Main menu

Background

Sunday, 27 Feb 2011

 အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း တည်နေရာ     အကျယ်အဝန်း   ပါဝင်ပုံ         ဈေးနှုန်း           သီးခြားအချက်           ဆက်သွယ်ရန်၁။ တိုက်ခန်း အလုံမြို့နယ်၊ ဌာနလမ်း (၂၅ထ၆ဝ)ပေ ပထပ်၊ Hall ၄၃ဝ သိန်း                                   ၇ဝ၂၄ဝ၅၂။ အိမ်/မြေ တာမွေမြို့နယ်၊ ဗိုလ်မင်းခေါင်လမ်း (၂၀x၅၀)ပေ RC (၂)ထပ်၊ ၇၇၅ သိန်း                    ဝ၉-၅၁၂၆၂၅၅၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၂၅ထ၂၅)ပေ မြေညီထပ်၊ ပြင်ဆင်ပြီး ၃၅ဝ သိန်း ထောင့်ခန်း၊ ဖုန်းပါ                             ၇ဝ၂၄ဝ၅၄။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၂၅ထ၂၅)ပေ မြေညီထပ်၊ ပြင်ဆင်ပြီး ၂၈ဝ သိန်း ဂုတ်ခန်း ၇ဝ၂၄ဝ၅၅။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၁၂ .၅ထ၅ဝ)ပေ ၄ လွှာ၊ ပြင်ဆင်ပြီး ၈ သောင်း တစ်လအငှားနှုန်း ၇ဝ၂၄ဝ၅၆။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ ကျေးတမာလမ်း (၃၅ထ၇ဝ)ပေ ျွဃ ၁ (ထပ်) ၈ဝဝ သိန်း တိုက်သစ် ၅၆၃ဝ၇ဝ၇။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ ဟင်္သာလမ်း (၃၅ထ၄၅)ပေ  RC ၁ (ထပ်) ၈၇၅ သိန်း အသင့်နေ ၅၆၃ဝ၇ဝ၈။ တိုက်ခန်း တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဓမ္မစိန္တာလမ်း (၁၃ထ၅ဝ)ပေ (၅)လွှာ၊Hall ၁၅ဝ သိန်း ၇ဝ၂၄ဝ၅၉။ မြေ ပြင်ဦးလွင်မြို့ ၊ မိုးကုတ်ကားလမ်းနဘေး (၁ ဧက) မြေသီးသန့် ၁ဝဝ သိန်း ဝ၉-၂ဝ၄၄၂၅၅၁ဝ။ မြေ အင်းစိန်မြို့နယ်  GTI  အနီး (၃ဝx၇ဝ)ပေ နှစ်ထပ်အိမ်တစ်လုံးပါ ၇၅ဝ သိန်း ဝ၉-၅၁၂၆၂၅၅

