Main menu

Background

Tuesday, 30 Aug 2022

မန်ယူအသင်းသည် တိုက်စစ်ပိုင်း လိုအပ်ချက်အတွက် ဘာစီလိုနာအသင်းမှ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဒီပေးကိုခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။မန်ယူအသင်းအနေဖြင့် ဒီပေးကို ခေါ်ယူရန် ပြင်ဆင်ရာတွင် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်မည် ဖြစ်ပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားရန် ပြင်ဆင်နေကြောင်း သိရသည်။အသက်(၂၈)နှစ်ရှိ ဒီပေးကို အသင်းမှထွက်ခွာရန်  ဘာစီလိုနာအသင်းက ဖိအားပေးနေပြီး ကစားသမားဘက်ကသာ လက်ခံမည်ဆိုပါက မန်ယူအသင်းသို့ ပြောင်းရွှေ့မှုမှာ အောင်မြင်လာမည်လည်း ဖြစ်သည်။ဒီပေးသည် ၂၀၁၅ ခုနှစ်က ပီအက်စ်ဗွီအသင်းမှ မန်ယူအသင်းသို့ ပြောင်း ရွှေ့ခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် လိုင်ယွန်အသင်းနှင

Tuesday, 30 Aug 2022

အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံသည် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင် တင်းနစ်လောကမှ အနားယူတော့မည်ဖြစ် ကြောင်း သြဂုတ် ၁၁ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။လက်ရှိအချိန်တွင် အသက်(၄၀)ရှိပြီဖြစ်သည့် ဆရီနာဝီလီယံသည် တင်းနစ်လောကတွင် ဂရင်းဆလင်း ချန်ပီယံဆုကို (၂၃)ကြိမ် ရရှိထားသူ ဖြစ်သည်။ဆရီနာဝီလီယံသည် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူ နေရာမှ  ပြီးခဲ့သည့်ဇွန်လက  ကျင်းပခဲ့သည့် ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ယင်းပြိုင်ပွဲတွင် ဆရီနာဝီလီယံအနေ ဖြင့်  အောင်မြင်မှုမရရှိခဲ့ဘဲ   မကြာမီကျင်းပမည့် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တစ်ကျော့ပြန် အောင်မြင်မှုနှင့်အတူ တင်းနစ်လေ

Tuesday, 30 Aug 2022

ရီးယဲလ်မက်ဒရစ်အသင်း  နည်းပြ အန်ဆယ်လော့တီက မိမိတို့အသင်းမှ တိုက်စစ်မှူး ဘန်ဇီမာသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနှင့် ထိုက်တန်ကြောင်း သြဂုတ် ၁၁ ရက် နံနက် က ယူအီးအက်ဖ်အေ စူပါဖလားပွဲအဖြစ် ဖရန့်ဖတ်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောဆိုလိုက် သည်။တိုက်စစ်မှူး  ဘန်ဇီမာသည်  ဖရန့်ဖတ်အသင်းနှင့် ကစားခဲ့သည့် စူပါဖလားပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်း အတွက် ပွဲချိန် ၆၅ မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးယဲလ် မက်ဒရစ်အသင်း၏ သမိုင်းတစ်လျှောက်တွင် ဒုတိယ သွင်းဂိုး အများဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။]]ဘန်ဇီမာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူ

Tuesday, 30 Aug 2022

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းသည် ဘန်လေအသင်းမှ တောင်ပံ ကစားသမား မက်နေးလ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။အဲဗာတန်အသင်းသည်  အဆိုပါ အသက်(၂၂)နှစ်ရှိ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကစားသမား မက်နေးလ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။]အဲဗာတန်အသင်းက ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ ကြားလိုက်ရချိန်မှာ ကျွန်တော် စိတ်လှုပ်ရှားခဲ့ရပါတယ်။ အခုလို အဲဗာတန်အသင်းက ကျွန်တော့်ကို အပြီးသတ် ခေါ်ယူ လိုက်တော့ တကယ်ကိုပဲ အံ့သြခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အဲဗာတန်အသင်းဟာ ကျွန်တော် ကစားချင်နေတဲ့အသင်းပါ။ အထူးသဖြင့် နည်းပြ လမ်းပတ်ရဲ့အောက်မှာ ကျွန်တော် ကစ

Tuesday, 30 Aug 2022

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်း အသင်းသည် ဆက်ဆူအိုလိုအသင်းမှ တိုက်စစ်မှူး စကာမက်ကာကို  အပြီးသတ်  ခေါ်ယူလိုက်ပြီဖြစ် ကြောင်း ဇူလိုင် ၂၇ ရက်က တရားဝင်ကြေညာခဲ့သည်။ဝက်စ်ဟမ်းအသင်းသည်   စကာမက်ကာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်းပေးချေခဲ့ရ သည့်အပြင် အပိုဆုကြေးအဖြစ် ယူရိုခြောက်သန်း ထပ်ဆောင်းပေးရမည်လည်းဖြစ်သည်။ဝက်စ်ဟမ်းအသင်းသည် အသက်(၂၃)နှစ်ရှိ အီတလီနိုင်ငံသား စကာမက်ကာကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် ဝက်စ်ဟမ်း အသင်းသည် ယင်းကစားသမားနှင့် ယခုချုပ်ဆိုသည့် ငါးနှစ်စာချုပ်ပြည့်ပါက နောက်ထပ်တစ်နှစ် သက်တမ်း တိုးခွင့်ရှိနေသည်။

