Main menu

Background

Monday, 5 Mar 2012

ကျင်းပလျက်ရှိသည့်မြန်မာနေရှင် နယ်လိဂ်(MNL Myanmar 2012)ပြိုင် ပွဲမှတစ်လတာအကောင်းဆုံးနည်းပြနှင့် ကစားသမားဆုများကို လာမည့်ရက်အ တွင်းတွင် အဖွဲ့ဝင်ရှစ်ဦးပါဝင်သည့် ဆု ရွေးချယ်ရေးကော်မတီမှ စိစစ်ရွေးချယ် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆုများကို မြန်မာနေရှင် နယ်လိဂ်၏အဓိကကူညီပံ့ပိုးသူဖြစ်သည့် မြန်မာဘရူဝါရီလီမိတက်မှဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။

Monday, 5 Mar 2012

100 Plus ကုမ္ပဏီသည် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိကကူညီပံ့ပိုးသူအဖြစ်ပံ့ပိုးကူညီသွား  မည်ဖြစ်ကြောင်း သိရသည်။100 Plus ကုမ္ပဏီအနေဖြင့် မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်မကြာမီ ကာလတွင်စာချုပ်များချုပ်ဆိုသွားမည်ဖြစ် ပြီး ပံ့ပိုးကူညီမှုပမာဏမှာ အမေရိကန် ဒေါ်လာတစ်သိန်းဖြစ်ကြောင်းသိရသည်။

Monday, 5 Mar 2012

-    မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲများလာရောက်ကစား ခဲ့သည့် ထိုင်းပရီးမီးယားလိဂ်မှ တယ်ရိုဆက်ဆနာအသင်း၏ကြံ့ခိုင်ရေးနည်းပြ မာကိုက မြန်မာထိပ်သီးကလပ်များသည် ထိုင်းလိဂ်နှင့်မလေးရှားလိဂ်တို့မှ အလယ်အလတ်အသင်းများ၏အဆင့်သာရှိကြောင်းသုံးသပ်ပြောကြားခဲ့သည်။-    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အပျော်တမ်းလိဂ် ၂၀၁၂ ပြိုင်ပွဲကို စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်သည့် New Holland မှအဓိကပံ့ပိုးကူညီသွားမည်ဖြစ်ရာပြိုင်ပွဲအမည်ကိုလည်း MFF New Holland  Amature League 2012 ဟုသတ်မှတ်ခဲ့ကြောင်း သိရသည်။

Friday, 3 Feb 2012

           မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကျင်းပနေတဲ့ MNL CUP (Myanmar National Leage) ဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတဲ့ Southern Myanmar ဘောလုံးအသင်း အိမ်ကွင်းပွဲစဉ်များလက်ခံကျင်းပဖို့ ပရိသတ် တစ် သောင်းခွဲဆံ့ နိုင်ငံတကာအဆင့်မီဘောလုံးကွင်းတစ်ကွင်းကို မော်လမြိုင်မှာဆောက်လုပ်ရေးလုပ်ငန်း စတင်နေတာ အတော် လေးခရီးရောက်နေပြီလို့ သိရပါတယ်။ (၁၀)ကြိမ်မြောက် ကျောင်းသားအားကစားပွဲတော် ကျင်းပဖို့ ၁၉၉၉ ခုနှစ်က အသစ် ဆောက်လုပ်ခဲ့ပေမယ့် အားကစားပွဲတော်မကျင်းပဖြစ်ခဲ့ပဲ မသုံးတာကြာပြီဖြစ်တဲ့ ကျောင်းသားအား ကစားဘောလုံးကွင်းကြီးကို အခု Southern Myanmar ကွင်းအဖြစ် အသုံးပြုဖို့ပြုပြင်နေတာ ဖြစ်ပါတယ်။ အမြန်ပြီးစီးနိုင်ဖို့ ဆောက်လုပ်ရေးအဖွဲ့လေးဖွဲ့ကို အင်ဂျင်နီယာများရဲ့ ကြီးကြပ်မှုနဲ့လုပ်ငန်းများ နေ့စဉ်မပြတ်လည်ပတ်နေ ပြီး၊ တည်ဆောက်ရေးမှာ အသုံးပြုနေတဲ့ပစ္စည်းတွေကလည်း အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေသုံးပြီး၊ တည်ဆောက်နေ တာလို့သိရပါတယ်။ ယခင်ရှိပြီးသား မသုံးတာကြာလို့ ပျက်စီးစပြုနေတဲ့ ပွဲကြည့်စင်တွေကိုဖျက်ပြီး ပွဲကြည့်စင်အသစ် ဆောက်လုပ်ခြင်းလည်းပါဝင်ပါတယ်။ ကွင်းပုံစံကတော့ လေးဘက်လေးတန်မှာ ပွဲကြည့်စင်ပါရှိမှာဖြစ်ပြီး၊ အထူးတန်းပွဲကြည့်စင် ကတော့ အမိုးပါမှာဖြစ်ပါတယ်။ ကစားကွင်းကိုတော့ သုဝဏ္ဏကွင်းမြေလှန်ပြုပြင်တဲ့ စနစ်အတိုင်းလုပ်မှာဖြစ်ပြီး၊ ဂျပန်မြက်ခင်း မယ် လို့လည်း သိရပါတယ်။ ဒီလိုနိုင်ငံတကာ ကွင်းတည်ဆောက်ပြီးရင် မော်လမြိုင်မှာ ပထမဆုံးခေတ်မီ ကွင်းတစ်ကွင်း ရှိလာမယ်။ အဆင့်မြင့်ဘောလုံးပွဲလည်း ကျင်းပလာမယ်။ နည်းစနစ်သင်ပြပေးမယ့် ဆရာတွေလည်း ရှိလာတော့မှာဖြစ်လို့ မွန်ပြည်နယ် အတွက် အားတက်စရာလို့ ဆိုရမှာဖြစ်ကြောင်းပါ။ စိုးမြင့်