Sunday, 27 Feb 2011

 မန္တလေးမြို့သစ်ရှိ လမ်းမတန်းရှိ အကွက်များ အရောင်းအဝယ် သွက်လျက်ရှိ           မန္တလေးမြို့သစ် လမ်းမတန်းပေါ်ရှိ အကွက်အချို့ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ မြေကွက်များမှာ မနော်ဟရီလမ်းမပေါ် (၄၈ လမ်းအိမ်ရာစီမံကိန်းအနီး) ရှိ 'ဇဇ' 'ဖဖ' အကွက်များ၊ (ထုံးဘို-မြစ်ငယ်) လမ်းခွဲအနီး ၆၈ လမ်းမပေါ်ရှိ 'ဝဝ' အကွက်များ၊ ၆၂ လမ်းမပေါ်ရှိအကွက် များကို စီးပွားရေးလုပ်ကိုင်မယ့်သူများနဲ့ မြေဝယ်ထိန်းအချို့ အဝယ်ဆင်းလျက် ရှိပြီး အရောင်းအဝယ် သွက်လျက် ရှိပါတယ်။            မြို့သစ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ''ဒီလထဲမှာကို လမ်းမ ပေါ်အကွက်တွေ အရောင်းအဝယ် သွက်တဲ့အတွက် ဈေးမြင့်လာတယ်။ လမ်းမအကွက်တွေက ဈေးအပြောင်း အလဲဖြစ်တာလည်း မြန်တယ်။ မနှစ်က 'ဇဇ' နဲ့ 'ဖဖ' အကွက်ဈေးက လက်ရှိ ပေါက်ဈေးနဲ့ယှဉ်ရင် သိန်း ၅ဝဝ လောက်ကွာတယ်။ 'ဝဝ' အကွက်ဆို သိန်း ၁၅ဝ၊ ၂ဝဝ ဝန်းကျင်လောက်ဈေး ကွာတယ်။ ကြားအကွက်တွေတော အရောင်းအဝယ် အေးတယ်''လို့ ပြော ပါတယ်။            မနော်ဟရီလမ်းမပေါ်ရှိ 'ဇဇ' 'ဖဖ' အကွက်များမှာ ပေ ၄ဝ x ၆ဝ တစ်ကွက်ကို လက်ရှိဝယ်ဈေး သိန်း ၁၈၅ဝ၊ ၁၉ဝဝ ကျပ်ရှိ၍ ၆၂လမ်းမပေါ် မနော်ဟရီလမ်းနဲ့ အင်းခရုဘုရားလမ်းအတွင်း သိန်း ၁၈ဝဝ နဲ့ ၃၅ဝဝ ကြား၊ 'ဝဝ' အကွက် ၆၈ လမ်းမပေါ် 'ဝဝ-၉' နဲ့ 'ဝဝ-၁ဝ' သိန်း ၁၁ဝဝ ကျပ်ဝန်းကျင် ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။                                    ဇူးဇူး

Sunday, 20 Feb 2011

 မန္တလေးအိမ်ခြံမြေ (မြို့တွင်း) ငှားရမ်းခ ဈေးငြိမ်                 မန္တလေးမြို့တွင်းရှိ အိမ်၊ ခြံ၊ မြေငှားရမ်းခများ အပြောင်းအလဲမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့် ဈေးငြိမ်လျက်ရှိ ကြောင်း သိရပါတယ်။ 'မန္တလေးမြို့ ၇၃ လမ်း အရှေ့ခြမ်း တွင် တိုက်ခန်းအချို့ ဖျက်လျက်ရှိခြင်း ကြောင့်တိုက်ခန်းလိုအပ်ချက်ရှိလာသော် လည်း အငှားနည်းနေကြောင်း၊ နှစ်ဆန်းပိုင်းက အောင်တော်မူရပ်နဲ့ ဗထူးကွင်း တစ်ဝိုက်အိမ်ဝိုင်းများ အငှားရှိခဲ့ ကြောင်း၊ အငှားဈေးနှုန်းမှာ လမ်းမပေါ် ရှိ လမ်း ၃ဝ၊ ၇၃ လမ်းများတွင် ၅ သောင်းဝန်းကျင်သာ တက်ဈေးရှိခဲ့ ကြောင်း၊ ယခုလတွင် အငှားနည်း၍ ယခင်လဈေးအတိုင်းသာ ဈေးငြိမ်လျက် ရှိကြောင်း မန္တလေးမြို့ရှိ ဝါရင့်အိမ်ခြံမြေ မြေပွဲစားတစ်ဦးထံမှ သိရပါတယ်။ ၇၃ လမ်း အနောက်ခြမ်းရှိ လမ်း ၈ဝ၊ ၇၈ လမ်း၊ ၈၄ လမ်းမပေါ် တိုက်ခန်းများမှာ စီးပွားရေးလုပ်မည့်သူများ ငှားရမ်းမှုများပြီး နှစ်ချုပ်များဖြင့် ငှားရမ်းထားခြင်းကြောင့် ယခုနှစ်ဆန်းပိုင်းက အငှားအနည်းငယ်ရှိခဲ့ပြီး၊ ယခုလ ငှားရမ်းမှု မရှိကြောင်း၊ အနောက်ခြမ်းရှိ အိမ်ခန်းများ ငှားရမ်းမှုမှာလည်း ဈေးအတက်မရှိဘဲ ပုံမှန်ဖြင့် ဈေးငြိမ်လျက် ရှိကြောင်း၊ ယခင်နှစ်များက ၆ လလျှင် တစ်ကြိမ် ငှားရမ်းခနှုန်းများ တက်ခဲ့ကြောင်း သိရပါတယ်။                    အငှားဈေးနှုန်းများမှာ မန္တလေး အရှေ့ခြမ်း (မြို့တွင်း) တွင် တစ်လလျှင် ကျပ် ၅ သောင်းနဲ့ ၂ သိန်းခွဲကြားရှိ၍ မန္တလေးအနောက်ခြမ်းတွင် လမ်းမပေါ် တိုက်ခန်းဈေး ကျပ် ၅ သိန်းနဲ့ ၁၅ သိန်း ကြားရှိကြောင်း၊ အဆောက်အအုံ အကျယ်အဝန်း လမ်းသာတဲ့အပေါ် မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါတယ်။ ဇူူးးဇူူးး

