Main menu

Background

Tuesday, 7 Jun 2011

မနောမြေနည်းပြနှင့် ဆောက်သမ်း မြန်မာနည်းပြတို့အား ပွဲပယ်နှင့်ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်             မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၉)တွင် ပွဲချိန်အတွင်း ကွင်းလယ်ဒိုင်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် မနောေ မြ အသင်းမှ နည်းပြ ဦးဝင်းမြင့်သွင်နှင့် ဆောက်သမ်းမြန်မာနည်းပြ ကင်ဝေါ်ဒန်တို့အား စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေများ အသီးသီး ချမှတ်ခဲ့ ကြောင်း သိရ သည်။     မနောမြေနှင့်ဇေယျာရွှေမြေအသင်း တို့၏ ပွဲစဉ်တွင် မနောမြေအသင်း၏ နည်းပြဖြစ်သူ ဦးဝင်းမြင့်သွင်သည် ဒိုင်လူကြီးအား ဆဲရေး တိုင်း ထွာခဲ့သဖြင့် ကွင်းလယ်ဒိုင်၏ထုတ်ပယ်ခြင်းကို ခံခဲ့ ရကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပွဲတာဝန်ခံများက အစီရင်ခံစာများတွင် ထည့်သွင်းဖော်ပြခဲ့ရာ မနောမြေနည်းပြ ဦးဝင်းမြင့်သွင်အား စုစုပေါင်း လေးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေကျပ်သုံးသိန်းအထိ တပ်ရိုက်ခဲ့ကြောင်း သိရသည်။    အဆိုပါပြစ်ဒဏ်ကြောင့်ဦးဝင်းမြင့် သွင်မှာ ပထမအကျော့လက်ကျန်ပွဲစဉ် နှစ်ပွဲအပြင် ဒုတိယ အကျော့ပွဲစဉ်နှစ်ပွဲကိုပါ ကြီးကြပ်ခွင့်ရရှိ မည် မဟုတ်ကြောင်း သိရသည်။ ဆောက်သမ်းနည်းပြကင်ဝေါ်ဒန် မှာမူဆောက်သမ်းနှင့်ကမ္ဘောဇပွဲစဉ် တွင် ကွင်းလယ်ဒိုင် လူကြီးအားစောဒကတက်မှုကြောင့် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါကိစ္စ ကြောင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကင်ဝေါ်ဒန် အား တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေကျပ် တစ် သိန်းချမှတ်ခဲ့ကြောင်းသိရသည်။ ကင်ဝေါ်ဒန်သည် အဆိုပါပြစ်ဒဏ်ကြောင့် လာမည့်မကွေးနှင့်ပွဲတွင် ကြီးကြပ်ခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။

Tuesday, 7 Jun 2011

အသင်း၏ ရလဒ်အား လွန်စွာစိတ်ပျက်မိကြောင်း ဇေယျာရွှေမြေ နည်းပြ ညည်းတွား          မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၉) ဇေယျာရွှေ မြေနှင့်မနောမြေတို့၏ပွဲစဉ်တွင် မနောမြေအသင်း က ဇေယျာရွှေမြေအသင်းအား နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ အဆိုပါရလဒ်နှင့်ပတ်သက်၍ နည်းပြချုပ် စတီဖင်ဟန်ဆန်က ''ကျွန် တော့်အသင်းသား တွေဟာ လိုအပ်တာထက် ကိုယ့်ကိုယ်ကို ယုံကြည် မှု လွန်ကဲလွန်းတယ်။ ပြိုင်ဘက်ကို အထင်သေးပြီး လျှော့တွက်ခဲ့ကြတယ်။ အရမ်းကို စိတ်ပျက်ဖို့ ကောင်းတဲ့ရလဒ်ပါ။ မနောမြေအသင်းက သူတို့ရင်ဘတ်နဲ့ရင်းပြီး ကြိုးစားပမ်းစားကစား နေချိန်မှာ ကျွန်တော့်အသင်းသားတွေကတော့ ကျောင်းသားငယ်လေးတွေလိုပဲ။ ပေါ့ပျက်ပျက် နဲ့ကစားနေကြတာ''ဟု ညည်းတွားခဲ့ကြောင်း သိရသည်။        ဇေယျာရွှေမြေအသင်းသည် ဇော်ထက်အောင် ၏ သွင်းဂိုးဖြင့် မိနစ် ၈ဝ အထိ ဦးဆောင် ထားနိုင်ခဲ့သော်လည်း မနောမြေအသင်းမှ အီဂျစ် ကစားသမား ဇာကီက ၈၁မိနစ်တွင် ချေပဂိုးသွင်းယူ ပေးခဲ့ပြီး ၈၈မိနစ်တွင် အေးမင်းဝင်းက ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးရယူနိုင်ခဲ့သည်။ ယခုရှုံးပွဲသည် ဇေယျာရွှေမြေအသင်းအတွက် ဒုတိယမြောက်ရှုံးပွဲပင် ဖြစ်သည်။ ယခုပွဲရလဒ်ကြောင့် ဇယားတိုင်၏ အဆင့် တစ်နေရာသို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေသည့် ဇေယျာရွှေမြေအသင်း မျှော်လင့်ချက်ပျက်ပြယ် ခဲ့ရသည်။