Tuesday, 21 Jun 2011

မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂ဝ၁၁ ဒုတိယအကျော့ ပွဲစဉ်ဇယားများ ထုတ်ပြန် နေပြည်တော်အသင်းမှ ဒုတိယအကျော့တွင် အိမ်ကွင်းလက်ခံကစားမည်        မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင် ရယ် ၂ဝ၁၁ပြိုင်ပွဲ၏ ဒုတိယအကျော့ ပွဲစဉ်များအတွက် ပွဲစဉ်ဇယားများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါဒုတိယအကျော့ပွဲစဉ်တွင် နေပြည်တော်အက်ဖ်စီအသင်းသည် နေပြည်တော်ပေါင်းလောင်းကွင်းကို အိမ်ကွင်းအဖြစ် ဧည့်ခံကစားမည်ဖြစ်သည်။ ထို့ပြင် နေပြည်တော်အသင်း သည်ဒုတိယအကျော့ရာသီတွင်အသင်း ၏ လိုဂိုကိုပါ ပြောင်းလဲအသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။                            ယခင်က အိမ်ကွင်းအဖြစ် လက်ခံ ကျင်းပမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် ဧရာဝတီအသင်းနှင့် ဥဿာ အသင်းတို့မှာ ကွင်းပြင်ဆင်မှု မပြီးဆုံးသေးသဖြင့် အိမ်ကွင်းအဖြစ်လက်ခံ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။ ယခုအချိန်တွင် အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်သည့် ကွင်းများမှာ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ဗထူး ကွင်း၊ တောင်ကြီးကွင်း၊ မုံရွာကွင်းနှင့် ပေါင်းလောင်းကွင်းတို့ဖြစ်ကြောင်း သိရသည်။                            ဒုတိအကျော့ပွဲစဉ်များကို ဇူလိုင် လ ၃၁ရက်နေ့တွင် စတင်ယှဉ်ပြိုင် က စားမည်ဖြစ်ရာအဖွင့်ပွဲစဉ်အဖြစ်ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော် အသင်းတို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ ပွဲစဉ် ၁၂ အဖြစ် ယှဉ်ပြိုင်ကြမည့်အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၃၁-၇-၁၁ရန်ကုန် - နေပြည်တော်(သုဝဏ္ဏ)၁-၈-၁၁ရတနာပုံ - ရက္ခပူရ(ဗထူး)၁-၈-၁၁ဇေယျာရွှေမြေ - ဇွဲကပင်(မုံရွာ)၁-၈-၁၁ကမ္ဘောဇ - မနောမြေ(တောင်ကြီး)၂-၈-၁၁မကွေး - ဧရာဝတီ(သုဝဏ္ဏ)၂-၈-၁၁ဥဿာ - ဆောက်သမ်း(အောင်ဆန်း)