Sunday, 20 Feb 2011

 ရန်ကုန် အိမ်ခြံမြေဈေးကွက် လေလံဘက်ဦးတည် အရောင်းခပ်လေးလေးနှင့် ပုံမှန်သွားနေ                   ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း လေလံ အရောင်းအဝယ်များဘက်သို့ ပုဂ္ဂလိက အိမ်ခြံမြေသမားများ ဦးတည် ပြောင်းလဲသွားသဖြင့် အိမ်ခြံမြေ အရောင်းများ ခပ်လေးလေးနှင့် ပုံမှန် သွားနေကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များထံက သိရသည်။                 ''ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်တဲ့ လေလံကြောင့် ပုဂ္ဂလိကအိမ်ခြံ မြေဝယ်ရောင်းအတော်များများ လေလံ ဘက်ကို ဦးလှည့်သွားတာ တွေ့ရပါတယ်။ အခုအချိန်မှာ လေလံတွေဝယ်ဖို့ ပြင်ဆင်နေကြသလို လုံးချင်းမြေကွက် အရောင်းအဝယ်တွေလည်း ခပ်လေးလေးနဲ့ ပုံမှန်သွားနေပါတယ်။ဒီအပတ် ထဲမှာ ကျပ်သိန်း ၁ဝဝဝ နဲ့ ကျပ်သိန်း ၃ဝဝဝအောက်မြေကွက်တွေ အရောင်း အဝယ်ဖြစ်နေပါတယ်''ဟု မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းက အုပ်ချုပ် မှုဒါရိုက်တာ ဦးသန်းဦးက ပြောပြသည်။ ယခုအပတ်အတွင်း လုံးချင်းမြေကွက် အရောင်းအဝယ်ဖြစ်ခဲ့သော မြို့နယ်များမှာ လှိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ အင်းစိန်နှင့် သာကေတမြို့နယ်တို့ဖြစ်သည်ဟု ဆို သည်။ MN

