Main menu

Background

Monday, 5 Sep 2011

မြို့သစ်မြေရောင်းပြီး မြို့တွင်းမြေပြန်ဝယ်တဲ့ မန်းမြေဈေးကွက်                 လက်တလောတွင် မြေအရောင်း အဝယ်အေးသော်လည်း ကြိုက်ဈေး ဖြစ်ပါက အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ယခင်က မြို့တွင်းနေထိုင် သူများမှာ မြို့သစ်သို့ ပြောင်းရွှေ့ဝယ်ယူ မှုရှိခဲ့သော်လည်း ယခုအခါ မြို့သစ် အဓိကလမ်းမကြီးများ၊ ထောင့်အကွက် များမှာ ဈေးမြင့်တက်လာလို့ ပြန်ရောင်း ပြီး မြို့တွင်းသို့ ပြန်လည်ဝယ်ယူမှုရှိလာ ကြောင်းသိရပါတယ်။                  အိမ်ခြံမြေအကျိုးဆောင် ကိုလင်း က '' မြို့သစ်က အဓိကကျတဲ့လမ်းမ ကြီးတွေမှာ စီးပွားရေးလုပ်လို့လည်း ကောင်း၊ လမ်းလည်းကောင်းတော့ မြို့ထဲထက် ဈေးမြင့်တဲ့အတွက် တချို့ ပြန်ရောင်းပြီး မြို့ထဲပြန်ဝယ်ကြတယ်။ အဓိက လမ်းမကြီးတွေက ၆ လမ်း၊ သိပ္ပံလမ်း၊ မနော်ဟရီလမ်းမှာ ပေ ၄ဝx ပေ ၆ဝ တစ်ကွက်ကို သိန်း ၄ဝဝဝ ကနေ သိန်း ၁ဝဝဝဝ အထက်မှာရှိတဲ့ အတွက် ပြန်ရောင်းကြတယ်။ မြို့တွင်း မှာ အောင်တော်မူရပ်၊ နယူးစီပီလိုင်း၊ မဟာဇေယျာဘုံရပ်နဲ့ နန်းရှေ့ဘက်မှာ ပြန်ဝယ်ကြတယ်။ မြို့ထဲမှာ အရောင်း အဝယ်ဖြစ်နေတယ်။ မြို့သစ်က အရင် အရောင်းအဝယ်ကောင်းခဲ့တဲ့ ''လလ'' အကွက်တွေဆို အေးနေပြီ။ ''လလ'' အကွက်တွေက ဝယ်ရောင်းသမားလက် ထဲရောက်ကုန်တော့ ပြန်မထုတ်ကြ တော့ဘူးလို့ ပြောပါတယ်။                 မြေကွက်ဈေးနှုန်းများမှာ အောင် တော်မူရပ်တွင် ၆၂လမ်း ၂၇x၂၈ ကြား ၂၅ ပေ x ၆ဝ ပေ တစ်ကွက်လျင် ကျပ် သိန်း ၃ဝဝဝ၊ ၂၈x၂၉ လမ်းကြား ၂၃ ပေ x ၆ဝ ပေ တစ်ကွက်လျင် ကျပ်သိန်း ၂ဝဝဝ၊ ၂၉ လမ်းx၃ဝ လမ်းကြား ၄ဝ ပေx ၉ဝ ပေတစ်ကွက်လျင် RC  ၃ ထပ်ပါ ကျပ်သိန်း ၁၃ဝဝဝ ခေါ်ဈေး ရှိ၍ ၆၃ လမ်းမေးတင် ၂၆ နဲ့ လမ်း ၃ဝ အတွင်း ကျပ်သိန်း ၃ဝဝဝ ကျော်၊ လမ်းသွယ်ကျပ်သိန်း ၁၅ဝဝ နဲ့ ၂၅ဝဝ ကြားဈေးရှိကြောင်း သိရပါတယ်။ နယူး စီပီရပ်မှာ အောင်တော်မူရပ်နဲ့ ဈေးနှုန်းမကွာဘဲ ၃၂ လမ်းမေးတင် ၄ဝ ပေ x ၁ဝဝ ပေတစ်ကွက်လျင် သိန်း ၆ဝဝဝ ကျော်ရှိပါတယ်။ နန်းရှေ့အကွက်များမှာ ဈေးထက်ဝက် လျှော့၍ ၁၉ လမ်း မြောက်ဘက် ၆၂x ၆၄ လမ်းကြား ၂၅ ပေ x ၆ဝ ပေ တစ်ကွက်လျင် သိန်း ၈ဝဝ ဝန်းကျင်ရှိ၍ ၁၉ လမ်းမေးတင် ၂ဝ ပေx ၆ဝပေ တစ်ကွက်လျင် ကျပ် သိန်း၂ဝဝဝ ကျော်ကာ ပေအကျယ် အဝန်းပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိပါတယ်။ မဟာဇေယျာဘုံရပ်မှာ အောင်တော်မူ ရပ်ထက်ဈေးနှုန်း သုံးပုံ တစ်ပုံလျော့နည်းကြောင်း သိရပါတယ်။ ဇူးဇူး 

