Main menu

Background

Sunday, 24 Jun 2012

       ယူရို ၂၀၁၂ပြိုင်ပွဲကျင်းပနေသည့်ကာလအတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့်မြို့များကို လေကြောင်းရန် အပြည့်အဝကာကွယ်ပေး မည်ဖြစ်ကြောင်း ယူကရိန်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဗိုလိုဒီမာဇာ မာနာက ပြောကြားလိုက်သည်။

Thursday, 7 Jun 2012

    အင်္ဂလန်အသင်းသည် ယူရို ၂၀၁၂ပြိုင်ပွဲတွင် ဝတ်ဆင်နေကြ အနီရောင်ဝတ် စုံကို ဝတ်ဆင်၍ ယှဉ်ပြိုင်မည်မဟုတ်ဘဲ တတိယဦးစားပေးဖြစ်သည့် အပြာ ရောင်ကိုဝတ်ဆင်၍ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Wednesday, 30 May 2012

     ရီးယဲမက်ဒရစ်အသင်းခေါင်းဆောင် ကာဆီးလက်စ်က မိမိတို့စပိန်အသင်းအ နေဖြင့် ၂၀၀၈ယူရိုပြိုင်ပွဲတုန်းက ဗိုလ်စွဲခဲ့သည့်ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ခက်ခဲလိမ့်မ ည်ဖြစ်ကြောင်းပြောကြားခဲ့သည်။    ယူရို ၂၀၁၂ပြိုင်ပွဲဝင်မည့် ပေါ်တူဂီအသင်းတောင်ပံတိုက်စစ်မှူး စီရော်နယ်ဒို က လာမည့်ယူရို ၂၀၁၂ပြိုင်ပွဲတွင် စပိန်၊ ဂျာမနီနှင့်နယ်သာလန်တို့မှာ ဗိုလ်စွဲ ရန်ရေပန်းစားနေ သည့်အသင်းများဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။

Thursday, 24 May 2012

             မန်ယူနည်းပြ ဖာဂူဆန်အား လှောင်ပြောင်ခဲ့ခြင်းအတွက် မန်စီတီးတိုက်စစ်မှူး တီဗက်ဇ်က ပြန်လည်တောင်းပန်ခြင်းများ ကို ပြုလုပ်သွားမည်မဟုတ်ဟု ဆို လိုက်သည်။

Tuesday, 15 May 2012

    မန်ယူအသင်းသည် ခရစ္စတီယာနိုရော်နယ်ဒိုလက်သစ်ဟု တင်စားခေါ်ဝေါ် ထားသည့် ပေါ်တိုအသင်း၏တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်အား ခေါ် ယူရန် အန်ဒါဆန်အား ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။    အသင်းမှကစားသမားကို ထိုးကြိတ်ခဲ့မှုဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ဖီ အိုရင်တီးနား နည်းပြ ဒယ်လီယိုရော့စီသည် အီတလီစီးရီးအေမှချမှတ်သည့် သုံးပွဲပယ်ပြစ်ဒဏ်ကိုလည်း ခံစားခဲ့ရသည်။

Sunday, 25 Mar 2012

-    မန်ယူတိုက်စစ်မှူး ဒီမီတာဘာဘာတော့ဗ်ကို အသင်းမှထွက်ခွာခွင့်ပေးထား ကြောင်းမန်ယူအသင်း၏မန်နေဂျာဖာဂူဆန်ကထုတ်ဖော်ပြောကြားလိုက်သည်။-    လီဗာပူးအသင်းသည် ရိန်းဂျားစ်အသင်း၏ ကွင်းလယ်လူ ယန်းမားဗီးလားကို ခေါ်ယူရန် အာဆင်နယ်နှင့် ရီးရဲမက်ဒရစ်အသင်းတို့နှင့်အပြိုင် ကြိုးပမ်းနေ ကြောင်း သိရသည်။-    ချန်ပီယံလိဂ်တွင် ဘာစီလိုနာအသင်းနှင့်ထိပ်တိုက်ရင်ဆိုင်ရပါက လုံးဝစိုးရိမ် မည်မဟုတ်ကြောင်းရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးမာဆယ်လိုကပြောကြားသည်။

