင်က နှိုးဆော် တိုက်တွန်းထားပါတယ်။ ဒီ နှိုးဆော်ချက်နဲ့အညီ တရုတ်နိုင်ငံ စီးပွား ရေး တိုးတက်မှု နှေးကွေးနေတာကို တိုက်ဖျက်ဖို့အတွက် စီးပွားရေးအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအဆိုပြု ချက်တွေကိုတရုတ်နိုင်ငံက တင်ပြလျက် ရှိပါတယ်။ ဧပြီလမှာ ထုတ်ပြန်တဲ့ ကမ္ဘာ တွင် စီးပွားရေးအရ ဒုတိယအကြီးမား ဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးက တိုးတက်မှုနှေးကွေးနေတာ သုံးလပတ် ခြောက်ပ တ်မြောက်ခဲ့ပြီ ဖြစ်တဲ့အတွက် ယူရိုဇုန်မှာ စီးပွားရေးကျဆင်းနေတဲ့ အတွက် စိုးရိမ်နေရတဲ့ ကမ္ဘာ့ဈေးကွက် တွေအတွက် တပ်လှန့်သံပေးသလို ဖြစ် နေပါတယ်။

Thursday, 24 May 2012

    ဈေးနှုန်းတွေကျဆင်းကာ ကမ္ဘာ့ပြိုင်ဆိုင်မှု ပြင်းထန် လာတာနဲ့ ယန်းငွေ တန်ဖိုးမြင့်တက်တာက အီလက် ထရွန်း နစ် ထုတ်လုပ် သူတို့အပေါ် ဖိစီးမှုတွေဖြစ်လာတဲ့အတွက် ပြည်တွင်းက တီဗွီဝယ်လိုအားတွေ ကျဆင်းလာပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံအတွင်းရှိ တိုရှီဘာရဲ့ တယ်လီဗွီးရှင်း ထုတ်လုပ်မှု လုပ်ငန်းများကိုရပ်ဆိုင်းထားကြောင်း တိုရှီဘာက မေ ၁၇ ရက်က ပြောပါတယ်။

Thursday, 17 May 2012

    ပြည်တွင်းစားသုံးမှုကိုမြှင့်တင်ပြီး ကမ္ဘာ့ဈေးကွက် မရေ ရာမှုများ မြင့်တက်နေတာနဲ့ လိုက်လျောညီထွေ  ဖြစ်စေမယ့် စီးပွားရေးတစ်ရပ်လုံး တိုးတက်ဖြစ်ပေါ်အောင် အားပေးရန် အတွက် တောင်ကိုရီးယားအစိုးရက စီစဉ် ဆောင်ရွက်ေ နကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၈ ရက်ကပြောပါတယ်။

Tuesday, 15 May 2012

    ချေးငွေဆုံးရှုံးမှု လျော့ကျခြင်းနဲ့ အာမခံလုပ်ငန်း ဝင်ငွေများမြင့်တက် လာခြင်းတို့ကြောင့် မတိုင်မီနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၁ ခုနှစ်မှာနှစ်ဆတက် လာခဲ့ကြောင်း ဘဏ္ဍာရေးကြီးကြပ်မှု အဖွဲ့ က မေ ၂ ရက်က ပြောပါတယ်။ တောင်ကိုရီးယားဘဏ်များက ဆောင် ရွက်နေတဲ့ ပင်လယ်ရပ်ခြားဘဏ်ခွဲ ၉၃ ခုရဲ့ အသားတင် ဝင်ငွေက ၂၀၁၁ ခုနှစ်မှာ ဒေါ်လာသန်း ၇၂၁ ဒသမ ၆ သန်းရှိခဲ့ရာ မတိုင်မီနှစ်ကထက် ၉၅ ဒသမ၅ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးကြီးကြပ်မှုအဖွဲ့(  FSS )  က ဆိုပါတယ်။

Monday, 14 May 2012

    ယခုနှစ်တွင် စမတ်ဖုန်းအရောင်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ မယ်လို့ခန့်မှန်းကြောင်း တရုတ်နိုင်ငံတွင် ဖုန်းကိရိယာများ အများဆုံးထုတ်လုပ် လျက်ရှိတဲ့ ဟွာဝေးတက်ခနော်လော်ဂျီကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီ က ယခုနှစ်သုတေသနလုပ်ငန်းတွေအတွက် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ရင်း နှီးမြှုပ်နှံမယ်လို့ ဧပြီ ၂၅ ရက်က ရှန်းဇင်းဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ ကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေးမှာ ယာယီအမှုဆောင်အရာရှိချုပ်Eric  Xu Zhijun  ကပြောပါတယ်။

Monday, 9 Apr 2012

    တရုတ်နိုင်ငံမှာ ပထမဆုံး ချစ်ပ်စက်ရုံတည်ဆောက်ဖို့ အတွက်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမဲ့ စီမံကိန်းကို ကမ္ဘာ့ ချစ်ပ်ထုတ်လုပ်မှု  အကြီးမားဆုံးဖြစ်တဲ့ ဆမ်ဆောင်းအီလက် ထရွန်းနစ်က ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဆမ်ဆောင်းက ဒီစက်ရုံမှာ ကနဦး  ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး စမတ်ဖုန်း၊ တဲဘလက်နဲ့ အမ်ပီသရီး

Pages