Main menu

Background

Wednesday, 4 May 2011

သြင်္ကန်အပြီး အရောင်းအဝယ်သွက်လျက်ရှိသည့် မန္တလေးမြေဈေးကွက်               သြင်္ကန်ပွဲတော်ပြီးလျှင်ပြီးချင်း မန္တလေးမြေဈေးကွက်မှာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။ ယခုနှစ်တွင် နှစ်ဆန်းပိုင်းကစလို့ မြေအရောင်း အဝယ်ကောင်းခြင်းကြောင့် ယခင်နှစ်ဈေးနှုန်းနှင့် ကွာဟမှုရှိလာကြောင်း သိရပါ တယ်။               မန္တလေးမြို့ရှိ ဝါရင့်မြေအကျိုးဆောင်တစ်ဦးက ''ဒီနှစ်မှာ နှစ်ဆန်းတစ်ရက် နေ့ကစပြီး အရောင်းအဝယ် စလုပ်ရတယ်။ မနှစ်ကဆို သြင်္ကန်ပြီးတစ်လလောက်က အလုပ်မဖြစ်ခဲ့ဘူး။ ၂ဝ၁ဝ ခုနှစ် နှစ်ကုန်ကာနီးကစပြီး အရောင်းအဝယ်သွက်ခဲ့တာ၊ ရွှေဈေးကကောင်း၊ စီးပွားရေးလည်းအဆင်ပြေလာတော့ မြေကအလားအလာ ရှိတဲ့အတွက် မြေဈေးကွက်ကောင်းလာခဲ့တယ်။ မြို့သစ်တိုးခဲျ့နေရာတွေမှာ စီမံကိန်းလုပ်ငန်းတွေရှိတော့ အဲဒီအနီးက မြေတွေဆိုပိုပြီး တန်ဘိုးမြင့်တယ်။ မြေဈေးကွက်က မြို့ထဲရော မြို့သစ်ပါဖြစ်နေတဲ့အတွက် ဈေးပြိုင်တက်တဲ့ သဘောရှိတယ်'' လို့ ပြောပါတယ်။ မန္တလေးမြို့ မြို့တွင်းပိုင်းဖြစ်တဲ့ အောင်တော်မူရပ်၊ မဟာဇေယျာဘုံရပ်၊ ရွှေ့လံှရပ်နဲ့ လမ်း ၈ဝ ၊ ၇၈ လမ်း၊ ၈၄ လမ်းမပေါ်ရှိ မြေကွက်များ အရောင်း အဝယ်ဖြစ်လျက်ရှိရာ မန္တလေးအနောက်ခြမ်းတွင် မျက်နှာဖွင့်တစ်ပေလျှင် သိန်း ၂၅ဝ ကျပ်၊ အရှေ့ခြမ်းတွင် မျက်နှာပွင့် တစ်ပေလျှင် ကျပ်သိန်း ၁၃ဝ ဈေးရှိ၍ မြို့သစ်ပိုင်းတွင် ရဲမွန်တောင်၊ ထန်းကိုးပင်ရပ်၊ လလ၊ ဝဝ၊ ဆ၊ တ၊ အကွက်များ အရောင်းအဝယ်သွက်၍ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ထန်းကိုးပင် ရပ်တွင် ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် ကြားကွက် ကျပ်သိန်း ၄ဝဝ ဝန်းကျင်၊ ရဲမွန်တောင်ရပ်တွင် ၄၁၊ ၄၂၊ ၅၆ လမ်း မေးတင်ကွက် ကျပ်သိန်း ၂၄ဝဝ ဝန်းကျင်၊ လလ နဲ့ ဝဝ အကွက်များမှာ လမ်း အနေအထားနှင့် နေရာကျမှုပေါ်မူတည်၍ သိန်း ၁ဝဝ ကျပ်နဲ့ သိန်း ၁၃ဝဝ ကျပ်ကြား၊ ဆ နဲ့ တ အကွက်များမှာ ကျပ်သိန်း ၃ဝဝ နဲ့အထက် ရှိကြောင်း သိရပါတယ်။ ဇူးဇူး 

