Main menu

Background

Saturday, 4 Feb 2012

                   အိမ်ခြံမြေဈေးများကမောက်ကမဖြစ်မှုကြောင့် အိမ်ခြံမြေနှင့်ပတ်သက် သည့်ဥပဒေပြဋ္ဌာန်းချက်များ တိတိကျ ကျထုတ်ပြန်သင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။ အိမ်ခြံမြေ ရောင်းဝယ်မှုများတွင် တိကျသည့်ပြဋ္ဌာန်းချက်မရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ မရရှိသည့်အတွက် နစ် နာမှုများရှိနေကြောင်း သိရသည်။ ၂၀၁၁ခုနှစ် အကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းကာလများတွင် အိမ်ခြံ မြေဈေးများသည် ထင်မှတ်မထားသည့် တန်ဖိုးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သည်ကို တွေ့ရှိရသည်။ သတင်းကိုလိုက်၍ ဈေးကို ကြိုက်သလိုသတ်မှတ်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြသည့်အပြင် လက်လွှဲရောင်းချနေခြင်း၊ ဝယ်ယူပြီး သည့်မြေကွက်များကိုလည်း အခွန် ဆောင်ရမည်စိုးသဖြင့် အမည်ပြောင်း မလျှောက်ခြင်းစသည့်အချက်များ ကြောင့်လည်း နိုင်ငံတော်မှ ရသင့်သည့် အခွန်များမရရှိခဲ့ကြောင်း သိရသည်။               ထို့ပြင် မြေအရောင်းအဝယ်လုပ် သူများ ဈေးကစားသူများသည် ဘဏ် တွင် ပေါင်နှံခြင်းဖြင့် အရင်းအနှီးမလို ဘဲ အိမ်ခြံမြေဈေးကွက်တွင်ဈေးကစား ခဲ့မှုများကြောင့်လည်း ယခုကဲ့သို့ ဈေး တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်း ကျင်သူတစ်ဦးက သုံးသပ်ပြခဲ့သည်။ ''အခုဆိုရင် အိမ်ခြံမြေအရောင်း အဝယ်တွေသာဖြစ်နေတာ။ နိုင်ငံတော် က ထိရောက်တဲ့အခွန်ကောက်ခံမှုမရှိ ဘူး။ နောက်ပြီး ဒီမြေကိုဝယ်ပြီးရင် ဘယ်နှနှစ်နေပြီးမှ ပြန်ရောင်းရမယ်ဆို တဲ့ ပြဋ္ဌာန်းချက်မျိုး သတ်မှတ်ထားတာ မရှိတဲ့အတွက် ဝယ်လိုက်ရောင်းလိုက် တွေ များလာတာပဲ။ ဒါကြောင့်မြေ အရောင်းအဝယ်လုပ်တိုင်းအခွန်ကောက် နိုင်ရမယ်။ ကြိုက်ရောင်းကြိုက်ဝယ်လုပ် ပြီး နာမည်မပြောင်းတော့ နိုင်ငံတော်မှာ အခွန်နစ်နာမှုရှိတယ်။''                ''နောက်ပြီး မြေအရောင်းအဝယ် လုပ်တိုင်း အသိဆုံးက ရပ်ကွက်က အုပ် ချုပ်ရေးမှူးတွေပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြေအရောင်းအဝယ်တွေကိုသိတာနဲ့ သတင်းပို့တာမျိုး လုပ်နိုင်ရမယ်။ဒီလိုမျိုးဖြစ်လာရင် တိုင်းပြည်က ရသင့် တဲ့အခွန်မရတဲ့အတွက် တိုင်းပြည်စီးပွား ရေးကို ထိခိုက်လာနိုင်တယ်''ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက သုံး သပ်ပြခဲ့သည်။                          မြေဈေးနှုန်းများမြင့်တက်လာခြင်း ကြောင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်ရန်ခက်ခဲနိုင်ကြောင်း ပညာရှင်များက သုံးသပ်လျက်ရှိကြသည်။ပြည်ပ မှ ရင်းနှီးမြှုပ်နှံသူများသည် အလုပ်သ မားစရိတ်သက်သာခြင်း၊ မြေလွတ်မြေ ရိုင်းများပေါများခြင်း စသည့်အချက်များ ပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံရန်စဉ်းစား ကြသည့် အတွက် မြန်မာနိုင်ငံတစ်ဝန်း မြေဈေးနှုန်းများ မြင့်တက်နေမှုသည် ရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း စီးပွားရေးပညာရှင် များက သုံးသပ်လျက်ရှိကြသည်။ မယ်သီတာ