Tuesday, 15 Feb 2011

အိမ်ခြံမြေကဏ္ဍ စဉ် အိမ်/အခန်း တည်နေရာ          အကျယ်အဝန်း           ပါဝင်ပုံ          ဈေးနှုန်း      သီးခြားအချက်       ဆက်သွယ်ရန်၁။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉ဝ) လမ်း (၁၅ထ၅ဝ)ပေ (၄)လွှာ၊အခန်းဖွဲ့ ၊ ၂၂ဝ သိန်း ၇ဝ၂၄ဝ၅ပြင်ဆင်ပြီး၂။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၁၂)လမ်း (၁၅ထ၅ဝ)ပေ (၇)လွှာ၊ပြင်ဆင်ပြီး ၂၃ဝ သိန်း အသင့်နေ၊ဖုန်းပါ ၇ဝ၂၄ဝ၅၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊မြောင်းကြီးလမ်း (၁၆ထ၅၅)ပေ(၂)လွှာ လျှာထိုးခင်း၊အခန်းဖွဲ့ ၂၃ဝ သိန်း ၇ဝ၂၄ဝ၅၄။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊မြန်မာ့ဂုဏ်ရည်လမ်း (၁၇ထ၆ဝ)ပေ (၇)လွှာ၊ တိုက်သစ် ၅ဝဝ သိန်း အဆင့်မီ ၇ဝ၂၄ဝ၅၅။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်း (၃၀x၄၅)ပေ နံကပ်(၁)ထပ်အိမ်ပါဝင် ၃၆ဝ သိန်း ၅၆၃ဝ၇ဝ၆။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ရွှေပြည်စိုးအိမ်ရာ (၄၀x၅၀)ပေ မြေသီးသန့်၊အုတ်ခတ်ပြီး ၉ဝဝ သိန်း ၅၁/၂၆၂၅၅၇။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ဖဆပလ (၂၅ထ၂၅)ပေ အခန်းဖွဲ့ ပြီး ၁ .၅ သိန်း ဖုန်းပါ/၁လအငှား ၅၁/၂၆၂၅၅၈။ မြေ သန်လျင်မြို့နယ်၊ ထမလုံကျေးရွာ (၁ ဧက) မြေသီးသန့် ၉၅ သိန်း လမ်းမကြီးနီး ၅၁/၂၆၂၅၅၉။ မြေ/အိမ် ပြင်ဦးလွင်မြို့၊ ဉာဏ်တောရပ် (၆၀x၆၀)ပေ RC(၁)ထပ်ပါ ၆ဝဝ သိန်း ၅၁/၂၆၂၅၅၁ဝ။အိမ်/မြေ ပြင်ဦးလွင်မြို့၊ ၁ဝဝ ပတ်လည်နီးနီး  RC(၂)ထပ်ပါ ၂၇ဝဝ သိန်း(အဝိုင်းအနီးလမ်းမပေါ်) ၂ဝ/၄၄၂၅၅ကန်တော်ကြီးပတ်လမ်းအနီး

Tuesday, 15 Feb 2011

ရန်ကုန် အိမ်ခြံမြေဈေးကွက်သို့ မန်းဝယ်လက်ဆင်း                     ရန်ကုန်အိမ်ခြံမြေဈေးကွက်သို့ မန္တလေးဝယ်လက်ကြီးများ ဝင်ရောက်ဝယ်ယူလာကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ ထံက သိရသည်။                       ''မန္တလေးဝယ်လက်ကြီးတွေ ဒီတစ်ပတ်ထဲမှာ ဈေးကွက်ထဲဆင်းပြီး ဝယ်လာတာတွေ့ရတယ်။ အထူးသဖြင့် မကြာခင်က ရောင်းချထားတဲ့ လေလံတွေကို လက်ဆင့်ကမ်းဝယ်ယူလာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်က ရောင်းချခဲ့တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုထဲမှာ ရန်ကုန်ထဲက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအချို့ရဲ့ အကွက်အကွင်း ကောင်းတွေကို လက် ဆင့်ကမ်းဝယ်ယူ သွားသူတွေရှိနေပါပြီ။ အခုပြီးခဲ့တဲ့ လေလံပွဲက ငွေသွင်းပုံစံလဲပြောင်းပါတယ်။ လေလံအောင်သူက တန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်းကို တစ်လအတွင်းပေးသွင်းရပြီး ကျန် ၉ဝ ရာခိုင်နှုန်းကို ကျပ်သန်း ၁ဝဝဝ အထက်ဖြစ်ရင် ၆ လအတွင်းကျပ်သန်း ၁ဝဝဝ အောက်ဖြစ်ရင် ၃ လအတွင်းအရစ်ကျစနစ်နဲ့ ပေးသွင်းရတယ်လို့ သိရပါတယ်''ဟု ရန်ကုန်မြို့အခြေစိုက် ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပြသည်။                                                                           ခင်မျိုးသွယ် 