Tuesday, 30 Aug 2011

ဝါတွင်းကာလ မန်းအိမ်ခြံမြေဈေးကွက် အငှားသွက်               ဝါတွင်းကာလ မန်းအိမ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးပြီး အငှားသွက်လျက်ရှိကြောင်း သိရပါတယ်။ ''အိမ်ခြံမြေ ငှားရမ်းမှုက ဝါတွင်းဆိုပေမယ့် အရင်လို အယူသည်းတာမျိုးမရှိတော့ဘူး။ မန္တလေးအိမ်ခြံမြေက လူမျိုးခြားတွေ၊ တိုင်းရင်းသား တွေ လာငှားကြတာများတယ်။ မြို့တွင်းပိုင်းဆို တိုက်ခန်းအငှားလိုက်ပြီး၊ မြို့သစ်ဖက်မှာ လုံးချင်းအိမ်တွေ ငှားကြတယ်။ တစ်လကို သိန်း ၂ဝ တန်၊ ၁၅ သိန်းတန်အငှားလိုက်တယ်။ မြို့သစ်ကအဲဒီလောက်ဈေးမရှိဘူး။ မြို့တွင်းမှာ တိုက်ခန်းနည်းတော့ လမ်း ၆ဝ၊ ၇၈ လမ်း၊ လမ်း ၃ဝ ပေါ်က တိုက်ခန်းတွေပဲရှိတယ်။ မြို့တွင်းပင်မ လမ်းမကြီးပေါ်က တိုက်ခန်းတွေဆို တစ်လကိုငှားခ တစ်ခန်းကို သိန်း ၃ဝ နဲ့ သိန်း ၆ဝ ကြားမှာရှိတယ်။ မြို့သစ်ပိုင်းမှာ သိန်းဆယ်ဂဏန်းဝန်းကျင်၊ သောင်းဂဏန်းဝန်းကျင်လည်း ငှားကြတယ်။ နေရာအကျယ်အဝန်းနဲ့ နေရာ အနေ အထားပေါ်မူတည်ပြီး ငှားကြတာ''လို့ အိမ်ခြံမြေအကိုျးဆောင် ကိုလင်းက ပြောပါတယ်။                  မန္တလေးအိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေအငှားနဲ့ပေါင်နံှခြင်းများလည်း များပြားလာကြောင်းသိရပါတယ်။ မြို့တွင်းပိုင်း တွင် အောင်တော်မူ၊ နယူးစီပီလိုင်းနဲ့ နန်းရှေ့ပိုင်း၊ မဟာဇေယျာဘုံရပ်ရှိ အိမ်ခြံမြေများကို အငှားများကြောင်း၊ မြို့သစ်ပိုင်း တွင် နေရာအနေအထားပေါ်မူတည်ပြီး နေရာအနံှ့ ငှားရမ်းမှုရှိကြောင်း သိရပါတယ်။ ဇူူးဇူူး 

