Main menu

Background

Sunday, 17 Jul 2011

မန္တလေးမြို့သစ် မြေကွက်များ အရောင်းအဝယ် ပြန်အေး  ဈေးနှုန်း ခပ်ပါးပါးကျဆင်း                  မန္တလေးမြို့သစ်ရှိ အရောင်းအဝယ်ဖြစ်ခဲ့တဲ့မြေကွက်များမှာ အရောင်းအဝယ် ပြန်အေးလျက်ရှိ၍ မြေဈေးနှုန်း ခပ်ပါးပါး ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးမြို့သစ် မြေကွက်များမှာ ဇန်နဝါရီလမှစ၍ အရောင်းအဝယ်သွက် ခဲ့ရာ ၆ လတာကာလအတွင်း မြေရင်းနှီးမြှုပ်နံှသူများ မြေအရောင်းအဝယ်ပြုလုပ် သူများနဲ့ မြေအကျိုးဆောင်များအတွက် အကျိုးအမြတ်များများရရှိခဲ့ကြောင်း၊ ဧပြီ လပိုင်းတွင် ယခင်နှစ်များက အရောင်းအဝယ်အေးကာလဖြစ်သော်လည်း ယခုနှစ် ဧပြီလမှာ ထူးထူးခြားခြား ဈေးကွက်ကောင်းခဲ့ကြောင်း မြေအကျိုးဆောင်များထံမှ သိရပါတယ်။                ''၆ လတာကာလအတွင်းမှာ မြေကွက်အမှတ်ထွက်လိုက်တာနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တာ၊ မြို့သစ်ရော မြို့တွင်းမှာပါ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အရောင်း အဝယ်ဖြစ်တော့ ဈေးနှုန်းလည်း တက်ရိပ်ပြခဲ့တယ်။ ဒီလထဲကစပြီး မြေဈေးက အမြင့်ဈေးရောက်ခဲ့တော့ ဈေးတန့်နေတယ်လို့လဲပြောလို့ရမယ်။ မြေဈေးကွက်က အမြင့်ဈေးမှာရှိနေတော့ ရောင်းမယ့်သူကလည်း ပြန်ဝယ်နိုင်ပါ့မလားဆိုပြီး မရောင်း ရဲသလို ဝယ်မယ့်သူကလည်း မဝယ်ရဲဘဲဖြစ်နေတယ်။ ဝယ်လိုက်ရင်လည်း ဈေးတက် ထားတဲ့အတွက် လောလောဆယ် ထပ်မတက်နိုင်သေးတော့ မြတ်ဖို့မသေချာတဲ့ အတွက် ဝယ်ရောင်းသမားနဲ့ မြေရင်းနှီးမြှုပ်နံှသူတွေက အဝယ်မရှိသလောက်ဖြစ် လာတာ၊ အရမ်းရောင်းချင်လွန်းတဲ့သူမှသာ ဈေးချရောင်းတဲ့အတွက် အရောင်း အဝယ်ဖြစ်ပြီး ဈေးနှုန်းလည်း ခပ်ပါးပါးကျဆင်းခဲ့တယ်''လို့ မြေအကျိုးဆောင်တစ်ဦး ကပြောပါတယ်။ မန္တလေးမြို့သစ်မြေကွက်များတွင် လူကြိုက်များခဲ့သည့် ''လလ''၊ ''ဝဝ''၊ ''ဇဇ'' မြေကွက်များမှာ ယခုလတွင် အကျဈေးဖြင့် အရောင်းအဝယ် အနည်းငယ်ဖြစ်လျက် ရှိပါတယ်။ ယခင်က သိန်း ၇၅ဝ ကျပ်ဈေးပေါက်ခဲ့တဲ့ မြေကွက်မှာ ယခုလတွင် သိန်း ကျပ် ၆ဝဝ ဝန်းကျင်၊ ကျပ်သိန်း ၁ဝဝဝ အကွက်များမှာ ကျပ်သိန်း ၈ဝဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်အနည်းငယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး 

