Main menu

Background

Sunday, 30 Jan 2011

ယခုအပတ်အတွင်း မြေကွက်အရောင်းများ ပိုမိုစိပ်လာ                 ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ဒုတိယ အပတ်မှစတင်၍ လကုန်ပိုင်းအထိ မြေကွက်များ အရောင်းအဝယ် ပိုမို စိပ်လာကြောင်း ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများက သိရပါ တယ်။              ''ဒီရက်တွေထဲမှာမြေကွက်အရောင်း အဝယ်တွေ ပိုမိုစိပ်လာတယ်လို့ ပြော နိုင်ပါတယ်။ ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းသစ်ထဲက မြေကွက်တစ်ခု တစ်ပေပတ်လည်ကို ကျပ် တစ်သိန်း ဝန်းကျင်၊ မရမ်းကုန်းမြို့နယ်၊ အေဝမ်း လမ်းသွယ်ထဲက ခြံတစ်ခြံကို တစ်ပေပတ်လည် ကျပ် ခြောက်သောင်းဝန်း ကျင်၊ တာမွေမြို့နယ်ထဲက မြေကွက် တစ်ခုကို တစ်ပေပတ်လည် ကျပ် ၄ သောင်းဝန်းကျင်၊ သင်္ဃန်းကျွန်းမြို့နယ် ထဲက မြေကွက်တစ်ခုကို တစ်ပေပတ်လည် ကျပ်ငါးသောင်းဝန်းကျင်၊ တောင် ဥက္ကလာ သံသုမာလမ်းသွယ်ထဲက မြေ ကွက်တစ်ခုကို တစ်ပေပတ်လည် ကျပ် ငါးသောင်းဝန်းကျင်၊ သင်္ဃန်းကျွန်းမြို့ နယ် ၃ဝ ရပ်ကွက်ထဲက မြေကွက်တစ်ခု ကို တစ်ပေပတ်လည် ကျပ်ငါးသောင်းခွဲ ဝန်းကျင်၊ မရမ်းကုန်းမြို့နယ် မြိုင်ဟေ ဝန်အိမ်ရာထဲက ျွဃ နှစ်ထပ်ပါ မြေ ကွက်ကို ကျပ်သိန်း လေးထောင်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်'' ဟု ပုဇွန်တောင်မြို့နယ်အခြေစိုက် ယူနတီ အိမ်ခြံမြေကုမ္ပဏီမှ ဦးဇော်ဇော်က ပြောပြခဲ့ပါတယ်။           အလားတူ ဒဂုံမြို့နယ်တွင် မြေ တစ်ပေပတ်လည်ကို ကျပ် ၁ သိန်း ၂ သောင်းဖြင့် လည်းကောင်း၊ ဗဟန်းမြို့ နယ် ရွှေတောင်ကြားနဲ့ ဝင်ဒါမီယာရပ် ကွက်တွင် တစ်ပေပတ်လည်ကို ကျပ် တစ်သိန်းနှစ်သောင်းဖြင့် လည်းကောင်း အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ SN 

