Main menu

Background

မုံရွာမြို့ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံ စားကုန်ဈေးနှုန်းများ အခြေအနေ

Wed, 12/20/2023 - 12:02 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင်   ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း(သစ်) တစ်အိတ် လျှင်  ကျပ် ၉၅၀ဝ၀၊ ‌ရွှေဘို ပေါ်ဆန်း(ဟောင်း) တစ်အိတ်လျှင်  ကျပ် ၁၄၅၀ဝ၀၊ ဧရာမင်း(ဆန်) (သစ်) တစ်အိတ်လျှင်   ကျပ် ၉၀ဝ၀ဝ၊ ဧရာမင်း(ဆန်) (ဟောင်း) တစ်အိတ် လျှင် ကျပ် ၁၄၅၀ဝ၀၊ ဧည့်မထဆန်(သစ်)  တစ် အိတ် လျှင် ကျပ် ၆၅၀ဝ၀၊ စားသုံးဆီတစ်ပိဿာဈေးနှုန်းများမှာ ပဲဆီ ကျပ် ၁၂၅၀ဝ၊ နှမ်းဆီကျပ် ၁၂၅၀ဝ၊ နေကြာဆီ ကျပ် ၁၂၅၀ဝ၊ စားအုန်း ဆီ ကျပ် ၅၄၇၀၊ ကုန်ခြောက်တစ်ပိဿာဈေးနှုန်းများမှာ ဆား ကျပ်၇၀ဝ မှ ၈၀ဝ၊ ငရုတ်ခြောက် ကျပ် ၁၃၀ဝ၀ မှ ၁၄၀ဝ၀၊ ကြက်သွန်နီ  ကျပ် ၃၀ဝ၀ မှ ၃၃၀ဝ၊ ကြက်သွန်ဖြူ (ရှမ်းစ) ကျပ် ၁၂၀ဝ၀ မှ ၁၂၀ဝ၀၊ ကြက် သွန်ဖြူ (ကြူကုတ်) ကျပ် ၁၄၅၀ဝ မှ ၁၅၀ဝ၀၊ အာလူး ကျပ် ၃၂၀ဝ မှ ၃၅၀ဝ၊ မန်ကျည်းသီးမှည့်လျှင်  ကျပ် ၂၈၀ဝ မှ ၃၀ဝ၀၊ နနွင်းတက် ကျပ် ၉၂၀ဝမှ ၉၅၀ဝ ဖြစ်သည်။ ခရမ်းချဉ်သီး(တစ်ပိဿာ) ကျပ် ၂၀ဝ၀၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၁၀ဝ၀၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး)ကျပ် ၆၀ဝဖြစ်သည်။ အသားငါး တစ်ပိဿာဈေးနှုန်းများမှာ  ကြက်သား ကျပ် ၁၀ဝ၀ဝ မှ ၁၁၀ဝ၀၊ ဝက်သား ကျပ် ၁၈၀ဝ၀ မှ ၁၉၀ဝ၀၊ အမဲသား ကျပ် ၁၆၀ဝ၀ မှ ၁၇၀ဝ၀၊ ဆိတ်သား ကျပ် ၂၀ဝ၀ဝ မှ ၂၂၀ဝ၀၊ ငါးမြစ်ချင်း ကျပ် ၁၁၀ဝ၀ မှ ၁၂၀ဝ၀ နှင့်  ကြက်ဥတစ်လုံးလျှင် ကျပ် ၂၅၀၊ ဘဲဥ တစ်လုံးလျှင် ကျပ် ၃၅၀ ဖြစ်သည်။ ဖရဲသီး (ကျောက်စိမ်း) တစ်လုံးလျှင် ကျပ် ၁၅၀ဝ မှ ၂၀ဝ၀၊ ဖရဲသီး (၂၁၁) တစ်လုံးလျှင် ကျပ် ၁၀ဝ၀-၃၀ဝ၀ အတွင်း အသီသီးဈေးရှိကြောင်း သိရသည်။
ယခင်ပတ်နှင့်   နှိုင်းယှဉ်ပါက      အခြေခံစားကုန်များဖြစ်သည့် မန်ကျည်းသီးဈေးနှုန်း အနည်းငယ်ကျနေပြီး  စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးအပေါ်   မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ  လက်လီလက်ကား  ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

 

တင်တင်ဝင်း(မုံရွာ)