Tuesday, 15 Feb 2011

လုံးချင်းအငှားဈေးကွက် ကျမသွားနိုင်               ရန်ကုန်အိမ်ခြံမြေ ဈေးကွက် အတွင်းလုံးချင်းအငှားဈေးကွက်များ ကျသွားနိုင်ဖွယ်မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်ကြီးများက သုံးသပ် ကြသည်။              ''ဇန်နဝါရီလလောက်ထဲက လုံးချင်းတိုက်တွေ အငှားစိတ်တာ ဖေဖော်ဝါရီ လထဲအထိပါပဲ။ အထူးသဖြင့် အိန္ဒိယဘက်က ဆေးကုမ္ပဏီတွေရဲ့ကိုယ်စားလှယ် တွေ၊ ပြည်ပက စီးပွားရေးလုပ်ငန်းတိုးခဲျ့ဖို့ လုပ်ငန်းတာဝန်အရ ဈေးကွက်ထိုး ဖောက်ဖို့အတွက် တာဝန်အရ လာရောက်သူတွေက မူရင်းကုမ္ပဏီကြီးတွေရဲ့ အထောက်အပံ့နဲ့ လုံးချင်းတိုက်တွေ ငှားရမ်းမှုတွေရှိနေတယ်။ အထူးသဖြင့် ရန်ကုန် မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လူတန်း စားအလွှာအမျိုးမျိုး၊ လုပ်ငန်းအမျိုးမျိုးတွေကနေ အသွင်သဏ္ဌာန်မျိုးစုံနဲ့ လာရောက် ငှားရမ်းနေထိုင်မှုတွေရှိနေတဲ့အတွက် ရန်ကုန်မြို့ရဲ့ လုံးချင်းအငှားဈေးကွက်က ကျသွား စရာမရှိပါဘူး''ဟု မဏ္ဍိုင်အိမ်ခြံမြေက ဦးသန်းဦးက ပြောကြားသည်။ ယခုအပတ်အတွင်း ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ လုံးချင်းအိမ်ရာများကို အဓိကငှားရမ်းမှုရှိကြောင်း သိရသည်။ ခင်မျိုးသွယ် 

Tuesday, 15 Feb 2011

 မန္တလေးမြို့တွင်း အိမ်ခြံမြေဈေး တဖြေးဖြေးချင်း တက်ရိပ်ရှိနေ                မန္တလေးအိမ်ခြံမြေဈေးမှာ တဖြေးဖြေးချင်း တက်ရိပ်ရှိနေကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရပါတယ်။ 'မန္တလေးမြို့တွင်း အိမ်ခြံမြေဈေးကွက်က လက်ငုပ်ဖြစ်တဲ့ ဈေးမှာ ဝယ်လက်ရှိတယ်။ ရောင်းမယ့်သူက ဈေးတက်ခေါ်တဲ့အတွက် အရောင်း အဝယ် ငြိမ်နေတာ။ ဈေးကွက်အေးတယ်လည်းမဟုတ်၊ သွက်တယ်လည်း မဟုတ်ဘူး။ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလအချိန်ကလောက် အရောင်း အဝယ် မသွက်ဘူး။ အဲဒီကာလက အရောင်းအဝယ် တအားသွက်ခဲ့တာ။ မြို့ထဲ အကွက်တွေက တအိအိနဲ့ဈေးတက်နေပြီး တက်ရိပ်ရှိတဲ့အတွက် ရောင်းတဲ့သူလည်း နည်းတယ်''လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ဇူးဇူး

