Main menu

Background

Sunday, 18 Dec 2011

              အိမ်ခြံမြေ ဈေးကွက်အတွင်းတွင် လက်ရှိအခြေအနေ၌   အရောင်း အဝယ်များမှာ   တန့်လျက်ရှိကြောင်း သိရသည်။"အခုရက်ပိုင်းလေးမှာ အိမ်ခြံမြေ ဈေးကွက်မှာ  အရောင်းအဝယ်တွေ နည်းနည်းတန့်သွားတယ်။ ရောင်းမယ့် သူတွေကတော့ များသား။ ဒါပေ မယ့် ဝယ်မယ့်သူတွေက အဝယ်ကိုမရှိတော့ တာ။ စရန်ပေးထားတဲ့သူတွေလောက် ပဲ အလုပ်ဖြစ်နေတာ။ အရင်က ဝယ် မယ့်သူတွေကလိုက်ပြီး ဝယ်နေပေမယ့် ရောင်းမယ့်သူတွေက  ဈေးကိုင်နေကြ တာ။

Sunday, 18 Dec 2011

            အရောင်းအဝယ်သွက်နေတဲ့ မန္တလေးမြေဈေးကွက်မှာ ယခုတစ်ပတ် အတွင်း ပြန်ငြိမ်နေကြောင်း သိရပါတယ်။ မန္တလေးမြို့တွင်  မြို့တွင်းပိုင်းထက် မြို့သစ်အကွက်များ အရောင်းအဝယ်သွက်ရာမှ မြေကွက်ပိုင်ရှင်များမှာ အဆင့်ဆင့်ရောင်းချမှုများလာ၍ အမြင့်ဆုံးဈေးရောက်ရှိပြီး အမြတ်စုဆောင်း ပြီးဖြစ်တဲ့အတွက် ဈေးတန့်ပြီးအရောင်းအဝယ် အေးလာရခြင်းဖြစ်ပါတယ်။

Tuesday, 13 Dec 2011

မန္တလေးမြေကွက်များ အရောင်းသွက်၍ မြေပေါင်နှံသူ မရှိသ လောက် နည်းလာကြောင်း သိရပါတယ်။ "မြေဈေးကွက်က ရှေ့အလား အလာကောင်းတယ်။ ဒီအချိန်မှာ ဝယ်တဲ့သူရော၊ ရောင်းတဲ့သူရော၊ အကျိုး ဆောင်ရော အားလုံးအလုပ်ဖြစ်တဲ့ အချိန်ပဲ။ မြေဈေးကလည်း တက်၊ အရောင်းအဝယ်ကလည်းေ ကာင်းတဲ့အတွက် မြေပေါင်နှံသူ အလိုလို နည်းလာတယ်။

