Main menu

Background

ပြည်ပအမယ်သစ်ပို့ကုန် ဖက်လိပ်လုပ်ငန်းအကြောင်း တစေ့တစောင်း

Mon, 01/25/2021 - 15:29 -- journal_editor

ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဦးဆောင်၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင် များဖြစ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော စားသုံး သူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ပါဝင်သော စုပေါင်းအဖွဲ့ဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။  
ထိုသို့ ကွင်းဆင်းခဲ့ရာတွင် ကရင်ပြည်နယ်မှ အမေရိ ကန်နိုင်ငံသို့ တိုက်ရိုက်တင်ပို့သော ဖက်လိပ်လုပ်ငန်း(ဆေး သားမပါ )ကို လေ့လာကြည့်ရာတွင် ရှမ်းပြည်နယ်မှ  ထွက်ရှိသော သနပ်ဖက်ရွက်၊ပြောင်းခွံရွက်တို့ကို အခြေခံပြုလုပ်၍ အမေရိကန်၏ စံချိန်စံညွှန်းနှင့်အညီ  တင်ပို့လုပ်ကိုင်လျက်ရှိ ကြောင်းနှင့် ဒေသတွင်း  အလုပ်အကိုင်ရရှိရေးအတွက် လုပ်သားအင်အား ၁၀ဝ ကျော်ခန့်အား အလုပ်အကိုင်ဖန်တီး ပေးနိုင်ခဲ့သည်။  ယခု ကိုဗစ်ရောဂါကာလအတွင်းတွင်လည်း လုပ်သားအင်အား တစ် ဝက်ခန့်ကို တစ်ရက်ခြား လုပ်ကိုင်စေပြီး လုပ်သားတစ်ဦးအတွက် အလုပ်အကိုင်ကျွမ်းကျင်မှုအပေါ် မူတည်၍ လုပ်အားခ တစ်ရက်လျှင် ကျပ်  ၄၀ဝ၀ မှ ကျပ်  ၇၀ဝ၀ နှုန်းထိ လုပ်အားခ ပေးချေရကြောင်းနှင့် ဖက်လိပ်လုပ်ငန်း( ဆေးသားမပါ )ကို ပြည်ပ ပို့ကုန်အနေဖြင့် မြန်မာ ပြည်တွင် ကရင်ပြည်နယ်တစ်ခုတည်းသာ လုပ်ကိုင်လျက်ရှိသည်။ ယခုလုပ်ငန်းကို လွန်ခဲ့သော လေးနှစ်မှ စတင်ကြိုးပမ်း ခဲ့သော်လည်း လုပ်ငန်းအောင်မြင်မှုမှာ နှစ်နှစ်ခန့်သာရှိ ကြောင်း၊ ကိုဗစ်ရောဂါအလွန်တွင် လက်ရှိ ဆောင် ရွက်နေသည့်လုပ်ငန်းထက် ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားရန် ရှိကြောင်း ဖားစည်မြေမှ ပြည်ပအမယ်သစ်ပို့ကုန် ဖက်လိပ် လုပ်ငန်း တစေ့တစောင်းအကြောင်းကို လေ့လာသိရှိရသည်။

 

နန်းခင်ဇာဖြူ(ကရင်)