Sunday, 24 Apr 2011

အိမ်ခြံမြေကဏ္ဍ စဉ် အိမ်/အခန်း တည်နေရာ      အကျယ်အဝန်း ပါဝင်ပုံ ဈေးနှုန်း သီးခြားအချက်      ဆက်သွယ်ရန်၁။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊(၁၄/၃)ရပ်ကွက် (၃၇x၆ဝ)ပေ အိမ်ငယ်တစ်လုံးပါ ၄၅ဝသိန်း သေနတ်ပစ်ကွင်းအနီး ၅၆၃ဝ၇ဝ၂။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊(၁၄/၁)ရပ်ကွက် (၃၅ထ၅၅)ပေ ွRC(၁)ထပ်၊(၁)လုံးပါ ၄၅ဝသိန်း လမ်းကောင်း ၅၆၃ဝ၇ဝ၃။ အိမ်/မြေ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)စက်မှု(၁)ကွက် (၄၀x၆၀)ပေ အိမ်ငယ်တစ်လုံးပါ ၁၆ဝ သိန်း လူစည်ကား ၇ဝ၂၄ဝ၅၄။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊(၁၄/၂)ရပ်ကွက် (၄၀x၄၅)ပေ ွRC(၁)ထပ်တိုက်(၁)လုံး ၈၂ဝ သိန်း ရေမီးစုံအသင့်နေ ၅၆၃ဝ၇ဝဟင်္သာလမ်း၅။ အိမ်/မြေ ရွှေပြည်သာမြို့နယ်၊သာသနာရေးကွက် (၄၀x၆၀)ပေ မြေသီးသန့် ၂၅ သိန်း အိမ်ငယ်ပါ ၇ဝ၂၄ဝ၅၆။ မြေ ရွှေပေါက်ကံမြို့နယ်၊သာသနာရေးကွက် (၄၀x၆၀)ပေ မြေသီးသန့် ၂၅ သိန်း ၇ဝ၂၄ဝ၅၇။ အိမ်/မြေ နေပြည်တော်၊ပုဗ္ပသီရိရပ်ကွက် (၆၀x၈၀)ပေ အိမ်ငယ်တစ်လုံးပါ ညှိနှိုင်းဈေး ၇ဝ၂၄ဝ၅၈။ တိုက်ခန်း စမ်းချောင်းမြို့နယ်၊ပုသိမ်လမ်း (၁၅x၄၅)ပေ (၄)လွှာ၊ပြင်ဆင်ပြီး ၁ .၅ သိန်း တစ်လအငှား ၇ဝ၂၄ဝ၅၉။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ဖဆပလ (၂၅x၂၅)ပေ မြေညီထပ်၊ပြင်ဆင်ပြီး ၁ .၈ သိန်း တစ်လအငှား ၇ဝ၂၄ဝ၅(လမ်းမကြီးအနီး)၁ဝ။ မြေ ပြင်ဦးလွင်မြို့နယ်၊ စိုက်ပျိုးမြေ ၁ ဧက စိုက်ပျိုးမြေ ၁၅ဝ သိန်း ဝ၉/၂ဝ/၄၄၂၅၅မိုးကုတ်လမ်းအနီး

