Main menu

Background

Sunday, 24 Jun 2012

    လူမှုရေးပေါ်လစီဆိုင်ရာ ဗီယက်နမ်ဘဏ် (  VBSP )က ဗီယက်နမ်ဒေါင် ကိုးထရီလီယံ(ဒေါ်လာ ၄၃၂ သန်း)ကို လူမှုအဖွဲ့အစည်း အတွက်ဆောင်ရွက် ထားကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆင်းရဲသားမိသားစုများနဲ့ ကျောင်း သားများနဲ့ ကျေးလက်ဒေသရှိ အများပြည်သူအထောက်အကူပြုလုပ်ငန်းများ ကို ဦးစားပေးထားကြောင်း ဘဏ်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ငုယင်ဒပ်ဟိုင် က ပြောပါတယ်။

Sunday, 24 Jun 2012

    ထိုင်းနိုင်ငံပြင်ပကို ဘဏ္ဍာရေးစီးထွက်မှု ပိုမိုမြှင့်တင်ဖို့ အတွက် ထိုင်းနိုင်ငံရဲ့ စီမံကိန်းသစ်တစ်ခုကို ယခုနှစ် တတိယ သုံးလပတ်မှာ စတင်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း ထိုင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပရာဆန်ထရိုင်ရက် ဗိုရာကူးလာ က ပြောကြားပါတယ်။ ယခုစီမံကိန်းအရ ပုဂ္ဂလိကနဲ့ အပြန် အလှန် ရန်ပုံငွေအဖွဲ့များက ပြုလုပ်တဲ့ နိုင်ငံဖြတ်ကျော်ရင်းနှီး မြှုပ်နှံမှု၊ ပင်လယ်ရပ်ခြားဈေးကွက်များရှိ ကြွေးမြီစာချုပ် စာတမ်းများနှင့် ဆင့်ပွားစာချုပ်များ ပါဝင်ပါတယ်။

Thursday, 7 Jun 2012

    ဗီယက်နမ်မှာ ဘိလပ်မြေထုတ်လုပ်မှု ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၉ သန်းသာထုတ်လုပ်နိုင်ပေမဲ့ မေလကုန်မှာ ဘိလပ်မြေအိတ်လက်ကျန် ၃ ဒသမ ၅ သန်းရှိနေကြောင်း ဗီယက်နမ် ဘိလပ်မြေအသင်းက ပြောပါတယ်။ လက်ကျန်များေ နတာကလောလောဆယ်မှာ ဘိလပ်မြေလုပ်ငန်းအတွက် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေကြောင်းအသင်းရဲ့ အထွေအထွေ အတွင်း ရေးမှူး ဒိုဒပ်အုန်းက ပြောပါတယ်။

Wednesday, 30 May 2012

    အစိုးရနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် အိန္ဒိယ စီးပွားရေးလုပ်ငန်းတွေရဲ့ ၂၀၁၂ ခုနှစ် အိုင်တီသုံးစွဲမှုက ၂၀၁၁ ခုနှစ်ကသုံးစွဲခဲ့တဲ့ ရူပီးဘီလီယံ ၁၆၄၀ ထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး ရူးပီးဘီလီယံ ၁၉၈၀ ထိရှိလာနိုင်တယ်လို့ နည်းပညာသုတေသနအေဂျင်စီ ဂတ်တနာက မေ ၂၂ ရက်က  ပြောပါတယ်။    အစိုးရရဲ့ သုံးစွဲမှုက ၂၀၁၁ ခုနှစ်မှာ ရူးပီး ၃၀၂ ဘီလီယံရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ ရူးပီး ၃၄၉ ဘီလီယံထိ တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Thursday, 24 May 2012

    ယခုနှစ် ပထမလေးလမှာ ဗီယက် နမ်ရဲ့ မိုဘိုင်းဖုန်းနဲ့ အပိုပစ္စည်းတွေရဲ့ တင်ပို့မှုတန်ဖိုးက ဒေါ်လာ ၃ ဘီလီယံ ဖိုးရှိတဲ့အတွက် နှစ်အလိုက်တိုးတက်နှုန်း ၁၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ချည်မျှင် အထည်ချုပ်လုပ်ငန်းပြီးရင် ဒုတိယ နေ ရာကို ရောက်ရှိနေပါတယ်။ ပို့ကုန် တန်ဖိုးအရ ဗီယက်နမ်ရဲ့ ထိပ်တန်း ၁၀ ခုထဲမှာ ပါဝင်နေပါတယ်။