Tuesday, 5 Jul 2011

အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း တည်နေရာ အကျယ်အဝန်း ပါဝင်ပုံ ဈေးနှုန်း သီးခြားအချက် ဆက်သွယ်ရန်၁။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၃)လမ်း (၁၃ထ၅ဝ)ပေ အခန်းဖွဲ့ပြီး ၁၅၅ သိန်း ၇ဝ၂၄ဝ၅၂။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၁)လမ်း (၁၆ထ၅၅)ပေ အခန်းဖွဲ့ပြီး၊အခန်းသစ် ၁ .၈ သိန်း ၁လအငှားနှုန်း ၇ဝ၂၄ဝ၅၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊မြန်မာ့ဂုဏ်ရည်လမ်း (၂၀×၈၀)ပေ Hall မြေညီ၊ လမ်းမပေါ် ၇ သိန်း ၁လအငှားနှုန်း ၇ဝ၂၄ဝ၅၄။ အိမ်/မြေ ဒဂုံမြို့သစ်(မြောက်)၊ (၃၃)တိုးခဲျ့ကွက် (၄0x60)ပေ အိမ်ငယ်(၂)လုံးပါ ၂၈ဝ သိန်း မီတာပါ ဝ၉၇၃ဝ၇၇၉၄၃သန္တာလမ်း၊ ထောင့်ကွက်၅။ အိမ်/မြေ မြောက်ဥက္ကလာပမြို့နယ်၊ (၄၀×၆၀)ပေ အိမ်ငယ်(၂)လုံးပါ ၃၅ဝဝ သိန်း လမ်းမပေါ်၊ ဝ၉၇၃ဝ၇၇၉၄၃တံတားကြီးအဆင်း၊ သုဓမ္မာလမ်းမကြီး နောက်ဖက်ပေ၁ဝဝခန့်မြေပိုရှိ စီးပွားရေးလုပ်ရန်ကောင်း၆။ အိမ်/မြေ ဒဂုံမြို့သစ်(မြောက်)၊ (၃၂)ရပ်ကွက် (၄0x60)ပေ (၁)ထပ် ပျဉ်ထောင် ၂၆ဝ သိန်း အိမ်ကောင်း ဝ၉၇၃ဝ၈၂၉၁၄ပြည်သာယာ(၁)လမ်း ရေမီးစုံ၇။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ (၃၄/၃)ရပ်ကွက် (၃၀×၆၀)ပေ RC (၁)ထပ်၊ ၈၅ဝ သိန်း ရေမီးစုံ ၅၆၃ဝ၇ဝ၇ဝ ရာခိုင်နှုန်းပြီးစီး၈။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊(၁၄/၂)ရပ်ကွက် (၄၀×၅၀)ပေ မြေသီးသန့်၊ ၁၅ဝဝ သိန်း အုတ်ခတ်ပြီး၊ ၅၆၃ဝ၇ဝထောင့်ကွက် အိမ်ရာစီမံကိန်းအကွက်၉။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၃ထ၆ဝ)ပေ မြေညီ၊ ထောင့်ခန်း ၃၅ဝ သိန်း ဂျိုးဖြူလမ်းမကြီး ၇ဝ၂၄ဝ၅စံပြဖဆပလ ရပ်ကွက် ပြင်ဆင်ပြီး အနီး၁ဝ။ အိမ်/မြေ ပြင်ဦးလွင်မြို့၊မေတ္တာလမ်း မြေ(၅၀×၉၀)ပေ သစ်သားတစ်ထပ်အိမ် ၁ .၈ သိန်း စိုးစံပညာသင် ဝ၉၅၁၂ဝ၂၅၅(B) လမ်းသွယ် အိမ်(၃၅ထ၃၅)ပေ အိပ်ခန်း (၄)ခန်း ၁ လအငှားနှုန်း စခန်းအနီ