Sunday, 3 Apr 2011

မန္တလေးမြို့ရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များ လေလံအောင်စာရင်း ကြေညာ              ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များ လေလံတင်ခဲ့ရာ မတ်လ ၁၅ ရက်နေ့တွင် လေလံအောင်စာရင်းအား ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။               လေလံတင်ခဲ့တဲ့ အဆောက်အအုံနဲ့ မြေကွက်များမှာ မန္တလေးမြို့ လမ်း ၈ဝ ရှိ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မစိုးရိမ်ရုပ်ရှင်ရုံအား ငွေကျပ်သန်း ၅ဝဝဝ ဖြင့်လည်းကောင်း၊ အောင်မြေသာစံမြို့နယ် ၂၂ လမ်းရှိ အမှတ် ၁ စက်မှုဝန်ကြီးဌာပိုင် မီးခြစ်စက်ရုံအား ငွေကျပ်သန်း ၃၅၁၁ ဖြင့်လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းရပ်ကွက်ရှိ ဆပ်ပြာစက်ရုံအမှတ်(၃)အား ငွေကျပ်သန်း ၂၂ဝဝ ဖြင့်လည်းကောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ကျောက်ပြားစက်ရုံအား ငွေကျပ်သန်း ၆ဝဝ ဖြင့်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ အုတ်စက်ရုံအား ငွေကျပ် သန်း ၄၆ဝ ဖြင့်လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ၂၇ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနပိုင် တိုက်ခန်းအား ငွေကျပ် သန်း ၂၂၅ ဖြင့်လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် အကွက် ၅၇ဝ၊ ၈၁ လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား နိုင်ငံပိုင်သိမ်းဆည်း သုံးထပ်တိုက်အား ငွေကျပ် သန်း ၁၂ဝဝ ဖြင့် လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်(ခ)ရပ်ကွက် ပေ ၄ဝ x ၆ဝ နှစ်ထပ်တိုက်အား ငွေကျပ်သန်း ၁၇ဝ ဈေးဖြင့် လေလံအောင်ခဲ့ကြောင်း သိရ ပါတယ်။                 လေလံအောင်သူများတွင် မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းပိုင်ရှင်များနှင့် စပွန်ဆာအချို့ပါဝင်ကြောင်း သိရပါတယ်။ လေလံအောင်သူများအနေနဲ့ တန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို နှစ်ပတ်အတွင်း ငွေသွင်းရမှာဖြစ်ပြီး ကျပ် ၇ဝ ရာခိုင်နှုန်းနှုန်းမှာလည်း ငွေကျပ်သန်း ၁ဝဝဝ အောက်ကို သုံးလအတွင်း သွင်းရန်နဲ့ ငွေကျပ်သန်း ၁ဝဝဝ အထက်ကို ခြောက်လအတွင်း ပေးသွင်းရန် သတ်မှတ်ထားကြောင်း သိရပါတယ်။                                                        ဇူးဇူး

Sunday, 3 Apr 2011

သိန်းထောင်ချီ မြေနေရာများ ပိုမိုစိတ်ဝင်စားလာ                   သိန်းထောင်ချီဟု ပြောရလောက်သည့်သိန်းတစ်ထောင်နှင့်သိန်းငါးထောင် ဝန်းကျင်ကြား မြေနေရာများကို ဝယ် ယူလိုသူများ ပိုမိုစိတ်ဝင်စားလာကြကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းတစ်ခုမှ သိရသည်။ ထိုကဲ့သို့သော မြေနေရာများကို ဝယ်ယူလိုသူများမှ စိတ်ဝင်စားလာကြ သော်လည်းလက်တွေ့အရောင်းအဝယ် ဖြစ်မှုမှာမူ ပုံမှန်မျှသာရှိနေသေးကြောင်း ဦးအေးဇော်ဦး အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းမှ ပြောပြသည်။ ''သိန်းတစ်ထောင်နဲ့ ငါးထောင် ကြားလောက်ကိုပဲ စိတ်ဝင်စားကြတာများတယ်။ ဒေါ်လာဈေး မငြိမ်သေးတာ ကြောင့် အခြေအနေစောင့်ကြည့်နေ ကြတာလားတော့ မသိဘူး။ ဈေးတက်တာ စောင့်နေပုံရတယ်။ အရောင်း အဝယ်ကတော့ သိပ်မဖြစ်ပါဘူး။ ပြီးခဲ့ တဲ့ လတုန်းကတော့ ၁ဝ မိုင်ကုန်းဘက် မှာ သိန်း ၁၂ဝဝတန်တစ်ကွက်နဲ့ ၁၅ဝဝ တန်တစ်ကွက် အရောင်းအဝယ်ဖြစ် သွားတယ်''ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောပြ သွားခဲ့သည်။                   အိမ်ခြံမြေဈေးနှုန်းများမှာ ငါးနှစ် အတွင်း ၂၅ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်း အထိ ဈေးတက်လာခဲ့ကြောင်းလည်းသိ ရသည်။ ၂ဝဝ၈ ခုနှစ်အတွင်းက သိန်း ၄ဝဝ၊၅ဝဝ ခန့်ဈေးပေါက်ခဲ့သောမြေနေ ရာများမှာ ယခုအခါ ကျပ်သိန်း ၂ဝဝဝ ခန့်ထိ ဈေးနှုန်းများမြင့်တက်လာခဲ့သည် ဟုသိရသည်။ မင်းးချို 