Sunday, 6 Feb 2011

မန္တလေးမြေကွက်များ ရန်ကုန်ဝယ်လက် ဆင်းဝယ်                       မန္တလေး မြေဈေးကွက်သို့ ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြေဝယ်ရောင်းလုပ်ကိုင်သူများ ဝင်ရောက်လာပြီး၊ မြို့သစ်မြေကွက်အချို့ ဈေးကွက်ပြောင်းလဲမှုရှိခဲ့ကာ ပုံမှန်အရောင်းအဝယ်လည်းရှိကြောင်း သိရပါတယ်။ ''ရန်ကုန်အဖွဲ့က မြေဆင်းဝယ်တဲ့အတွက် မြို့သစ်က တတ၊ ဆဆ၊ ထထ၊ ဆ အကွက်တွေ ပုံမှန်အရောင်းအဝယ် ရှိလာတယ်။ ဝယ်ရောင်းသမားတွေ အရောင်းအဝယ်လုပ်လာတဲ့အတွက် ဈေးကွက်လှုပ်တဲ့သဘောပါ။ ရှေ့ရက်ပိုင်းက အရောင်း အဝယ်ကွက်ကျားဖြစ်နေတာ။ ရန်ကုန်အဖွဲ့ဝင်လာပြီးနောက်မှာ ပုံမှန်အရောင်းအဝယ်ရှိလာခဲ့တာ''လို့ မြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။                   မြေဝယ်ရောင်းသူများကြောင့် ဈေးကွက်ပြောင်းလဲမှုရှိခဲ့ရာ 'တတ' အကွက် ၆၂ လမ်းမပေါ်အကွက်များ သိန်း ၁ဝဝဝ ဝန်းကျင်၊ 'ထထ' အကွက်များ သိန်း ၂ဝဝ နဲ့ ၄ဝဝ ကြား၊ 'ဇဇ' အကွက်များ သိန်း ၄ဝဝ အောက်၊ 'ဆ-၁' 'ဆ-၂' 'ဆ-၃' အကွက်များမှာ သိန်း ၅ဝဝ နဲ့ ၈ဝဝ ကြားရှိကြောင်းသိရပါတယ်။ ဇူးဇူး 

Sunday, 30 Jan 2011

အိမ်ခြံမြေကဏ္ဍ စဉ် အိမ်/အခန်း       တည်နေရာ            အကျယ်အဝန်း             ပါဝင်ပုံ    ဈေးနှုန်း               သီးခြားအချက်      ဆက်သွယ်ရန်၁။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ ဟင်္သာလမ်း (၃၀x၅၀)ပေ RC (၁)ထပ်၊ ခန်းဖွဲ့ ၃၇ဝ သိန်း ၅၆၃ဝ၇ဝ၂။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ ဇင်ယော်လမ်းသွယ် (၃၀x၅၀)ပေ RC (၁)ထပ်၊ ခန်းဖွဲ့ ၅ဝဝ သိန်း မြေပိုပါ၊ လမ်းသန့် ၅၆၃ဝ၇ဝ၃။ အိမ်/မြေ တာမွေမြို့နယ်၊ ဗိုလ်မင်းခေါင်လမ်း (၂၀x၅၀)ပေ RC (၂)ထပ် ၇၆ဝ သိန်း အသင့်နေ၊ လမ်းသန့် ဝ၉-၅၁၂၆၂၅၅၄။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၂၅ထ၂၅)ပေ မြေညီထပ်၊ အခန်းဖွဲ့ပြီး ၁ .၅ သိန်း အငှား၊လမ်းမကြီးနီး၊ဖုန်းပါ ၇ဝ၂၄ဝ၅၅။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၁၂ .၅ထ၅ဝ)ပေ မြေညီထပ် ၂၅ဝ သိန်း အတွင်းလမ်း ဝ၉-၅၁၂၆၂၅၅၆။ တိုက်ခန်း တာမွေမြို့နယ်၊ (၁၅၇)လမ်း (၁၆ထ၅၆)ပေ မြေညီထပ် ၁ .၅ သိန်း တစ်လငှား၊ ဖုန်းပါ ၇ဝ၂၄ဝ၅၇။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၁၅ထ၂၅)ပေ မြေညီထပ် ၂၈ဝ သိန်း လမ်းမကြီးနီး ၇ဝ၂၄ဝ၅၈။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၂၅ထ၂၅)ပေ မြေညီထပ်၊ ခန်းဖွဲ့ ၃၅ဝ သိန်း လမ်းမကြီးနီး ဝ၉-၅ဝ၂၆၂၅၅၉။ မြေ ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းအနီး (၁ ဧက) စိုက်ပျိုးမြေသီးသန့် ၂၅ဝ သိန်း ဝ၉-၂ဝ၄၄၂၅၅၁ဝ။ မြေ ပြင်ဦးလွင်မြို့၊ ပြင်ဦးလွင်-မိုးကုတ်ကားလမ်းအနီး (၁ ဧက) စိုက်ပျိုးမြေသီးသန့် ၁ဝဝ သိန်း ဝ၉-၂ဝ၄၄၂၅၅

Pages