Tuesday, 23 Aug 2011

မန်းမြေဈေး တန်ဖိုးမြင့်လာ၍ ကွန်ဒိုများဆောက်လုပ်ရန် ခြေလှမ်းပြင်                 မန္တလေးမြေဈေးမှာ တစ်နှစ်ထက်တစ်နှစ် တန်ဖိုးမြင့်တက်လာခြင်းကြောင့် ကွန်ဒိုများဆောက်လုပ်ရန် စတင်နေပြီဖြစ်ပါတယ်။                       Naing Groupမှ စီမံဒါရိုက်တာ ဒေါ်ခင်အေးမြင့်က '' ဒီနှစ်ထဲမှာ မြေဈေးကတက်လာတော့ ရန်ကုန်မှာရောင်းနေတဲ့ ကွန်ဒိုတွေကို မန္တလေး၊ မြစ်ကြီးနား နယ်ဘက်ကလာဝယ်ကြတယ်။ ကွန်ဒိုဝယ်ပြီးနေတဲ့ သူလည်းရှိသလို ဈေးတက် လာတဲ့အတွက် ကုမ္ပဏီက အရစ်ကျနဲ့ရောင်းပေးတော့ အမြတ်ရရင် လက်လွဲှပြန် ရောင်းကြတာလဲရှိတယ်။ အရင်ကဆို ကား၊ ရွှေဘက်မှာ ရင်းနှီးမြှုပ်နံှမှုလုပ်ကြတာ။ ခုနောက်ပိုင်းမှာ မြေဘက်မှာ ရင်းနှီးမြှုပ်နံှမှုလုပ်ကြတယ်။ ငွေအကျေချေစရာမလိုဘဲ အရစ်ကျပေးသွားရတဲ့အတွက် စိတ်ဝင်စားကြတယ်။ မန္တလေးဘက်က ဒေသနဲ့ကိုက် ညီမှုရှိအောင် ဈေးကွက်က ကြိုက်မဲ့ပုံစံဖြစ်အောင်လေ့လာပြီးဆောက်လုပ်မယ်'' လို့ ပြောပါတယ်။                         မြေပိုင်ရှင်များအနေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ကြောင်း Customer  စိတ်တိုင်းကျညှိနှိုင်း၍ ဆောက်လုပ်မှုပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်းများ ဝယ်ယူလိုပါက ၇၈လမ်းတွင် Show Room ဖွင့်၍ Naing Group  မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ကွန်ဒိုတိုက်ခန်းများမှာ တည်နေရာ နှင့် တိုက်ခန်းတွင်ပါဝင်သည့် အသုံးအဆောင်နှင့် ဝန်ဆောင်မှုပေါ်မူတည်၍ တစ်ခန်းလျှင် သိန်း ၆ဝဝ ကျပ်နှင့် သိန်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး 

Sunday, 21 Aug 2011

မူလနှုန်းထားအတိုင်း မြေခွန်သက်တမ်း တစ်နှစ်တိုး၍ မန်းမြေကွက် အရောင်းအဝယ်ပြန်ဖြစ်                     သြဂုတ် ၁၂ ရက်မှစ၍ မူလနှုန်းထားအတိုင်း မြေခွန်သက်တမ်း တစ်နှစ် တိုး၍ မန္တလေးမြေကွက်များ အရောင်း အဝယ်ပြန်ဖြစ်လာကြောင်း မြေအကျိုး ဆောင်များထံမှ သိရပါတယ်။ ''နှစ်ဆန်းပိုင်းက အရောင်းအဝယ် တော်တော်လေးဖြစ်ခဲ့တဲ့ မန္တလေးမြေကွက်က ဇူလိုင်လပိုင်းမှာ ပြန်အေးသွားခဲ့တယ်။ မြေအခွန်နှုန်းထား တိုးမယ် လို့ကြားလို့ အရောင်းအဝယ်မလုပ်ကြဘဲ စောင့်ကြည့်အနေအထားဖြစ်သွားတာ။ ဒီတစ်ပတ်မှာ အခွန်နှုန်းမပြောင်း လဲတော့ အရောင်းအဝယ် ပြန်စလာပြီ။ မြို့ထဲပိုင်းက ပြန်စတာပဲ။ မြို့သစ်ဘက်ပိုင်းမှာလည်း ကားကွင်းစီမံကိန်းနဲ့ ကုန်စည်ဒိုင်စီမံကိန်းကြောင့် လုပ်ငန်းသုံးလိုအပ်ချက်အရ အဲ့ဒီအနီးအနားက မြေကွက်တချို့ အရောင်းအဝယ် စဖြစ် တယ်။ ဝယ်လက်က ဈေးချရောင်းရင် တော့ဝယ်ကြတယ်။ ဒီလကုန်ရင် အရင် လို အရောင်းအဝယ် ပြန်သွက်လာမယ် ခန့်မှန်းတယ်''လို့ မြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။                     မြေအခွန်နှုန်းထားမှာ ၂ဝ၁ဝ ခုနှစ်၊ သြဂုတ်လမှ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၁ နှစ်အတွင်း ပေးဆောင်ရသည့် အခွန် နှုန်းထားအတိုင်း ရောင်းသူ ၁ဝ ရာခိုင် နှုန်း၊ ဝယ်ယူသူ ၁၅ရာခိုင်နှုန်းဖြင့် ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လမှ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း သက်တမ်း တစ်နှစ်တိုး၍ ပေးဆောင်ရန် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ဇူးဇူး