Sunday, 3 Apr 2011

 ရန်ကုန်ကားဈေးကွက် အသင့်အတင့် အရောင်းအဝယ်ကောင်းလာ                မတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ ကားပွဲစားတန်းများ၏ အခြေအနေမှာ အရောင်းအဝယ် အသင့်အတင့်ရှိလာပြီး အခြေအနေ ကောင်းလာသည်ဟု ဆိုရမည်ဖြစ် သည်။ လေပြင်းများတိုက်ပြီး မိုးအနည်းငယ် ရွာသွန်းတတ်သည့် ရာသီဥတု အပြောင်းအလဲကြားမှာပင် ပွဲစားတန်းများတွင် ကားအရောင်းအဝယ် အတွက် လာထိုး လာရပ်သည့် ကား များ၊ ကားလည်းကြည့်ရင်း ဈေးကွက် စနည်းနာမည့်လူများ စသည်ဖြင့် အနည်းငယ်ပြန်စည်ကားလာကြောင်း တွေ့ရသည်။                ကားဈေးတန်းများအနေဖြင့် ယခင် လများထက်စာလျှင် ပိုမာလာပြီး အမှန် လိုအပ်သဖြင့် ဝယ်စီးမည့်သူများ၊ ဈေး မာလာခြင်းကို မျှော်ကိုး၍ဈေးသင့်ပါက ဝယ်ကောက်ထားသည့်သူများ များလာ ကြောင်း၊ ဈေးကွက်ထဲတွင် စက်မှုဇုန် ထုတ် အဆင့်မြင့်ကားများဈေးမာသလို ယခင်ရှိပြီး ဂျပန်လုပ်ကားဟောင်းများ၊ လေလံအောင်ကားများ၊ အခွန်ဆောင် ပြီး ကားများစသည့် အပေါ်ကားများ သူ့အချိုးအစားအလိုက် ဈေးပြန်မာ လာကြောင်း သိရသည်။                ကားဈေး အနည်းငယ် ပြန်မာရခြင်းမှာ ပုံမှန်ဖြစ်နေကြ ခရီးသွားရာသီ နှင့် သြင်္ကန် အတာရေသဘင်ပွဲတော် နီးကပ်လာခြင်းကြောင့် ဖြစ်နိုင်သလို မြန်မာနိုင်ငံရှိ သုံးစွဲနေသောကားများ အများဆုံး တင်သွင်းရာ ဂျပန်နိုင်ငံ၏ မြေငလျင်ဖြစ်စဉ် သတင်းများကြောင့် ဖြစ်နိုင်ကြောင်း၊ တိုက်ရိုက်မသက်ဆိုင် သော်လည်း ဆက်နွယ်ပြီး ထင်ကြေး ပေးခြင်း၊ အခြားသတင်းများ ကြားလာ ရခြင်း စသည့်အချက်များကြောင့်လည်း ဖြစ်နိုင်ကြောင်း ဝါရင့် ယာဉ်ဝယ်/ ရောင်း ကိုမြင့်ကျော်မှ ရှင်းပြသွားသည်။ အဆိုပါ ကာလမတိုင်ခင်ကပင် ဌာနဆိုင်ရာမှ အာတီအေ သတ်မှတ်ချက်၊ ကန့်သတ်မှုများလာခြင်းကြောင့် ဈေးမာနေခဲ့သော စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများသည် ယခုအချိန် ပိုမို၍ ဈေးမာလာပြီး သိန်း ၃ဝဝ ဝန်း ကျင်ဈေးရှိရာမှ ယခုအခါ သိန်း ၃၅ဝ၊ ၃၆ဝ ခန့် ပေါက်ဈေးဖြစ်ပေါ်လာ ကြောင်း သိရသည်။ SN