Tuesday, 21 Jun 2011

နောက်ကို ဘယ်တော့မှ အင်္ကျီချွတ်ပြီး အောင်ပွဲမခံတော့ပါဘူး                    အိုလံပစ်လူငယ်ခြေစစ်ပွဲတွင် အိန္ဒိယလူငယ်အသင်းအား နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အင်္ကျီချွတ်အောင် ပွဲခံခဲ့သည့်အတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံရသူ ကျော်ကိုကို နောက် နောင်ကို ယင်းကဲ့သို့ ပြုလုပ်တော့မည် မဟုတ်ကြောင်း ကတိပြုပြောကြားခဲ့သည်။   ကျော်ကိုကိုက ''ကျွန်တော်အင်္ကျီ ချွတ်အောင်ပွဲခံခဲ့တဲ့အတွက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတယ်။ အဲဒီအတွက် ပြန် ပြီး ပေးဆပ်သွားမှာပါ။ နိုင်သွားရင် တော့ ကိုယ်ကောင်းလို့ဆိုပြီး ချီးကျူးကြ မှာပါ။ ရှုံးသွားရင်တော့ ဝိုင်းပြီးအပြစ် တင်ကြမယ်။ ဒါကြောင့် နောက်ကို ဒီလိုမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး လို့ ကတိပေးပါတယ်''ဟု ပြောကြား သွားခဲ့သည်။                         အဆိုပါခြေစစ်ပွဲတွင် မြန်မာအိုလံ ပစ်လူငယ်အသင်းသည် ပထမအကျော့ အဝေးကွင်းပွဲစဉ်တွင် နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယအကျော့အိမ်ကွင်း တွင် ၁-ဝဖြင့်သာအနိုင်ရရှိပါက ခြေစစ် ပွဲနောက်တစ်ဆင့်တက်လှမ်းနိုင်မည်ဖြစ် သည်။ သို့သော် ပွဲချိန် ၆၂မိနစ်တွင် ကျော်ကိုကိုမှ အနိုင်ဂိုးတစ်ဂိုးသွင်းယူပြီး အောင်ပွဲခံရာတွင် အင်္ကျီချွတ်အောင်ပွဲ ခံခဲ့သဖြင့် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ ရသည်။ ထို့ကြောင့် ၁ဝယောက်ကျန် ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အိန္ဒိယ လူငယ်အသင်းက ချေပဂိုးတစ်ဂိုးပြန် လည်ရရှိခဲ့သဖြင့် စုစုပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် မြန်မာလူငယ်အသင်း အရေး နိမ့်ခဲ့ရသည်။

Tuesday, 21 Jun 2011

မြန်မာနေရှင်နယ်လိဂ်ပထမအကျော့ ပွဲစဉ်များပြီးဆုံးပြီ                 မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂ဝ၁၁ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။                 ပထမအကျော့ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်အသင်းသည် ရာသီဝက် ချန်ပီယံဖြစ်ခဲ့ပြီး ၁၁ ပွဲ ကစားရာ၌ ရှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၂၆မှတ် ဖြင့် ဇယားတိုင်၏ ထိပ်ဆုံးတွင် ရယူနိုင်ခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် နောက်ဆုံးလက်ကျန်ပွဲစဉ်ဖြစ်သည့် ရတနာပုံ အသင်းနှင့်ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့သဖြင့် ပထမရာသီဝက် ကာလတွင် ရှုံးပွဲမရှိသည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါအသင်းသည် ၁၁ပွဲကစားရာတွင် ခြောက်ပွဲနိုင်၊ ငါးပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၂၃မှတ်ရရှိကာ ဇေယျာရွှေမြေအသင်းနှင့်ဂိုးကွာခြားချက်ဖြင့် ဇယားတိုင်၏အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။                   ထို့ပြင်ဇွဲကပင်ယူနိုက်တက်အသင်းသည် ရာသီဝက်ကာလ၌ နိုင်ပွဲတစ်ပွဲမှ မရရှိ သေးသည့်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါအသင်းသည် သရေပွဲ ပင် မရရှိခဲ့ဘဲ ၁၁ပွဲရှုံး စံချိန်ကိုတင်ထားနိုင်သည့် အသင်းလည်း ဖြစ်သည်။