Friday, 28 Jan 2011

 ၂ဝ၁၁ နှစ်စပိုင်း ရန်ကုန်အိမ်ခြံမြေ အရောင်းနှင့်အငှား မျှတစွာဖြစ်ပေါ်             ၂ဝ၁၁ ခုနှစ် နှစ်စပိုင်းတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အရောင်းနှင့်အငှား မျှတသည့် အနေ အထားတွင်ရှိနေ ကြောင်း ဈေးကွက်ကျွမ်းကျင်သူများမှ သုံးသပ်ပြောကြားကြသည်။               ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ အစပိုင်းတွင် အငှားသာများခဲ့ပြီး လလယ်ပိုင်းတွင် အရောင်းအဝယ်များ တက်လာကြောင်း သိရသည်။ ''၁ဝ ရက်နောက်ပိုင်း အရောင်းအဝယ်ပြန်ဖြစ်လာတယ်၊ ဈေးကွက်အနေနဲ့ ကြည့်ရင်တော့ အခြေအနေ ကောင်းတဲ့ သဘောပါ''ဟု ယူနတီမှ ကိုဇော်ဇော်က ပြောကြားသည်။ တိုက်ခန်း ကွန်ဒိုအငှားများအနေဖြင့် တစ်လငွေကျပ် ရှစ်သိန်းမှ ဆယ်သိန်းခွဲထိ ဖြစ်ခဲ့ပြီး အရောင်းအဝယ်အဖြစ် ကျပ်သိန်း သုံးထောင်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ကြကြောင်း၊ မြို့တွင်း လမ်းမကြီးများဖြစ်သည့် အနော်ရထာ၊ မဟာဗန္ဓုလ စသည့် လမ်းတစ်လျှောက်နှင့် ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်-ပြည်လမ်းတို့ တွင် အရောင်းမရှိသည့်အပြင် ခေါ်ဈေးနှုန်းများသည် မြင့်တက်လျက်ရှိကြကြောင်း ထိုသို့ ခေါ်ဈေးနှုန်းများသည် လွန်ခဲ့သည့် ၅ နှစ်ထက် အမြင့်ဆုံးအနေအထားတွင်ရှိကြပြီး ပြန်လည်ကျဆင်းရန် လုံးဝမဖြစ်နိုင်သည့် အနေအထားတွင်ရှိကြကြောင်း သိရသည်။              ထိုသို့ အရောင်းအဝယ်တက်လာခြင်းသည် အိမ်ခြံမြေဈေးကွက်အတွင်းသို့ အခြားဈေးကွက်များမှ ဝင်ရောက်မှုများအပြင် ကျောက်စိမ်းလုပ်ငန်းရှင်များလည်း ဝင်ရောက်မှုကြောင့်ဖြစ်ကြောင်း သိရသည်။ ''ကျောက်မျက်ပွဲ ပြီးတဲ့နောက်ပိုင်း အိမ်ခြံမြေ အဝယ်လိုက်လာတယ်၊ အိမ်ခြံမြေဆိုတာက ရှုံးတယ်ဆိုတာမရှိတဲ့ သေချာတဲ့ ရင်းနှီးမြှုပ်နံှမှုတစ်ခုပါ''ဟု ကျောက်တံတား မြို့နယ်မှ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ လက်ရှိတွင် အိမ်ခြံမြေဈေးကွက်မှလွဲ၍ အခြားဈေးကွက်များဖြစ်သည့် ကားဈေးကွက်၊ ရွှေဈေးကွက်တို့တွင် တည်ငြိမ်မှုမရှိဘဲ အကျဘက်သို့ ဦးတည်နေသဖြင့် အိမ်ခြံမြေသို့ ရင်းနှီးမြှုပ်နံှလိုသူ များပြားလာရခြင်းဖြစ်ကြောင်း၊ ကားဈေးကွက်တွင် မော်ဒယ်သစ်ကားများမှလွဲ၍ ကျန်ကားများ၏ ဈေးနှုန်းများသည် ထက်ဝက် ကျော်ကျဆင်းလျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း တည်ငြိမ်မှုမရှိကြောင်း သိရသည်။ ကိုဖြိုး

