Main menu

Background

ဇီးကုန်းမြို့နယ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများ

Mon, 05/06/2024 - 14:47 -- journal_editor

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြို့မဈေးတွင် ဧပြီလစတုတ္ထပတ်အတွင်း ရောင်းချနေသော  အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း တစ်အိတ် လျှင် ကျပ် ၁၇၀ဝ၀ဝ ၊  ဧည့်မထဆန် တစ်အိတ် ကျပ် ၇၈၀ဝ၀၊ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီ တစ်ပိဿာ ကျပ် ၁၆၀ဝ၀ ၊ နှမ်းဆီတစ်ပိသာ ကျပ် ၁၆၀ဝ၀၊ ကြက်သွန်နီ (ကြီး)တစ်ပိဿာ ကျပ် ၃၀ဝ၀၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ကျပ် ၂၈၀ဝ၊  ကြက်သွန်ဖြူရှမ်းမြွှာ တစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ ကြက်သွန်ဖြူ ကြူကုတ် တစ် ပိဿာ ကျပ် ၁၃၀ဝ၀၊ ငရုတ်ခြောက်အရှည် တစ်ပိဿာ  ကျပ် ၁၀ဝ၀ဝ၊ ငရုတ်ခြောက်အပွ တစ်ပိဿာ ကျပ် ၂၄၀ဝ၀  နှုန်းဖြင့် ရောင်းဝယ်နေသည်။ 
အသား၊ ငါးဈေးနှုန်းများမှာ ဆိတ်သားတစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ ဗမာကြက်တစ်ပိဿာ ကျပ် ၂၄၀ဝ၀၊ မွေးမြူရေး ကြက်တစ် ပိဿာ ကျပ် ၁၅၀ဝ၀၊ ဝက်သားတစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ အမဲသားတစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ ကြက်ဥ တစ်လုံး  ကျပ် ၂၇၀၊ ဘဲဥတစ်လုံး ကျပ် ၄၀ဝ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။            

 

ဇော်ဝင်းအောင်(နတ်တလင်း)