Main menu

Background

Monday, 20 Feb 2012

ကူးစက်ပျံ့နှံနေသော ကမ္ဘာ့အကျပ် အတည်းရဲ့ဒဏ်မှအာရှဒေသသက်သာ ရာရစေရန်အတွက်  အာရှနိုင်ငံသား များအချင်းချင်း  အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြဖို့   တောင်ကိုရီးယား ဗဟိုဘဏ်အကြီးအကဲက  ဖေဖော်ဝါရီ ၁၃ရက်က  ပြောပါတယ်။ ဥရောပမှာ ဖြစ်ပေါ်နေတဲ့အကျပ်အတည်းကအာရှ ဒေသရှိ   ပို့ကုန်အားပြုနိုင်ငံတွေကို ဒုက္ခပေးလာပြီး သူတို့ရဲ့ ကုန်သွယ်ဖက် တွေကိုပါ  နစ်နာမှုဖြစ်စေခဲ့ပြီးနောက် တောင်ကိုရီးယားဘဏ်အုပ်ချုပ်ရေးမှူး ကင်ချွန်ဆူးရဲ့  နှိုးဆော်ချက်ထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။

Monday, 13 Feb 2012

    တရုတ်နိုင်ငံက ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်နေတဲ့ အတွက် တရုတ်နိုင်ငံကအမေရိကန်ပြည်ထောင်စုကို ကျော် လွန်ပြီး ဥရောပရဲ့အကြီးမားဆုံးဈေးကွက်တစ်ခု ဖြစ်လာ နိုင်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်က တရုတ်နိုင်ငံ ဆိုင်ရာ ဥရောပ သံအမတ် မာကုအက်ဒါရာ ကပြောပါတယ်။

Monday, 13 Feb 2012

    ကမ္ဘာ့ တီဗွီ ထုတ်လုပ်ရေးလုပ်ငန်း မှာ အကြီးဆုံးဖြစ်တဲ့ ဆမ်ဆောင်း အီလက်ထရွန်နစ်က ယခုနှစ် ယခုအချိန် ထိ တီဗွီ အရောင်းလုပ်ငန်းက ခိုင်မာ နေပြီး တန်ဖိုးနည်းတီဗွီ မိုဒယ်တွေရဲ့ ဝယ် လိုအားမြင့်တက်နေတဲ့အတွက်  ပိုမို ဈေးသက်သာတဲ့ တီဗွီထုတ်လုပ်ဖို့ စီစဉ်နေကြောင်း တီဗွီ လုပ်ငန်းခွဲ ခေါင်းဆောင်က ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။

Monday, 16 Jan 2012

    ဥရောပတွင်လူသိနည်းနေဆဲဖြစ်ပြီး အမေရိကန် ပြည် ထောင်စုမှာ လူသိများလာတဲ့ တောင်ကိုရီးယား ဟွန်ဒိုင်းနဲ့ ညီနောင်ကုမ္ပဏီကီးယားတို့က အမျိုးသားလုပ်ငန်းတွေနဲ့ ဂျပန် စီးပွားရေးလုပ်ငန်းတွေ လွှမ်းမိုးနေတဲ့ ဒီဈေးကွက်တွေထဲကို ခြေဆန့်လာပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့အရောင်း ၁၅ ရာခိုင် နှုန်းမြင့်တက်ပြီး ယာဉ် ၆ ဒသမ ၆ သန်းထိတိုးတက် မြင့်မားလာတဲ့ ဟွန်ဒိုင်းနဲ့ ကီးယားတို့က ယခုအချိန်မှာ ကမ္ဘာ့ မော်တော်ကား ရောင်းချမှုမှာ ပÍ္စမနေရာကိုရောက်ရှိလာပါ တယ်။