Friday, 3 Feb 2012

                  အဆောက်အအုံများ ဆောက်လုပ်ရာမှာ အချိန်ကြာလို့ စိတ်ညစ်ရ၊ ကုန်ကျငွေအတွက် စိတ်ညစ်ရ၊ အလုပ် အကိုင်ပြတ်ပြီး အချိန်ပေးဆောက်လုပ်ရတဲ့ အိမ်၊ အဆောက်အအုံ ဆောက်လုပ်မယ့်အစား၊ ချက်ချင်းတည်ဆောက် လို့လည်းရ၊ ရွှေ့ပြောင်းလို့လည်းလွယ်ကူမယ့် အဆောက်အအုံပစ္စည်းတွေကို မကြာခင်ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချ ပေးတော့မှာဖြစ်ပါတယ်။                    အဆိုပါ အဆောက်အအုံဆောက်လုပ်မယ့်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် မန္တလေးမြို့အနီးရှိ ကျောက်မီး ရွာတွင် တရုတ်နိုင်ငံမှ စက်ရုံတည်ဆောက်လျက်ရှိပါတယ်။ စက်ရုံမှာ နမူနာအဆောက်အအုံများကို တည်ဆောက် ပြသထားပါတယ်။ အဆောက်အအုံအတွက် နံရံအသုံးပြုမယ့် ပလတ်စတစ်ကော်ကပ်သံပြားကို ဘွိုင်လာဖြင့် ရေနွေးငွေ့ ပေး၍ ထုတ်လုပ်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှဝင်တဲ့ ကော်စေ့ များကို ရေနွေးငွေ့နဲ့ပေါင်းပြီး ဖော့စေ့ကြီး ဖြစ်တဲ့အထိ ပြုလုပ်ကာ ဖော့ကန်ထဲထည့်အပူပေးပြီး ဖော့တုံးများလိုချင်တဲ့ဆိုဒ်ရအောင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ဖော့တုံး များကို အပူလှိုင်းနဲ့လိုချင်တဲ့ဆိုဒ်ရအောင်ဖြတ်၍ အချပ်လိုက်ညီညီညာညာရရှိမှာဖြစ်ပါတယ်။ ၎င်းင်းဖော့များအား သံပြား လိပ်များနဲ့ Functional Sandwich Panel ဖြင့် ဖော့အပေါ်နဲ့ အောက်ကိုကော်သုတ်ကာ ကပ်သွားမှာဖြစ်ပါတယ်။  QLF MULTI- Functional Sandwich Panel ဖြင့် တောက်လျှောက်ကြိတ်သွားပြီး အပူမီးချောင်းဖြင့် အခြောက်ခံ အပူပေးပါတယ်။ အနားသတ်ကို အလိတ်၊ အကွေး၊ အလှန်ပုံစံများ လိုသလိုထုတ်လို့ရပါတယ်။ အတိုင်းအဆအားလုံးကို Digital Control ဖြင့် ဆောင်ရွက်တာတွေ့ရပါတယ်။ အဆောက်အအုံနံရံအား ဆေးသုတ်ရန်မလိုဘဲ ကိုယ်လိုချင်တဲ့ အရောင်ကိုမှာယူ၍ ရပါတယ်။                     အဆောက်အအုံနဲ့ အမိုးများကို တရုတ်နိုင်ငံမှဝင်တဲ့ သံပြားဖြင့်ထုတ်လုပ်မှာဖြစ်ပါတယ်။ အမိုးပြားကို အကွက် မျိုးစုံ၊ လိုင်းမျိုးစုံထုတ်လုပ်နိုင်ပြီး ငါးကြင်းကွက်ပုံစံမှာ အသုံးများကြောင်းသိရပါတယ်။ ခေါင်မိုးမိုးမယ့်အရှည်၊ အချပ်ရေနဲ့ ထုထည်ကို အဖြတ်အဆက်မလိုအောင် ကိုယ်လိုချင်တဲ့အမိုးအတိုင်းအတာမှာယူလို့ရပါတယ်။ အမိုးရဲ့အရောင်ကိုလည်း ဆေးသုတ်စရာမလိုဘဲ သံပြားမှာပါတဲ့အရောင်ကြိုက်ရာမှာယူနိုင်မှာဖြစ်ပါတယ်။ အမိုးခေါင်အုပ်ချုပ်တဲ့သံပြားကို ခေါင်အုပ်ချုပ်စက်နဲ့ ဒီဇိုင်းထုတ်ပြီး လိုချင်တဲ့ဆိုဒ်ဖြတ်တောက်လို့ရပါတယ်။ လိုတဲ့ဆိုဒ်ဘဲမှာယူလို့ရတဲ့အတွက် ဖြတ်ဆက် စရာမလိုဘဲ အမိုးအုပ်လို့ရပါတယ်။ အမိုးအကာအားလုံးကို Digital Control နဲ့ ဆောင်ရွက်သွားမှာဖြစ်လို့ လိုတဲ့ပုံစံ အတိုင်းအဆအတိုင်း အလွယ်တကူဆောက်လုပ်ရပါတယ်။ တိုင်မပါတဲ့အတွက် တန်ဖိုးနည်း အိမ်ရာလို့သတ်မှတ်လို့ လည်းရပါတယ်။ အဆောက်အအုံမှာ တပ်ဆင်မယ့် ပြတင်းတံခါးကို အလူမီနီယံထက် ဈေးသက်သာပြီး ပေါ့ပါးတဲ့တံခါး များထုတ်လုပ်မှာဖြစ်ပါတယ်။ အဆောက်အအုံ ဆောက်လုပ်မယ်လို့ အုတ်စီဖောင်ဒေးရှင်းခံပြီး မြောင်းလိုင်းဖော်ထားရပါ မယ်။ တမံသလင်းမြောင်းလိုင်းထဲမှာ အဆောက်အအုံနံရံပြားများကိုထည့်ပြီး မူလီနဲ့စုပ်၍ တည်ဆောက်လို့ရပါတယ်။ စက်ရုံမှတာဝန်ရှိသူတစ်ဦးက ''တရုတ်နှစ်သစ်ကူးကာလမို့ စက်မလည်သေးဘူး။ နှစ်သစ်ကူးပြီးရင် တရုတ် နိုင်ငံက အင်ဂျင်နီယာပညာရှင်တွေခေါ်ပြီး ထုတ်လုပ်သွားမယ်။ ဈေးနှုန်းလည်း မသတ်မှတ်ရသေးပါဘူး။ တန်ဖိုးနည်း အိမ်ရာဖြစ်မှာပါ။ ခုလောလောဆယ် ဘုန်းကြီးကျောင်းဆောက်လှူပေးထားလို့ ဘုန်းကြီးကျောင်းကြည့်ပြီး သဘောကျလို့ စက်ရုံကိုလာမေးကြတယ်။ ကော်ကိုဖော့လုပ်ပြီး သံပြားကပ်ထားတဲ့နံရံဖြစ်တဲ့အတွက် အဲယားကွန်းတပ်ဆင်လို့ကောင်း တယ်။ အသံလည်းလုံတယ်။ စက်ရုံကပစ္စည်းတွေနဲ့ အိမ်တင်မက အအေးခန်းစက်ရုံ တည်ဆောက်လို့ကောင်းတယ်။ ဖြုတ်လို့တပ်လို့ မြန်ဆန်လွယ်ကူတဲ့အတွက် ပေါ့ပေါ့ပါးပါးသယ်လို့လည်းရပြီး လိုချင်တဲ့ဆိုဒ်လည်း မှာလို့ရတဲ့အတွက် စတိတ်ရှိုးစင်ဆောက်ဖို့၊ ရှုတင်မှာသုံးဖို့လည်းအဆင်ပြေမယ်။ စတိတ်စင်တွေဆို ပေပါခံပြီးဆောက်ရတော့ အလုပ်လည်း ရှုပ်တယ်။ ဖော့ကလိုတဲ့ဆိုဒ်မှာလို့ရမယ်။ ကျစ်လျစ်အောင် ထုတ်လုပ်ထားလို့ ခိုင်ခံ့မှုလည်းရှိတယ်။ နှစ်ကူးပြီးရင် အင်ဂျင်နီယာခန့်ထားပြီး အဆောက်အအုံရဲ့ အတိုင်းအဆတိုင်းပြီး စက်ရုံမှာထုတ်လုပ်ပြီးတော့ ချက်ချင်းတည်ဆောက် ပေးမယ်။ သံဆိုတော့ဆက်ရခက်တဲ့အတွက် လိုတဲ့ဆိုဒ်အတိုင်းထုတ်လုပ်ပြီးမှ ဆောက်လုပ်ပေးသွားမယ်။ ကိုယ့်အင်ဂျင်နီ ယာနဲ့ တိုင်းတာပြီး မှာယူမယ်ဆိုလည်း ရပါတယ်''လို့ ရှင်းပြပါတယ်။ ၎င်းဖာ့ပြားသံပြားကပ် အဆောက်အအုံများမှာ မူလီစုပ်ပြီး ဖြုတ်ရတပ်ရမှာဖြစ်တဲ့အတွက် သုံးခါရွှေ့ပြောင်း လို့ရမှာဖြစ်ပါတယ်။ ယာယီအိမ်ဆောက်မယ်ဆိုလည်း လွယ်လွယ်ကူကူ ဆောက်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။ ငယ်ငယ်က အိမ်ဆောက်တာဝါသနာပါတဲ့သူတွေအတွက် ဝေဖာမုန့်လေးတွေနဲ့ အိမ်ဆောက်တမ်းကစားကြသလိုပဲ၊ ဝါသနာပါသူတွေအတွက် လက်တွေ့အိမ်ဆောက်လို့ရပါတယ်။ သံပြားအရောင်လှပပြီး ညီညီညာညာနဲ့ သပ်ရပ်ခံ့ညား တဲ့အတွက် အုတ်နဲ့ဆောက်လုပ်တဲ့ အဆောက်အအုံအတိုင်း တန်ဖိုးနည်းအိမ်ရာများကို မကြာခင် မြင်တွေ့ရပါတော့ မယ်။ ရောက်ရှိလာတော့မယ့် သြင်္ကန်ကာလမှာလည်း သစ်သားနဲ့ဆောက်လုပ်မယ့် သြင်္ကန် မဏ္ဍပ်များအစား ဖော့ သံပြားနဲ့ ပြုလုပ်ထားတဲ့ မဏ္ဍပ်များနေရာယူလာမယ်လို့ ထင်မြင်မိပါတယ်။ အဆိုပါပစ္စည်းများ ထုတ်လုပ်တဲ့စက်ရုံမှာ စက်တပ်ဆင်ပြီး နမူနာထုတ်လုပ်ဆဲဖြစ်တဲ့အတွက် ဈေးကွက်ထဲဖြန့်ချိရင် စက်ရုံလိပ်စာနဲ့ စက်ရုံအမည်၊ ပစ္စည်းဈေး နှုန်းများကို ဆက်လက်ဖော်ပြပေးမှာဖြစ်ကြောင်း တန်ဖိုးနည်းအိမ်ရာအဆောက်အအုံ ဆောက်လုပ်ချင်သူများအတွက် ကြိုတင်အသိပေးရေးသားလိုက်ပါတယ်။ ဇူးဇူး

