Main menu

Background

Wednesday, 31 Jul 2013

၂၀၁၃စူပါဘိုက်ခ် ကမ္ဘာ့ချန်ပီယံ ရှစ်ဆိုင်ကယ်စီးပြိုင်ပွဲ၏ ရှစ်ခုမြောက် ပွဲစဉ်တွင် မတော်တဆ ဆိုင်ကယ်တိမ်း မှောက်မှုတစ်ရပ်ကြောင့် အီတလီ ဆိုင် ကယ် စီးသမား အန်ဒရီယာအန်တိုနယ် လီ သေဆုံးခဲ့ရသည်။
မိုးသည်းထန်စွာ ရွာသွန်းနေမှု ကြောင့် မော်စကိုမြို့ ဗိုလိုကိုလာမက်ခ် ခရိုင်ရှိ Moscow Raceway  ဆိုင် ကယ်ကွင်းမျက်နှာပြင်တွင် မိုးရေများ စိုရွှဲပြီးပြိုင်ပွဲဝင်များ၏အသက်အန္တရာယ် ကို ခြိမ်းခြောက်ခဲ့သည်။

Monday, 1 Oct 2012

မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီက ပရီးမီးယားလိဂ်အသင်းတိုင်းမှာ အင် အားတောင့်တင်းသည့်အသင်း များဖြစ်ကြ၍ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ခက်ခက်ခဲခဲကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

Sunday, 9 Sep 2012

အသက်(၂၉)နှစ်ရှိ ဆွီဒင်ကစားသမားတစ်ဦးသည် ဆွီဒင်လိဂ်ပွဲစဉ်တွင် အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ကွင်းအတွင်း လဲကျပြီးနောက် နှလုံးရော ဂါကြောင့် သေဆုံးသွား ခဲ့ကြောင်း သိရသည်။ ပီတီယာအသင်းကစားသမားဘရန်းစထရောင်းသည်ဆွီဒင်ဒုတိယ တန်းပွဲစဉ်အဖြစ် အူမီဒါလန်းနှင့်ယှဉ်ပြိုင်သည့်ပွဲတွင် လဲကျပြီးနောက် ဆေးရုံ သို့ရောက်ရှိစဉ်မှာပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

Wednesday, 5 Sep 2012

အန်ဇီအသင်းတိုက်စစ်မှူး ဆင်မြူရယ်အီတူးသည် ကင်မရွန်းလက်ရွေးစင် အသင်းအတွက် ပါဝင်ကစား ရန် ငြင်းဆန်ခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ်၏ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမည့်အရေးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ရှန်ဟိုင်းရှင်ဟွာအသင်း၏ရှယ်ယာအရှုပ်အထွေးများကြောင့် မကြာသေးမီက မှပြောင်းရွှေ့သွားသည့် အနယ်ကာလ်နှင့်ဒရော့ဘာတို့အား ပြန်လည်ရောင်း ချသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြသည်။

Monday, 27 Aug 2012

အမေရိကန်မှ နာမည်ကြီးရေကူးသမား မိုက်ကယ်ဖဲလ်သည် ကျင်းပလျက်ရှိ သည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူး နိုင်သဖြင့် အိုလံပစ်ပြိုင်ပွဲသမိုင်းတွင် ဆုတံဆိပ်အများဆုံးရရှိသူအဖြစ် စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။ တိုးဒီဖရန့်စက်ဘီးစီးချန်ပီယံ ဘရက်ဒလေဗစ်ဂင်သည် စံချိန်ယူစက်ဘီးစီးပြိုင်ပွဲ တွင် တစ်နာရီလျှင်ပျမ်းမျှ ၅၂ကီလိုမီတာနှုန်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဂရိတ်ဗြိတိန် အတွက် ဒုတိယမြောက်ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည်။ အသက် ၁၆နှစ်အရွယ်ရှိတရုတ်ရေကူးမယ် လီရှီဝမ်သည် အိုလံပစ်သမိုင်းတွင်  အမျိုးသားများထက်ပို၍ မြန်အောင်ကူးနိုင်သည့်စံချိန်ကို တင်နိုင်ခဲ့ပြီး တရုတ် နိုင်ငံအတွက် ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ကို ရယူပေးခဲ့သည့် အသက်အငယ် ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ဘေဂျင်းအိုလံပစ်ချန်ပီယံ အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံသည် လန်ဒန် အိုလံပစ်ပြိုင်ပွဲတင်းနစ်ပြိုင်ပွဲ၏ဆီမီးဖိုင်နယ်တွင် ဘဲလားရုစ်နိုင်ငံမှ ဗစ်တိုးရီး ယားအဇာရန်ကာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်အမျိုးသမီးရေကူးချန်ပီယံ ရေဘက္ကာဆိုနီသည် မီတာ ၂၀၀ ရင် ပေါင်တန်းလက်ပစ်ကူးပြိုင်ပွဲတွင် ၎င်းကိုယ်တိုင်တင်ထားခဲ့သည့်စံချိန် ၂မိနစ် ၂၀စက္ကန့်စံချိန်ကို ချိုးဖျက်ကာစံချိန် ၂မိနစ် ၁၉ ဒသမ ၅၉ စက္ကန့်ဖြင့် ကမ္ဘာ့ စံချိန်ကို ချိုးနိုင်ခဲ့ကြောင်း သိရသည်။ လန်ဒန်အိုလံပစ် အမျိုးသား လက်ပစ်ဘောပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း က အိမ်ရှင်ဂရိတ်ဗြိတိန်အသင်းအား ၃၂ဂိုး ၂၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အိုလံပစ်ဓားသိုင်းပြိုင်ပွဲတွင် အီတလီအသင်းက ဘေဂျင်း အိုလံပစ်ချန်ပီယံ ရုရှားအသင်းကို ၄၅-၃၁ဖြင့် အနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Sunday, 29 Jul 2012