Wednesday, 30 Mar 2011

အိမ်ခြံမြေကဏ္ဍ စဉ် အိမ်/အခန်း တည်နေရာ            အကျယ်အဝန်း        ပါဝင်ပုံ          ဈေးနှုန်း      သီးခြားအချက်    ဆက်သွယ်ရန်၁။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊(၈၈)လမ်း (၁၃ထ၅၅)ပေ (၇)လွှာ၊ံHall ၁ သိန်း ၁လအငှားနှုန်း ၇ဝ၂၄ဝ၅၂။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉၃)လမ်း (၁၅ထ၅ဝ)ပေ (၅)လွှာ Hall ၁ .၆ သိန်း ၁လအငှားနှုန်း ၇ဝ၂၄ဝ၅၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ဖဆပလအိမ်ရာ (၂၅ထ၃၅)ပေ မြေညီထပ်၊ အခန်းဖွဲ့ ပြီး ၂ သိန်း ၇ဝ၂၄ဝ၅လေအေးစက်ပါ၊ ဖုန်းပါ၄။ တိုက်ခန်း စမ်းချောင်းမြို့နယ်၊ ပုသိမ်လမ်း (၁၅ထ၄၅)ပေ (၄)လွှာ၊ အခန်းဖွဲ့ ၁ .၅ သိန်း ၁ လအငှားနှုန်း ၇ဝ၂၄ဝ၅၅။ တိုက်ခန်း တာမွေမြို့နယ်၊ (၁၅၇)လမ်း (၁၆ထ၅၆)ပေ မြေညီထပ်၊Hall  ၂ သိန်း ၁လအငှားနှုန်း ၇ဝ၂၄ဝ၅၆။ အိမ်/မြေ ဒဂုံမြို့သစ်၊(မြောက်) (၃၅)ရပ်ကွက် (၄၀x၆၀)ပေ သစ်သားအိမ်(၁)လုံး ၃၈ဝ သိန်း ရေမီးစုံ ဝ၉/၅၁/၂၆၂၅၅၇။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊(၁၄/၁)ရပ်ကွက် (၃၀x၅၀)ပေ  RC ၁ (ထပ်)အိမ်ပါ ၆ဝဝ သိန်း သံသုမာလမ်းမကြီးနီး ၅ဝ၆ဝ၇ဝ၈။ မြေ တောင်ဥက္ကလာပမြို့နယ်၊ (၄၀x၅၀)ပေ မြေသီးသန့်၊အုတ်ခတ်ပြီး ၁ဝ၅ဝ သိန်း စီမံကိန်းမြေ ၉/၅ဝ/၂၆၂၅၅၉။ အိမ်/မြေ ပြင်ဦးလွင်မြို့၊ပဒေသာမြို့သစ်၊နဝရတ်လမ်း(၄၀x၆၀)ပေ ၁ ျွဃ(၁)လုံး ၁ .၅ သိန်း ဂုတ်ကွက် ဝ၉/၅၁/၂၆၂၅၅ရေမီးစုံအငှား၁ဝ။ မြေ ပြင်ဦးလွင်မြို့၊အောင်ချမ်းသာကျေးရွာ (၄ဝx၆ဝ)ပေ မြေသီးသန့်၊လမ်းမကြီးရပ်ကွက် ၃ဝဝ သိန်း ဝ၉/၅၁/၂၆၂၅၅SN