Friday, 28 Jan 2011

 မန္တလေးမြို့တွင်းမြေ အရောင်းပါး မြို့သစ်မြေကွက်များ အဝယ်လိုက်လာ               မြို့တွင်းမြေများမှာဈေးမြင့်မားခြင်း၊ အရောင်းပါးခြင်းကြောင့် ငွေလိုက်နိုင်သူ အချို့မှာ မြို့တွင်းနှင့်နီးသည့် ဏ၊ တ အကွက်များ အဝယ်လိုက်လာကြောင်းသိရပါတယ်။                 ''မန္တလေးမှာ မြေဈေးက မြို့တွင်း ရော၊ မြို့သစ်ရော တဖြည်းဖြည်း တက်လာတယ်။ မြို့တွင်းမှာ ဈေးမြင့်တော့ ရောင်းတဲ့သူ နည်းသွားတယ်။ လိုအပ် တဲ့သူလောက်ပဲ ရောင်းတာရှိတယ်။ မြို့ထဲရောင်းတဲ့သူက မြို့သစ်မှာ ပြန် ဝယ်နေတဲ့အခါ မြို့ထဲနဲ့နီးတဲ့ ရပ်ကွက် မှာ ပြန်ဝယ်ကြတယ်။ ရဲမွန်တောင်၊ ဏ၊ တ၊ ဗိုလ်ချုပ်ရွာက အကွက်တွေက မြို့ထဲနဲ့ နီးပြီးလူနေသီးသန့်ရပ်ဖြစ်တော့ အဝယ်လိုက်လာတာ။ ဗိုလ်ချုပ်ရွာနဲ့ ရဲမွန်တောင်က အကွက်ကျယ်ပြီး ဈေး အရမ်းမြင့်တဲ့အတွက် အလွှာစုံကမဝယ် နိုင်ဘူး။ဒါကြောင့် ဏ၊ တ၊ က အကွက် တွေကို ပိုပြီးစိတ်ဝင်စားလာတယ်'' ဟု မန္တလေး အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။                ဏ၊ တ အကွက်များမှာ ယခုတစ် ပတ် အတွင်းဈေးအပြောင်းအလဲ ရှိလာ ပါတယ်။ ၆၃ လမ်း၊ ၆၄ လမ်းမပေါ် တွင် ပေ ၄ဝ x ၆ဝ တစ်ကွက်ကို ၂ဝ၁ဝ နှစ်လယ်ပိုင်းက သိန်း ၁၅ဝဝ၊ ၁၆ဝဝ ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်ဆန်းတွင် သိန်း ၂ဝဝဝ ဝန်းကျင်ဖြစ်လာပါတယ်။ ရှေ့ နောက်ကြားကွက်မှာ သိန်း ၁၆ဝဝ ဝန်းကျင်ရှိပြီး ၆၂ လမ်းကျောကပ်အကွက် များမှာ သိန်း ၁၂ဝဝ ဝန်းကျင်၊ တောင်၊ မြောက်လမ်းကြားက အကွက်များမှာ သိန်း ၈၅ဝ၊ သိန်း ၉ဝဝ ကျပ်ဝန်းကျင် ဟုန်းပန်းလမ်းပေါ် သိန်း ၂ဝဝဝ ဝန်း ကျင ် ဈေးရကြောင်း သိရပါတယ။် ဇူူးးဇူး

Friday, 28 Jan 2011

 ဒေါ်လာဈေး ကျဆင်းသော်လည်း ရန်ကုန် အိမ်ခြံမြေဈေးပိုမိုမာ၍ အရောင်းအဝယ်ဖြစ်              ဒေါ်လာဈေးကျဆင်းလျက်ရှိသော်လည်း အိမ်ခြံမြေဈေးများ ပိုမိုမာ၍ ဝယ်ရောင်းများ စိတ်ဝင်စားဝယ်ယူကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေအကိုျးဆောင်လုပ်ငန်းများမှ သိရသည်။                ရင်းနှီးမြှပ်နံှမှုပြုလုပ်ရန်အတွက် လုပ်ငန်းရှင်များ စိတ်ဝင်စားမှုတွင် အိမ်ခြံ မြေဈေးကွက်ကို ရွေးချယ်လာကြခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နံှမှုများ ဝင်ရောက် လာချိန်၌ ယခုပေါက်ဈေးထက် ပိုမိုကောင်းမွန်သော အလားအလာများ ဖြစ်လာ ရန်မျှော်မှန်းကာ ရင်းနှီးမြှုပ်နံှလာကြခြင်းဖြစ်ကြောင်း သိရသည်။                ''အိမ်ခြံမြေသက်တမ်းတစ်လျှောက်မှာ ဒီနှစ်ပေါက်ဈေးဟာ အမြင့်ဆုံးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ၂ဝ၁ဝ တုန်းက ခေါ်ဈေးသက်သက်ပဲမြင့်နေတာ၊ အဲဒီခေါ်ဈေးနဲ့ အရောင်းအဝယ်မဖြစ်ဘူးလို့ထင်တာ၊ အခု အဲဒီဈေးထက် မြင့်တဲ့ ဈေးတွေနဲ့ကို အရောင်းအဝယ်ဖြစ်နေတယ်''ဟု အိမ်ခြံမြေ အကိုျးဆောင် ကုမ္ပဏီမှ မန်နေဂျာတစ်ဦးကပြောသည်။ မြို့တွင်း ခြောက်မြို့နယ်ဧရိယာတွင်း လူကြိုက်များသော မြေနေရာ ဈေးနှုန်းများမှာ တစ်ပေပတ်လည်လျှင် ၁ဝ သိန်းဝန်းကျင် ပေါက်ဈေးရှိနေပြီး ပြည်လမ်းနှင့် ကမ္ဘာ့အေးဘုရားလမ်းတို့တွင် လမ်းအပိုင်းအလိုက် တစ်ပေ ပတ် လည်လျှင် ၂ သိန်းခွဲဈေးမှ ၅ သိန်းအထိ အမြင့်ဆုံးပေါက်ဈေးဖြစ်ကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကိုဖြိုး

Monday, 17 Jan 2011

 အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း တည်နေရာ             အကျယ်အဝန်း            ပါဝင်ပုံ         ဈေးနှုန်း           သီးခြားအချက်            ဆက်သွယ်ရန်၁။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉၁)လမ်း (၁၂ထ၆ဝ)ပေ (၅)လွှာ၊ အခန်းဖွဲ့ ပြီး၊ ၁၆ဝ သိန်း ၇ဝ၂၄ဝ၅၂။ တိုက်ခန်း အလုံမြို့နယ်၊ဌာနလမ်း (၂၅ထ၆ဝ)ပေ ပထမထပ် Hall ၄၂၅ သိန်း ၇ဝ၂၄ဝ၅၃။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ကျေးတမာလမ်း (၃၅ထ၇ဝ)ပေ RC (၁)ထပ် ၈ဝဝ သိန်း တိုက်သစ် ၅၆၃ဝ၇ဝ၄။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာလမ်း (၃၅ထ၄၅)ပေ RC (၁)ထပ်၊ အခန်းဖွဲ့ ၈၇၅ သိန်း အသင့်နေ ၅၆၃ဝ၇ဝ၅။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း (၉ဝ) (၁၂ထ၅၅)ပေ (၅)လွှာ ၁၇၅ သိန်း ၇ဝ၂၄ဝ၅၆။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၂) လမ်း (၁၅ထ၆ဝ)ပေ (၂)လွှာ ၂၂ဝ သိန်း ၇ဝ၂၄ဝ၅၇။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၄) လမ်း (၁၃ထ၅ဝ)ပေ (၇)လွှာ ၁ သိန်း တစ်လငှားရမ်းခ ၇ဝ၂၄ဝ၅၈။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၂) လမ်း (၁၂ထ၅၅)ပေ (၄)လွှာ ၁ .၅ သိန်း တစ်လငှားရမ်းခ ၇ဝ၂၄ဝ၅၉။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁ဝ၁) လမ်း (၁၃ထ၆ဝ) (၃)လွှာ ၁ သိန်း တစ်လငှားရမ်းခ ၇ဝ၂၄ဝ၅၁ဝ။ အိမ်/မြေ တာမွေမြို့နယ်၊ ဗိုလ်မင်းခေါင်လမ်း (20x50)ပေ RC (၂)ထပ် ၇၇၅ သိန်း လမ်းသန့်၊လမ်းကေင်း ဝ၉-၅၁၂၆၂၅၅