Sunday, 19 Jun 2011

အိမ်ခြံမြေကဏ္ဍ စဉ် အိမ်/အခန်း တည်နေရာ အကျယ်အဝန်း ပါဝင်ပုံ ဈေးနှုန်း သီးခြားအချက် ဆက်သွယ်ရန်၁။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဓမ္မာရုံလမ်း (၁၅ထ၄၅)ပေ၊ (၅)လွှာ လျှာထိုးခင်း၊ ၁၆ဝ သိန်း ၇ဝ၂၄ဝ၅အခန်းဖွဲ့ ပြီး၂။ မြေ/အိမ် တောင်ဥက္ကလာပမြို့နယ်၊(၁၄/၃ရပ်ကွက်) (၃၅ထ၅ဝ)ပေ BN၁ (ထပ်) ၇ဝဝ သိန်း ၅၆၃ဝ၇ဝအိမ် (၃၀x၄၀) ပြင်ဆင်ပြီး၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၃)လမ်း (၁၄ထ၄၅)ပေ (၄) လွှာ၊ ရှယ်ပြင်ပြီး ၁ .၆ သိန်း (၁လအငှားနှုန်း) ၇ဝ၂၄ဝ၅၄။ မြေ/အိမ် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက် (၃၇ထ၅၅)ပေ ျွဃ(၁)ထပ်(၁)လုံးပါ ၇၂၅ သိန်း ၅၆၃ဝ၇ဝဇင်ယော်လမ်းသွယ်၅။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းမ (၁၈ထ၅ဝ)ပေ၊ (၇)လွှာ၊ အခန်းဖွဲ့ပြီး၊ ဖုန်းပါ ၁၆၅ သိန်း ၇ဝ၂၄ဝ၅၆။ လုံချင်းအိမ် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား (၈၆ထ၁၃ဝ)ပေRC (၂)ထပ်တိုက် ၁၆ဝဝဝ သိန်း ဝ၉၇၃ဝ၇၇၉၄၃လမ်းမကြီးနှင့် ပါရမီလမ်းဆုံ၇။ မြေ/အိမ် ဒဂုံမြို့သစ်(တောင်ပိုင်း)၊(၁ဝ၇)ရပ်ကွက် (၄၀x၆၀)ပေ သစ်သား(၂) ထပ်အိမ် ၂၃ဝ သိန်း လမ်းမတန်း ၇ဝ၂၄ဝ၅အိမ်ကောင်း၈။ ခြံ/မြေ ပြင်ဦးလွင်မြို့၊ ဆင်ခေါင်းလေးကျေးရွာ ၁ ဧက စိုက်ပျိုးမြေသီးသန့် ၃၅ဝ သိန်း ဝ၉၅၁၂၆၂၅၅လမ်းပေါ်မြေ၉။ ခြံ/မြေ ပြင်ဦးလွင်မြို့၊ ဆင်ခေါင်လေးကျေးရွာ ၁ ဧက စိုက်ပျိုးမြေသီးသန့် ၃ဝဝ သိန်း ဝ၉၅၁၂၆၂၅၅လမ်းအတွင်း၁ဝ။ အိမ်/မြေ ရွှေပြည်သာမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး (၂၀x၆၀)ပေ အိမ်ငယ်(၁)လုံးပါ ၈ဝ သိန်း ရေမီးစုံ ၇ဝ၂၄ဝ၅(၇) ရပ်ကွက်SN