Wednesday, 30 Mar 2011

မန္တလေးစက်မှုဇုန်(၂) တောင်ဘက်ရှိ မြေကွက်များ ဆက်တိုက် ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်                  မန္တလေးစက်မှုဇုန် (၂) တောင်ဘက်နဲ့ မြစ်ငယ်-ထုံးဘိုလမ်းခွဲကြားရှိ '' လလ'' နဲ့ ''ဝဝ'' မြေကွက်များမှာ ဆက်တိုက်ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။                      ၆၂ လမ်းမကြီး အရှေ့ဘက်ရှိ ''လလ'' မြေဈေးမှာ ၆၂ လမ်းကြား အနောက်ခြမ်း ဈေးမြင့်တက်ခြင်းကြောင့် ဈေးကွက်လိုက်လျက်ရှိပါတယ်။ အနောက်ခြမ်း အကွက်များမှာ လက်ကားကုန်စည်ဒိုင်ကြီးနဲ့ ကားကြီးကွင်း တည်ဆောက်ရေး စီမံကိန်းကြောင့် ဈေးနှုန်းဆက်တိုက်မြင့်တက်လျက်ရှိသော်လည်း အရောင်းအဝယ် လည်း ဖြစ်လျက်ရှိပါတယ်။ '' လလ'' အနောက်ခြမ်းမြေဈေးမှာ အမြင့်ဈေးထိ ရောက်ရှိ၍ ''လလ'' အရှေ့ခြမ်းစီးပွားရေး မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ် လာကြောင်း သိရပါတယ်။                     အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက '' လလ'' အရှေ့ခြမ်းပိုင်းက ဈေးနည်းတယ်။ မြစ်ငယ်၊ ထုံးဘိုဖြတ်လမ်းအနီး မြေကွက်တွေတော့ ဈေးနည်းနည်း ပိုရတယ်။ ''လလ'' အနောက်ခြမ်းက စီးပွားရေး စီမံကိန်းတွေရှိတဲ့အတွက် ဈေးက တစ်ပတ်တစ်ခါမတူဘူး။ ဆက်တိုက်ဈေးမြင့်နေတာ၊ ကြားကွက်ဆို သိန်း ၃ဝဝ နဲ့ ၃၅ဝ ကျပ်ကြားရှိတယ်။ ၆၇ လမ်း၊ ၆၆ လမ်းပေါ်ဆို သိန်း ၁ဝဝဝ ကျပ်၊ မက္ခရာလမ်းပေါ်ဆို သိန်း ၅၅ဝ ကျပ်၊ တပင်ရွှေထီးလမ်းပေါ်ဆို သိန်း ၆ဝဝ ကျပ်ကြား ရှိတယ်။ ''ဝဝ'' ၉၊ ၁ဝ အကွက်ကြားကွက်ဆို သိန်း ၇ဝဝ ကျပ်၊၊ ၆၇ လမ်းပေါ်သိန်း ၁၂ဝဝ၊ ၆၈ လမ်းပေါ်သိန်း ၁၅ဝဝ ကျပ်ဈေးရှိတယ်။ ''လလ'' အရှေ့ခြမ်းက ကြားကွက်သိန်း ၁၅ဝ ကျပ်၊ လမ်းတင်သိန်း ၃ဝဝ ဝန်းကျင်မှာရှိတယ်။ အနောက် ခြမ်းအကွက်က ဈေးဆက်မြင့်နိုင်တယ်''လို့ ပြောပါတယ်။               ဇူးဇူး 