Tuesday, 21 Jun 2011

ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၉ အသင်းအား စခန်းသွင်းလေ့ကျင့်မည်                ၂ဝ၁၁ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၂ဝရက်နေ့အထိ မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFF  ယူ-၁၉ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက် ရွေးစင် ယူ-၁၉ဘောလုံးအသင်းအား စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။                   အဆိုပါ ယူ -၁၉လက်ရွေးစင် အသင်းအတွက် လူရွေးချယ်မှုများကို ပြုလုပ်ခဲ့ရာတွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများနှင့်အရန်အသင်းများ မှ ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။၎င်းယူ-၁၉လက်ရွေးစင်ဘောလုံး သမားများအား ကလပ်အသင်းပွဲများအတွက် ပြန်လည်စေလွှတ်မည် မဟုတ် ကြောင်း သိရသည်။                    ရွေးချယ်ခံထားရသော ယူ-၁၉ လက်ရွေးစင် ကစားသမားများမှာ ဂိုး- အောင်ဝေဖြိုး(မကွေး)၊ရဲဝေဖြိုး(ဇေယျာ ရွှေမြေအရန်)၊ သက်ပိုင်ထွန်း(မနောမြေ အရန်)၊နောက်တန်း ဇော်ဝင်း (ရန်ကုန် အရန်)၊ အောင်သူရိန်မြင့်(မနောမြေ အရန်)၊ ရဲလင်းနိုင်၊ ထူးအောင်မိုး(ဥဿာ အရန်)၊ဝေဖြိုးလွင်(ဇေယျာရွှေမြေအရန်)၊ ဘာလချောင်အာ(နေပြည်တော်အရန်)၊ ဝင်းချို(ဒဂုံ)၊ ရဲဝင်းအောင်(ရတနာပုံ)၊ အလယ်တ်တန်းး- ရဲကိုဦး(ရတနာပုံ)၊ မျိုး ကျော်(ဇေယျာရွှေမြေ)၊ ကောင်းမြတ် ဟန်(ခ)သန့်ဇင်၊ ရှိုင်းထက်ဇော်(ဥဿာ)၊ ဖြိုးမောင်မောင်ကျော်(ကမ္ဘောဇ)၊ စိုင်း ဝမ်းရှိုး(မကွေး)၊ ထက်ဝေဖြိုး၊ နိုင်ကိုလင်း (ဇေယျာရွှေမြေ)၊ ကောင်းဆက်နိုင်၊ ရန် နိုင်အောင်(ရန်ကုန်အရန်)၊ နေဇော် အောင် (နေပြည်တော် အရန်) ၊ရှေ့တန်း သီဟဇော်(ဇွဲကပင်)၊ အောင်ကိုကိုဝင်း (ဇေယျာရွှေမြေအရန်)၊ စိုးပိုင်သွေး(ဇေ ယျာရွှေမြေ)၊ရန်နိုင်ထွေး(ဆောက်သမ်း) တို့ဖြစ်ကြောင်း သိရသည်။