Monday, 5 Dec 2011

               မန္တလေးစက်မှုဇုန်အနီးရှိ မြေကွက်များအရောင်းသွက်ပြီး ဈေးနှုန်းအတက် ကြမ်းလျက်ရှိကြောင်း သိရပါတယ်။ စက်မှုဇုန်ရှိ အရှေ့အနောက်လမ်းမကြီးများဖြစ်တဲ့ ကနောင်မင်းသားကြီး လမ်း၊ ဖိုးရာဇာလမ်း၊ သခင်ဖိုးလှကြီး လမ်းနဲ့ ယောမင်းကြီးလမ်းများအား လမ်းခင်းလျက်ရှိခြင်းနဲ့ ယခုနှစ်ကုန်ပိုင်း မှာ အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်းဖွင့်လှစ် မှာဖြစ်ခြင်းတို့ကြောင့် ဈေးမြင့်တက်လာပြီး အရောင်းအဝယ်သွက် လျက်ရှိပါတယ်။                အဆိုပါ အကွက်များမှာ တတ၊ ဒဒ၊ နန၊ ပပ၊ ဓဓ၊ လလ၊ ၀ ၀ အကွက် များကို ရင်းနှီးမြှုပ်နှံလိုသူများ ဝယ်ယူ လျက်ရှိကြောင်း သိရပါတယ်။ " စက်မှုဇုန် လမ်းခင်းမယ်ဆိုတော့ ရန်ကုန်-မန္တလေး လမ်းမကြီးကနေ လမ်းပေါက်မယ်။ လမ်းပန်းဆက်သွယ် ရေးကောင်းမယ်ဆိုတော့ စက်မှုဇုန် အနီးကမြေကွက်ကို စိတ်ဝင်စားလာ တယ်။ နှစ်ဆန်းပိုင်းက ဒီမြေကွက်တွေ ကိုဝယ်မယ့်သူနည်းတယ်။ ခုဆိုအဝယ် လိုက်တဲ့အတွက် နှစ်စကထက် ဈေးနှုန်း နှစ်ဆလောက်တက်လာတယ်။ မြေဝယ် တဲ့သူတွေက နေထိုင်မယ့်သူတွေ မပါဘူး။ ရင်းနှီးမြှုပ်နံှမယ့်သူတွေပဲ ဝယ် ကြတာ။ လူနေထိုင်ဖို့ကမစည်ကားသေး ဘူး။ လာဝယ်တဲ့သူတွေက မန္တလေးမြို့ပေါ်ကရော နယ်စုံကပါ လာဝယ် ကြတယ်။ ရန်ကုန်ဘက်ကလည်း လုပ် ငန်းရှင်တော်တော်များများ လာဝယ်ကြ တယ်"လို့ ပြောပါတယ်။ မြေကွက်ဈေးနှုန်းများမှာ ပပ၊ ဗဗ၊ ဘဘ၊ မမ အကွက် ပေ ၄၀ _ ပေ ၆၀ တစ်ကွက်ကို အနည်းဆုံး သိန်း ၅၀၀ ကျပ်၊ အများဆုံး လမ်းမတန်း သိန်း ၁၀၀၀ ကျပ်ဝန်းကျင်ရှိလို့ တတ၊ ဒဒ၊ နန၊ လလ၊ ဇဇ အကွက်များမှာ သိန်း ၂၀၀ နဲ့ သိန်း ၁၀၀၀ ကြားရှိကြောင်း ဈေးနှုန်း ထပ်မံတက်နိုင်ဖွယ်ရှိကြောင်းသိရပါတယ်။ ဇူးဇူး

Wednesday, 30 Nov 2011

အိမ်ခြံမြေကဏ္ဍ  

Sunday, 25 Sep 2011

ကလေးတက္ကသိုလ်များအနီးရှိ အိမ်ခြံမြေများ ဈေးကောင်းရလာ                     ကလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်အနီးရှိ အိမ်ခြံမြေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘော်ဒါဆောင် ဆောက်လုပ်နေပြီဖြစ်တဲ့အတွက် မြေဈေးများ တန်ဖိုးးမြင့်လာကြောင်းသိရပါတယ်။ အရင်ကတော့ မြေဈေးက ခပ်အေးအေးပါ။ အခုတစ်လ၊ နှစ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ဘောဒါဆောင်ဆောက်ဖို့ မြေကွက်များ လာရောက်ဝယ်ယူမ ှုရှိလို့ မြေဈေးကောင်းလာတာပါ။ အရင် သိန်း ၅၀ တန်ဖိုးရှိတဲ့မြေကွက်က အခုသိန်း ၈၀ လောက်ရောက်လာတယ်လို့ တက္ကသိုလ် အနီးက မြေကွက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။                   ကလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသား ၅၀၀၀ ခန့်နဲ့ နည်းပညာတက္ကသိုလ်မှာ ကျောင်းသား ၂၀၀ ခန့်ရှိနေပြီး၊ ကျောင်းသားကျောင်းသူများ သွားလာမှုလွယ်ကူစေရေးနဲ့ ကျောင်းဖယ်ရီကားကိစ္စ အဆင်ပြေစေရန် သြဂုတ်လ ၁၆-၁၇ ရက်နေ့က တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိကြပြီး တက္ကသိုလ် နှစ်ခုအနီးရှိမြေကွက်များ ဝယ်ယူပြီး ဘော်ဒါဆောင်များ ဆောက်လုပ်လာကြတဲ့အတွက် ယခုအခါ ဘော်ဒါဆောင် ၂၀ ခန့်ရှိလာကြောင်း သိရပါတယ်။ အောင်မင်း 

Pages