Tuesday, 26 Jul 2011

မန်းမဟာမြိုင်ရပ် အိမ်ခြံမြေအငှားရော အရောင်းအဝယ်ပါရပ်တန့်                                မန္တလေးမြို့ မဟာမြိုင်ရပ်ကွက် အိမ်ခြံမြေဈေးကွက်မှာ အငှားရော အရောင်းအဝယ်ပါ ရပ်တန့်လျက်ရှိ ကြောင်း သိရပါတယ်။ မဟာမြိုင်ရပ် မြေအကျိုးဆောင် တစ်ဦးက ''ဒီရက်ပိုင်းမှာ ဈေးကွက်တန့် နေတာ ၁၅ ရက်လောက်ရှိပြီ။ အခွန် ၁၅ရာခိုင်နှုန်းဆောင်ခဲ့တာ ရှေ့လ သက်တမ်းပြည့်မှာဆိုတော့ အခွန်နှုန်းထား ပြောင်း၊ မပြောင်း စောင့်ကြည့်နေကြ တာ။ ဒါကြောင့် တစ်မြို့လုံးနီးပါး ဈေး ကွက်တန့်နေတာ။ လိုတဲ့သူလောက်ပဲ ဝယ်ယူမှုရှိတယ်။ ဈေးနှုန်းက အမြင့် ဈေး ရောက်သွားတော့ ဈေးဆက်ကျ မလား စောင့်ကြည့်နေကြတာ''လို့ ပြော ပါတယ်။ မဟာမြိုင်ရပ်ကွက်တွင် ၆၄ လမ်း မေးတင်၊ ပေ ၆ဝ x ပေ ၄ဝ တစ်ကွက် ကို ကျပ်သိန်း ၄ဝဝဝ ကျပ်၊ ၆၃ လမ်း  မေးတင် ကျပ်သိန်း ၃၅ဝဝ ကျော်၊ ၆၆ လမ်း မေးတင်ကျပ်သိန်း ၄ဝဝဝ နီးပါး ရှိ၍ ကြားကွက်များမှာ ကျပ်သိန်း ၂ဝဝဝ ဝန်းကျင် ဈေးရှိပါတယ်။ ၃၈ လမ်း ၆၄ လမ်းနဲ့ ၆၆ လမ်းကြားတွင် လမ်းခင်းပြီးပါက ၃၅ လမ်းမကြီးနှင့် လမ်းပေါက်၍ ဈေးဆက်မြင့်နိုင်ကြောင်း သိရပါတယ်။ အငှားဈေးနှုန်းမှာ အိမ်အနေအထား၊ နေရာအနေအထား လမ်းသာမှုပေါ်မူတည်ပြီး ကျပ် တစ် သိန်းနှင့် ၁ဝ သိန်းကြားဖြင့် ငှားရမ်းမှုရှိကြောင်း၊ လတ်တလောတွင် ငှား ရမ်းအိမ် နည်းလျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး

Sunday, 17 Jul 2011

အိမ်ခြံမြေလုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ၄ဝဝ ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည့် ဗီယက်နမ်                   ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဗီယက်နမ်အိမ်ခြံမြေလုပ်ငန်းမှာ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းပေါင်း ၄ဝဝ ကျော်ရှိကာ ကန်ဒေါ်လာ ၄၂ ဒသမ ၈ ဘီလီယံကျော်ဖိုး မှတ်ပုံတင်ခဲ့ကြောင်း စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နံှမှုဝန်ကြီးဌာနအရ သိရှိရပါတယ်။                  နိုင်ငံခြားသားရင်းနှီးမြှုပ်နံှသူတွေက ဗီယက်နမ်ဈေးကွက်အတွင်းမှာ ငွေလုံးငွေရင်းနဲ့ ရင်းနှီးမြှုပ်နံှဖို့ဂရုတစိုက်ချိန်ဆလျက်ရှိတာကြောင့် ဗီယက်နမ် အစိုးရက ငွေကြေးဖောင်းပွမှုလျှော့ချနိုင်ဖို့အတွက် ဘဏ္ဍာရေးမူဝါဒကို ပိုမို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေရတယ်။ ဒါပေမဲ့ စီးပွားရေးအခွင့်အလမ်း ကောင်းမွန်မှုနဲ့ စီးပွားရေးဗျူဟာရှင်းလင်းမှုကြောင့် ဈေးကွက်မှာ ရင်းနှီးမြှုပ်နံှ မှုဆွဲဆောင်နိုင်မှာဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ပြောကြားလိုက်တယ်။ ဗီယက်နမ်နိုင်ငံက အိမ်ခြံမြေလုပ်ငန်းက လျင်မြန်စွာတိုးတက်လာခဲ့ပြီး အနာဂတ်မှာ တန်ဖိုးသာမက အရည်အသွေးပါ ဖွံ့ဖြိုးတိုးတက်လာနိုင် ကြောင်း ခန့်မှန်းသိရှိရပါတယ်။ Source: english.vietnamnet.vn,အေးမွန်မွန်လှိုင််

Pages