Tuesday, 21 Jun 2011

ခဏခဏနားသည့်အတွက် ကစားသမားများ၏ ခြေစွမ်းနှင့်ကြံ့ခိုင်မှု အတက်အကျရှိနိုင်သည်ဟု အဲရစ်ဝီလံျဆို                 မြန်မာနေရှင်နယ်လိဂ် ပထမ အကျော့ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဒုတိယအကျော့ပွဲစဉ်များမစတင်မီကြား ကာလတွင် အနားပေးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက်နည်း ပြ အဲရစ်ဝီလံျက ခဏခဏအနားပေး ခြင်းသည် ကစားသမားများ၏ ကြံ့ခိုင်မှု နှင့်စွမ်းရည်ကို လျော့ကျစေကြောင်း ပထမအကျော့နောက်ဆုံးပွဲ၏ ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။                              အဲရစ်က '' ကစားသမားတွေကို အခုပွဲပြီး နောက်တစ်နေ့ကစပြီး ဇူလိုင် လ ၃ရက်နေ့အထိအနားပေးလိုက်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း မနက်ဖြန် ပြန်ပြီး ဇွန်လ ၃ဝရက်နေ့မှ ပြန်လာမှာ ပါ။ ကစားသမားတွေအနေနဲ့ နားနေတဲ့ အချိန်မှာတော့ ကိုယ့်ဟာကိုယ် ကြံ့ခိုင် မှုကောင်းအောင် ပြုလုပ်ထားသင့်ပါ တယ်။ ဘယ်လိုနားပါလို့တော့ မပြောလိုပါဘူး။ အခုပြိုင်ပွဲကလည်း လက်ရွေး စင်ပွဲတွေကြောင့် နားတယ်။ သြင်္ကန် ကြောင့်နားတယ်။ အဲဒီလို ခဏခဏနား နေတဲ့အတွက် ကစားသမားတွေရဲ့ကြံ့ ခိုင်မှုအပိုင်းနဲ့ခြေစွမ်းက အတက်အကျ ရှိတယ်။ ပရိုကစားသမားတွေဖြစ်တဲ့အ တွက် တစ်ဦးချင်းလေ့ကျင့်ခန်းတွေနဲ့ ကြံ့ခိုင်မှုကောင်းအောင် အမြဲတမ်းလုပ် နေရပါမယ်။ နားတယ်ဆိုပြီး သွားချင် ရာသွား လာချင်ရာလာ လုပ်နေလို့မရ ပါဘူး''ဟု ဆိုသွားခဲ့သည်။

Tuesday, 7 Jun 2011

ခဲနှင့် ပေါက်ခံရသောကိစ္စကို တရားဝင်ကန့်ကွက်စာတင်သွင်းမည် မဟုတ်ဟု ဟာရယ်ဆို                        ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ် ဂျိုးဇက်ဟာရယ်သည် ပြီးခဲ့သည့် မြန်မာနေရှင်နယ် လိဂ်ပွဲစဉ်(၉) ရန်ကုန်ယူနိုက်တက်နှင့်ပွဲအပြီးတွင် ခဲ နှင့်ပေါက်ခံခဲ့ရမှုကြောင့် အဆိုပါကိစ္စအား တရားဝင်ကန့်ကွက်စာ တင်သွင်းမည်မဟုတ် ကြောင်း ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ကြောင်း သိရသည်။       အဆိုပါပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို ရန်ကုန် ယူနိုက်တက်ပရိသတ် များက ကျေနပ်မှုမရှိသဖြင့် ကွင်းအတွင်းသို့ ခဲများဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ပွဲအပြီး တွင် ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ် ဖြစ်သူဂျိုးဇက်ဟာရယ်သည် ရန်ကုန်ယူနိုက်တက် နည်းပြဖြစ်သူ အဲရစ်ဝီလံျအား နှုတ်ဆက်ရန် ရန်ကုန် ယူနိုက်တက်အသင်း၏အရန်ခုံတန်းသို့ သွားရောက်စဉ်တွင် ပရိသတ်များထဲမှ ခဲကျိုး တစ်ခုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရ သည်။ ဟာရယ် က အဆိုပါခဲကျိုးအား ပွဲကြီးကြပ်သူများ မြင်တွေ့ စေရန် ပြသခဲ့ကြောင်းလည်း သိရသည်။ ဂျိုးဇက်ဟာရယ်က ''ဒါမျိုးဟာ ပြိုင်ဆိုင် မှုပြင်းထန်တဲ့ဘောလုံးပွဲမျိုးမှာ ဖြစ်နေကြပါ။    ကန့်ကွက်စာတင်ဖို့မရှိပါ ဘူး။ စိတ်ခံစားမှုမြင့်တက် တဲ့ ပြိုင်ပွဲတွေမှာ ပရိသတ်တွေလုပ်တတ်တဲ့ သဘောပါ။ ဒါမျိုးကဖြစ်တတ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရဆိုရင်တော့ ဘောလုံး ပရိသတ်တွေဟာ ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်တတ်ကြပါတယ်။ သူတို့က အသင်းကို နိုင်စေ ချင်ကြတာပါ။ ဗီယက်နမ်၊ အင်ဒို၊ မလေးတို့မှာ လည်း တစ်ခါတစ်လေ ဒီလိုမျိုး ဖြစ်တတ်ပါတယ်'' ဟု ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Pages