Wednesday, 5 Jan 2011

အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း           တည်နေရာ       အကျယ်အဝန်း        ပါဝင်ပုံ                 ဈေးနှုန်း       သီးခြားအချက်      ဆက်သွယ်ရန်၁။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း(၉ဝ) (၁၅ထ၅ဝ)ပေ (၇)လွှာ၊ပြင်ဆင်ပြီး၊ ၂ဝဝသိန်း၊ ဖုန်းပါ                 ၇ဝ၂၄ဝ၅အိမ်ခန်းဖွဲ့ ပြီး၂။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၈၈)လမ်း (၁၅ထ၅၅)ပေ (၄)လွှာ၊အခန်းဖွဲ့ ပြီး ၂ဝဝသိန်း၊ ရှယ်ပြင်ဆင်         ၇ဝ၂၄ဝ၅၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း(၉ဝ) (၁၃ထ၅ဝ)ပေ၊ (၃)လွှာ ၊ံHall ၁၇ဝ သိန်း                              ၇ဝ၂၄ဝ၅၄။ တိုက်ခန်း တာမွေမြို့နယ်၊ ကျောက်မြောင်း (၁၃ထ၅ဝ)ပေ (၅)လွှာ၊ ံHall ၁၅ဝ သိန်း                                     ၇ဝ၂၄ဝ၅                                          ဓမ္မစိန္တာလမ်း၅။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်း (၃၀x၄၅)ပေ တစ်ထပ်အိမ်တစ်လုံးပါ ၂၆ဝ သိန်း လမ်းသွယ် ၅၆၃ဝ၇ဝ၆။ အိမ်/မြေ တာမွေမြို့နယ်၊ဗိုလ်မင်းခေါင်လမ်း (၂၀x၅၀)ပေ (၂)ထပ်RC(၁)လုံး ၇၅ဝ သိန်း အသင့်နေနိုင် ဝ၉-၅၁၂၆၂၅၅၇။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ဇင်ယော်လမ်း (၃၀x၅၀)ပေ (၁)ထပ်၊RC အပြည့် ၄၂၅ သိန်း ကားထားနိုင် ၅၆၃ဝ၇ဝ၈။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၁၂ .၅ထ၅ဝ)ပေ ပ-ထပ်၊ အခန်းဖွဲ့ ပြီး ၁၆ဝ သိန်း ၇ဝ၂၄ဝ၅၉။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၈၇)လမ်း (၁၅ထ၆ဝ) (၃)လွှာ  Hall ၁၅ဝ သိန်း လျှာထိုးခင်းပြီး ၇ဝ၂၄ဝ၅၁ဝ။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက် (၂၅ထ၂၅)ပေ မြေညီ၊အခန်းဖွဲ့ ပြီး ၁ .၅ သိန်း လေအေးစက်၊ဖုန်းပါ ၇ဝ၂၄ဝ၅(၁)လအငှား

Wednesday, 5 Jan 2011

 ၂ဝ၁ဝ အတွင်း ဒဂုံကွန်ဒိုများ ရောင်းအကောင်းဆုံး ဖြစ်ခ့ ဲ                         ၂ဝ၁ဝ ခုနှစ် ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်းဒဂုံမြို့နယ်ရှိ ကွန်ဒို တိုက်ခန်းများရောင်းအကောင်းဆုံးနှင့် ဝယ်ယူသူများက ရွေးချယ်ဝယ်ယူ မှုအများဆုံးရှိခဲ့ကြောင်း အိမ်ခြံမြေ ဈေးကွက်က သိရသည်။                          ''၂ဝ၁ဝ ခုနှစ်ထဲမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေက ကွန်ဒိုတိုက် ခန်းတွေကို အရောင်းစွံအောင် ပုံစံ မျိုးစုံနဲ့ ရောင်းချခဲ့ရာမှာ ဒဂုံမြို့နယ် တွေထဲက ကွန်ဒို တိုက်ခန်းတွေကို ဝယ်ယူသူတွေက အများဆုံးရွေးချယ် ဝယ်ယူတာ တွေ့ရပါတယ်။ ဈေးနှုန်း တွေအနေနဲ့ ကွန်ဒိုတိုက်ခန်း ၁ ပေ ပတ်လည်ကို ကျပ် ၈ဝဝဝဝနဲ့ ကျပ် ၁ဝဝဝဝဝမှာရှိခဲ့ပါတယ်'ဟု ကျောက် တံတားမြို့နယ်အခြေစိုက် အိမ်ခြံမြေ ကုမ္ပဏီတစ်ခုက သိရသည်။ ၂ဝ၁ဝခုနှစ်အတွင်းကွန်ဒိုတိုက် ခန်းများ အဝယ်အများဆုံးမြို့နယ် များမှာ ဒဂုံမြို့နယ်ပြီးလျှင် ဗဟန်း မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကျောက် တံတားမြို့နယ် ဗိုလ်တထောင်မြို့ နယ်နှင့် ကမာရွတ်မြို့နယ်များက ကွန်ဒိုတိုက်ခန်းများ ဖြစ်သည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Wednesday, 5 Jan 2011