Tuesday, 7 Jun 2011

ဧရာဝတီယူနိုက်တက် များစွာ တိုးတက်လာသည်ဟု ကစားသမားဟောင်းများက ချီးကျူး                   ဧရာဝတီယူနိုက်တက် များစွာ တိုးတက်လာသည်ဟု ကစားသမားဟောင်းများက ချီးကျူး ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလ က (ယခင်ဒယ်လ်တာယူနိုက်တက်) ဧရာဝတီယူနိုက်တက်အသင်းမှကမ္ဘောဇ အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် လှ အေးထွေးနှင့်ကျော်ဇေယျာဝင်းတို့က ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် ယခင်ကထက်ပိုမို တောင့်တင်းလာခဲ့ သည်ဟု ဖွင့်ဟချီးကျူးခဲ့ကြောင်း သိရသည်။    ''ဧရာဝတီအသင်းဟာ ကျွန်တော်တို့ရှိစဉ်ကထက်ပိုပြီး တောင့်တင်းလာ ပါတယ်။ ပံ့ပိုးမှုအပိုင်းနဲ့စုစည်းမှုပိုင်းမှာ ကောင်းလာသလို နည်းပြကလည်း ကောင်းပါတယ်။ မြန်မာနေရှင်နယ်လိဂ် မှာပေးဂိုး နှစ်ဂိုးပဲရှိသေးတဲ့ အဲဒီအသင်း ရဲ့ခံစစ်ကြောင်းကတော့ အံ့သြလောက် ပါတယ်''ဟု လှအေးထွေးက အသင်း ပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့်ပြောကြားခဲ့ ခြင်းဖြစ်သည်။       ထို့ပြင် အသင်းဟောင်းနှင့်ပွဲတွင် လွဲချော်ဖွယ်ရှိသည့် ကျော်ဇေယျာဝင်း ကလည်း ''ဧရာဝတီရဲ့တိုက်စစ်မှူးတွေ က အရမ်းကောင်းတယ်။ ထိန်းရခက်ပြီး ဂိုးသွင်းခြေလည်းရှိတယ်။ ပြီးခဲ့တဲ့ ရာသီကထက် စည်းလုံးညီညွတ်မှုပိုပြီး ကောင်းလာတယ်လို့ ထင်ပါတယ်''ဟု ပြောကြားသွားခဲ့သည်။        ဧရာဝတီယူနိုက်တက်နှင့်ကမ္ဘောဇ အသင်းတို့သည် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ၏ ရပ်တည်မှုတွင် ရမှတ် ၁၆မှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် သုံးနှင့်လေးတို့တွင် ရပ်တည် လျက်ရှိပြီး ဧရာဝတီအသင်းမှာမူ ရှုံးပွဲ မရှိစံချိန်ကို ရရှိထားကြောင်းသိရသည်။ 