Sunday, 19 Jun 2011

မန္တလေးမြေ အရောင်းအဝယ်ပြန်လေး                       ယခင်တစ်ပတ်မှစ၍ မန္တလေးမြေ ဈေးကွက်မှာ အရောင်းအဝယ်လေး လာကြောင်း သိရပါတယ်။ မန္တလေး မြေကွက်များတွင်သာ လာရောက်ရင်းနှီးမြှုပ်နံှမှုများခြင်း၊ မြို့သစ်မြေကွက်များ အနီးတွင် စီမံကိန်းအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လမ်းများကောင်းမွန်လာခြင်း၊ ရွှေဈေးနှုန်း ကျဆင်းလာခြင်း ကြောင့် မြေကွက်များကို ရင်းနှီးမြှုပ်နံှမှု များလာခဲ့ပါတယ်။ ယခုအခါ ဒေါ်လာ ဈေးကျဆင်းခြင်း၊ ယွမ်ငွေဈေး ကျဆင်း ခြင်းကြောင့် မြန်မာငွေဈေးမြင့်တက်၍ မြေဈေးကွက် ခေတ္တလေးသွားခြင်းဖြစ် ကြောင်း သိရပါတယ်။ ''မြေဈေးကွက်က မြို့တွင်းရော မြို့သစ်ပါ အရောင်းအဝယ်လေးနေတာ ၁ဝ ရက်ရှိပြီ၊ လောလောဆယ် ဒီလ အတွင်းမှာ ဈေးတက်ဝယ်ဖို့ မရှိဘူး။ ဝယ်ရောင်းသမားတွေကလည်း မြေမရောင်းမိဖို့၊ မဝယ်မိဖို့ အခြေအနေစောင့် ကြည့်နေတာ။ လုံးဝကြီးဈေးကွက်ရပ် သွားတာတော့ မဟုတ်ဘူး။ ခုအခြေ အနေက လှောင်တဲ့ပစ္စည်းမရှိဘဲ ပေါက် ဈေးအတိုင်းဝယ်ကြတာ။ အကွက်သေး အချို့ ဈေးနည်းတာပဲ အဆွဲရှိတယ်။ အစိုးရရောင်းချခဲ့တဲ့ မြေလေလံကိစ္စက လည်း ၆ လပြည့်ရင် ငွေချေရမှာဆို တော့ မြေထပ်ဝယ်ဖို့ အေးသွားတဲ့ သဘောပဲ။ အရင်လ '' လလ'' မြေ ကွက်တွေဆို နေ့တိုင်းအရောင်းအဝယ် ရှိခဲ့တာ ခု ၁ဝ ရက်အတွင်းမှာ တစ် ကွက်မှ အရောင်းအဝယ်မရှိဘူး။ သိန်း ပေါင်း သောင်းဂဏန်းလောက်ရှိတဲ့ အကွက်တွေဆို လုံးဝအရောင်းအဝယ် မရှိဘဲ ရပ်နေတယ်။ အရင်လတုန်းက မြေရောင်းတဲ့သူက ကြိုက်ဈေးဖွင့်ပြီး ရောင်းရင်ဝယ်တဲ့သူကလည်း ပြောတဲ့ ဈေးအတိုင်း ဝယ်ကြတာများတယ်။ ခုချိန်မှာဝယ်ပြီး ဈေးတက်ရောင်းမရ သေးတော့ မဝယ်ရဲ။ အရောင်းအဝယ် အေးသွားတဲ့ သဘောပဲလို့ မြေအကိုျး ဆောင်တစ်ဦးက ပြောပါတယ်။ မန္တလေးမြေကွက်များမှာ ၂ဝ၁ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အစိုးရမြေ လေလံဈေးကွက်ဖြစ်ပေါ်ပြီးနောက်ပိုင်း အရောင်းအဝယ်သွက်ခဲ့ကြောင်း သိရ ပါတယ်။ ရင်းနှီးမြှုပ်နံှမှု ပြုလုပ်ကြသူ များမှာ မြေကွက်များတွင်သာ ရင်းနှီး မြှုပ်နံှမှုများနိုင်၍ မန္တလေးမြေဈေးကွက် မှာ ဇူလိုင် ၁၅ ရက်နောက်ပိုင်းတွင် ဒေါ်လာဈေး၊ ယွမ်ငွေဈေးအခြေအနေ ကြည့်၍ ဈေးကွက် ပြန်သွက်လာနိုင် ကြောင်း မန္တလေးအိမ်ခြံမြေ ရောင်း ဝယ်သူများက သုံးသပ်ကြပါတယ်။ ဇူးဇူး