Sunday, 13 Mar 2011

ယခင်နှစ် မိုးတွင်းကာလ ရေမြုပ်ခဲ့သည့် မန္တလေးထွန်တုံးရပ်မြေကွက်များ                  တစ်ပတ်အတွင်းဈေးတက်ပြီး အရောင်းအဝယ်ဖြစ် ယခင်နှစ် မိုးတွင်းကာလက ရေမြုပ်ခဲ့တဲ့ မန္တလေးမြို့၊ မြို့သစ်အရှေ့ဖျား၊ ထွန်တုံးရပ်ရှိမြေကွက်များမှာ တစ်ပတ်အတွင်း ဈေးနှုန်းတက်ရိပ်ရှိလာပြီး အရောင်း အဝယ်သွက်လျက်ရှိကြောင်းသိရပါတယ်။ 'ထွန်တုံးရပ်ကရေကြီးပြီးနောက်ပိုင်း လူကြိုက်နည်းတဲ့အတွက် အရင်က ဈေးတန့်ပြီးး အရောင်းအဝယ်မရှိ သလောက်ဘဲ။ ဒီလထဲမှာမှ တဖြည်းဖြည်းဈေး တက်လာခဲ့ရာက ဒီတစ်ပတ်မှာ သိသိသာသာ ဈေးတက်သလို အရောင်းအဝယ် လိုက်လာတယ်။ ထွန်တုံးရပ်မှာ မနော်ဟရီလမ်းနဲ့ နီးတဲ့အကွက်ဆို သိန်း ၁၈ဝဝ နီးနီးရှိလာတယ်။ အရှေ့အနောက်ကြားလမ်း၊ ခိုင်ရွှေဝါလမ်း၊ ငကွဲျလမ်းပေါ်မှာ အရင်က ပေ ၄ဝ x ၆ဝ တစ်ကွက်ကို သိန်း ၂၃ဝ ဈေးပေါက်ရာက အခု သိန်း ၃၅ဝ တောင် ရှာဝယ်ရတယ်။ ကြားကွက်ဆို သိန်း ၂၈ဝ ကနေ သိန်း ၃ဝဝ နဲ့၊ ပပ-၁၊ ပပ-၂ မှာ တစ်ကွက်ကို သိန်း ၃၅ဝ၊ ၃၆၅ ဝန်းကျင်ရှိတယ်။ မနော်ဟရီ လမ်းမပေါ် ၄၆ နဲ့ ၄၇ လမ်းကြားဆို သိန်း ၁၉ဝဝ ကနေ ၂၂ဝဝ ထိတက်လာတယ်။ ၅၃ လမ်းနဲ့ ၅၄ လမ်းကြားမှာ သိန်း ၁၅ဝဝ က သိန်း ၂ဝဝဝ ထိရှိလာတယ်။ မနော်ဟရီလမ်းမကြီးတောင်ဘက်က 'ဖဖ' အကွက်က 'ဇဇ' အကွက်နဲ့ယှဉ်ရင် ဈေးနည်းနည်းလျော့တယ်။ 'ဇဇ'ဘက်က ကိုယ်ထူကိုယ်ထလမ်းတွေ လုပ်ကြတဲ့ အတွက် ဈေးပိုတယ်'လို့ မြေပွဲစားတစ်ဦးက ပြောပါတယ်။                 ထွန်တုံးရပ်မှာ မန္တလေးမြို့သစ် အရှေ့ဖျားတွင်ရှိသော်လည်း မန္တလေး- ပြင်ဦးလွင် ကားလမ်းမကြီးအနီးတွင်ရှိပြီး၊ ၄၈ အိမ်ရာစီမံကိန်းများ ဆောက်လုပ် လာခြင်း၊ လမ်းများကောင်းမွန်လာခြင်း၊ လတ်တလောတွင် ၅၃ လမ်းအနီး စီမံကိန်းလုပ်ငန်းတစ်ခုပြုလုပ်ရန် လျာထားခြင်းများကြောင့် အရောင်းအဝယ်ဖြစ် လာကြောင်း သိရပါတယ်။ ဇူူးးဇူူးး

Sunday, 6 Mar 2011

 ရန်ကုန် အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုများ  ထပ်မံတိုးတက်လာနိုင်ဖွယ်ရှိ                 ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း ရင်းနှီးမြူပ်နံှမှုများ ထပ်မံ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း အိမ်ခြံ မြေ အကိုျးဆောင် လုပ်ငန်းရှင်များ ထံက သိရသည်။                   ''အိမ်ခြံမြေ အရောင်းအဝယ်က လေလံတွေ ထွက်ပေါ်လာတယ်ဆိုရင်ပဲ ဈေးကွက်ကို ထိခိုက်တတ်တဲ့ သဘော ရှိပြီး ဈေးကွက်လေးလံသွားတတ်ပါတယ်။ ၂ဝ၁၁ ဖေဖော်ဝါရီ ဒုတိယပတ် အတွင်းက အိမ်ခြံမြေလေလံတွေ ထွက် ပေါ်ခဲ့ပေမဲ့ အရောင်းအဝယ်က ပုံမှန် ရှိနေတယ်။ အထူးသဖြင့် ဝယ်လက်က ကျပ်သိန်း ၃ဝဝဝ ဝန်းကျင်အထိ သုံးစွဲ ဝယ်ယူလာကြတယ်။ လေလံပစ္စည်း တွေရဲ့ဈေးနှုန်းက ကျပ်သိန်း သောင်းချီ လုပ်ရမဲ့ဈေးကွက်ပါ။ ပွိုင့်ကြီးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဈေးကွက်မတူညီတာ ကြောင့်လည်း မြေကွက်အရောင်း အဝယ်တွေ ပုံမှန်ရှိနေတာဖြစ်ပါတယ်။ ဈေးနှုန်းမြင့်တဲ့ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းတို့လို မြို့နယ်တွေမှာလည်း အရောင်းအဝယ် ရှိနေပါတယ်'' ဟု ယူနတီအိမ်ခြံမြေမှ ဦးဇော်ဇော်က ပြောကြားသည်။                 အဆိုပါမြေကွက်များအပြင်တောင် ဥက္ကလာပ၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာမြို့နယ်များရှိ ကျပ်သိန်း ၃ဝဝဝ တန်မြေကွက်များလည်း အဝယ် ရှိနေသဖြင့် ကားလုပ်ငန်း၊ ငွေကြေး လုပ်ငန်း၊ ရွှေလုပ်ငန်းနှင့် နှိုင်းယှဉ်ပါက တည်ငြိမ်ခိုင်မာမှုရှိသည့် အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နံှမှုများ ထပ်မံ တိုးတက်လာနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။ MN

