Main menu

Background

လာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တိုးမြှင့်တင်ပို့မည်

Mon, 04/01/2024 - 11:17 -- journal_editor

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တိုးမြှင့် တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ အသင်းအနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ပြည်ပ သို့ ရော်ဘာ တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားပြီး လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသိန်းခွဲခန့်အထိ တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။  ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာ တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ် စသည့် အာရှနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ ၇၅ ရာခိုင်နှုန်း တင်ပို့ ထားကြောင်း သိရသည်။ ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးထားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။  ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်း ဝန်းကျင်ထွက်ရှိ ကာ ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ၈ ရာခိုင်နှုန်းခန့်ကို သာ ပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်း သိရသည်။                                      

 

ပန်းဆု