Sunday, 12 Jun 2011

မန်းမှာ အဆောက်အအုံနဲ့ အိမ်ခြံဝန်းများတွင် မြေယာရူခင်းအလှဆင်မှု ပြုလုပ်မှုများပြား             ယခုနှစ်ပိုင်းတွင် အဆောက်အအုံ နှင့် အိမ်ခြံဝန်းများ၌ အလှပန်းပင်များ အရိပ်ရပင်များဖြင့် မြေယာရှုခင်း အလှ ဆင်ပြုလုပ်မှု များပြားလာကြောင်း သိရပါတယ်။                မြေယာရှုခင်း အလှဆင်ရာတွင် တရုတ်နိုင်ငံကဝင်တဲ့ အလှပန်းပင်များ ဖြင့် အလှဆင်ခြင်း၊ မြက်ခင်းအလှဆင် ခြင်း၊ ရေတံခွန်များပြုလုပ်၍ အလှဆင်ခြင်းတို့ကို ဟိုတယ်များ၊ အဆောက် အအုံများ မျက်နှာစာနဲ့ အတွင်းမှာ အလှဆင်လာမှု ပြုလုပ်လာကြပါတယ်။                 မန္တလေး ပန်းပင်အရောင်းဆိုင် များမှ မန္တလေးမြို့ပေါ်ရှိ အဆောက် အအုံများသာမက နေပြည်တော်၊ ပုဂံ၊ ပုပ္ပါး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံမြို့များသို့ သွားရောက် အလှဆင်ရ ကြောင်း သိရပါတယ်။ ၈ မိုင်သစ်ခွခြံမှ ကိုအားပုက '' ဒီ နှစ်ပိုင်းမှာ အိမ်ဆောက်လိုက်တိုင်း အပင်ထည့်လာကြတယ်။ ယိုးဒယား၊ တရုတ်ကဝင်တဲ့ ပန်းကို Land Scape လုပ်ကြတယ်။ ရေတံခွန်မှာဆို အလှပန်းပင်တွေထည့်၊ သဘာဝကျောက်တုံး လေးတွေ၊ အင်ကြင်းကျောက်တွေ ထည့်ကြတယ်။ ပန်းအများကြီးမဝယ်နိုင် တဲ့သူကလည်း ကိုယ့်အိမ်ထဲ ဖုန်မထ အောင် ကလေးတွေရှိတဲ့ သူကလည်း ကစားလို့ရအောင် မြက်ခင်းစိုက်ကြတယ်။ လတ်တလောမှာ Land Scape ကို ယိုးဒယား၊ စင်ကာပူကလာတဲ့ စာအုပ်ပေါ်က ဒီဇိုင်းပေါ်မူတည်ပြီး စိုက်ကြတယ်။ ဟော်လန်က မြေယာ ရှုခင်း ဒီဇိုင်းလှပေမယ့် လက်လှမ်းမမီ ဘူး။ အပင်လှတာလေးတွေကို ဝယ်ပြီး ဒီမှာပြန်ပျိုးထားပြီးမှ အလှဆင်ဖို့ရောင်း ရတယ်။ ဒီနှစ်ထဲမှာဆို ဖောက်စတေး၊ ထပ်တရာပန်း၊ ယိုးဒယားသနပ်ခါးပန်း၊ တရုတ်စကားအပွင့်ရောင်စုံကို ဟိုတယ် တွေမှာတအားစိုက်ကြတယ်။ ကျူးဘား၊ ခရေ၊ ကံ့ကော်၊ စွယ်တော်၊ ပန်းတမာ၊ ပန်းအိ၊ နွယ်သာကီ၊ ရွှေတမာ၊ ကိုရန် ဝါပင်တွေကို ကြိုက်ကြတယ်။ မန္တလေး အနီးက မြို့တွေကလည်း ခုနှစ်ပိုင်းမှာ အရိပ်ရပင်ဖြစ်တဲ့ ခရေ၊ တယ်ပင်တွေ ကိုလာဝယ်ကြတယ်။ မန္တလေးမှာ တယ် ပင်တွေရှားသွားလို့ ပြန်ပျိုးရတယ်''လို့ ပြောပါတယ်။ ဇူးဇူး