Sunday, 6 Mar 2011

 မန္တလေးမြို့တွင်းနှင့် မြို့သစ်မြေကွက်များ ဈေးပြိုင်တက်                      မန္တလေးမြို့တွင်းနဲ့ မြို့သစ်မြေကွက်များမှာ ဈေးနှုန်းအပြိုင်တက်လာ ကြောင်း မြေအကျိုးတော်ဆောင် တစ်ဦးက ပြောပါတယ်။ ''မန္တလေးမှာ စီမံကိန်းတွေ တိုးလာ တဲ့အတွက် မြေကွက်ကို စီးပွားရေး တစ်ခုလိုလုပ်လာတော့ မြို့သစ်ရော၊ မြို့ထဲမှာပါ ဈေးက အပြိုင်တက်လာတယ်။ အခု ၄ လအတွင်းမှာ မြေဈေး နှုန်းက ၃ ချိုး ၁ ချိုးလောက်တက်လာ တယ်။ စီးပွားရေးသမားတွေဝင်လာတဲ့ အတွက် ဈေးကောင်းလာတာ။ နောက်ပိုင်းမှာလည်း မြေဈေးကွက်ကကောင်း လာဦးမှာပဲ။ အရောင်းအဝယ်ကလည်း တစ်နေရာချင်းစီလှည့်ပြီး အရောင်းအဝယ်ဖြစ်နေတာ။ မြို့ဖွံ့ဖြိုးလာတာ နဲ့အမျှ ဈေးကွက်ကောင်းလာဦးမှာပဲ'' လို့ မန္တလေးမြို့ရှိ ဝါရင့်အကိုျးတော် ဆောင်တစ်ဦးက ပြောပါတယ်။                 မန္တလေးမြို့တွင်း ၇၈ လမ်းမကြီး အနောက်ခြမ်းတွင် မျက်နှာဖွင့်တစ်ပေ လျှင် သိန်း ၂ဝဝ ကျပ်၊ အရှေ့ခြမ်းတွင် မျက်နှာဖွင့် ၁ ပေလျှင် ၁၂၅ သိန်းဈေး ရှိ၍ မြို့သစ်တွင် ယခုရက်ပိုင်း ''လလ'' အနောက်ခြမ်း ၆၆ လမ်းနှင့် ၆၈ လမ်း ကြား၊ ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် သိန်း ၃ဝဝ ကျပ်၊ ၆၃လမ်းနဲ့ ၆၆ လမ်း ကြား ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် ၂၇၅ သိန်း၊ လမ်းတင်အကွက် ၆၆ လမ်းနဲ့ ၆၇ လမ်းကြား ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် သိန်း ၇ဝဝ ကျပ်၊ ဝဝ၉ နဲ့ ၁ဝ လမ်းတင် သိန်း ၁၄ဝဝ ကျပ်၊ ကြားကွက် သိန်း ၆ဝဝ ဝန်းကျင်၊ ပွဲရုံတန်းလမ်းမတန်းပေါ် သိန်း ၁၂ဝဝ ကျပ်၊ ၆၂ လမ်းမပေါ် မနော်ဟရီလမ်း နဲ့ ပရံတော်ချောင်းကြားတစ်ကွက်လျှင် သိန်း ၂ဝဝဝ နဲ့အထက်ဈေးထိ ဈေး နှုန်းမြင့်တက်လာကြောင်း သိရပါ တယ်။ ဇူးဇူး

Pages