Tuesday, 7 Jun 2011

ကမ္ဘောဇအရန်အသင်းအတွက် နည်းပြနှစ်ဦးနှင့် ကစားသမား ၁၆ ဦးကို စာချုပ်ချုပ်ဆို               ကမ္ဘောဇအသင်းသည်၂ဝ၁၁ခုနှစ် မြန်မာနေရှင်နယ်လိဂ်အရန်အသင်းများ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကမ္ဘောဇအရန်အသင်းကို ဇွန်လ ၁ရက် နေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း သိရ သည်။        အဆိုပါအရန်အသင်းအတွက် နည်းပြနှစ်ဦးနှင့်ကစားသမား ၁၆ဦးကို စာချုပ်သစ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း သိ ရသည်။ ကမ္ဘောဇအရန်အသင်းတွင် အသင်း၏ဒုတိယအမှုဆောင်အရာရှိ ချုပ် ဦးဝင်းမြင့်ဦးက အဖွဲ့ခေါင်းဆောင် နှင့်အုပ်ချုပ်သူ အဖြစ်တာဝန်ယူမည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးသန်းထိုက်၊ လက်ထောက်နည်းပြများအဖြစ် ဦးမင်း ဇော်ဦး၊ ဦးလှထွန်း၊ ဦးခွန်ညီညီကျော် တို့ တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။     အဆိုပါအသင်းအတွက် ရှမ်းပြည် နယ်အတွင်းမှ အစွမ်းအစရှိသည့် လူငယ်ကစားသမားများကိုရှာဖွေစုဆောင်း ၍ စခန်းသွင်းလေ့ကျင့်ခြင်း၊ အဆင့်ဆင့် ဆန်ကာတင်လူရွေးချယ်ခြင်းတို့ ကို လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။      အရန်အသင်းအတွက်စာချုပ်ချုပ် ဆိုလိုက်သောကစားသမားများမှာ ထွန်းထွန်းဇော်(ဂိုး)၊ ဖြိုးကျော်(ဂိုး)၊ စိုးလှိုင်ထွန်း၊ သိန်းစိုးမိုး၊ ပြည့်စုံထွေး၊ ရန်ပိုင်လင်း၊ အောင်အောင်ထွေး၊မျိုးမင်းထွန်း၊ ခွန်လှရွှေ၊ မင်းမင်းစိုး၊ ဟန်ထွန်းနိုင်၊ အောင်ရှိုးသာမောင်၊ အောင်မိုးဟိန်း၊ ရဲ ဝင်း၊ ညီညီထွေးနှင့် ခွန်ကြည်ချမ်းတို့ ဖြစ်ကြောင်းသိရသည်။        အဆိုပါကစားသမားများနှင့်နည်းပြနှစ်ဦးတို့အားတောင်ကြီးမြို့ရှိကမ္ဘောဇ အက်ဖ်စီဟိုတယ်၌ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက် တွင် ဖော်ပြထားချက်အရ သိရသည်။

Thursday, 18 Feb 2010

    မြန်မာနေရှင်နယ်လိဂ်၊MNL Grand Royal 2009 အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန္တလေးတိုင်း ကိုယ်စားပြုရတနာပုံ အက်ဖ်စီအသင်းဟာ မန္တလေးမြို့တွင်းသို့ လှည့်လည်၍ အောင်ပွဲခံသည့်အခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

Wednesday, 10 Feb 2010

   ဇေယျာရွှေမြေအသင်းတွင် ကေလိဂ်(ကိုရီးယားလိဂ်)မှတောင်ကိုရီးယား လူမျိုးကစားသမားနှစ်ဦး အစမ်းသပ်ခံ လေ့ကျင့် လျက်ရှိကြောင်း သိရပါတယ်။   အဆိုပါ ကစားသမားနှစ်ဦးမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကေလိဂ်ပြိုင်ပွဲဝင် အင်ချွန်း ယူနိုက်တက်အသင်းမှလာ ရောက်ခြင်းဖြစ်ပါတယ်။အင်ချွန်းယူနိုက် တက်အသင်းဟာ ၂ဝဝ၉ ခုနှစ် ကေလိဂ် ဘောလုံးရာသီမှာ အဆင့်(၅)ရရှိခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။   ၎င်းတို့နှစ်ဦးနဲ့အတူ အင်ချွန်းယူ နိုက်တက်အသင်းရဲ့ ဒုတိယဥက္ကဌ ကင်ဆိုးဟွန်နဲ့ အသင်းတာဝန်ရှိသူတစ်ဦးတို့လည်း လိုက်ပါ လာကြကြောင်း သတင်း ရရှိပါတယ်။

Tuesday, 9 Feb 2010

   အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပမဲ့အကြိမ် (၄ဝ)မြောက် ပြည်နယ်နှင့် တိုင်းစက်ဘီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့ အထိ ရန်ကုန်မြို့ သုဝဏ္ဏစက်ဘီးစီးလေ့ကျင့်ရေးကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ပြိုင်ပွဲမှာအမျိုးသား(ပြိုင်စက်ဘီး၊ ရိုးရိုးစက်ဘီး)မှာ မီတာ ၁ဝဝဝ တစ်ဦး ချင်းစံချိန်ပြု၊ မီတာ ၄၈ဝဝ နောက်ချန် ထွက်၊ မီတာ ၄ဝဝဝ တစ်ဦးချင်း အမီလိုက်၊ အသင်းလိုက် အမြန်နှုန်းစီးခြင်း၊ စံချိန်ပြုမီတာ ၄ဝဝဝ အသင်းလိုက် အမီ လိုက်၊ ကီလိုမီတာ ၁ဝဝ တစ်ဦး ချင်း တာလမ်းမပေါ်ပြိုင်ပွဲများ ပါဝင်မှာဖြစ် ပါတယ်။   အမျိုးသမီးပွဲစဉ်မှာ (ပြိင်စက်ဘီး၊ ရိုးရိုးစက်ဘီး)မှာ မီတာ ၅ဝဝ တစ်ဦး ချင်းစံချိန်ပြု၊ မီတာ ၄၈ဝဝ နောက်ချန် ထွက်မီတာ ၃ဝဝဝ တစ်ဦးချင်းအမီ လိုက်၊ အသင်းလိုက်အမြန်နှုန်းစီးခြင်း၊ စံချိန်ပြုမီတာ ၃ဝဝဝ အသင်းချင်း အမီ လိုက်၊ ကီလိုမီတာ ၇ဝ တစ်ဦးချင်း တာလမ်းမပေါ်ပြိုင်ပွဲများ ပါဝင်မှာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာ ပဏာမမြန်မာ့ လက်ရွေးစင်များ ရွေးချယ်ပြီး စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်ပေးမည့် အစီ အစဉ်များပါရှိကြောင်း သတင်းရရှိ  ပါတယ်။