Tuesday, 7 Jun 2011

နိုင်ငံခြားဝင်ငွေ ရှာဖွေနေတဲ့ ရှေးဟောင်း ပုဂံမြေ              ရှေးဟောင်းအနုပညာလက်ရာ အများအပြားနှင့် ဘုရားစေတီ၊ ကျောက်စာများပေါများလှတဲ့ မန္တလေးတိုင်းဒေသကြီး ပုဂံ ညောင်းဦးတွင် တန်ခိုးကြီးဘုရားများ၊ ပုဂံခေတ် ပန်းချီပန်းပု နံရံဆေးရေးပန်းချီများ၊ ကျောက်စာများ၊ မြန်မာမှု အနုလက်ရာ များနှင့် ယွန်းထည်များကို ပြည်တွင်းသာမက ကမ္ဘာလှည့်ခရီးသည်များကလည်း စိတ်ဝင်စားလှပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်ကိုလာရောက်လည်ပတ်သူတိုင်း ပုဂံညောင်ဦးကို အဓိကထားလည်ပတ်တာကို သိရပါတယ်။ နိုင်ငံခြားသားများ ဝင်ရောက်မှုများသော ပုဂံညောင်ဦး နိုင်ငံခြားဝင်ငွေရရှိမှုမှာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၉၈၅ဝရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၅၂၈၈ဝ ရရှိခဲ့ပါတယ်။ ဘဏ္ဍာနှစ် နှစ်နှစ်နှိုင်းယှဉ်ပါက ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၈၃ဝ၃ဝ ပိုမိုရရှိခဲ့တယ်လို့ သိရပါတယ်။               ယခုနှစ် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလဆန်းနှင့် မေလကုန်ပိုင်းတွင် ဧည့် ၄၇၆ဝ ဦး ဝင်ရောက်ခဲ့ပြီး ကန်ဒေါ်လာ ၂၃၆၉၁ နှင့် FEC  ၂၃၉ဝ၉ ရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် ဧပြီလတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရာသီဥတုကလည်း ကောင်းမွန်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည်များပိုမိုဝင်ရောက်ကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ သိရှိရပါတယ်။     တင်မျိုးခိုင်

Monday, 6 Jun 2011

လုံးချင်းအိမ်ရာ စီမံကိန်းကြောင့ ် 'ဇဇ'မြေ အရောင်းအဝယ်သွက်                   မန္တလေးဈေးကွက်သို့ ရင်းနှီးမြှုပ်နံှသူများလာခြင်းကြောင့် မြို့တွင်း Down Town  ဧရိယာနဲ့ မြို့သစ်မြေကွက်များ အရောင်းအဝယ်သွက်လျက်ရှိပါတယ်။ လတ်တလောတွင် ထွန်ထုံးရပ် ၅၃ လမ်းနဲ့ ၅၂ လမ်းကြား၊ ငကွဲျလမ်းနဲ့ ခိုင်ရွှေဝါကြားတွင် လုံးချင်းအိမ်ရာစီမံကိန်းပြုလုပ်ရန် လျာထားခြင်းကြောင့် ၎င်း အနီးရှိ ''ဇဇ''အကွက်များမှာ ဈေးမြင့်တက်ခြင်းနဲ့အတူ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရပါတယ်။                ''ဇဇ'' မြေကွက်က မနှစ်ကမိုးတွင်းမှာ ရေဝင်ခဲ့တဲ့အတွက် လူကြိုက်နည်းခဲ့ပေ မယ့် လုံးချင်းအိမ်ရာစီမံကိန်းနဲ့ လမ်းတွေခင်းလိုက်တဲ့အတွက် မတ်လပိုင်းကစပြီး တက်ဈေးနဲ့အတူ အရောင်းအဝယ်လည်းသွက်တယ်။ ဒီတစ်ပတ်ဆို အရမ်းအဝယ် လိုက်တော့ ရောင်းမဲ့သူတောင်နည်းတယ်။ မြေကွက်က တက်ဈေးရထားတုန်း အရောင်းအဝယ်လုပ်သင့်တယ်။ ဒီအချိန်မှာ မန္တလေးမြေကွက်က ရင်းနှီးမြှုပ်နံှလို့ လည်း ကောင်းတယ်။ အရောင်းအဝယ်လုပ်လို့လည်း ကောင်းတယ်။ ဝယ်ထားတဲ့ သူကလည်း ဒီအချိန်ပြန်ရောင်းရင် အမြတ်ကျန်တယ်''လို့ ပြောပါတယ်။ ထွန်းတုံးရပ်တွင် မနော်ဟရီလမ်း မြောက်ဘက်ရှိ ''ဇဇ''မြေကွက်များမှာ အရောင်းအဝယ်သွက်သော်လည်း မနော်ဟရီလမ်းတောင်ဘက်ရှိ ''ပပ'' မြေကွက် များမှာ ''ဇဇ'' မြေဈေးထက်ဈေးနိမ့်ပြီး အရောင်းအဝယ် အနည်းငယ်သာရှိပါတယ်။ '' ဇဇ'' အကွက်များတွင် ၄၉ လမ်း၊ ၅ဝ လမ်း၊ ၅၁ လမ်း၊ ၅၂ လမ်း၊ ၅၃ လမ်း၊ ၅၄ လမ်းမ ပေါ်ရှိအကွက်များမှာ ပေ ၄ဝ x၆ဝ တစ်ကွက်ကို သိန်း ၅ဝဝ နဲ့ ၇ဝဝ ကြားရှိ၍ မနော်ဟရီလမ်း နီးတဲ့အကွက်များဈေးပိုပါတယ်။ အိမ်ယာစီမံကိန်းအနီးရှိ ၅၃ လမ်းနဲ့ ၅၂ လမ်းမပေါ်တွင် ပေ ၄ဝ x ၆ဝ တစ်ကွက်ကို သိန်း ၈ဝဝ နဲ့ ၁ဝဝဝ ကြားပေါက်ပြီး ရောင်းသူနည်းလျက်ရှိကြောင်း သိရပါတယ်။ ဇူူးးဇူူးး