Sunday, 8 Jan 2012

    တရုတ်နိုင်ငံမှာ စက်ရုံသစ်တစ်ခုတည်ဆောက်ပြီး တဲဘလက်ကွန်ပျူတာတွေနဲ့ စမတ်ဖုန်းတွေမှာအသုံးပြု မဲ့ မင်မိုရီချစ်ပ်တွေထုတ်လုပ်မဲ့ ဆမ်ဆောင်းရဲ့စီမံကိန်းကို တောင်ကိုရီးယားကအတည်ပြုပေးခဲ့ကြောင်း တောင်ကိုရီး ယား နိုင်ငံအသိပညာစီးပွားရေးဝန်ကြီးဌာနက ပြောပါ တယ်။

Wednesday, 4 Jan 2012

    တောင်ကိုရီးယားရှိ  LCD ဖက်စပ်ကုမ္ပဏီမှ ရှယ်ယာများကို ဆိုနီ ကုမ္ပဏီက သူ၏စီးပွားဖက်ကုမ္ပဏီသို့ ပြန်လည်ရောင်းချရန် သဘော တူညီထားပြီး ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုက တနင်္လာနေ့ (ဒီဇင်ဘာ ၂၆)က ကြေညာ ပါတယ်။ ဆမ်ဆောင်းက ဖက်စပ်ကုမ္ပဏီ S-LCD Corp  မှ ဆိုနီကုမ္ပဏီ၏ရှယ်ယာအားလုံးကို ဝယ်ယူခဲ့ရာ ဆမ်ဆောင်းကဖက်စပ် ကုမ္ပဏီ ရှယ်ယာအားလုံးကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။

Wednesday, 4 Jan 2012

    ဘရာဇီးနိုင်ငံက BRIC   ခေါ်ထွန်းသစ်စ စီးပွားရေး နိုင်ငံမှာ ပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဘရာဇီး နိုင်ငံရဲ့ စီးပွားရေးက ၂၀၁၅ ခုနှစ်မတိုင်မီ ပြင်သစ်နိုင်ငံကို ကျော် တက်ပြီး ကမ္ဘာပေါ်တွင် စီးပွားရေးအရ နံပတ် ၅ နေရာကို ရောက်လာလိမ့်မယ်လို့ ဘရာဇီးနိုင်ငံဘဏ္ဍာရေး ဝန်ကြီး က ပြောပါတယ်။

Wednesday, 4 Jan 2012

    ဂျပန်နဲ့အိန္ဒိယနိုင်ငံတို့က ဒေါ်လာ ၁၅ ဘီလီယံရှိ ငွေကြေးသဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၈ ရက်က ချုပ် ဆိုခဲ့ပါတယ်။ ဒီသဘောတူစာချုပ်အရ ရူပီးငွေကြေးရဲ့ တန်ဖိုးကိုမြှင့်တင်ဖို့ အထောက်အကူပေးနိုင်မှာ ဖြစ်ပါ တယ်။ နယူးဒေလီသို့ ဂျပန်ဝန်ကြီးချုပ် ရောက်ရှိစဉ်မှာ ဒီသဘောတူ စာချုပ်ကို  ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Tuesday, 27 Dec 2011

    မတ် ၁၁ ရက်မြေငလျင်နဲ့ ဆူနာမီကြောင့် ပြည်တွင်း ဝယ်လိုအားကျဆင်းပြီးနောက် ၂၀၁၂  ကမ္ဘာ့ ရောင်းအား ၂၀ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီ တိုယိုတာကခန့်မှန်းထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းစီးရေ ၈ ဒသမ ၄၈ သန်းရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်။

Monday, 19 Dec 2011

    လွန်ခဲ့သည့်နှစ်က အစိုးရရဲ့ထောက်ပံ့ကြေးများ ရပ်ဆိုင်းခြင်းနဲ့ ဒစ်ဂျစ်တယ်ထုတ်လွှင့်မှုတွေကို ဇူလိုင် လက အပြီးသတ်ဆောင်ရွက်နိုင်ခြင်း စတာတွေကြောင့် ဂျပန်နိုင်ငံရဲ့ ပြည်တွင်းတီဗွီဈေးကွက်များကျဆင်းခဲ့ပါ တယ်။ ဒါကြောင့် ဂျပန်တီဗွီထုတ်လုပ်သူတွေက ပြည်ပ ဈေးကွက်တွေကို အာရုံစိုက်လာပါတယ်။

Pages