Main menu

Background

ဈေးကွက်အတွင်း မြေသြဇာဈေးနှုန်း ဈေးငြိမ်နေ

Mon, 02/05/2024 - 11:59 -- journal_editor

မိတ္တီလာခရိုင်သည် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖို ဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများအများအပြား စိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်သည်။  
ယခုအခါသီးနှံများဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့် သွင်းအားစု မြေသြဇာဈေးများ ဈေးငြိမ်နေသည်ကို တွေ့ရှိရသည်။ ဇန်နဝါရီလ ပထမပတ်  50 kg)  တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ရွှေတောင်ပုလဲ (50 kg ) တစ် အိတ်လျှင် ကျပ် ၇၆၅၀ဝ၊ အာမိုတစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ပုလဲတစ်အိတ် လျှင် ကျပ် ၇၈၀ဝ၀၊ ရွှေပွားပုလဲ တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုဇန်နဝါရီ စတုတ္ထပတ်တွင်GBS  (50 Kg) တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ရွှေတောင်ပုလဲတစ်အိတ်လျှင် ကျပ် ၇၆၅၀ဝ၊ အာမိုတစ်အိတ် လျှင် ကျ၁၄၅၀ဝ၀၊ ပုလဲတစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀၊ ရွှေပွားပုလဲတစ်အိတ် လျှင် ကျပ် ၇၅၀ဝ၀ ဈေးရှိပြီး ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက မြေသြဇာဈေးနှုန်းများ ဈေးငြိမ်လျက်ရှိသည်။  စိုက်ပျိုးရာသီချိန်မဟုတ်သည့်အတွက် အရောင်း အဝယ်ပါး၍ ဈေးငြိမ်နေကြောင်း သိရသည်။

 

ချောစုထွေး(မိတ္တီလာ)