Tuesday, 31 May 2011

မန္တလေးမြေဈေး အတက်သာရှိ၍ စီမံကိန်းအနီးရှိ မြေကွက်များမှာ ရောင်းသူနည်းပြီး ဝယ်သူများ                   မန္တလေးမြေဈေးကွက်တွင် မြေဈေးနှုန်းမှာ တစ်ရိပ်ရိပ် တက်ရိပ်ပြလာပြီး ထပ်မံတက်ဖွယ်ရှိ၍ စီမံကိန်းပြုလုပ်မည့်နေရာအနီးရှိ မြေကွက်များမှာ ရောင်းသူ နည်းပြီး ဝယ်ယူသူများလာခဲ့ပါတယ်။                  လှိုင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုခင်ဇော်သိန်းက '' လောလောဆယ် အရောင်းအဝယ် ပြန်အေးနေတယ်။ မြေဈေးက အတက်ပဲရှိတဲ့အတွက် ရောင်းမယ့်သူကလည်း ဆက်တက်ဦးမယ်ဆိုပြီး မရောင်းဘဲစောင့်နေတာ။ ရောင်း လိုက်ရင်လည်း ခုချိန်မှာ မြေပြန်ရောင်းတဲ့သူနည်းတော့ စိတ်ကြိုက်ပြန်ဝယ်ဖို့ မလွယ်ဘူး။ စီမံကိန်းလုပ်နေတဲ့အနီးက ''ဝဝ''အကွက်ဆိုရင် ဝယ်ချင်တဲ့သူကများနေတာ။ ဈေးနှုန်းကလည်း ၁ဝ နှစ်တာကာလအတွင်းမှာ တော်တော်ကွာသွားတယ်။ လွန်ခဲ့ တဲ့ ၁ဝ နှစ်က ကျပ် ခြောက်သိန်းပဲရှိတဲ့အကွက်က ခုချိန်မှာ ကျပ်သိန်း ၅ဝဝ နဲ့ ၇ဝဝ ကြားမှာရှိတယ်'' လို့ ပြောပါတယ်။ ''ဝဝ'' မြေကွက်များမှာ မေလဆန်းပိုင်းက နေ့စဉ် အရောင်းအဝယ်ရှိခဲ့ရာမှ မေလကုန်ပိုင်းတွင် အရောင်းအဝယ်အေးလျက်ရှိပါတယ်။ ''ဝဝ'' ၁၊ ၂၊ ၃ ကြားကွက် ပေ ၄ဝ x ပေ ၆ဝ တစ်ကွက်ကို ကျပ်သိန်း ၅ဝဝ နှင့် ၇ဝဝ ကြားရှိ၍ ''ဝဝ'' -၃ (၆၆) လမ်းမေးတင် ကုန်တင်ယာဉ်ရပ်နားစခန်း စီမံကိန်းမျက်နှာပြု ပေ ၄ဝ x ၆ဝ တစ်ကွက်ကို ကျပ်သိန်း ၁၇ဝဝ -၁၈ဝဝ ရှိပါတယ်။ ''ဝဝ'' -၁ဝ ကြား ကွက်များမှာ ပေ ၃ဝx၄ဝ တစ်ကွက်ကို ကျပ်သိန်း ၄ဝဝ ဝန်းကျင်ရှိ၍ လမ်းမမေး တင် ပေ ၄ဝx ၆ဝ တစ်ကွက်ကို ကျပ်သိန်း ၁ဝဝဝ ဝန်းကျင်ရှိရာ ပုံမှန်ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိပါက ချက်ချင်းအရောင်းအဝယ်ပြုလုပ်၍ရကြောင်း သိရပါတယ်။ ဇူးဇူး

