Main menu

Background

Friday, 8 Jan 2010

ကမ္ဘောဇ-၄ ဂိုးဥဿာယူနိုက်တက်-ဝ ဂိုး    MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်(၄၅)ဖြစ်တဲ့ ကမ္ဘောဇ FC အသင်းနဲ့ ဥဿာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကမ္ဘောဇ အသင်းက၄-ဝ နဲ့ အနိုင်ရရှိခဲ့ပါတယ်။   ကမ္ဘောဇအသင်းဟာ ဥဿာယူ နိုက်တက်အသင်းကို ဖိကစားထားခဲ့တဲ့ အတွက် အခုလိုဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာ ပါ။ ကမ္ဘောဇ အသင်းရဲ့ AFC ရွှေဖိနပ်ဆု ရှင်စိုးမင်းဦးဟာဒီပွဲမှာသုံးဂိုးသွင်းပြီးဟက် ထရစ်ယူသွားခဲ့ပါတယ်။ ကမ္ဘောဇ    အသင်းဟာခြေအသာနဲ့ ကစားနိုင်ခဲ့ပြီးပွဲ အစအဆုံးဥဿာယူနိုက်တက်ကိုဖိပြီး ကစားနိုင်ခဲ့ပါတယ်။ ကမ္ဘောဇအသင်း အတွက်အနိုင်ဂိုးများကို ၂၃ မိနစ် မှာခင်မောင်လွင်ကသွင်းယူပေးခဲ့ပြီး စိုးမင်းဦးက ၄၅ မိနစ်၊၅၆ မိနစ်နဲ့ ၇၃ မိနစ်တို့မှာ သုံး ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။

Friday, 8 Jan 2010

ပြေးခုန်ပစ် အားကစားလောကထဲ ကို ဘယ်အချိန်က စတင်ဝင် ရောက်ခဲ့ပါသလဲ။- ၂ဝဝ၃ ခုနှစ် ပြည်နယ်/တိုင်း ပြေး ခုန်ပစ်ပြိုင်ပွဲကနေစပြီး မန္တလေးတိုင်း ကို ကိုယ်စားပြု ဝင်ရောက်ကစားခဲ့ ပါတယ်။ အဲဒီကနေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်းမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ ပြည်နယ်/တိုင်းပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ရော ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Friday, 8 Jan 2010

    မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဝင်ကလပ်အသင်းများမှ ဝန်ကြီးဌာန ဝန်ထမ်းစာရင်းဝင်ကစားသမားများဟာ မိမိရဲ့မိခင်ဌာနသို့ ပြန်လိုခြင်းရှိ မရှိကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ခုျပ်သို့ စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အသင်း (၄)သင်းမှ ကစားသမား ၁၉ ဦးဟာ မိခင်ဝန်ကြီးဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် စာရင်းပေးသွင်းထားကြောင်းသိရပါတယ်။

Thursday, 2 Jul 2009

ဇေယျာရွှေမြေ FC  - ၃ ဂိုးDelta United FC - ၀ ဂိုးဇေယျာရွှေမြေဟာ MNL Cup ပွဲစဉ်တစ်လျှောက်လုံးနိုင်ပွဲနဲ့လွဲနေမယ့် အခုအပတ်မှာ Delta  ကို ၃-၀ နဲ့နိုင်တာကြောင့် ပထမဦးဆုံး နိုင်ပွဲနဲ့ အတူအဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။  ဇေယျာရွှေမြေဟာ အသင်းရဲ့ဒဏ်ရာရ ကစားသမားတွေ ပြန်လည်သက်သာလာတာနဲ့ အတူအသင်းရဲ့ နိုင်လိုစိတ် ပြင်းပြမှုကြောင့် အခုလို အနိုင်ရခဲ့တာပါ လို့ နည်းပြချုပ် ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။ ဇေယျာရွှေမြေရဲ့ အနိုင်ဂိုးတွေကို ပွဲအစ ၁၃ မိနစ်မှာ စည်သူသန်းက ပထမဂိုး သွင်းယူခဲ့ပြီး ၂၂ မိနစ်မှာ ထူးကျော်က ဒုတိယဂိုးသွင်းယူပေးခဲ့တာပါ။ ၈၄ မိနစ်မှာတော့ရဲဝေယံစိုးက တတိယ မြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အကောင်းဆုံးဆုရ ဇေယျာရွှေမြေ FC  အသင်းက စည်သူသန်း ကို Grand Royal  က ဆုငွေ ၅ သိန်း ချီးမြှင့်ခဲ့ပြီး အနိုင်ရသွားတဲ့ ဇေယျာ ရွှေမြေအသင်းကို ကမ္ဘောဇလီမိတက် က ငွေကျပ် ၁၀ သိန်းချီးမြှင့်ခဲ့ပါတယ်။

Thursday, 2 Jul 2009

၂၀၀၉ ခုနှစ် အကြိမ် (၄၀) မြောက် ပြည်နယ်နှင့်တိုင်းအမျိုးသား အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနဲ့ အမျိုးသားတံခွန်စိုက် ဘတ်စကက်ပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ၂၄ရက်အထိ မန္တလေးမြို့၊ ဗထူးအားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Thursday, 2 Jul 2009

ပြည်နယ်/တိုင်း ဘော်လီဘောပြိုင်ပွဲ ကျင်းပမည် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ (၃၉) ကြိမ်မြောက်ပြည်နယ်နှင့်တိုင်း ဘော်လီဘောပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို လာမယ့် ဇူလိုင်လ (၃)ရက်မှ (၁၀) ရက် အထိ အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Pages