Friday, 27 May 2022

ချယ်လ်ဆီးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီ ဖြစ်သည့် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရ သည်။ ဘိုင်ယန်မြူးနစ်အသင်းတွင် ရှစ်နှစ်ကြာ ကစားခဲ့သည့် လီဝန်ဒေါ စကီး သည် ယခုနှစ်ရာသီမကုန်မီကပင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားခဲ့သည့် ရှစ်နှစ်စလုံးတွင် ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ 

Friday, 20 May 2022

လီဗာပူးအသင်းသည် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင် နယ်တွင် စပိန်လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့် အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ် သည်။လီဗာပူး အသင်းသည်  ချန်ပီယံလိဂ်  ဆီမီးဖိုင်နယ်တွင် ဗီလာရီးယဲလ်အသင်းကို ပထမအကျော့ အိမ်ကွင်းတွင် ၂-ဝ ဂိုးဖြင့် လည်း ကောင်း၊ ဒုတိယအကျော့ အဝေး ကွင်းတွင် ၂-၃ဂိုးဖြင့်လည်းကောင်း၊ နှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့် အနိုင် ရရှိကာ    နောက်ဆုံ းဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။အခြားတစ်ဖက်တွင်  စပိန် လာလီဂါ  ထိပ်သီးကလပ် ရီးယဲလ် မက်ဒရစ်အသင်းသည် ပရီးမီးယား လိဂ်ကလပ် မန်စီးတီးအသင်းနှင့် ကစားခ

Friday, 20 May 2022

အီတလီ စီးရီးအေကလပ် ရိုးမားအသင်းသည် မန်ယူအသင်းမှ အင်္ဂလန် လက်ရွေးစင် နောက်ခံကစားသမား ဘစ်ဆာကာကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ရိုးမားအသင်းနည်းပြ  မော်ရင်ဟိုက "ကျွန်တော်တို့အသင်းရဲ့ ခံစစ်ပိုင်းမှာ ဒေါင်ဒေါင်မြည် ကစားသမား လိုအပ်နေပါတယ်။ လက်ရှိ စီးရီးအေပွဲစဉ်(၃၅)ပြီးဆုံး ချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းက သွင်းဂိုး ၅၅ ဂိုး ရရှိထားပေမယ့် ခံစစ်ပိုင်းက ပေးဂိုး ၄၀ အထိ ရှိထားပါတယ်။ ဒါဟာ အသင်းကြီးတစ်သင်းအနေနဲ့ ဘယ်လိုမှ မဖြစ်သင့် တဲ့ အနေအထားပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အသင်းဟာ ခံစစ်ပိုင်း အားနည်းနေသေးတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ အေစီမီလန်၊ အင်တာမီလန်၊ နာပိုလီနဲ့ ဂျူဗင်တပ်တို့လို အသင်းတွေ

Monday, 2 May 2022

မန်ယူအသင်းသည် ယာယီနည်းပြ ရင်းနစ်၏နေရာတွင် အစားထိုး ရန် အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ကို သုံးနှစ်စာချုပ်ဖြင့် အပြီး သတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။အဆိုပါ အသက်(၅၂)နှစ် ရှိ နယ်သာလန်နိုင်ငံသား အဲရစ်တန်ဟက်စ် သည် လာမည့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် မန်ယူအသင်းကို စတင် ကိုင်တွယ်မည်ဖြစ်သည်။အခြားတစ်ဖက်တွင် လက်ရှိ မန်ယူအသင်းတွင် ယာယီနည်းပြအဖြစ် ဆောင်ရွက်နေသည့် ရင်းနစ်က မန်ယူအသင်းအနေဖြင့် အသင်းအောင်မြင်မှု ရရှိလိုပါက လာမည့်ရာသီတွင် ကစားသမားသစ် အနည်းဆုံး ၁၀ ဦးခန့် ခေါ်ယူရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။လက်ရှိအချိန်တွင် အသင်းရှိ ကစားသမားများ၏ စွမ်းဆောင်ရည် များမှာ အရှက်ရစရာ အနေအထာ

Monday, 2 May 2022

အင်္ဂလန် ချန်ပီယံရှစ်မှ ဖူလ်ဟမ် အသင်းသည် လာမည့်ရာသီတွင် ပရီး မီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ဖူလ်ဟမ်အသင်းသည် ဧပြီ ၂၀ ရက် နံနက်ပိုင်းက ချန်ပီယံရှစ် ပွဲစဉ် (၄၃)အဖြစ် ပရီစတွန်အသင်းနှင့် အိမ် ကွင်းတွင် ကစားခဲ့ရာ ဖူလ်ဟမ်အသင်း က ၃-ဝ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ဖူလ်ဟမ် အသင်းသည် ယခုပွဲစဉ်တွင် မီထရိုဗစ် နှင့်  ကာဗယ်ဟိုတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင်  ဖူလ်ဟမ် အသင်းသည် ၄၂ ပွဲ  ကစားအပြီး၌ ရမှတ် ၈၆ မှတ် ရရှိထားကာ ပရီးမီးယား လိဂ်သို့ တိုက်ရိုက်တန်းတက်ရန် သေ ချာသွားပြီဖြစ်သလို ချန်ပီယံရှစ်တွင် ချန်ပီယံဖြစ်ရန်လည်း လက်တစ်က

Pages