Monday, 16 Jan 2012

ယခုတစ်ပတ်အတွင်းမှာ အိမ်ခြံမြေဈေးကွက်ဟာ ထူးထူးခြားခြား ငြိမ်သက်နေသည်ကိုတွေ့ရသည်။ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေသော်လည်း ကွန်ဒိုများ၊ တိုက်ခန်းများမှာ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေပွဲစားတစ်ဦးကပြောသည်။"ကျွန်မတို့ အခုဒီရက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက် တော်တော်လေးကို ငြိမ်နေတာ။ အရောင်းတင်ထားတာပဲ ရှိတယ်။  အဝယ်ကမရှိသလောက်ကို နည်းသွားတာ၊ မေးတာမြန်းတာတွေကတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း တကယ်တမ်း ဈေး စကားပြောပြီလည်းဆိုရော ဝယ်သူကမလာတော့ဘူး။"

Monday, 16 Jan 2012

ယခုတစ်ပတ်အတွင်းမှာ အိမ်ခြံမြေဈေးကွက်ဟာ ထူးထူးခြားခြား ငြိမ်သက်နေသည်ကိုတွေ့ရသည်။ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေသော်လည်း ကွန်ဒိုများ၊ တိုက်ခန်းများမှာ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေပွဲစားတစ်ဦးကပြောသည်။"ကျွန်မတို့ အခုဒီရက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက် တော်တော်လေးကို ငြိမ်နေတာ။ အရောင်းတင်ထားတာပဲ ရှိတယ်။  အဝယ်ကမရှိသလောက်ကို နည်းသွားတာ၊ မေးတာမြန်းတာတွေကတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း တကယ်တမ်း ဈေး စကားပြောပြီလည်းဆိုရော ဝယ်သူကမလာတော့ဘူး။''

Monday, 16 Jan 2012

မန္တလေးမြို့၊ မြို့တွင်းနဲ့မြို့သစ်ရှိ အိမ်ခြံမြေများအား ငှားရမ်း မှုများလာခြင်းကြောင့် အငှားဈေးနှုန်းဈေး  မြင့်လာကြောင်း သိရပါတယ်။ အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်လွင်က " ခါတိုင်း ဆိုရင် ဒီအချိန်ကာလမှာ အိမ်ငှားက ပြောင်းရွှေ့တာ မလုပ်ကြ ဘူး။ ဒီနှစ်မှာ မြို့တွင်းလည်း မြို့တွင်းအလျှောက်၊ မြို့သစ်လည်း မြို့သစ်အလျှောက် ငှားရမ်းမှုတွေရှိတယ်။ မနှစ်ကထက်စာရင် ဈေးလည်းတက်လာတယ်။ မြို့တွင်းမှာဆို ဆိုင်ဖွင့်ဖို့ ငှားတဲ့သူ များတယ်။ ခုလထဲမှာဆိုင်ကယ် အရောင်းဆိုင်ဖွင့်တဲ့သူများလာ တယ်။ လျှပ်စစ်ဆိုင်ကယ်ဘီးဆိုင်တွေလည်း ဖွင့်တာများတယ်။ မြို့သစ်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်း ဆက်စပ်လုပ်ကိုင်တဲ့သူ ငှားတာများတယ်။ နေထိုင်ဖို့အိမ်ရာငှားတဲ့သူလည်း များလာ တယ်"လို့ ပြောပါတယ်။

Sunday, 8 Jan 2012

မန္တလေးမြို့သစ်မြေကွက်မှာ အရောင်းအဝယ်သွက်ခဲ့တဲ့ အက္ခရာနှစ်လုံးဆင့် အကွက်များမှာ ဒီဇင်ဘာလဆန်းမှစပြီး ဈေးကွက်အေးလျက်ရှိပါတယ်။ လိုအပ်တဲ့ သူများသာ ဝယ်ယူမှုရှိပြီး၊ မြေဝင်ကစားသူများနားလျက်ရှိခြင်း ကြောင့် လက်ငုပ်ဈေး နဲ့သာ အရောင်းအဝယ်ရှိနေပြီး၊ ဈေးနှုန်းမှာ အမြင့်ဆုံးဈေးများဖြစ်ပြီး ဈေးတန့်နေ ခြင်းဖြစ်ကြောင်း သိရပါတယ်။

Sunday, 8 Jan 2012

           ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းကာလနှင့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကာလများတွင် အိမ်ခြံမြေဈေးကွက်သည် တစ်မဟုတ် ချင်း မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ် နှံလိုသူတို့မှာ အခက်အခဲများနှင့် ရင် ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

Pages