Tuesday, 9 Feb 2010

   ရန်ကုန်ယူနိုက်တက်မှတည်ထောင်ထားတဲ့ လူငယ်အကယ်ဒမီအတွက် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလအတွင်းက ရွေးချယ် ထားခဲ့တဲ့ ကစားသမားများ ကို စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရပါတယ်။   လူငယ်အကယ်ဒမီအတွက် လာရောက်အရွေးချယ်ခံသူ လူငယ်ပေါင်း တစ်သောင်းကျော်မှ အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ရာ အသက် ၁၇နှစ်အောက် (၁၅နှစ်မှ ၁၇နှစ်အတွင်း) တွင် ဂိုးသမား နှစ်ယောက်အပါအဝင် (၂၂) ယောက်၊ အသက် ၁၉နှစ်အောက် (၁၇ နှစ်မှ ၁၉ နှစ်)တွင် ဂိုးသမားနှစ်ယောက်အပါအဝင် (၂၄)ယောက်တို့ကို ရွေးချယ်ထားခဲ့ကောင်း သိရပါတယ်။ အဆိုပါ လူငယ်ဘောလုံးသမားများကို နည်း စနစ်ဒါရိုက်တာနှင့် နည်းပြခုျပ်အဖြစ် မစ္စတာ အဲရစ်ဝီလံျ၊ မန်နေဂျာ ဦးဌေး နိုင်၊ လက်ထောက် နည်းပြ ဦးဇော်နိုင်၊ အကူနည်းပြ ဦးမောင်မောင်ကြီးတို့က လေ့ကျင့်ပေးလျက်ရှိပါတယ်။   လူငယ်အကယ်ဒမီအတွက် ရွေး ချယ်ခဲ့တဲ့ ဘောလုံးသမားများကို လှိုင် သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ ကုန် သွယ်ရေးအမှတ်(၁)ကွင်းမှာ လေ့ကျင့် ပေးလျက်ရှိပါတယ်။ ရွေးချယ်ခံရသူများ အနက် အများစုမှာ ရန်ကုန်တိုင်းမှဖြစ် ပြီး ဖျာပုံ၊ မအူပင်၊ မန္တလေး၊ ပဲခူးနှင့် ရေနံချောင်းမှ လူငယ်များလည်း ပါဝင် ကြကြောင်း သိရှိရပါတယ်။

Monday, 25 Jan 2010

   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ MNL Grand Royal 2009 ရဲ့အတိုးတက်ဆုံး လူငယ်ကစားသမားဆု ကိုရန်ကုန်ယူနိုက် တက်အက်ဖ်စီမှ ရွှေလှိုင်ဝင်းက ရရှိခဲ့ပါ တယ်။ ရွှေလှိုင်ဝင်းဟာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် အရန်အသင်းပြိုင်ပွဲ မှာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့ပြီး၊ ခြေစွမ်းပြနိုင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ရွှေလှိုင်ဝင်းဟာ အရန်အသင်း ပြိုင်ပွဲကနေ အသင်းကြီး မှာလာရောက်ကစားလျက်ရှိတဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။

Monday, 25 Jan 2010

   ၂ဝ၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိူင်ပွဲကို မြန်မာနိုင်ငံနေပြည်တော်တိုင်းမှာကျင်းပ ခွင့်ရတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုပြောကြားခဲ့ပါတယ်။၂ဝ၁၃ဆီးဂိမ်းပြိုင်ပွဲကို မူလက စင်ကာပူနိုင်ငံမှာ ကျင်း ပဖို့ စီစဉ်ထားပေမယ့် လက်ရှိအခြေအနေမှာ စင်ကာပူနိုင်ငံဟာ ဆီးဂိမ်းပြိုင်ပွဲကျင်းပနိုင်ဖို့အတွက်အားကစားအခြေခံ အဆောက် အအုံများ ဆောက်လုပ်ရန်အဆင်သင့် မဖြစ်သေးတဲ့အတွက် လက်ခံနိုင်ခြင်း မရှိလို့ အကြောင်းပြန်ကြားခဲ့ပါတယ်။

Pages