Monday, 5 Mar 2012

*    အာရှ ဘောလုံးအဖွဲ့ချုပ်သည် ဘောလုံးပွဲများ၌ အမျိုးသမီးများအား ခေါင်း စည်းပဝါ ဝတ်ဆင်ကစားခွင့်ပိတ်ပင်သည့် ဖီဖာ၏စည်းမျဉ်းအား ပယ်ဖျက်ပေး ရန်အတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာထံ အရေးဆိုခဲ့ကြောင်း သိရသည်။*    ယခုနှစ်ရာသီအကုန်တွင် ချဲလ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အသင်း၏တိုက်စစ်မှူး ဒီဒီယာဒရော့ဘာသည် အသင်းနှင့်စာချုပ်သစ်ချုပ် ဆိုနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ တစ်နှစ်လုပ်ခလစာ ပေါင် ၆သန်း ရရှိရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

Tuesday, 21 Jun 2011

ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် အဓိကဖလားရရှိမည်ဟု လီဝက်စ်ဝုဒ် ယုံကြည်              ကျင်းပလျက်ရှိတဲ့ယူအက်စ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အင်္ဂလန်နိုင်ငံ မှ ကမ္ဘာ့အဆင့်(၂) ဂေါက်သီးချန်ပီယံ ဖြစ်သူ လီဝက်စ်ဝုဒ်သည်ပြိုင်ပွဲ၏အဓိက ဖလားကို ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။ အသက် ၃၈နှစ်ရှိပြီဖြစ်သည့်လီ သည် သူ၏ကစားသမားသက်တမ်းတစ်လျှောက်တွင် ဒုတိယ နှစ်ကြိမ်၊ တတိယ သုံးကြိမ်ရရှိထားသူဖြစ်သည်။ ၂ဝ၁ဝခု နှစ် မာစတာဂေါက်သီးရိုက်ပြိုင်ပွဲ နှင့် အိုးပင်းပြိုင်ပွဲတို့တွင် ဒုတိယရရှိခဲ့ပြီး ၂ဝဝ၈ခုနှစ်ယူအက်စ်အိုးပင်းပြိူင်ပွဲ၊ ၂ဝဝ၉ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲ၊ ၂ဝဝ၉ခုနှစ် ယူအက်စ်ပီဂျီအေပြိုင်ပွဲတို့ တွင် တတိယရရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၁ ယူအက်စ် အိုးပင်းပြိူင်ပွဲဝင် လီက ''ကျွန်တော်ဒီပွဲမှာ အနိုင်ရဖို့မျှော်လင့်ထားပါတယ်။ စိတ်ထဲမှာ ကသိက အောင့်တွေဖြစ်နေတဲ့ကြားထဲက အခု ပြိုင်ပွဲကို ယှဉ်ပြိုင်ရတာပါ။ ဒါနဲ့ပတ် သက်ပြီးတော့လည်း ကျွန်တော့်ကို အကောင်းမြင်တဲ့ဖက်ကနေ ကြည့်ပေးကြ ပါ။ ကျွန်တော့်အနေနဲ့ ဒီပွဲမှာ အဓိကဖလားကို ရအောင် ကြိုးစားသွား မှာပါ''ဟု ပြောကြားသွားခဲ့သည်။

