Main menu

Background

ဧပြီလအတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Tue, 05/07/2024 - 11:30 -- journal_editor

ဓာတ်မြေသြဇာ
ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  ၁၇ ဒသမ ၂၅၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၄၈၀ဝ၀ ကျော်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၃၃၀ဝ၀ ခန့်၊ အိုမန်နိုင်ငံမှ တန်ချိန် ၇၀ဝ၀ခန့်၊ ရုရှားနိုင်ငံမှ တန်ချိန် ၃၂၀ဝခန့်၊ ဘယ်လ်ဂျီယံ နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ကျော်၊ ထိုင်းနိုင်ငံမှတန်ချိန် ၁၅၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၄၀ဝခန့်၊ နယ်သာလန် နိုင်ငံမှတန်ချိန် ၁၅၀ ကျော် တင်သွင်းခဲ့ကြောင်းသိရသည်။
ဘိလပ်မြေ
ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ  သုည ဒသမ ဝ၆၆ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၄၀ဝ ကျော်  တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တင်သွင်းခဲ့သည်။ နယ်စပ် မှ ဧပြီ ၁ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၄၆၅ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၆၀ဝ၀ ခန့် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။  
နို့မှုန့်
ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၁၀ သန်းတန်ဖိုးရှိ နို့မှုန့်တန်ချိန် ၃၅၀ကျော် တင်သွင်းခဲ့ပြီး နယူးဇီ လန်နိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်နှင့် ပြင်သစ်နိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်းခဲ့သည်။    
ဆေးဝါးပစ္စည်းများ 
ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂၃  ဒသမ ၂၂၉  သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၅၀ဝ ခန့် တင် သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် သြစတြေးလျနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက် ပရက်စ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရ သည်။ 

အိမ့် (DOT)