 ဆင်ခြေဖုံး မြောက်ဒဂုံ မြေကွက်များ အဝယ်သွက်                   ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဆင်ခြေဖုံး မြောက်ဒဂုံမြေကွက်များ အရောင်းအဝယ်သွက်လာ ကြောင်း မြောက်ဒဂုံအခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုက သိရသည်။                  ''အင်းစိန်၊မင်္ဂလာဒုံ၊တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာစတဲ့ ဆင်ခြေဖုံးမြို့နယ်တွေထဲမှာ မြောက်ဒဂုံ မြေကွက်တွေ အဝယ်လိုက်လာ တယ်။ မြောက်ဒဂုံက ပေ ၄ဝ ထပေ ၆ဝ အကွက်တွေကို ကျပ်သိန်း ၄ဝ၊ ၅ဝ၊ ၆ဝ ကနေ ၁ဝဝ ဝန်းကျင်အထိ ပေါက်ဈေးရှိလာတယ်။ အထူးသဖြင့် ကျပ်သိန်း ၇ဝကနေ ၁ဝဝ ဝန်းကျင် မြေကွက်တွေ အများဆုံးရောင်းကြရ တယ်။ မြောက်ဒဂုံ ၃၄ ရပ်ကွက်ထဲ က တချို့မြေကွက်တွေဆိုရင် ကျပ်သိန်း ၈ဝဝ ကနေ သိန်း ၁ဝဝဝ အထက် အရောင်းအဝယ်ရှိတယ်။ အဲဒီနေရာက တောင်ဥက္ကလာနဲ့ နီး တယ်။မြောက်ဒဂုံကို ဝင်တာနဲ့ပထမဆုံးတွေ့ရတဲ့နေရာဖြစ်တယ်။မြို့ထဲနဲ့ အနီးဆုံးနေရာလဲဖြစ်တယ်။ ဘေလီ တံတားကဆင်းဆင်းချင်း ရောက်နိုင်တဲ့နေရာဖြစ်သလိုနိုင်လွန်ကတ္တရာ ခင်းလမ်းတွေရှိပြီး ဆောက်ထားတဲ့ အိမ်တန်ဖိုးတွေက ကြီးကြီးတွေလဲ ရှိနေတာကြောင့်ဖြစ်တယ်' ဟု ယင်း ကုမ္ပဏီကလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။ ခင်မျိုးသွယ်