Friday, 20 May 2011

မေလအတွင်း အရောင်းအဝယ်ပိုလိုက်လာရန် အိမ်ခြံမြေလုပ်ကိုင် သူတို့မျှော်လင့်                         ယခုလအတွင်းတွင် အိမ်ခြံမြေနှင့်ပတ်သက်၍ ဈေးနှုန်းသာမက အရောင်း အဝယ်ပိုင်းတွင်ပါ ပြန်လိုက်လာရန် မျှော်လင့်နေကြပြီး ဧပြီလထဲတွင် မှန်းထားသကဲ့ သို့ ဖြစ်မလာခဲ့သောကြောင့် ရဲရဲမမျှော်လင့်ရဲကြောင်း ပွဲစားတစ်ဦးက ဆိုသည်။ ''အရောင်းအဝယ်ဖြစ်တာတွေထဲမှာကတော့ လုံးချင်းတွေ အရောင်းအဝယ် ပိုဖြစ်တယ်။ ဈေးကလည်း အခြားလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အိမ်ခြံမြေကကျဖို့တော့မရှိဘူး။ ထပ်တက်လာဖို့ပဲရှိတယ်။ ဒါ့အပြင် ဧပြီလ ပထမအပတ် ကနေ စတင်ပြီး အရောင်းအဝယ်ထက် အငှားတွေများလာတယ်။ အငှားဈေးကွက် မှာတောင် ဈေးနှုန်းအသင့်အတင့်ရှိတဲ့ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ ပိုအလုပ်ဖြစ်နေတယ်။ အရောင်းအဝယ်ကတော့ သိပ်မရှိပါဘူး။ အခုနည်းနည်းပါးပါး ဖြစ်တာ တွေဆိုလို့ တန်ဖိုးနည်းအိမ်ရာတွေနဲ့ ရပ်ကွက်တွေထဲမှာလောက်ပဲ အရောင်းအဝယ် ဖြစ်တယ်။ ဒီလထဲမှာတော့ အရောင်းအဝယ်ပိုင်း ပိုကောင်းလာမယ်လို့ မှန်းနေကြ တယ်''ဟု ပန်းဘဲတန်းမြို့နယ်မှ အကိုျးဆောင်ကိုသောင်းလှိုင်က ပြောပြသည်။ အငှားဈေးကွက်တွင်လည်း ကွန်ဒိုတိုက်ခန်း ငှားရမ်းနေထိုင်သူများသည် အခန်း၏ဖွဲ့စည်းပုံနှင့် ဝန်ဆောင်မှုများကို လေ့လာပြီးမှ ငှားရမ်းလာကြပြီး အချို့ကွန်ဒိုများမှာ ဝန်ဆောင်မှု ညံ့သေးကြောင်း၊ ကွန်ဒိုတစ်ခုမှတစ်ခုသို့ ပြောင်းပါက အတော်သတိထားလာကြကြောင်းလည်း သိရသည်။ မင်းချို 

Pages