Thursday, 17 May 2012

    ပူဖောင်းစီးပွားရေး-ဂျပန်မှ သင် ခန်းစာများ  (Bubble  Economy : Lessons From Japan) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို လွန်ခဲ့တဲ့ သီတင်း ပတ်က ဟနွိုင်းမြို့မှာကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ  အိမ်ခြံမြေနဲ့ ရွှေဈေး ကွက် ''ပူးဖောင်း" ဖြစ်လာမှာကို စိုး ရိမ်ကြောင်း ကျွမ်းကျင်သူတို့က ပြော ကြားခဲ့ပါတယ်။

Thursday, 17 May 2012

    လုပ်ငန်းများ ဖွံ့ဖြိုးမဲ့ အလား အလာတွေရှိနေတဲ့အတွက် လာမဲ့ နှစ် နှစ်အတွင်း ကမ္ဘာ့ရောင်းဝယ်မှု လုပ်ငန်း များကို တိုးချဲ့နိုင်ရန်အတွက် အိန္ဒိယ နိုင်ငံမှတာတာဆက်သွယ်ရေးလီမိတက် (TCL)  က အရှေ့တောင်အာရှနိုင်ငံမှာ အထူးသဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံ တွေကို မျက်စိကျလျက် ရှိပါတယ်။

Tuesday, 15 May 2012

    အသက်အရွယ်ကြီးရင့်နေတဲ့ လူဦးရေများလာတာနဲ့အမျှ လူဦးရေကျဆင်းလာနေတဲ့ ဂယက်ရိုက်ခတ်မှုကို ကျဆင်းသွား စေဖို့အတွက် စင်ကာပူနိုင်ငံက ရွှေ့ပြောင်းလုပ်သား အသစ် တွေကို ဆွဲဆောင်သင့်တယ်လို့ လေ့လာချက်စစ်တမ်း တစ် စောင်မှာ ဖော်ပြထားပါတယ်။ အမြဲတမ်းနေထိုင်သူ (Non-resident) လူဦးရေ ကိစ္စကို မူဝါဒများလေ့လာရေးအဖွဲ Institute of  Policy  Studies ( IPS )   ရဲ့ အစီ ရင်ခံစာမှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းစဉ်းစားလာပါတယ်။

Monday, 14 May 2012

    ဗီယက်နမ်နိုင်ငံရဲ့ ပို့ကုန် လုပ်ငန်း တွေထူးခြားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် တွေ့ကြုံနေရတယ်လို့ ဗီယက်နမ် ပို့ကုန် မြှင့်တင်ရေးအေဂျင်စီက ပြုလုပ်တဲ့ စစ်တမ်းအရ သိရပါတယ်။ စစ်တမ်း ကိုလွန်ခဲ့တဲ့ သြဂုတ်လက စတင်ပြီး သုံး လတာ ဆောင်ရွက်ခဲ့ပါတယ်။ ပို့ကုန် လုပ်ငန်းရှင်တွေ ကုန်သွယ်မှု အသင်း တွေနဲ့ လုပ်ငန်းမြှင့်တင်ရေးစင်တာ တွေပါရှိသလို ပင်လယ်ရပ်ခြား ကိုယ် စားလှယ် အေဂျင်စီတွေအပါအဝင် စုစုပေါင်းဦးရေ ၂၀၀၀ ခန့် ပါဝင်ပါ တယ်။ မတည်ရင်းနှီငွေပြတ်လပ်မှုနဲ့ ဆက်နွှယ်ပြီး "အခက်အခဲ အကြီး အကျယ်" တွေ့နေပါတယ် ဆိုတဲ့ ကုမ္ပဏီ က ၂၄ ရာခိုင်နှုန်းကျော် ရှိပြီး အခြေအနေက "အတော်ကလေးခက်ခဲ နေတယ်"လို့ ပြောသူက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။

Monday, 14 May 2012

    စင်ကာပူရေကြောင်း သွားလာ ရေး ကဏ္ဍမှ သူ့ရဲ့သင်္ဘောများအတွက် ပိုမို ကျွမ်းကျင်သူများကို ရှာဖွေရန် ဆန္ဒရှိနေပါတယ်။ ၂၀၁၂ ခုနှစ် ဘတ်ဂျက်မှာလည်းပင်လယ်ရေကြောင်း သွားလာရေးကဏ္ဍအတွက် ပြည်တွင်း မှ ကျွမ်းကျင်သူတွေ ပိုမိုရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုဆောင်ရွက် နိုင်ဖို့အတွက် ခုနှစ်နှစ်မြောက်ကျင်းပခဲ့ ပြီးဖြစ်တဲ့  Singapore Maritime Week     ဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်း သွားမှာ ဖြစ်ပါတယ်။

Pages