    အိုလံပစ်ပြိုင်ပွဲဝင် ဂါဘွန်ဘောလုံးအသင်းတွင် ဒဏ်ရာပြဿနာများနှင့် မိခင်ကလပ်အသင်းများ က စေလွှတ်ပေးရန် ငြင်းဆန်ခဲ့ခြင်းတို့ကြောင့် ကစား သမား ၁၆ဦးသာကျန်ရှိတော့ကြောင်း နည်းပြဘူရိုနော့က ညည်းတွားခဲ့သည်။

Wednesday, 25 Jul 2012

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဇူလိုင် ၁၇ ရက်က မလေးရှားနိုင်ငံတွင်ကျင်းပသည့် အာရှလူငယ်ဘောလုံးကော်မတီအစည်း အဝေးတွင် အာရှယူ-၁၄ ဘောလုံးပြိုင်ပွဲတစ်ရပ်အား စတင်ကျင်းပနိုင်ရန် အတွက် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

Monday, 9 Jul 2012

    အင်္ဂလန်နည်းပြဟောင်းဖေဘီယိုကာပယ်လိုသည် လစ်လပ်နေသောရုရှား လက်ရွေးစင်နည်းပြရာထူး အတွက် ဆွေးနွေးမှု များ ပြုလုပ်ရန်ဆန္ဒရှိနေကြောင်း သိရသည်။    ဂျူဗင်တပ်စ်အသင်းသည် ခံစစ်အားဖြည့်သည့်အနေဖြင့် အင်တာမီလန်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဝါရင့်နောက်ခံလူ လူစီယိုအား နှစ်နှစ် စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်ဟု သိရသည်။

Monday, 2 Jul 2012

    ဝင်ဘယ်ဒန်အိုးပင်းတွင် ဖက်ဒဲရာ၊ ရော့ဒစ်၊ ကလိုက်စတာ၊ တစ်ဆာရီဗစ်တို့ သည် ၎င်းင်းတို့၏ပြိုင်ဘက်များကို အနိုင်ယူကာ တတိယအဆင့်သို့တက်ရောက် သွားပြီဖြစ်သည်။    စပါးအသင်းသည် အားထားရသည့် ကွင်းလယ်လူ လူကာမော့ဒရစ်အား ရီး ရဲမက်ဒရစ်မှ ကွင်းလယ်ဖန်တီးရှင် နူရီဆာဟင်နှင့် အလိုက်ပေးကာ လဲလှယ် မည်ဖြစ်သည်။

Sunday, 24 Jun 2012

တရုတ်ဂေါက်သီးမယ် ရှန်းရှန်းဖန်သည် အမေရိကန်နိုင်ငံနယူးယောက်မြို့တွင်  ကျင်းပခဲ့သည့် LPGA  ချန်ပီယံရှစ်ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် လေးရက်ပေါင်း ရိုက်ချက် ၂၈၂ချက်ဖြင့် စုစုပေါင်းရိုက်ချက်ထက် ၆ချက်လျော့ရိုက်ကာ အနိုင် ရဗိုလ်စွဲခဲ့သည့်အတွက် အဓိကပြိုင်ပွဲကြီးများတွင် ဗိုလ်စွဲခဲ့သည့် ပထမဆုံး တရုတ်နိုင်ငံသူဖြစ်လာခဲ့သည်။

Pages