Tuesday, 21 Jun 2011

ဒဏ်ရာကြောင့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကင်ကလိုက်စတာ ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာ                  ကမ္ဘာ့အဆင့်နှစ် တင်းနစ်မယ် ကင်ကလိုက်စတာသည် မကြာသေးမီ ကကျင်းပခဲ့သည့် ယူနီဆက်ဖ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့သဖြင့် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန်မှာ မသေချာတော့ကြောင်း သိရသည်။                    အဆိုပါ ယူနီဆက်အိုးပင်းပြိုင်ပွဲ တွင် ကလိုက်စတာသည်ခြေကျင်းဝတ် ဒဏ်ရာကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ သူမ၏ခြေကျင်းဝတ်ဒဏ်ရာသည် ပြီးခဲ့သည့်ဧပြီလက သူမ၏အစ်မတစ်ဝမ်းကွဲ မင်္ဂလာဆောင်တွင် ကခုန်ရာမှခြေကျင်း ဝတ်လည်ကာဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သူမသည် အဆိုပါဒဏ်ရာကြောင့် ပြိုင် ပွဲနှင့် နှစ်လခန့်ဝေးကွာနေရာမှ ယခု ယူနီဆက်ပြိုင်ပွဲတွင် ပြန်လည် ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။                    ယူနီဆက်ဖ်အိုးပင်းပြိုင်ပွဲတွင် က လိုက်စတာသည် ကမ္ဘာ့အဆင့် ၈၂ရှိသူ ရိုမီနာအိုဖရန်ဒီကို ၇-၆၊ ၆-၃ နှစ်ပွဲပြတ် ဖြင့် ရှုံးနိမ့်ခဲ့သည်။ အသက် ၂၈နှစ်အရွယ်ရှိသူ သြစီအိုးပင်းချန်ပီယံ ကလိုက်စတာက သူမ ယခုကဲ့သို့ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ''ကျွန်မ သိပ်ကို ကံမကောင်းပါဘူး။ အခုတော့ ဆေးရုံကို သွားရတော့မယ်။ အခုပြိုင်ပွဲဟာ သိပ်ကို မကြီးကျယ်ပေ မယ့် ကျွန်မအတွက်တော့ သိပ်ကို အံအားသင့်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခု ပါ။ ဒီဒဏ်ရာကြောင့် ဝင်ဘယ်ဒန်ပွဲနဲ့ လွဲရတော့မယ်''ဟု စိတ်ပျက်စွာ ညည်း တွားခဲ့ကြောင်း သိရသည်။

Tuesday, 21 Jun 2011

ရီးရဲလ်မက်ဒရစ်မှာ အကြာကြီးနေခွင့်ရပါက အတိုင်းမသိ ဝမ်းမြောက်လိမ့်မည်ဟု ရော်နယ်ဒိုဆို                   ရီးရဲလ်မက်ဒရစ်အသင်း၏တောင်ပံ ကစားသမား ပေါ်တူဂီလက်ရွေးစင် ခရစ္စတီယာနိုရော်နယ်ဒိုက ရီးရဲလ်မက် ဒရစ်အသင်းတွင် အချိန်အတော်ကြာ နေခွင့်ရခဲ့ပါက မိမိအနေဖြင့် အရမ်းကို ဝမ်းမြောက်မိလိမ့် မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။                           ရော်နယ်ဒိုက ''ကျွန်တော် ရီးရဲလ် မှာ အကြာကြီးနေချင်ပါတယ်။ နောက်ထပ် ၁ဝနှစ်လောက်ကို ထပ်ပြီးနေချင်ပါတယ်။ ရီးရဲလ်ကနေထွက်ဖို့ ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့မရပါဘူး။ ရီးရဲလ်ရဲ့ဥက္ကဋ္ဌကြီးကသာမင်းကိုနောက် ထပ်၁ဝနှစ်ထပ်ပြီး စာခုျပ်ခုျပ်မယ်ဆိုရင် မနက်ဖြန်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော် ဝမ်းပန်းတသာနဲ့ လက်ခံ လိုက်မှာပါပဲ''ဟု ပြောကြားခဲ့သည်။ အသက် ၂၆နှစ်အရွယ်ရှိသည့် ရော်နယ်ဒိုသည် ပေါ်တူဂီနိုင်ငံအသင်း အတွက် ၅၃ဂိုးသွင်းယူပေးထားခဲ့ပြီး နည်းပြ မော်ရင်ဟိုနှင့်အတူ ကိုပါဒယ် ရေးဖလားကို ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့်အပြင် စပိန်လာလီဂါအမှတ်ပေးပြိုင်ပွဲတွင်လည်း ဒုတိယရရှိ အောင်စွမ်းဆောင်ပေးနိုင်သူတစ်ဦးဖြစ် သည်။                             ရော်နယ်ဒိုသည် ၂ဝဝ၉ခုနှစ်က အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်မန်ချက် စတာယူနိုက်တက်အသင်းမှ စပိန် လာ လီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း သို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈ဝဖြင့် ရောက်ရှိလာသူဖြစ်သည်။ယခုအခါတွင် ရော်နယ်ဒိုသည် မန်စီတီးအသင်းသို့ ပြောင်းရွှေ့ရန် ဆက်သွယ်လျက်ရှိသည် ဟူသောသတင်းများ ပေါ်ထွက်လာပြီး နောက် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Pages