Wednesday, 5 Jan 2011

 ကျပ်သိန်း ၅ဝဝဝ အောက် မြေကွက်များ ဈေးကွက်လှုပ်ခတ်မှုများ ရှိလာ                   ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ဒီဇင်ဘာလဆန်းကျော်ကျော်မှစ၍ ကျပ်သိန်း ၅ဝဝဝ အောက်မြေကွက်များ လှုပ်ခတ်မှုရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံက သိရသည်။                  ''ဒီဇင်ဘာလဆန်းကျော်ကတည်းက ဒီနေ့အထိ ကျပ်သိန်း ၅ဝဝဝ အောက် မြေကွက်တွေ မေးမြန်းစုံစမ်းမှု ရှိလာတယ်။ ကျပ်သိန်း ၅ဝဝဝ အောက်မြေကွက် တွေမှာ မြေကွက်ချည်းသက်သက်ရှိသလို၊ အိမ်ပါတဲ့မြေကွက်လဲပါတယ်။ ကျွန်တော့် ကုမ္ပဏီမှာ မေးမြန်းသူတွေရှိလို့ အဲဒီလိုမြေကွက်တွေရှိတဲ့မရမ်းကုန်း၊သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ လှိုင်၊ သာကေတမြို့နယ်တွေကို လိုက်ပြခဲ့ရတယ်။ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် မြေကွက်တွေအတွက် တောင်ဥက္ကလာပနဲ့ မြောက်ဥက္ကလာပ ရပ်ကွက်တွေထဲက မြေကွက်တွေ ကျပ်သိန်း ၂ဝဝဝ နဲ့ ၃ဝဝဝ ကြား အတွက် မေခအိမ်ရာ၊ မလိခအိမ်ရာက မြေကွက်တွေ၊ သာကေတမြို့နယ်ထဲက မြခွာညို အိမ်ရာ၊ တောင်ဥက္ကလာပထဲက မြသီတာအိမ်ရာ၊ ငွေကြာယံ ပါရမီရိပ်သာ၊ သီရိ ဂုဏ်၊ ကျပ်သိန်း ၃ဝဝဝ နဲ့ ၅ဝဝဝ ကြားအတွက် လှိုင်မြို့နယ်ထဲက အေးရိပ်မွန်၊ မြကန်သာ၊ သီရိမွန်အိမ်ရာ၊ လှိုင်ရတနာ၊ လှိုင်မြင့်မိုရ်အိမ်ရာတွေကို လိုက်ပြပေး ခဲ့ရပါတယ်''ဟုမဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီမှ ဦးသန်းဦးက ပြောကြားသည်။                                   ခင်မျိုးသွယ်

Tuesday, 28 Dec 2010

 ရန်ကုန်အိမ်ခြံမြေ မြို့လယ်မြေညီတိုက်ခန်းများကို ပိုငှားလာရ                  ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်တွင် မြို့လယ်ခေါင် (၆) မြို့နယ်၏ မြေညီတိုက်ခန်းများ အငှားပိုလိုက်လာကြောင်း အိမ်ခြံမြေ အကိုျးဆောင်ကုမ္ပဏီများထဲက ကြား သိရသည်။                            ''အခုတလော အငှားဈေးကွက်မှာ မြို့လယ်ခေါင်ရဲ့ မြေညီထပ်တိုက်ခန်း တွေ အငှားပိုလိုက်လာတာ ဟုတ်ပါတယ်။ ငှားတဲ့လူတွေက စီးပွားရေးလုပ်ဖို့ အဓိက ငှားကြတာပါ။ သူတို့လုပ်မဲ့ စီးပွားရေးလုပ်ငန်းနဲ့ အပ်စပ်မဲ့နေရာ ဖြစ်အောင် ရွေးကြတာလည်းပါတယ်။ ဒီရက်ထဲမှာ ကျွန်တော်တို့ကုမ္ပဏီအနေ နဲ့ လသာမြို့နယ်ရဲ့ လမ်းမကြီးပေါ်မှာ Fashion Shop  ဖွင့်ဖို့ 20' x 50' ကို တစ်လကျပ် ၁၅ သိန်းနဲ့ ငှားခဲ့သလို၊ စမ်းချောင်းမြို့နယ်ထဲက တိုက်ခန်းတစ် ခန်းကို ကျပ် ၁ သိန်းနဲ့၊ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်က တိုက်ခန်းတွေကို ကျပ် တစ်သိန်းနှစ်သောင်းနဲ့ရယ် ကျပ် တစ်သိန်းလေးသောင်းနဲ့ရယ် အငှား တည့်ခဲ့ပါတယ်။မရမ်းကုန်းမြို့နယ်ထဲက မြိုင်ဟေဝန်တိုက်ခန်းကို ကျပ် တစ်သိန်း နှစ်သောင်းနဲ့ အငှားတည့်အောင် ကျွန်တော်တို့ကုမ္ပဏီက ဝန်ဆောင်မှုပေးခဲ့ ပါတယ်''ဟု ယူနီတီကုမ္ပဏီမှ ဦးဇော်ဇော်က ပြောကြားသည်။                                          ခင်မျိုးသွယ် 

Pages